Saturday, December 31, 2011

စစ်ခွေးလို့ဆိုခဲ့ကြပါစေ ငါတို့မတုန်လှုပ်ခဲ့ဘူး(ပေးစာ)

အခုတလော ကြားနေရတဲ့ နားခါးသလိုလို စကားက စစ်ခွေး
ငါရင်နာတယ်သူငယ်ချင်း..ငါတို့ ရည်ရွယ်ချက်တခုနဲ့ စစ်ထဲဝင်လာတယ်..ငါတို့ လက်တွေ သွေးတွေစွန်းခဲ့တယ်..ဗိုလ်လောင်းတုန်းက ငါတို့ ကဗျာစာအုပ်တွေစုပြီးလုပ်ခဲ့ကြတုန်းက တယောက်
ရေးခဲ့တဲ့ ကဗျာအပိုင်းအစလေးလိုပဲ ငါတို့လက်တွေသွေးတွေစွန်းနေတာ ချိုးဖြူငှက်တွေကိုလေထဲလွတ်ပေးနိုင်ဖို့ ပဲ ဆိုတာကို ငါအရမ်းသဘောကျခဲ့တယ်..။
Description: https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglg38fuv1qqMSq4vVRkBCSqxYV8DrQKqALDygRBwWQ_XM8ot_Qfry0_TQI2W1ChRqORulBzHlg8pS77HI4HKnrIWDrIfWa6Ywgi7eAhXDfgqWVNR21suL5OLFzahYlYcXFLAxPFFmoj0a3/s200/people_army_soldier.jpg


Friday, December 30, 2011

ဟေ..ရဲဘော်….ရဲဘော်….စစ်သည်တော် (သို့) အကြွေစောသူများ(အပိုင်း-၁)

လက်ရှိ တပ်မတော်စစ်ကြောင်းများနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ဟာ ကချင်ပြည်နယ်
နေရာအနှံ့အပြားမှာ တိုက်စစ်ဆင်နေကြပါတယ်။ မြန်မာ့တပ်မတော် ကလည်း ဒေသငြိမ်းချမ်းရေး၊ ဒေသလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း ကချင်ပြည်နယ်လူထုအတွက် ကချင်ပြည်နယ်လူထု နဲ့ အနာ ဂတ် ဖက်ဒရယ်ပြည်ထောင်စု စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ခုခံစစ်ပွဲတွေဆင်နွှဲနေတယ်။ နှစ်ဖက်စလုံး ကတပ်မတော်သားအသီးသီးဟာ ဒီလိုတိုင်းပြည်နဲ့ ကိုယ်ပြည်သူလူထုကောင်းစားဖို့ ဆန္ဒတွေကိုယ်စီရှိနေပြီး ဘာလို့ တဖက်နဲ့တဖက်တိုက်ခိုက်နေတာလဲ။ ကချင်လွတ်မြောက်ရေးတပ်မတော်က မြစ်ဆုံဆည်ကိစ္စနဲ့ပတ် သက်ပြီး စတင်တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်စစ်ကြောင်းတွေကလည်း ဒေသလုံခြုံရေးဆိုပြီး ထိုးစစ်ဆင်တွေ ဆင်တယ်။ တဖက်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးစကားကမ်းလှမ်းခဲ့သလို လက်ရှိမှာလည်း ပြည် ထောင်စုအစိုးရနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းနေတယ်။

Tuesday, December 27, 2011

တရုတ်ရေတပ်ပါဝါနဲ့ ရေပိုင်နက်ပြဿနာ(နေမင်းသူ)

Varyag အမည်ရတဲ့ လေယာဉ်တင်စစ်သင်္ဘောကြီးကို ပင်လယ်နက်ဒေသရှိ Mykolaiv လွန်းကျင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုခေတ်က နောက်ဆုံးတပ်တော်ဝင်လုပ်ခဲ့တဲ့ စစ်ရေယာဉ်တွေ ထဲမှာ တစ်စီးအပါအ၀င်ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၂ မှာ အသုံးမပြုဘဲ ချောင်ထိုးထားခဲ့ပါတယ်။ ၁၉၉၈ မှာ တရုတ်ရေတပ်မတော်နဲ့ ဆက်နွယ်မှုရှိတဲ့ Macau အခြေစိုက် တရုတ်ကုမ္ပဏီ တစ်ခုက အဲဒီပြုပြင်ဆဲရေယာဉ်ကြီးကို ယူကရိန်းအစိုးရထံမှ ၀ယ်ယူလိုက်ပါတယ်။ သူတို့သတင်းလွှင့်ထားတာ ကတော့ အဲဒီရေယာဉ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြီး လောင်းကစားရုံတွေပါဝင်တဲ့ ရေပေါ်အပျော်စီး သင်္ဘောကြီးအဖြစ် အသုံးပြုဖို့ပါတဲ့။

Sunday, December 25, 2011

ဘေးမှရပ်ကြည့်သူတစ်ယောက်ဧ။် စိုးရိမ်သောကများ

နိဒါန်း

သိပ်မကြာလှသေးမီကပင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သော
စာတစ်ပုဒ်ရေးဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ထုတ်
“၇ရက်သတင်းဂျာနယ်”ပါ “စာအုပ်သစ်၊ မျှော်လင့်ချက်သစ်၊ လမ်း
သစ်”ဆိုသော ဆောင်းပါး။ ဤဆောင်းပါး၏နောက်ဆုံးစာကြောင်းကို
ယခုလိုရေးခဲ့သည်။ ““ယခုအခါ အသက်ခြောက်ဆယ်နီးပြီဖြစ်သော
စာရေးသူတစ်ယောက်၊ အိုဇာတာကောင်းတော့မည်ထင်ပါသည်...။””

အမှန်စင်စစ် ဤသည်မှာ မင်္ဂလာသတင်းသုံးရပ်ကို တစ်ပြိုင်
နက်ကြားလိုက်ရရာမှ ၀မ်းသာအားရ ရေးဖြစ်လိုက်သော စာစုဖြစ်
သည်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်မည်၊ ရွေး
ကောက်ပွဲဝင်တော့မည်ဆိုသောသတင်း၊ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်ဆိုသောသတင်းနှင့် မြန်မာ
အာဆီယံဥက္ကဋ္ဌဖြစ်ရေး အတည်ပြုလိုက်ပြီဆိုသောသတင်းတို့ဖြစ်
သည်။) နှစ်ပေါင်းနှစ်ဆယ်ကျော် ၀င်္ကပါထဲပိတ်မိနေသော မြန်မာ့
နိုင်ငံရေးလမ်းစပေါ်ပြီဟုလည်း အမှန်ပင်ယုံကြည်မျှော်လင့်ခဲ့ပါသည်။
သို့နှင့်တိုင် အဆိုပါဆောင်းပါးရေးပြီး ရက်ပိုင်းမျှအကြာမှာပင်
ထွက်ပြူကာစ လမ်းစထက်တွင် “မြူ”တွေဆိုင်းနေဆဲဆိုသည်ကို
သတိပြုမိလိုက်ရာ ယခုစာစုရေးဖို့ အကြောင်းဖန်လာရတော့သည်။
အသက်ကြီးလာသည်နှင့်အမျှ စိုးရိမ်ကြောင့်ကြစိတ်တွေများ
လာသည်လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စာရေးသူအနေနှင့်မူ
ခေတ်ပြိုင်ပညာရှင်တစ်ဦး၏ သတိပေးစကားကို မြန်မာ့နိုင်ငံရေး
သမိုင်းပေါ်တင်ကြည့်ရာမှ၊ လျှံကျလာသော မှိုင်းပြာမှုံဝေအတွေးများ
ဟူ၍သာဆိုချင်ပါသည်။ ဟားဗတ်ပါမောက္ခ “စတီဗင်ဝေါ့(တ)“၏
စကား ..၊ ယခုလို ““အန္တရာယ်ကြီးသော အိုင်ဒီယာဆိုးတွေမှာ ပင်လယ်
ကဏန်းတွေလို၊ မြက်ရိုင်းတောလို၊ ကုဇုပေါင်းပင်တွေလို စိတ်ပျက်
ဖို့ကောင်းလောက်အောင် သက်ဆိုးရှည်တတ်သည်””ဟူ၏။ ပါမောက္ခ
ဝေါ့(တ)သတိပေးသောအန္တရာယ်ဆိုးတွေကို ခေတ်ပြိုင်မြန်မာ့နိုင်ငံရေး
တွင် ရှာကြည့်လိုက်ရာ အုံနှင့်ကျင်းနှင့် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်
လျက်ရှိသည်ကို ကံမကောင်းအကြောင်းမလှစွာ တွေ့လိုက်ရသည်။
ဘာတွေလဲ ... ဘယ်လိုလဲ ...။

Thursday, December 22, 2011

ခွင့်တူညီမျှ ရကြပါစေ တပ်မတော်(လေ)

ခေတ်စနစ်တွေ ပြောင်းလဲ နေပါပြီလို့ မိုးမွှန်အောင် ပြောဆိုနေကြတဲ့ အချိန်အခါမှာ အတိတ်မှာ အိပ်ပျော်ကျန်နေဆဲ ဖြစ်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သော တပ်မတော်အတွင်းမှ အဖြစ်မှန်တွေကို သိစေလိုတာကြောင့် နိုင်ငံတော် သီချင်းထဲက ခွင့်တူညီမျှ ရပါရစေ ဆိုတဲ့ စာသားလေးကို ခေါင်းစဉ်ပေးလိုက် ရပါတယ်။

ဒါဘာဆိုတာ ဒါပါပဲ

တိုးတက်ပြောင်းလဲမှုဆီကို ဦးတည်ရွေ့လျားနေပြီဆိုသော မြန်မာပြည်မှာ ကျွဲကူးရေပါ အနေနဲ့ တပ်မတော်တွင်း ကအပြောင်းအလဲဖြစ်စဉ်များကို မြင်တွေ့ချင်လှပါတယ်။ မြန်မာ့တပ်မတော်အတွင်းမှာလည်း ဒီမိုကရေစီအငွေ့ အသက်မကင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ နဂိုကတည်းက ရှိနေပြီးသားပါ။ တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ရင်း၊တပ်ဖွဲ့တွေမှာ အရာရှိ/စစ်သည်တွေနဲ့ မိသားစုအခက်အခဲတွေကို တင်ပြ နိုင်ရန်အတွက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ် ဖြေရှင်းပေးရတဲ့ ထုံးစံရှိပါတယ်။

Wednesday, December 21, 2011

ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး

ဒီဇင်ဘာလ ၂၀ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)

ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည် ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများ အား ငွေပေးကာ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကိုယ်စားဆေးရုံတက်ခိုင်းကာ ဆေးခွင့်များယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူတစ်ဦးက ပြောသည်။
“ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက ဘယ်လောက်ရလဲတော့ မသိဘူး။ ဆေးရုံ ၁၅ရက် တက်ပေးရတယ်။ သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။ ကျနော်တို့ ပိုးစတွေ့တုန်းကအတိုင်းပဲ လုပ်တာပေါ့။ ဆေးရုံမှာတော့ ကောင်း ကောင်းနေရ၊ စားရတယ်။ နာမည်ကိုတော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာလေ။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆေးရုံတက်ကြရသော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲသောကြောင့် ထိုသို့လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း HIV /AIDS လုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများက ပြောသည်။
လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကချင်ဒေသသို့ ရှေ့တန်းမသွားလိုသည့်အတွက် HIV ရောဂါသည်အား ငွေပေးငှားရမ်းကာ ဆေးရုံတက်ခိုင်းကြောင်း အမည်မဖော်လိုသူ တပ်အသိုင်းအ၀ိုင်း၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ကေအိုင်သို့ ယခုလို ရှင်းပြ သည်။
သူက “ကျနော့်ဦးလေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာလေ။ သူ့ကို အဖွားတို့က ရှေ့တန်းမလိုက်စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်ယောက်ကို ငှားပြီး ပြီးခဲ့တဲ့လက ဦးလေးကိုယ်စား ဆေးရုံတက်ခိုင်းလိုက်တယ်။ ဆေးရုံမှာ ပေးသင့်တဲ့သူတွေ အားလုံးကို ပေးရတယ်။ ခုနှစ်သိန်းလောက် ကုန်တယ်။”ဟု သူက ပြောသည်။
ယင်းကဲ့သို့ ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ဆေးရုံရှိ ၀န်ထမ်းများ၊ ဆရာဝန်များကိုပါ ငွေပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်များမရှိကြောင်း တာဝန်ခံ ဆရာမ တစ်ဦးက ကေအိုင်စီသို့ ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ လူစားထိုးကာ ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့် နီးစပ်သူ များက ပွဲစားအဖြစ် ပြုလုပ်ကာ ရောဂါသည်လူနာများကို ရှာဖွေဆက်သွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက “ကျမသူငယ်ချင်းက ပွဲစားလေ။ သူလုပ်ပေးတာ အခုဆို ၃ယောက်ရှိပြီ။ သူတို့ပွဲစားတွေက လူနာရှာပေးတယ်။ လူနာရရင် ဈေးညှိတယ်။ သူတို့က ၅သောင်းစားတယ်။ လူနာတွေက ပိုက်ဆံရတော့ လုပ်တာပေါ့။”ဟု ဆို သည်။
စစ်တပ်အရာရှိများ ယခုလို လုပ်ဆောင်နေသည်မှာ မိုးတွင်းကာ ပြီးခဲ့သည့် ၄လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ် စားဆေးရုံ ငှားရမ်းတက်မှု ပိုမိုများပြားလာရခြင်းမှာ ကချင်ဒေသတွင် ထိုးစစ်များ အရှိန်အဟုန် မြှင့်လာသောကြောင့် ဖြစ်နိုင် ကြောင်း မြန်မာပြည်တွင်းအခြေစိုက် မူးယစ်ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ဆောင်ရွက်နေသော လူထုအ ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။
၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရသောသူများကို ခွဲခြားမှုများ နည်းပါးလာပြီး နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်သော ၀န်ထမ်းများ ထိုသို့ လုပ်ဆောင်နေကြခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။

Monday, December 19, 2011

မဟန လား ............ သွား

သမိုင်းရဲ့ အမည်းစက်ဖြစ်မှာ စိုးရိမ်ပေမယ့် တကယ့်ကို မဟာအမည်းစက် ဖြစ်ခဲ့ပြီ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တဲ့။ စက်တင်ဘာ သံဃာ့အရေးအခင်းမှာလည်း ကိုယ့်ပေါင်ကို လှန်ထောင်းတာဖြစ်မှာစိုးလို့ နည်းနည်းပဲ ပြောခဲ့တယ်။ ပြည်သူတွေကလည်း ခပ်ကြိတ်ကြိတ်ပဲ အံကျိတ်ပြီး သည်းခံခဲ့တယ်။ အခုလည်း ရွှေည၀ါဆရာတော်ကို ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ချက်က အတော်ကို ကျက်သရေမဲ့နေတယ်။ ဖတ်ရသူတိုင်းက မဟနဆိုတာ ဘာလဲ၊ ဘယ်လဲ မေးကုန်ကြပြီ။

Saturday, December 17, 2011

ကော့သောင်းမြို့လယ်တွင် အရာရှိတစ်ဦးအပါဝင် စစ်သားတချို့ မှုးယစ်ရမ်းကားမှု ဖြစ်ပွား

၁၆ ဒီဇင်ဘာ၊ ၂၀၁၁၊ ကော့သောင်း
ကော့သောင်းမြို့နယ် အဏ္ဏာဝါရပ်ကွက် ရွှေသီရီကုန်မာဆိုင် ရှေ့တွင် ယနေ့နေ့လည် ၁၂နာရီ ၁၅ မီနစ်ခန့်တွင် စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂) မှဗိုလ်အောင်အောင်လတ်၊ အရာခံဗိုလ်အောင်ကျော်နိုင်၊ တပ်ကြပ်ကြီး မြင့်လှိုင် ၊ ယာဉ်မောင်တပ်သားတစ်ဦး (အမည်မသိ )မောင်းနှင်းလာသောကား နံပတ်ကြယ်၁၃၉၀(မ) သည် ရွှေသီရိကုန်မာဆိုင်ရှေ့ ဘေးတွဲမော်တော်ဆိုင်ကယ်ရှေ့တွင်ထိုးရပ်ပြီး အရာခံ ဗိုလ်အောင်ကျော်နိုင်မှ ဘေး တွဲဆိုင်ကယ်မောင်းနှင်းသူ ကိုနိုင်ဝင်းနိုင်ထံမှ ကွမ်းယာတောင်းစားရာမှ ကွမ်းယာမရ၍ ဘေးတွဲမောင်းသမား ကိုနိုင် ၀င်းအား ကိုယ်ထိလက်ရောက် ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၎င်းဖြစ်ပွားခဲ့ပုံနှင့် ပက်သက်ပြီး ဘေးတွဲမောင်သူ ကိုနိုင်ဝင်းက “ ကျွန်တော်က ဒီရွှေသီရိရှေ့မှာဘေး တွဲအငှားလိုက်ပါတယ် အဲဒါ နေ့လည် (၁၂.၀၀) လောက်မှာ အဲဒီစစ်ကားက ကျွန်တော်ဘေးတွဲဆိုင်ကယ်ရှေ့လာ ရပ်ပြီး ကားပေါ်မှ အရာခံဗိုလ်ဆင်းလာပြီး ကွမ်းတောင်းစားတော့ ကွမ်းမရှိကြောင်းပြောတော့ ကျွန်တော်ကို ပြသာ နာစရှာတော့တာပါပဲ မင်းကအချိုးမပြေဘူး မင်းအချိုးပြင်လိုက်ဆိုပြီး ကျွန်တော်ကို ရှိခိုးတောင်းပန်ခိုင်းပါတယ်။ ကျွန်တော်ကလည်းကျွန်တော်မှာ အပြစ်မရှိဘဲ မတောင်းပန်နိုင်တော့ အဲဒီ အရာခံဗိုလ်အောင်ကျော်နိုင်က ကျွန်တော်ပါးကိုရိုက်လိုက်ပါတယ်။ အဲဒီမှာ ပဲ့ချိတ်ဆွဲနေသူ ကိုအောင်ဝင်းမှ ၀င်ရောက်တားတော့ ကိုအောင်ဝင်းကိုပါ ကားပေါ် ပါ ဗိုလ်အောင်အောင်လတ်က ရိုက်ဖို့ရွယ်တော့ ဘေးမှာရှိတဲ့လူတွေ ၀ိုင်းလာတော့ မရိုက်ဖြစ်တော့ပါဘူး ဟု” ဘေးတွဲဆိုင်ကယ်သမား ကိုနိုင်ဝင်းက သူ့ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

“ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ်ကွဟု ဗိုလ်အောင်အောင်လတ်ကြိမ်းမောင်း ခဲ့တယ် ဒါပေမယ့် သူတို့မှာတော့သေနတ်မပါဘူးလို့” ကိုယ်တိုင် ပါးရိုက်ခံခဲ့ရသူ ကိုနိုင်ဝင်းက ပြောပါတယ်။

၎င်းကောင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုကာကွယ်စောင့်ရှောက် ရမည့်တပ်မတော်သားများက ပြည်သူတွေကိုအနိုင်ကျင့်ဆော်ကားသည့်အပေါ်မကြေနပ်ကျသည့်အနီနားရှိပဲ့ချိတ်မောင်းသမားများကကိုနိုင်ဝင်းနှင့် အတူ ကော့သောင်းအခြေချစစ်ဗျူဟာ ကိုတိုင်တန်းထားကြောင်း သိရှိရပါတယ်။




                                                                                                       ကော့သောင်းသားတဦး
irrawaddy.blogspot.com မှ..............

မြန်မာနိုင်ငံပညာရေးစနစ်အားပြုပြင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာနိုင်ငံတော်အဖွဲ့အစည်းများသို့ အကြံပြုခြင်း

မြန်မာနိုင်ငံပညာရေးစနစ်အား ကမ္ဘာ့ပညာရေးစနစ်ဖြင့်
ချိန်ညှိပြောင်းလဲမည်ဟူသော ခေါင်းစဉ်ဖြင့် The Flower News ဂျာနယ်တွင်
ဖော်ပြထားသော ဆောင်းပါးတိုကို ရည်ညွှန်း၍ သက်ဆိုင်ရာ ပညာရေးစနစ်
ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး ပြုလုပ်နေသည့်
နိုင်ငံတော်အဖွဲ့အစည်းများအား အကြံပြုလိုပါသည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် -

၁၇-၁၂-၂၀၁၁ (စနေနေ့ည) VOA တိုက်ရိုက်လေလှိုင်းသို့

ဦးကျော်ဇံသာခင်ဗျာ
တပ်မတော်အကြောင်း ကျနော်တို့ နောက်တစ်ကြိမ် ဆွေးနွေးဖြစ်ကြပြန်ပြီဗျို့။
တပ်မတော်တွင်းမှာ မျိုးဆက်ကွာခြားလာမှုကြောင့် စဉ်းစားတွေးခေါ်မှုအပိုင်းလည်း အရင်ကနဲ့မတူ ကွဲပြားခြားနားမှု ရှိလာပြီလို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကျနော်ပြောခဲ့ဖူးပါတယ်။ ခုလည်း ဒီအတိုင်းပဲ ယုံကြည် ပါတယ်။
ယခုအခါ တပ်မတော်ခေတ်မီတိုးတက်ဖို့ရည်မှန်းချက်နဲ့ ပြည်ပကို တာဝန်ပေးစေလွှတ်ခံရတဲ့ အရာရှိ/စစ်သည်တွေ ပိုမိုများပြားလာတာနဲ့အမျှ ကမ္ဘာကြည့်ကြည့်နိုင်တဲ့ အခွင့်အလမ်းလည်း သူတို့မှာ ရှိလာပါတယ်။ အိုင်တီခေတ်က တပ်မတော်သားအားလုံးကို ချန်ထားလို့မရပါဘူး။ အနည်းဆုံးအနေနဲ့ ပြည်ပရောက်ခိုက်မှာ သူတို့လေ့လာခွင့်ရပါတယ်။ ပြည်တွင်းကနေလေ့လာသူတွေလည်း ရှိနေပါတယ်။
တပ်မတော်တွင်း ပြောင်းလဲမှုရှိမရှိဆိုတာက ကာယကံရှင်တွေရဲ့ခံယူချက်နဲ့ ဘေးလူတွေရဲ့အမြင်တွေပေါ်မှာ မူတည်ပါတယ်။ ကာယကံရှင်တွေက အမူအကျင့်ဟောင်းတွေကို ဖက်တွယ်မထားကြဘဲ ကမ္ဘာ့ခေတ်မီ တပ်မတော်တွေကို နမူနာယူပြီး ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်လာအောင် တစ်ဦးချင်းကစပြီး ကြိုးစား ကြဖို့လိုသလို ဘေးလူတွေ အမြင်မှာလည်း ပြောင်းလဲလာတဲ့ အစိတ်အပိုင်းအလိုက် အသိအမှတ်ပြုပေးဖို့ လိုပါလိမ့်မယ်။ ဘယ်နေရာကြည့်ကြည့် အရင်နဲ့မတူတော့ဘူး ဆိုတဲ့ပြောင်းလဲမှုမျိုးကိုတော့ နောင်နှစ်ကာလ အတန်ကြာမှ တွေ့မြင်လာနိုင်ဖွယ်ရှိတယ်လို့ ယူဆမိပါတယ်။
ကျေးဇူးတင်ပါတယ်။

နေမင်းသူ
တပ်မတော်(ရေ)

Friday, December 16, 2011

အမေရိကန်အထူးတပ်ဖွဲ့ SEAL(Sea,Air,Land ) 6

ဘိုဘိုကျော်ငြိမ်း

(ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ တပ်)
လောကကြီးမှာအဟောင်းကြွေပြီး အသစ်ပေါက်လာတာတွေ ရှိသလို၊ အရှုံးကနေ အမြတ်ထွက် ဘ၀သစ်ပေါက်ဖွား လာတာတွေလည်း ရှိတတ်ပါတယ်။
အမေရိကန်တွေရဲ့အဓိက အားနည်းချက်က ဗြူရိုကရေစီပဲ။ ဌာနအတွင်းမှာ ဗြူရိုကရက်တွေ ကြီးထွားလာပြီး အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပွားလာပြီးနောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်တတ်ကြရတယ်။ အမေရိကန် စစ်တပ်အတွက် အနိမ့်ကျဆုံးအချိန်ဟာ ဗီယက်နမ်စစ် ရှုံးပြီး ကာလပဲ။ ဒါတောင် အမေရိကန် စစ်ဗိုလ်ချုပ် ဗြူရိုကရက်တွေဟာ  နောင်တတရား မရကြဘူး။ ဌာနတခုနဲ့တခုအပြိုင် လက်နက်တပ်ဆင်ကြတာ နောက်ဆုံးရေတပ်နဲ့လေတပ်နဲ့  ကြည်းတပ် လက်နက်တွေဟာ အတူဖလှယ်သုံးလို့မရကြတော့။
၁၉၇၉ မှာ အီရန်ဘာသာရေး အစိုးရအောက်မှာ တဖက်စွန်းရောက် ကျောင်းသားတွေဟာ အမေရိကန် သံရုံးကို စီး၊ သံတမန်တွေကို ဖမ်းခဲ့ကြတယ်။ နောက်ဆုံး စေ့စပ်လို့မရမှ စစ်ရေးအရ ကယ်တင်ဖို့စီစဉ်ခဲ့ကြတယ်။ ကယ်ဖို့ သဲကန္တာရတခုမှာ ဆုံမှတ်အဖြစ် ဆုံကြတုန်း သဲမုန်တိုင်းအတွင်းမှာရဟတ်ယာဉ်ချင်း တိုက်မိပြီး လူရောလက်နက်ပါ ဆုံးရှုံခဲ့ကြရတယ်။ အဲဒီတုန်းက သမ္မတဂျင်မီကာတာ ဆိုတာကလည်း အမေရိကန် ရာဇ၀င်မှာ အပျော့ဆုံး သမ္မတတယောက်။
ချက်ချင်းနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာ အမေရိကန် စစ်တပ်အဖို့ တည့်တည့်မပစ်နိုင်တဲ့ လူညံ့တွေအဖြစ် ကမ္ဘာ့အလယ်မှာ အရှက်ကွဲခဲ့ရတယ်။

အမေရိကန်-တရုတ်၊ ဗမာနှင့်ထိုင်း လေတပ်

ဘိုဘိုကျော်ငြိမ်း | ကြာသပတေးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်

ကမ္ဘာမှာ ၅ ဆက်မြောက် စစ်လေယာဉ် 5th generation fighter ခေတ် ရောက်လာပါပြီ။ လောလောဆယ် အမေရိကန်ထုတ် F22 (Falcon) ပဲ စစ်မှုထမ်းနိုင်တဲ့ အဆင့်၊ ထုတ်လုပ်နိုင်တဲ့ အဆင့် ရှိပါတယ်။ အမေရိကန် F35 နဲ့ ရုရှား (အိန္ဒိယ) တို့ ပူးပေါင်း ထုတ်လုပ်တဲ့ စူကွိုင်ယား တီ ၅ဝ Sukhoi T50 တို့ဟာ စမ်းသပ်မှု အဆင့်ပဲ ရှိပါသေးတယ်။ ထူးထူးခြားခြား စစ်လေယာဉ် ထုတ်လုပ်မှုမှာ ၁ဝ နှစ်ထက်မနည်း နောက်ကျနေသေးတဲ့ တရုတ်က ၂ဝ၁ဝ အကုန်လောက်မှာ ဂျေ ၂ဝ (J20) ပျံသန်းမှုကို အင်တာနက်ကတဆင့် ပျံ့နှံ့ခဲ့ရာ ကမ္ဘာမှာ ယောက်ယက်ခတ်ခဲ့ပါတယ်။
BO_BO_Kyaw_Nyein-airforce

Thursday, December 15, 2011

စစ်တက္ကသိုလ် အမှတ်စဉ်(၅၀) မှ သူငယ်ချင်းများသို့

သူငယ်ချင်းတို့ရေ ငါတို့ရဲ့  အမှတ်စဉ်မွေးနေ့လည်း ဘာလိုလိုနဲ့ ရောက်ခဲ့ပြန်ပြီနော်။ ငါကတော့ မင်းတို့နဲ့ အတူမရှိတော့ပေမယ့် ငါ့စိတ်နှလုံးသား ခံစားချက်တွေကတော့ မင်းတို့နဲ့အတူတူပဲဆိုတာကို မင်းတို့နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့တွေ ငါတို့ရဲ့ အမှတ်စဉ်မွေးနေ့ ၁၄ ရက်နေ့ ဒီဇင်ဘာလမှသည် တိုင်းပြည်တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်ပြီး တိုင်းပြည်နဲ့ ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်ကြပါစေလို့ ငါဆုတောင်းပေးနေပါတယ်။ မင်းတို့ရဲ့ သူငယ်ချင်း
ရဲထက်။

Tuesday, December 13, 2011

မြန်မာသမ္မတမှ ကချင်သို့ စစ်ဆင်မှုများ ရပ်ဆိုင်းရန် စစ်တပ်သို့ အမိန့်ပေး

ဗိုလ်မှူးကြီးစိန်မြ ကျဆုံခြင်း နှစ်ပတ်လည်နေ့တွင် သမိုင်းမှတ်တမ်း မှားယွင်းဖော်ပြခြင်းကို ပြင်ဆင်ပေးရန်တောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်း ၁၈ နှစ်မြောက်အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲကို ထိုင်း-မြန်မာနယ်စပ် တောရကျောင်းတွင် ကျန်ရစ်သူ တပ်မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း

Monday, December 12, 2011

ကချင်ထိုးစစ်ရပ်ရန် သမ္မတစာပို့

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်စခန်းတွေကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခြင်း မလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရာဇဝင်ပျောက်ခဲ့ပြီ အဖေ

          သမိုင်းတွင်ထင်ရှားခဲ့သောမိမိတို့တပ်မတော်သည် ယနေ့အချိန်ကာလတွင် ဦးဆောင်နေသူ တပ်မတော်ခေါင်းဆောင်အချို့နှင့် အာဏာကိုမက်မောနေသောလူတစ်စုတို့ကြောင့် အသက်ကိုပင်ပဓါနမ ထားဘဲတိုင်းပြည်နှင့်လူမျိုးအတွက်အသက်သွေးချွေးများကိုပေးလှူထားသောတပ်မတော်ဟု နာမည်ရှိသော မိမိတို့တပ်မတော်သည် ယနေ့အချိန်တွင် ပြည်သူဘက်မှမရပ်တည်နိုင်ပဲ လူတစ်စု၏အကျိုးစီးပွါးအတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင်လူရမ်းကားတပ်အသွင်သို့ကူးပြောင်းသွားလိုက်သည်မှာ လူမသိသူ မသိကူးပြောင်းနေရာမှ ပေါ်ပေါ်ထင်ထင်ပင်ကူးပြောင်းသွားလိုက်လေရာ ယနေ့အချိန်တပ်မတော်ကိုများ အဖဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ လွတ်လပ်ရေးရအောင်ကျိုးပမ်းပေးခဲ့ကြပါ သောပြည်သူချစ်တဲ့ ကျဆုံးလေပြီးသောတပ်မတော်သားများ မြင်တွေ့ရင်ဖြင့် ဘယ်လိုများပြောလိမ့်မည် မသိပေ။

မကြွေသင့်လျက်ကြွေမဝေသင့်လျက်ဝေ

ယနေ့ လက်ရှိ နိုင်ငံတော်အကြီးအကဲ ၊ တပ်မတော်ခေါင်းဆောင် များရဲ့ မှားယွင်းသောမူဝါဒတို့ကြောင့်တပ်မတော်အတွင်း၌ပင် ကြွေလွင့်သွားရသည့် နှမြောဖွယ်ကောင်းသော တပ်မတော်သားတွေဟာ တိုင်းပြည်အတွက်ကော ၊ တပ်မတော်အတွက်ပါ လွန်စွာမှနှမြောဖို့ကောင်းပါတယ်။ ကျွန်တော် လက်လှမ်းမှီသလောက် ပြောရရင် ပထမဦးစွာ စစ်တက္ကသိုလ် တွင်တရားဝင်အမိန့်စာမ၀င်သော်လည်း(၀င်ရင်လည်းဝင်ပါမည်)နည်းပြများ မှ ဗိုလ်လောင်းများသို့ ပြောနေကျစကားတို့တွင် ကျွန်တော်တို့ စစ်တက္ကသိုလ်တက်သော အချိန်၌ ထပ်တလဲလဲ ကြားခဲ့ရသည့် စကားတစ်ခွန်းရှိပါသည်။၎င်းစကားမှာ- “ M.Sc မပါရင် တပ်ရင်းမှုးမပေးဘူး Ph.D မရရင် တိုင်းမှုး၊ တပ်မမှုး မထွက်ဘူး ” ဖြစ်ပါသည်။ ၎င်းပြောစကား မှန်သော်ရှိ မှားသော်ရှိ အကျိုး အပြစ်တို့ ကိုဝေဖန်ထောက်ရှု ရသော်............

ရှေ့တန်းပျော်တဲ့လား

တစ်နေ့ကျနော်သင်တန်းမှခေတ္တပြန်ရောက်ပြီး၁၅ ရက်ခန့်အကြာတွင် မိမိတို့တပ်ရင်းမှူးမှ မိမိတပ်ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းအမြောက်စခန်း များသို့သွားရောက်စစ်ဆေးရန်ရှိကြောင်းကြားသိလေရာ ကျနော်လည်း“ အင်း စစ်သည်တွေ နောက်တန်းမှာမနေချင်ဘဲ ရှေ့တန်းချည်းလိုက်ချင် နေ ကြတာဘာလို့လဲမသိဘူး၊ငါစခန်းစစ်လိုက်ရအောင် တပ်ရင်းမှူး သွားပြော ဦးမှပဲ ” ဆိုပြီး တပ်ရင်းမှူးထံရောက်သွားလေသည်။ တပ်ရင်းမှူးနှင့်တွေ့တော့ “ဗိုလ်ကြီးရဲထက်ဘာကိစ္စရှိလို့လဲ”ဟု ကြိုမေးခံလိုက်ရတော့ နည်းနည်း တော့ဝမ်းသာသွားသည်။ ဒီတော့လာရင်းကိစ္စကိုတင်ပြရမည်က ကျနော့် တာဝန်ကိုး ဒါနဲ့“ဟုတ်ကဲ့အဘကျနော်အဘနဲ့အတူ ရှေ့တန်းစခန်းစစ် လိုက်ချင်လို့ပါအဘ”

ငါမှားလား မင်းမှန်လား

သူငယ်ချင်းရေ 
ငါ့ ရဲ့ခံစားမှုတစ်စိတ်တစ်ဒေသကိုပြည်သူနဲ့မျှဝေလို့
ငါဆိုတဲ့တပ်မတော်ကိုဘေးထားပြီး နားဆင်လှည့်ပါကွာ….
သူငယ်ချင်းရေ မင်းသိတဲ့အတိုင်းပဲ ဒို့နိုင်ငံဟာ
တစ်ချိန်ကပေါ့ကွာ စိန်ရွှေရတနာဆိုတာ
ပြည်လိုက်တောင်းလိုက်ပါဆင်းရဲတယ်ဆိုပေမယ့်
မငတ်သေးဘူးခုတော့သူငယ်ချင်းရယ်
ထမင်းစားဖို့တောင်အနိုင်နိုင်ရယ်ကွယ်
အလုပ်လုပ်ဖို့ထမင်းစားကြရမယ့်အစား
ထမင်းစားဖို့အလုပ်လုပ်နေကြရတယ်

တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် တပ်မှူး၊ တပ်သားများသို့

“ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” လို့ပါရှိတယ်။ ဒါဟာ ငါ့တပ်မတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ကာကွယ်ရေးဦးစီးချုပ်ကစလို့ အောက်ခြေသာ မန်တပ်သားလေးအထိ ဘယ်သူမှ ချိုးဖောက်ခွင့်မရှိတဲ့ သံမဏိစစ်စည်းကမ်းဖြစ်တယ်။ အကယ်၍ချိုး ဖောက်ခဲ့ရင် တပ်မတော် စည်းကမ်းဥပဒေအရ အရေးယူခံရမှာဖြစ်တယ်။
 တပ်မတော်ကို ပြည်သူ့အခွန်ဘဏ္ဍာများနဲ့ ထူထောင်တာဖြစ်တယ်။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ပညာတတ်လူငယ် စတဲ့ လုပ်သားပြည်သူအများစုကြီးရဲ့ ရင်သွေးတွေနဲ့ဖွဲ့စည်းထားတာ ဖြစ်တယ်။

မြန်မာပြည်သူများသို့ တပ်မတော်သားတဦးမှ အိပ်ဖွင့်ပေးစာ

ကျွန်တော်ကတော့ တပ်မတော်(ေ၇)သို့  ၁၉၉၅  ခုနှစ်၊ အောက်တိုဘာလ မှာ စတင်ဝင်ေ၇ာက်စစ်မှု ထမ်းနေတဲ့   တပ်ကြပ်ကြီး တစ်ဦးဖြစ်ပါတယ်..
ဒီနေ၇ာမှာ  ကျွန်တော့် မိသားစုဘေးကင်းလုံခြုံေ၇းအတွက် ကိုယ်ပိုင်အမှတ်၊ နာမည်တွေကို  တိတိကျကျဖော်ပြနိုင်ခြင်း    မရှိတာကို        နားလည်နိုင်ပေးမယ် ထင်ပါတယ်.....................
ယခု အချိန်အခါဟာ စစ်အာဏာရှင်  စနစ်ဆိုးအောက်မှာမြန်မာပြည်သူများ ဒုက္ခ ဆင်း၇ဲ တွေ နဲ့ ပြား ပြားဝပ်နေ၇တာ ကို အထူးတလည်ပြောဖို့မလိုအပ်ပါဘူး.....အလားတူ ဒုက္ခ ဆင်း၇ဲ တွေ ကို  မြန်မာပြည်သူတွေ နဲ့  တကွ ကျွန်တော်တို့ (ကြည်း၊ေ၇၊လေ) တပ်မတော်သားတွေ ပါ ခံစားနေ၇တာ
နားလည်စေချင်ပါတယ်..............

ပုံပြင်မဟုတ်ပါ

“အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။

ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာ့တပ်မတော်သို့ ထုတ်ပြန်သည့် အမိန့်စာ

စစ်ဝန်ကြီးရုံးတော်
န့စွဲ၊  ၂၉-၁၂-၄၄
အချိန်၊ ၃၊၃၀ နာရီ
ငါတို့တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော်ဖြစ်သည်။  ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ရည်ရွယ်ရင်းမရှိသော  တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင် အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ် ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူတို့နှင့် တသားတည်း ရှိသည်။ ပြည်သူ့တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး၊ ပြည်သူများ၏ ဓါးသွားဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန်ဖြစ်သည်။  ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ အကျိုးကို ကာကွယ်ရန်ဖြစ်သည်။

၁၉၄၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်မိန့်ခွန်းမှ

ယခုဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့မှာ ဘာမှထူးထူးခြားခြင်း မရှိဘူး။ဂျပန်ခေတ် တခေတ်လုံးကလည်း စစ်ဝန် ကြီးဆိုပြီး ကျွန်တော့မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိခဲ့ဘူး။ ခုခေတ်ရောက်ပြန်တော့ ဒါတွေ ကို ဝတ်နေရတာဘဲ၊ ယခုဝတ်နေတဲ့ ဘောင်းဘီနှင့်အင်္ကျီတောင် ယခုဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခုဝန်ကြီးအဖြစ်နှင့် လခဘယ် လောက် ယူမယ်ဆိုတာ ဖ၊ဆ၊ပ၊လ က မဆုံးဖြတ်သေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံ လောက်က ပိုမှာမဟုတ်ဘူး။ ပိုက်ဆံမရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက်များ တက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တင်ထိုင်နေရတာနဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး၊ မျက်စေ့မှိတ်ပီး စွန့် ယူရတာဘဲ။

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ဂုဏ်ကို၊ ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ် ဆိုတာ ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ၊ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျား မှာ ကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။ အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖေါ်လုပ်ဖက်တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ်ခေါင်းဆောင်တွေရော၊ တခြား ဖ၊ဆ၊ပ၊လ ပြင်ဘက်က ခေါင်းဆောင်တွေရော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ် နောက်ဆုံးစကားဆိုလိုက်တယ်။

၁၉၄၇ ခုနှစ် မတ်လ ၂၁ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်ချက်မှ
ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမှ မလုပ်နိုင်ရင် ကျွန်တော်တို့ ဗမာပြည်ကလူတွေဟာ နစ်နာမယ်။ တောင်သူလယ်သမားတွေဟာ၊ ဗမာပြည်မှာ လူများစုဖြစ်တယ်၊ လွတ်လပ်ရေးရတဲ့အခါမှာ၊ ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ပါလာမယ်၊ တောင်သူလယ်သမားလူများစုရဲ့ အခွင့်အရေးမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူး။

စစ်သား မှ စစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ

“… တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့ အကျိုးနဲ့ ကိုယ့်နိုင်ငံဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာဘဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းဘဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့အပေါ်မှာလဲ တည်တယ်။ ဥပမာ- မတရားတဲ့ အကြီးအမှူးတယောက်က ဝတ္တရားနဲ့မဆိုင်တဲ့၊ နိုင်ငံနဲ့လူမျိုး အကျိုးနဲ့မပတ်သက်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊တရား မတရား၊ နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိ မရှိ ကြည့်ရမယ်။ အဲ့သလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာမရှင်းရင်၊ သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြားအကြီး အမှူးတယောက်ယောက် ဖြစ်ဖြစ် သွားမေးရမယ်၊ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။"

စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ်အောင်ဆန်း၏ မိန့်ခွန်းမှ…

   “… ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲ။ ဗမာနိုင်ငံနဲ့ ဗမာလူမျိုးကို ကာကွယ်ဘို့ဘဲ။ ဗမာလူမျိုး ဆိုတာဟာလဲ ဗမာလိုသိတဲ့ ဗမာတွေသာမဟုတ်ဘူး၊ ဗမာတနိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်၊ ဒါကြောင့် ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက် ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့အမျိုးကို တကယ်ကာကွယ်ဖို့ဘဲ၊ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရ နားလည်ပြီး ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင်လုပ်ကြရမယ်၊ ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးအတွက် ဒီလူမျိုး တွေရဲ့ ကိုးကွယ်ရာ လဲလျှောင်းရာ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်၊ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကိုတည်ထောင်ထားတဲ့ ရည်ရွယ် ချက်ဟာ အလကားဘဲဖြစ်မယ်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်တေဇ၏ အမိန့်


            ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ အလျှဉ်းစွက်ဖက်လိမ့်မည် မဟုတ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်များနှင့်တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ ဝင်စွက်ဖက်ခြင်း အလျှဉ်းမရှိစေရ။ ပါဝင်စွက်ဖက်သော တပ်သားနှင့်တပ်ဗိုလ်အား ကြပ်တည်းစွာ အပြစ် ပေးလိမ့်မည် ဖြစ်ကြောင်း။ ငါတို့သည် ဗမာပြည်၏လွတ်လပ်ရေးကိုရှေ့ရှု၍၊ ဗမာပြည်၏ညီညွတ်ရေးကိုသာ အဓိက ထားရမည်။
            ဗမာပြည်၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဂျပန်စစ်ဗိုလ်ချုပ်က ယခုအခါ ဗမာခေါင်းဆောင်များ အဖွဲ့ဖွဲ့ပြီဖြစ်၍ အုပ်ချုပ်ရေးနှင့် ပတ်သက်သောကိစ္စများအတွက် ငါတို့တာဝန် အလျဉ်းမရှိတော့ပြီ။ အုပ်ချုပ်ရေးအာဏာများကို တစုံတယောက်က ငါတို့တပ်မတော်ထံ လာရောက်တောင်းဆိုလာလျှင် ဆိုင်ရာအုပ်ချုပ်ရေးနှင့်ပတ်သက်သော အဖွဲ့ သို့သာ ညွှန်ကြားရမည်။ ငါတို့တပ်မတော်က အာဏာပေးအပ်ခြင်း မရှိစေရ။
                                                                                    (ပုံ) ဗိုလ်တေဇ
                                                အထက်မြန်မာပြည်ချီတက်တိုက်ခိုက်ရေး တပ်မတော်မှုးချုပ်
                                                                                    ခေတ္တ- မေမြို့
                                                                        ၁၃၀၄-ယုန်-ဆုတ်(၈)ရက်(၅-၆-၄၂)
(ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ကြောင်းများ/ သုတေသန ရဲဘော်စာအုပ်/စာမျက်နှာ-၃၂၇)

၁၉၈၈ သြဂုတ်လ ၂၆ ရက်၊ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သောမိန့်ခွန်းမှ

“… ကျမ မှန်မှန်ဘဲ ပြောပါရစေ။ ကျမဟာ တပ်မတော်အပေါ်မှာ အင်မတန်သံယောဇဉ်ကြီးပါတယ်။ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လဲဖြစ်တယ်။ ကျမတို့ဆိုတာလဲ ငယ်ငယ်ကတည်းက ရဲဘော်တွေ လက်ထဲမှာ ကြီးလာတာပါ၊ ပြည်သူလူထုကြီးကလဲ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတယ်ဆိုတာ ကျမသိပါတယ်။ ဒီမေတ္တာ တွေအတွက်လဲ ကျမ အင်မတန်ကျေးဇူးတင်ပါတယ်။ ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတဲ့ လူထုကြီးထဲမှာ ပဋိပက္ခ မဖြစ်စေချင်ပါဘူး။ တပ်မတော်သားတွေကိုလဲ ကျမ ဒီကနေဘဲ မေတ္တာရပ်ခံပါရစေ။ လူထုအားကိုးနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ ပြည်သူလူထုကလဲ ဖြစ်ပြီးခဲ့တဲ့ဟာတွေကို ကြိုးစားခွင့်လွှတ်ပြီးတော့ တပ်မတော်အပေါ်မှာ မေတ္တာမပျက်ပါစေနဲ့လို့ တောင်းပန်ပါရစေ။ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်လက်သွားမှသာ တည်တန့် ခိုင်မြဲတဲ့ ပြည်ထောင်စုပန်းတိုင်ကြီးကို ရောက်နိုင်မှာပါ။…”
(၁၉၈၈ သြဂုတ်လ ၂၆ ရက်၊ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သောမိန့်ခွန်းမှ…)

ဦးပိုင်နှင့် မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းတို့၏ မြန်မာနိုင်ငံစီးပွါးရေါ်အပေါ် ချုပ်ကိုင်ထားမှု

ဦးပိုင်အစ 
၁။         ၁၉၉၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ထိုအချိန်က န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့)အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်က တည်ထောင် ခဲ့သည့် ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်သည်။

ဦးပိုင်စနစ် 
၂။         "ဦးပိုင်" စနစ်ဆိုသည်မှာ မိမိအရင်းထက် အဆပေါင်းများစွာပိုသော လုပ်ငန်းကိုင်ငန်းများကို ဖြန့်ခွဲချုပ်ကိုင်သည့် လက်ဝါးကြီးအုပ်စနစ် ဖြစ်သည်။ စစ်တပ်ဦးပိုင်လီမိတက်သည် အထူးကုမ္ပဏီတခုအနေဖြင့် ၎င်းမှ အပြည့်အ၀ပိုင်ဆိုင်သော ကုမ္ပဏီများနှင့် ကုမ္ပဏီခွဲများသည် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရရှိခံစားရမည်ဖြစ်သည်။ သို့သော် တွဲဖက် လုပ်ကိုင်သောကုမ္ပဏီများမှာမူ ဤအခွင့်ထူးကို မခံစားရချေ။
ဦးပိုင်လီမိတက်သည် သေးသေးမွှားမွှားလုပ်ငန်းနှင့် အရှုံးအမြတ်မသေချာသော လုပ်ငန်းမျိုးတွင် မပါဝင်ကြချေ။ ဦးပိုင် သည် ဖရစ်ဝါနာ၊ ဒေ၀ူးတို့နှင့် ဖက်စပ်လုပ်ခြင်းဖြင့် ပွဲဦးထွက်ခဲ့သည်။ ယခု စစ်တပ်ဦးပိုင်လီမိတက်တွင် အစုရှယ်ယာ ၀င်များက ဒါရိုက်တာရွေးချယ်ခွင့် မည်သို့ ရှိကြောင်း ရှင်းအောင် မကြေညာခဲ့ကြောင်း တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအချို့

(ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဘက်သို့ စည်းရုံးရေး ထွက်စဉ် ဒေသခံလူထုနှင့် အာဏာပိုင်များ ထိပ်တိုက် ဖြစ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပါတ်သက်၍ ၃၁-၁၂-၂၀၀၂ တွင် ရန်ကုန်မြို့၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုပြန်လည်ပြောကြားချက်မှ)
            “… ဝန်ကြီးပြောတာကို ကျမတို့အဖြေကတော့၊ ပြည်သူတွေဟာ တပ်မတော်နဲ့ လက်တွဲရမယ်၊ အဖျက် သမားတွေနဲ့ လက်မတွဲရဘူးဆိုတာမှာ၊ ကျမတို့က နိုင်ငံ့အကျိုးအတွက်ဆိုရင် တပ်မတော်နဲ့ဘဲဖြစ်ဖြစ် ဘယ်သူနဲ့ဘဲ ဖြစ်ဖြစ် လက်တွဲဘို့ဝန်မလေးပါဘူး။ ကျမတို့ နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့တို့၊ တပ်မတော်တို့နဲ့ အဆင်ပြေဖို့ ကြိုးစားနေတာတွေ ပျက်အောင်လုပ်နေတဲ့လူတွေသာ တကယ့်အဖျက်သမားတွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ ရင်ကြား စေ့ရေးကို ပိတ်ဆို့ခြင်းနဲ့ ဒီနိုင်ငံကို ဖျက်ဆီးမှာပါ။…"

ကျနော်နဲ့ ထိုတနေ့တာ

“ရပ်ဘယ်သူလဲ” ဆိုသောဗဟိုကင်းကင်းသမားအသံက ကျယ်လောင်စွာထွက်ပေါ်လာ ပါတယ်..ကျတော်လည်း “ အရာရှိ” ဆိုပြီးပြန်ဖြေလိုက်ပါတယ်.. အမှန်ကတော့ ကျတော်ဒီနေ့ တာဝန်မှူးမဟုတ်ပါ သို့သော် တပ်ရင်းရှိအရာရှိတစ်ယောက်အနေဖြင့် မိမိတပ်လုံခြုံရေး ၊ သက်သာချောင်ချိရေးတို့အတွက် တာဝန်ရှိသည်မဟုတ်ပါလား ။ ပြီးတော့ ယနေ့တာဝန်မှူးကျ သောဗိုလ်ကျော်မျိုးမှလည်း “ ရဲထက် ညီအကို့ကိုတစ်ခုလောက်ကူညီကွာ” “ဟုတ်အကို ပြောလေ ” “ အကို လုပ်စရာလေးရှိလို့ အဲဒါ ၉ နာရီကျရင် မင်းအကို့အစား ဗဟိုကင်းကို တစ်ချက်လောက်ဝင်ကြည့်ပေးကွာ အကိုနောက်ကျနေရင်လည်းမင်းခဏစစ်ထားလိုက်” အကိုပြန်ရောက်တော့လည်း မင်းနဲ့တွေ့တာပေါ့ ”

ရှေ့ဆက်ကြမည့် တပ်မတော်နှင့် နိုင်ငံရေး

ယခုဆိုလျှင်ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသည် သမ္မတနိုင်ငံတစ်ခုအဖြစ်သို့ အမည်အားဖြင့်ပြောင်းလဲ သွားပြီဖြစ်သကဲ့သို့ မူအားဖြင့်လည် ဒီမိုကရေစီဟု အမည်ခံလိုက်ပြီဖြစ်ပါသည်။ သို့အတွက် ကျနော်တို့သည် ယင်းပြောင်းလဲမှုအပေါ်တွင် လွတ်လပ်မှုတစ်စုံတစ်ရာနှင့် ခံစားမှုတစ်စုံတစ်ရာတော့အကျိုးဖြစ်ထွန်းပေါ်ပေါက် ရမည်ဟုလည်း ယုံကြည်မိပါသည်။ သို့သော် ယနေ့အချိန်ထိ အခြေခံအားဖြင့်ရှိရမည့် သတင်းလွတ်လပ်ခွင့်များ နှင့် အခြားသော အသင်းအဖွဲ့ထူထောင်ပိုင်ခွင့်များ မရှိသေးသည်ကိုတွေ့မြင်နေကြရပါသည်။ ထို့ပြင် တပ်မ တော်အနေဖြင့်လည်း ယခုအခါ အမျိုးသားထောက်လှမ်းရေးအသစ်တစ်ခုကိုထပ်မံဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့ ကြီးအနေဖြင့် စစ်တပ်နောက်ခံအစိုးရအဖွဲ့နှင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးလာမည့် ကိစ္စအဝဝကို သတင်းရယူကာဖမ်းဆီးအပြစ်ပေးရေးအတွက်ဟုလည်းကြားသိရပါသည်။ 
ယင်းအတွက်ကို အပြစ်မပြောသာပါ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာတွင်လည်းတပ်မတော်နှင့် အစိုးရလက်အောက်ခံအဖွဲ့များသည် မိမိတို့ သက်ဆိုင်ရာ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရပါသည်။ သို့သော် ယင်းဖွဲ့စည်းပုံ သည်တစ်ဖက်တွင် အမှန်တကယ် ပြည်သူနှင့်တိုင်းပြည်ကိုကာကွယ်ပေးသည့် ဥပေဒဆိုင်ရာစည်းမျဉ်းများပါရှိ နေရန်တော့လိုအပ်ပေလိမ့်မည်။ ထို့ပြင် အခြားကိစ္စအဝဝအတွက်ကိုလည်း အစိုးရအနေဖြင့်လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်ပေးရန်လည်းလိုအပ်မည်ဖြစ်ပေသည်။ ထို့ပြင် ဒီမိုကရေစီအစိုးရဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းများလည်း ဖော်ထုတ်ပေးရမည်ဖြစ်ပေသည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသည် လက်ရှိအခြေအနေအထိ ဒီမိုကရေစီသဏ္ဍာန်ဖော်ဆောင်သည့် သွင်ပြင်လက္ခဏာတစ် ခုကိုမျှဖော်ဆောင်ခြင်း မရှိသေးသည်ကို တွေ့ရှိနေရသည်မှာ တိုင်းပြည်အတွက်လွန်စွာဝမ်းနည်းဖွယ်ရာပင်တည်း။

ဘဝ..ရသ..ကော်ဖီခါးခါး

လက်ရှိအနေအထားမှာ အချိန်အများစုက အထီးကျန်သလိုခံစားနေရတယ်။ မျှော်လင့်ချက် ခပ်ပါးပါး။ အနာဂတ်က မှုန်ဝါးဝါး။ ဘယ်စခန်း သွားရမှာလည်း မရေရာ။ လက်လှမ်းမီသမျှ စာလေးတွေဖတ်လိုက်။ လက်ဖက်ရည်ဆိုင်မှာ အကြာကြီးထိုင်၊ တွေ့ရာလူနဲ့ (အများအားဖြင့် လူရင်းတွေနဲ့) တောင်ရောက် မြောက်ရောက် ရောက်တတ်ရာရာတွေ ပွားလိုက်။ ရံဖန်ရံခါ ရင်ထဲမှာအောင်းနေတဲ့ လေပူတွေကို BBC,VOA လေလှိုင်းကတဆင့် လွှင့်ထုတ်လိုက်။ အိပ်ယာထဲမှာခွေရင်း အတိတ်အကြောင်းတွေ ပြန်တွေးလိုက်။

တအိပ်တည်းနေမိတ်ဆွေများနှင့် ကျနော်

နို့ဖိုးဒုက္ခသည်စခန်းထဲ ၀င်ရောက်ချိန်မှစပြီး ကျနော့်ဘ၀တွင် ပထမဦးဆုံးအကြိမ် အိမ်လေးတစ်လုံးကိုယာယီ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။ ထိုအိမ်ကလေးကို UNမှစာနာထောက်ထားမှုဖြင့် နေရာချထားပေးခြင်းဖြစ်ပြီး အိမ်ကလေးနှင့် ကျနော်တို့မိသားစု၏ အနာဂတ်သည် UN ၏စီစဉ်ဆုံးဖြတ်မှု၌သာ မူတည်နေတော့သည်။ ကျနော်စခန်းထဲသို့ ၀င်မလာမီ ၂ နှစ်ခန့်က ကြိုတင်ဆောက်လုပ်ထားခြင်းဖြစ်သဖြင့် ယခုအချိန်ထိဆိုလျှင် အိမ်ကလေး၏သက်တမ်းမှာ ၇နှစ်ကျော် ၈နှစ်အတွင်းရောက်ရှိနေပေပြီ။

ဘဝခါးခါး ရသများ

 
မြန်မာများ၏ ရှေးစကားတွင် “စေတနာကိုတားလို့ရသည်၊ ၀ါသနာကိုကားတား၍မရ” ဟူသော ဆိုရိုး စကားကို တစ်ချိန်က ကောင်းမွန်စွာနားမလည်ခဲ့။ ဘ၀ကိုအစုံအဆန်ကူးခတ်ရင်း နောက်ဆုံးဒုက္ခသည်စခန်း တွင် ဒုက္ခသည်အဖြစ် ခံယူလိုက်ရသည့်နောက် ဘ၀သည်လည်း တစ်ဆစ်ချိုး ပြောင်းလဲလာခဲ့ရသည်။
          ဒုက္ခသည်စခန်းမှာ လူမျိုးစုံ၊ဘာသာစုံ ဘ၀မျိုးစုံတို့ ကူးလူးယှက်သန်းကာ ဘ၀၏မွန်းကြပ်မှု ဒဏ်ရာ ဒဏ်ချက်တို့ကို အလူးအလဲနှင့် မူးလဲမတတ်ခံစားနေကြရသည်။ မွန်းကြပ်မှုဒဏ်တို့ကို ကုစားရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ထွက်ပေါက်ရှာကြသည်။

Ads 468x60px

Featured Posts