Saturday, December 17, 2011

မြန်မာနိုင်ငံပညာရေးစနစ်အားပြုပြင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာနိုင်ငံတော်အဖွဲ့အစည်းများသို့ အကြံပြုခြင်း

မြန်မာနိုင်ငံပညာရေးစနစ်အား ကမ္ဘာ့ပညာရေးစနစ်ဖြင့်
ချိန်ညှိပြောင်းလဲမည်ဟူသော ခေါင်းစဉ်ဖြင့် The Flower News ဂျာနယ်တွင်
ဖော်ပြထားသော ဆောင်းပါးတိုကို ရည်ညွှန်း၍ သက်ဆိုင်ရာ ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး ပြုလုပ်နေသည့်
နိုင်ငံတော်အဖွဲ့အစည်းများအား အကြံပြုလိုပါသည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် -
(၁) ပညာရေးနှင့် ပါတ်သက်သော စစ်မှန်သောပညာရှင်များ (စစ်မှန်သော
ပညာရှင်မဟုတ်သူများ ပါဝင်နေမည်စိုးသဖြင့်)
(၂) ပညာရေးနှင့်ပါတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာမှ
အတွေ့အကြုံရင့်ကျက်သူများ
(၃) ကျောင်းသားများနှင့် တိုက်ရိုက်ထိတွေ စာသင်ကြားပေးနေသောဆရာ/ဆရာမများ
(အတွေ့အကြုံရင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ဆရာ/
ဆရာမများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ပညာရေးမှူးများ၊
တက္ကသိုလ်ကောလိပ်တို့မှ ဆရာ/ဆရာမများနှင့် အတွေ့အကြုံရင့် ပြင်ပကျူရှင်ဆရာ/
ဆရာမကြီးများအပါအ၀င် ပညာရေးဝန်ထမ်းများ) ပါဝင်ဆွေးနွေးစေလိုပါသည်။
ဆောင်းပါးနှင့်ပါတ်သက်၍ ဒေါက်တာဘွဲ့အမည်ခံ
မိမိရရှိထားသောဘွဲ့နှင့်မပါတ်သက်သည့် အလုပ်ကိုဝင်ရောက်လုပ်ကိုင်
နေရာယူနေသူတစ်ဦး ပါဝင်ပါတ်သက်နေသည်ဟု ယူဆရပါသဖြင့်
စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်ရာမှာ ဆေးရိုးသည်က
ဝင်ရောက်နှောက်ယှက်နေမည်စိုးပါသဖြင့် သတိပေးရခြင်းဖြစ်ပါသည်။

ကထိက(ငြိမ်း) တစ်ဦး
သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ် (Since 1990)

No comments:

Post a Comment

Ads 468x60px

Featured Posts