Thursday, January 12, 2012

သနားစရာဖာဘဝ

ဦးနှောက်က ငွေကြေးဥစ္စာ စည်းစိမ်၊ ဘွဲ့ထူး ဂုဏ်ထူး၊ ဂုဏ်ပကာသန၊ ဆွေဂုဏ်မျိုးဂုဏ် အသိုင်းအ၀န်း အစစအရာရာကိုယ့်ထက်သာတာကိုမှ ချစ်ခင်မြတ်နိုးစုံမက်တတ်တယ်။
နှလုံးသားက တီထွင်မှု၊ ဖန်တီးမှု၊ နားလည်မှု၊ လွတ်လပ်ပျော်ရွှင်မှု၊ထိတွေ့မှု ၊ထင်မြင်ယူဆမှု၊ ယုံကြည်ကိုးစားမှု အတွေးအခေါ် ခံစားချက် အသစ်အဆန်းအမျိုးမျိုးတို့အပေါ်တွင် သာယာကြည်နူးနှစ်သက်တတ်တယ်။
ဘ၀ကြင်ဖော်ကို ဦးနှောက်နဲ့ ၄၀ရာခိုင်နှုန်းစံထားရွေးသင့်သလို နှလုံးသားဖြင့် ၄၀ရာခိုင်နှုန်းစံထားရွေးသင့်တယ်။ ကျန် ၂၀ရာခိုင်နှုန်းကတော့ နားလည်ခွင့်လွှတ်စိတ်နဲ့ ချစ်ခြင်းမေတ္တာတွေပါ။
အချစ်နဲ့မကင်းနိုင်ကြတဲ့ လူသားတွေဟာ ချစ်ခြင်း၏ နောက်ကွယ်ရှိ သမုဒယကြိုးများဖြင့်  နှောင်ဖွဲ့မိတတ်ကြတယ်။ အချစ်ဟာ လူသားတွေအတွက် ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊အောင်မြင်မှု၊ ကျရှုံးမှု အမျိုးမျိုးကိုလည်း ပေးစွမ်းနိုင်တယ်။
ဒါတွေက ပညာတတ် လူလတ်တန်းစားတွေ လူချမ်းသာတွေရဲ့ ဘ၀စံထားချက်တွေလိုဖြစ်နေပါပြီ။သူတို့ဟာ အချစ်ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိကြတယ်။ အိမ်ထောင်ရေးကို အလှပဆုံးဖြစ်အောင် စီခြယ်ပိုင်ခွင့်ရကြတယ်။ စိန်စိန်ချင်း ထပ်နေကြတယ်။ ရွှေရွှေချင်း မြတ်နေကြတယ်။ သူဆင်းရဲတွေရဲ့ဘ၀မှာကား...
မရှက်တမ်း ပြောပါမယ်။ ရိုင်းစိုင်းတဲ့စကားတွေဖြစ်နေလို့ မိတ်ဆွေတို့ မိန်းကလေးတို့ စိတ်အနှောင့်အယှက်မဖြစ်ချင်ရင် ဆက်မဖတ်ပါနဲ့တော့။
မည်သူ့ကိုမှ စော်ကားလိုစိတ်၊ နှမချင်းမစာနာစိတ်နဲ့ ရေးနေတာ မဟုတ်ပါဘူး။ ဖာတွေဘ၀ကို စာနာနားလည်လာအောင်လို့ပါ။ ရွေးချယ်ခွင့်မရတဲ့သူတို့ရဲ့ သနားစရာဘ၀လေးတွေကို သိစေချင်လို့ပါ။ အချစ်မသိသော ကျနော့်လို လူစားမျိုးတွေဟာ လိင်စိတ်ကို အချစ်ဟု ယုံမှတ်တတ်လာတယ်။ စိတ်အလိုလိုက်ပြီး လိင်လိုက်စားတတ်လာတယ်။ လိင်ဈေးကွက်ကြီးဟာလည်း  တဖြည်းဖြည်းကြီးလာတာပေါ့။
ဆင်းရဲမွဲတေ၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် အားကိုးရာမဲ့ မှီခိုရာကင်းနေတဲ့ ဆယ်ကျော်သက် အပျိုချောလေးတွေဟာ အများသုံးဖာတွေ ဖြစ်လာကြတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီး လောဘ၊ အတ္တကြီးစွာထားသော မသမာသူအချို့၏ လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးလာခြင်းတို့ကြောင့် မိကောင်းဖခင် သမီးပျိုလေးများမှာ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရမည့်အချိန်တွေမှာ ပညာမသင်နိုင်၊ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် မနေနိုင် အချစ်အရသာကို မခံစားလိုက်ရပဲ မိသားစု စားဝတ်နေရေးကျန်းမာရေးတို့အတွက် လိုအပ်နေသော ငွေမျက်နှာ နောက်လိုက်ကာ အရွယ်မတိုင်မီ ပါကင်ဖွင့်ခြင်းကို ခံလိုက်ရတယ်။ ဘာမသိ ညာမသိ အဖေအရွယ် အဘိုးအရွယ်များကြောင့် အမြှေးပေါက်ကာ အပျိုရည်ပျက်ကြရတယ်။ မိန်းမတို့သိက္ခာ ရွှေပေးလို့မရနိုင် ဆိုတာတွေကို နားမလည်နိုင်၊ ကိုယ့်မိသားစု ငတ်နေပြီ။ နေစရာအိမ်မရှိ၊ စားစရာ အစာမရှိ၊ ကုစရာ ဆေးဝါးမရှိ၊ အကူအညီပေးနေတယ်ဆိုတဲ့ အသံကိုသာကြားနေရတယ်..မိမိအကူအညီရဖို့အလှည့်က သေတာတောင် ရလိမ့်မည် မထင်..ပြောင်းလဲတိုးတက်နေပြီလို့သာ ပြောနေကြတယ် ကုန်ဈေးနှုန်းတွေကသာ မတရားပြောင်းလဲပြီးတက်နေတယ်.. သူဆင်းရဲတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေက မကောင်း၊ လုပ်ခလစာတွေကလည်း မကောင်းပေ။ လုပ်စားဖို့အတွက် အမေပေးတဲ့ လယ်တစ်ကွက်သာ ကျန်တော့တယ်။ ရွာထဲက ဘ၀တူအပျိုချောတွေလည်း အရွယ်မရောက်မီ လုပ်စားနေကြတာ ရွာလုံးကျွတ်နီးပါးဖြစ်နေပြီ။ ဒီအဖြစ်ဆိုးမျိုးကို စုတ်တသပ်သပ်နဲ့ သနားစရာပါလားလို့ ခုမှ လူအများ သိလာကြတာ။ အဘွားလက်ထပ်ကစပြီး မြေးမြစ်တီတွတ်အထိ ဖြစ်နေကြပြီ။ ဖာလုပ်စားလိုက် ရွာပြန်ပြီး မျိုးမစစ်ကလေးကို လာမွေးလိုက်၊ မြို့ပြန်တက်လိုက်ပြန်လုပ်လိုက်၊ မျိုးမစစ် သမီးလေးကို ပြန်လာခေါ်ပြီး အတူလုပ်စားခိုင်းလိုက်နဲ့.....ရောဂါတွေရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေကုန်ကြရတယ်။..အရင်က ရွာတွေမှာ လယ်လုပ်လိုက် ပဲစိုက်လိုက် ကောက်စိုက်လိုက် အမဲလိုက်လိုက် ငါး၊ပုစွန်၊ကြက်၊ဘဲ၊၀က် မွေးလိုက်နဲ့ ကိုယ့်ဝမ်းစာကိုယ်ရှာစားနေခဲ့ကြတာ။ ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့သော လယ်ယာမြေတွေပေါ်မှာ သားစဉ်မြေးဆက်ချီပြီး ပျော်ပျော်ပါးပါးနေလာလိုက်တာ။ လောဘတွေကင်းပြီး အေးချမ်းနေလိုက်ကြတာ။ သားသမီးမြေးမြစ်လေးတွေ အတွေ့အကြုံရပါစေတော့ သဘောမျိုးနဲ့ မြို့ပေါ်တက်ပြီး အထည်ချုပ်စက်ရုံတွေ၊ စက်ရုံတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာအလုပ်လုပ်ခိုင်းကြတာ။ ငွေတွေရွှင်လို့ လှူလို့မဆုံး။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် လုပ်နေပြီ။ ဆင်းရဲသားတွေကို တဲနေ တိုက်ပြောင်းဖြစ်အောင် စေတနာကောင်းတွေနဲ့ လုပ်ပေးနေပြီ။ မြို့ပြဆောက်ဖို့ လယ်ယာမြေတွေကို အတင်းသိမ်း၊ မြို့သစ်တွေကို တရစပ်ဖော်၊ လယ်တွေ ယာတွေ အသိမ်းခံရလို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဆင်းရဲသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်မပေးရုံမက တခုမဖွံ့ဖြိုးမတိုးတက်သေးပဲ နောက်တနေရာက လယ်ယာမြေတွေကို ထပ်သိမ်းနဲ့ဆိုတော့ သူဆင်းရဲများမှာ တိုက်ဆိုတာမပြောနှင့် ယခင် နေနေတဲ့ တဲပါပျောက်ပြီးစီးပွားပျက် လုပ်ငန်းပျက် ဘ၀ပျက်ကြရကာ  တိုင်းတပါးနဲ့ ကိုယ့်မြို့ကြီးပြကြီးတွေပေါ်ရှိခမ်းနားထည်ဝါလှသော ဖာခံစားနေကြတဲ့တိုက်ကြီး တွေဆီမှာ မိမိတို့ သမီးပျိုများကို ကိုယ်တိုင်အိမ်တိုင်ရာရောက် ပို့ပေးနေရတဲ့ အဖြစ်ဆိုးကြီးတွေ ရှိလာလေပြီ။ လိုင်းသိတဲ့သူက ပါကင်ကို ၅သောင်းကနေ သိန်း၅၀အထက် ကြေးရကြသလို မယောင်မလည်ဖြင့် ရှော့ဘိ၊ ဖာခန်း၊မာစွတ်၊KTVတွေရောက်ပြီး၁ထောင်၂ထောင်၃ထောင်တည်းဖြင့် အပျိုမြှေး ပေါက်သွားကြသူများ လည်းရှိတယ်။ စားဖားကြီးတွေရဲ့ အဖော်မပါဆက်ဆံမှုခံရပြီး အပျိုဘ၀ပျက်ကြရတယ်။ ကာလသားရောဂါ၊ HIV၊ AIDS ရောဂါမျိုးစုံ ကူးစက်ခံကြရတယ်။ ပါကင်အပျိုမြှေးနာကို ဆေးကုပေးမည်မထင်နှင့်။ တခါကျ နှစ်ခါကျဟု ဆွဲဆောင်ကာ ဖာခေါင်းတွေက ရှူးမပေါက်နိုင်လောက်အောင် လုပ်စားပေလိမ့်မည်။ လိုင်းကြေးဘယ်လောက်ပေးပေး၊ ဖာလည်းစား၊ ငွေလည်းစားပြီး စီမံချက်ရှိက ဖမ်းဆီးသူများလည်းရှိကြတယ်။ ဖာတွေဘ၀ဟာ သနားစရာပါ။ အဖမ်းခံရလျှင်လည်း အလကားခံရသလို လိုင်းကြေးတောင်းသူများကိုလည်း အလကားခံကြရတယ်။ ငတ်လို့လာလုပ်စားနေတဲ့ လယ်ကွက်ကို( FOC )ဆက်ကြေးသဘောနဲ့ အလကားလာစားနေတဲ့ ငနဲတွေကလည်း နေ့စဉ်နေ့တိုင်းပဲ။ ဖာခန်းဆိုတာ တရားဝင်မဟုတ်ပေမဲ့ ဆိုက်ကားဆရာက အစ ဘေးပတ်ဝန်းကျင် လူတိုင်း တရားဝင်နီးပါး တိတိကျကျသိနေကြတာတောင် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့များ လာပါက မမြင်ကြသည်မှာ အထူးအံ့သြစရာပင်။ရှော့ဘိမှာဆိုရင် ၁၂နှစ် ၁၃နှစ်အရွယ်လေးနဲ့ တနေ့ကို ၁၀ပင် ၁၅ပင်နေရတယ်..တပင် ၁၅၀၀နှုန်းကနေ ၂ထောင်ကျော်ထိ ရှင်းတယ်။ ဖောက်သည်နဲ့ အဆင်ပြေရင် မုန့်ဖိုး ၃ ၄ ၅ထောင်ရတယ်။ မာစွတ်မှာဆို တချိန်ခန်းနဲ့နှစ်ချိန်ခန်းတွေရှိပြီး ဇယားခင်းရင် ၃ထောင်ကနေ တစ်သောင်းခွဲ၊နှစ်သောင်းထိ အစားစားရှိတယ်။ ဖာခန်းတွေမှာဆိုရင် တပင် ၅ထောင်က ၁သောင်းခွဲထိယူတယ်။ ရှိုးဆို တစ်သောင်းခွဲအထက်၊ နိုက်ဆို ၂သောင်းအထက် ယူကြတယ်။ ဒီလိုရေးပြနေတာဟာ သိစေချင်လို့ပါ။ တခါတခါဆက်ဆံလိုက်တိုင်း ရတဲ့ငွေတွေကို ဒီကလေးတွေဘယ်လိုသုံးကြသလဲဆိုတာ သိစေချင်လို့ပါ။ ဖာခေါင်းတွေက အ၀တ်အစားတွေဆင်ပေးတယ်၊ အလှပြင်ပစ္စည်းတွေလိမ်းတတ်အောင် သင်ပေးတယ်။ ၀ယ်ခိုင်းတယ်။ လှချင်ပချင်အောင် လုပ်ပေးကြတယ်။ အားရင် ဖဲကစားတတ်အောင် သင်ပေးတယ်။ ကွမ်း၊ဆေးလိပ် မနားတမ်း သောက်တတ်အောင် သင်ပေးတယ်။ ဘီယာအရက် တွေ စွဲသွားအောင် လုပ်ပေးကြတယ်။ မိဘတွေကို သုံးလစာ လေးငါးခြောက်သောင်း တခါတည်း ထုတ်ပေးလိုက်တယ်။ ဆင်းရဲလွန်းလို့ စားစရာမရှိ ငတ်နေသူအဖို့ ထိုငွေတွေဟာ မက်လောက်စရာပါ။ ကိုယ့်သမီးလေး ဘာလုပ်စားနေတာလဲကို မမြင်တော့ပဲ ကျေကျေနပ်နပ်ကြီးနဲ့ ငွေတွေယူပြီး ပြန်ကြတော့တာပဲ။ ၁လ ၂လ အတွင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အကျင့်စရိတ္တတွေပျက်၊ အတွေးအခေါ်တွေပျက်၊ ဘ၀တွေ ပျက်ကြရတယ်။ ရုပ်ရှိလို့ကတော့ ၃ ၄ လစာကြိုပေးထားတယ်။ အပြင်ထွက်ခွင့်တော့ မပေးပေ။ ကောင်းကောင်းကျွေး ထားတယ်။ ကောင်းကောင်းပေးနေထားတယ်။ အလှဆုံးဖြစ်အောင် ပြင်ပေးထားတယ်။ မာစွတ်ကတော့ အချိန်ပိုင်းထွက်ခွင့်ပေးတယ်။ ပျော်သလိုထားတယ်။ စီမံချက်လာရင် ငြိမ်တတ်ဖို့တာ လိုတယ်။ တချို့ဖာတွေ ငွေတွေဘယ်လောက်ရရ ရသလောက်ကုန်တယ်။ လောင်းကစား အရမ်းလုပ်တယ်။ အရက်သေစာသောက်စားတယ်။ မူးယစ်ဆေးဝါးသုံးတယ်။ ကလပ်တွေတက်ပြီး ကဲကြတယ်။ ဖာခန်းစောင့် မန်နေဂျာတွေကို လင်လုပ်တယ်။ ရသမျှအကုန်အပ်တယ်။ အဲဒီလင်တွေက တခြားဖာခန်းမှာသွားပြီး ပျော်ပါးကြတယ်။ ကလပ်စားပွဲထိုးတွေကို လင်တော်ကြတယ်။ ရသမျှအပ်တယ်။ စာမတတ် ဥာဏ်မရှိကြလို့ လက်ထိပ်စော်နံပြီး ခန္ဓာရင်းစားမှရတဲ့ ငွေတွေကို စုမယ် မကြံကြဘူး။ အပျော်တွေမှာ သောက်စားမူးယစ် ဖြုန်းတီး ပစ်တယ်။ တချို့ကျတော့ မိဘတွေက အသုံးအဖြုန်းလောင်းကစားကြီးလွန်းတယ်။ ဘယ်လောက်ပို့ပို့ မလောက်ဘူး။ တချို့ကျတော့ မိဘကျန်းမာရေးအတွက် ကုန်တာ။ ဆေးရုံဆေးခန်းဆိုတာ ငွေရှိသူများအတွက်သာ ဆိုတော့ ဘယ်လောက်ခံခံ ပေးမလောက်ဘူးလေ။ တချို့ကျတော့ ငါက အကြီးပဲ အနစ်နာခံပြီး အငယ်တွေကို ပညာတတ်အောင် ထားမယ်ဆိုပြီး ကျောင်းစရိတ်ထောက်ပေးတာ။ ငွေရှိမှ ပညာတတ်မည့်ခေတ်ဖြစ်နေတော့ ဘယ်လောက်ပဲခံခံ ပေးမလောက်ဘူးလေ။ ဆင်းရဲသူတွေအတွက် ပညာရေး၊ ကျန်းမာရေးတွေဆိုတာ ဆေးမြီးတိုလောက် သိရုံ တတ်ရုံလောက်ပါပဲလေ။ ဟဲ့နွား ဒါလုပ်၊ ဟဲ့နွား အရှေ့ကိုသိလား။ ဟဲ့နွား ဓားရှရင် နနွင်းသိပ် ရုံလောက်လေးပဲ ခိုင်းကောင်းအောင် သင်ပေးနေတဲ့ ဟန်ပြ ပညာရေးတွေပါ။ အသိဥာဏ်တွေဖွံ့ဖြိုးအောင် အတတ်ပညာတွေ ကျွမ်းကျင်တတ်မြောက်အောင်ဆိုတဲ့ အဆင့်ကိုရောက်ဖို့ဆိုတာ နောက်ကနေ ငွေထုတ် ထမ်းပြီး လိုက်မှ ရတဲ့ အတတ်ပညာ၊ အသိပညာတွေပါ။ ဆင်းရဲသားတွေအတွက်တော့ ခိုင်းကောင်းရုံလေး ဖြစ်အောင် ကျွန်ကောင်းလေးတွေဖြစ်အောင် သင်ပေးတဲ့ ပညာရေးပါ။ ၆ ၇ ၈တန်းလောက်နဲ့တင် ကျောင်းဆက်မထားနိုင်ကြတော့ဘူး။
အမေပေးတဲ့ လယ်ထက်ပိုပြီး ငွေရတဲ့အလုပ် ဘယ်အလုပ်မှာလွယ်လွယ်ချောင်ချောင်နဲ့ ရှာလို့ရမှာလဲ။ ဘယ်မိန်းကလေးကိုမဆိုမေးကြည့်ပါ။ ဒီလိုလုပ်ချင်ကြသလားလို့။ အားလုံးမလုပ်ချင်ကြပါဘူး။ အားလုံး စက်ဆုပ်ကြပါတယ်။ ဒါပေမဲ့ အဲဒီဖာလေးတွေမှာ အပြစ်ရှိသလား။ အပြစ်မရှိတဲ့အပြင် သနားဖို့တောင် ကောင်းပါတယ်။ သူတို့ဘ၀ကို သူတို့ရွေးချယ်ပိုင်ခွင့်မရကြလို့လေ။ ရုပ်တရားဖြစ်ပျက်တွေဟာ အလျင်အမြန်ပြောင်းလဲဖြစ်တည်နေတာကြောင့် အဲဒီ ဖာတွေဘ၀ကို လူတွေက သတိမထားမိလိုက်ကြတာပါ။ ဖာသည် တော်တော်များများက လိမ္မာကြပါတယ်။ အရင်းအနှီးလေး နည်းနည်းရတာနဲ့ အိမ်ပို့ပေးပြီး ဈေးဆိုင်တည်ခိုင်း၊ လုပ်ငန်းတွေလုပ်ခိုင်းကြတာပါ။ သူတို့ ဒီဘ၀မှာနေရတာကို စက်ဆုပ်ရွံရှာကြပါတယ်။ မြန်မြန်လွတ်မြောက်ချင်ကြတာပါ။ အရင်းအနှီးလေးရတာနဲ့ ဖာဆက်မလုပ်ကြတော့ဘူး။
ငတ်လို့ မြို့တက်အလုပ်ရှာတဲ့သူတွေ တော်တော်များများ ဒီလိုဘ၀မျိုးကို ရောက်ခဲ့ကြရတာချည်းပါပဲ။ အဆွယ်ကောင်းတာရယ်..တရားဝင်မဟုတ်ပဲ မှိုလိုပေါက်အောင် လုပ်စားနေကြတာတွေကြောင့်ပါ။ မြို့ရောက်တော့ မြို့သူတွေလို ၀တ်ချင်စားချင်နေချင်ကြတာလေ။ ထောက်ပံ့နိုင်မည့်အားကိုးရှာကြတာပေါ့။ တချို့ကျတော့ ဖာမလုပ်ဘူး။ ရည်းစားတွေ အများကြီးထားပြီး ချူစားတယ်။ မယားငယ် အမြှောင်မယားလုပ်တယ်။ သူတို့ကို အပြစ်မဆိုနိုင်ဘူးလေ။ သူတို့က ငတ်လို့လုပ်စားနေကြတာ။ သူတို့ကြောင့် အိမ်ထောင်စုပြိုကွဲရတယ်ဆိုပြီး မလိုမုန်းတီးတဲ့သူတွေအများကြီးပဲ။ ဒါကတော့ရှိပါတယ်။ အချို့စိတ်ဓာတ်တွေက အရမ်းကို အောက်တန်းကျပြီး ရက်စက်ယုတ်မာတာ။ မိန်းမသားချင်း မစာနာပဲ ဒုက္ခပေးတာ။ ဒီလိုမိန်းမတွေက အနည်းစု တွေပါ။ ထားရာနေ စေရာသွား ပြောတာလုပ်ကာမဆန္ဒအလိုကျဖြည့်ပေးနေရတဲ့ သနားစရာသူဆင်းရဲမလေးတွေသာ များပါတယ်။ ရည်းစားတွေ ထည်လဲတွဲပြီး ကျောင်းစရိတ်ရှာ၊ အိမ်စရိတ်ရှာနေရတဲ့ သူဆင်းရဲမလေးတွေ အများကြီးပါ။ သူတို့ကို ဖာလို့ မခေါ်ပေမဲ့ အဆင့်မြင့်ဖာတွေလိုပါပဲ။ အချစ်ဆိုတာ မရှိ၊ ငွေပါရင် အချစ်ပေးနေရတဲ့ဘ၀လေးတွေပါ။ ချစ်အောင်နေပြ အမူပိုရင်ခုန်အောင် လုပ်ပြနေကြရတဲ့ သနားစရာဘ၀လေးတွေပါ။ သူတို့လည်း သူတို့ လွတ်လပ်မှုတွေ၊ ပျော်ရွှင်မှုတွေကို လိုချင်ကြတာပါပဲလေ။ ဒါပေမဲ့ ဒါတွေကို မရကြဘူးလေ။ အချစ်ဆိုတာကို နားမလည်သလို ငွေရှိရင် အချစ်ရှိတယ်ဆိုပြီး လွဲမှားစွာ ခံယူလာကြတယ်။ အပြင်မှာ ကောင်းတဲ့ အလုပ်လုပ်ရင် နေစားအပြီး တလ၁သောင်းခွဲ ၂သောင်း ၃သောင်းတာရပြီး တနေ့လုံးပင်ပင်ပန်းပန်းလုပ်ကြရတာ။ ပညာမှ မတတ်ကြပဲ။ ပညာတတ်လည်းပဲ ၄ ၅ ၆ သောင်းထက်မပိုဘူး။ ဒီငွေလေးတွေနဲ့ အိမ်ကို ဘယ်လိုထောက်ပံ့ကြမှာလဲ။ ကုန်ဈေးနှုန်းတွေက တနေ့တခြား ကြီးကြီးလာတော့ ရတာနဲ့ ကုန်တာ မကာမိကြတော့ဘူးလေ။ ပညာသင်ဖို့ မပြောနဲ့ နေ့စဉ် စားဝတ်နေရေးအတွက်တောင် မဖူလုံဘူး။ နာမကျန်းဖြစ်ရင်တော့ သေဖို့သာစောင့်နေရတာ။ မသာစရိတ်ဆိုတာလည်း မရှိဘူး။ ဖြစ်သလို သေကြရတာ။ လူသားတွေ လောဘတွေတက်ပြီး မတရားလုပ်နေကြတာကြောင့် ဒီလိုမိသားစုတွေ တနေ့တခြားများများလာကြတာပါ။ လူတိုင်း လူတော် လူကောင်းဖြစ်ချင်ကြတာပါပဲ။ မတရားလုပ်တာ ခံရလွန်းလို့လည်း အရေတွေထူနေပြီ။ သည်းခံတတ်လွန်း ချွေတာတတ်လွန်းလို့လည်း လူတွေတောင် ပိန်ခြောက်မွဲပြာဖြစ်နေပါပြီ။ ငတ်လွန်းလို့လည်း အရှက်မရှိ၊ သိက္ခာမရှိတဲ့ အလုပ်တွေကို မလုပ်ချင်ပဲ လုပ်နေကြရပါပြီ။ မကောင်းတာ လုပ်ပါများလို့လည်း အကျင့်ဆိုး စရိုက်ဆိုးတွေဖြစ်ကုန်ကြပါပြီ။ သနားကြပါ။ ကိုယ်ချင်းစာနာကြပါ။ ကိုယ်ကျိုးကြည့်ပြီး မတရားလုပ်နေကြတာတွေကို ရပ်တန့်ပေးကြပါ။ ငတ်နေကြပါပြီ။ ပျက်စီးနေကြပါပြီ။ မျိုးမစစ်တွေဖြစ်နေကြပါပြီ။ ဖာမျိုးတွေ ဖြစ်နေကြပါပြီ။ ဖာတွေကို စာနာနားလည်ပေးကြပါ။ ဖာတွေမှာ ရောဂါတွေထူပြောနေပါပြီ။ လူချမ်းသာတွေ အသုံးခံဖို့ ဖာတွေလည်း ပေါများနေပါပြီ။ ပြည်ပရောက် ဖာတွေလည်း များနေပါပြီ။ စီးပွားတွေကျပ်တည်းအောင်၊ လုပ်စားကိုင်စားခွင့်တွေ မရအောင်၊ ဆင်းရဲမွဲတေအောင် လုပ်ပြီး ဖာဘ၀မရောက်ရောက်အောင် နှမချင်း မစာမနာ တွန်းပို့နေကြတဲ့သူချမ်းသာများကို ရှိခိုးတောင်းပန်ပါတယ်။ ကိုယ့်အမျိုးကိုယ် ချစ်ကြပါလို့။ငတ်လို့ရှာစားနေရတဲ့ ဖာတွေဆီက ဆက်ကြေးတောင်းနေတယ်ဆိုတော့...အယုတ်ညံ့ဆုံးဖြစ်တဲ့ ဖာတွေဆီက ဆက်ကြေးတွေ တောင်းနေတယ်ဆိုတော့ ဖာတွေထက်တောင် ပိုပြီး ငတ်ကြီးကျနေပြီးများစွာယုတ်ညံ့နေသူတွေဖြစ်မယ်ထင်မိပါတယ်။..
                                                                                                      

No comments:

Post a Comment

Ads 468x60px

Featured Posts