Friday, March 2, 2012

ကျင့်ဝတ်(၆၀)

ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး

၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။

၂။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။

၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။

၎။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။

၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။

၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။

၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။

၈။ ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှ အခွင့်အရေးပိုမယူပါနှင့်။

၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။

၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။



လက်အောက်ငယ်သားများအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၅)ပါး

၁။ ငယ်သားများအား ကျောသားရင်သားမခွဲခြားပဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ပါ။

၂။ ငယ်သားများအား စံနမူနာကောင်းပြပါ။ အနစ်နာခံ၍ မှန်ကန်စွာခေါင်းဆောင်ပါ။

၃။ ငယ်သားများ၏ တင်ပြချက်များကို အရေးတယူမှတ်သား နားထောင်ပါ။

၎။ ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အ၀ယုံကြည်အားကိုပါ။

၅။ ငယ်သားများ၏သက်သာချောင်ချိရေး ပျော်ရွှင်ရေး ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါ။



အကြီးအကဲများပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး

၁။ အကြီးအကဲများ၏ အမိန့်ကိုတိကျစွာလိုက်နာပါ။ သွက်လက်ဖျတ်လတ်စွာ နာခံပါ။

၂။ အကြီးအကဲများကို ချစ်ကြည်လေးစားပါ။

၃။ အထက်ကပေးအပ်သော တာဝန်ကို ကြည်သူရွှင်ပျစွာ ကျေပွန်အောင်ထမ်းဆောင်ပါ။

၎။ သင်ကြားပေးသည့် အတတ်ပညာကို ဆည်းပူးသင်ယူပါ။

၅။ အကြီးအကဲများကို ကိုယ့်ဆရာသမားအဖြစ် အမြဲသဘောပိုက်ပါ။

၆။ အကြီးအကဲများအပေါ်တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ။

၇။ ဆုံးမနာယူလွယ်တတ်ပါစေ။

၈။ အကြီးအကဲများသည် မိမိထက်ကြီးလေးသော တာဝန်ကိုထမ်းဆောင်နေကြရသူများ ဖြစ်ကြောင်း အစဉ်အသိအမှတ်ပြုပါ။

၉။ မည်သည့် ကိစ္စမဆို အကြီးအကဲထံ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ တင်ပြပါ။

၁၀။ အကြီးအကဲများသည် ကျောသားရင် မခွဲခြားပဲ မိမိတို့၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် နေကြောင်း အမြဲသတိပြုပါ။

အခြားရဲဘော်များအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀)ပါး

၁။ ရဲဘော်စိတ်မွေး၍ ကိုယ်ချင်းစာပါ။

၂။ ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်သိပါ။

၃။ ရဲဘော်အချင်းချင်း အသက်ပေးဆောင်ရွက်ရသူများဟုမှတ်ပါ။

၎။ ရဲဘော်အချင်းချင်းမကောင်းမှုကို တားမြစ်ပါ။ ကောင်းမှုကို တိုက်တွန်းပါ။

၅။ ရဲဘော်အချင်းချင်း တိုင်ကြားသက်သေခံရာတွင် အမှန်အတိုင်း ထွက်ဆိုပါ။

၆။ ရဲဘော်အချင်းချင်း အေးအတူ ပူအမျှ အားအကိုးရဆုံးဟု မှတ်ပါ။

၇။ ခိုက်ရန်ဒေါသဖြစ်ခြင်းကို ရှောင်ကြဉ်ပါ။

၈။ ရဲဘော်အချင်းချင်း အခက်အခဲမှတ်သမျှကို မိမိတတ်စွမ်းသရွေ့ ကူညီပါ။

၉။ စစ်ပညာတတ်ကျွမ်းနားလည်စေရန် အချင်းချင်း သင်ကြားပြသပေးပါ။

၁၀။ တည်းခိုရာ၌ စည်းကမ်းရှိပါ။ တည်းခိုရာနေရာများကို သန့်သန့်ရှင်းရှင်းထားခဲ့ပါ။ နောက်ထပ်လာရောက်တည်းခိုမည့် ရဲဘော်များကို ထောက်ထားပါ။

ရန်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၅) ပါး

၁။ စစ်မြေပြင်တွင် ရန်သူကို နေလို/မီးလိုကျင့်ပါ။

၂။ ရန်သူကို ရန်သူလိုသဘောထားပါ။

၃။ ရန်သူက အညံ့ခံလျှင် မိမိက ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ။

၎။ ရန်သူကို အထင်လည်းမကြီး အထင်လည်းမသေးမိစေရန် သတိပြုပါ။

၅။ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်၍သာ တိုက်နေရကြောင်း နားလည်ပါစေ။

စစ်သည်တော်တစ်ဦးချင်းပြုကျင့်ရမည့် ကျင့်ဝတ် (၂၀) ပါး

၁။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ။

၂။ နိုင်ငံတော်၏တရားဥပဒေများကို လိုက်နာစောင့်ထိန်းပါ။

၃။ တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပါ။

၎။ စွမ်းရည်သုံးရပ်ထက်မြက်အောင် အစဉ်ကြိုးစားပါ။

၅။ စစ်စည်းကမ်းကို တိကျစွာ လိုက်နာပါ။

၆။ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ။

၇။ လုံ့လ ၀ိရိယရှိပါ။

၈။ ကျန်းမာအောင် နေပါ။ သန်စွမ်းအောင်လေ့ကျင့်ပါ။

၉။ မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ။ မိမိကိုယ်ကို အားကိုးယုံကြည်ပါ။

၁၀။ ဘေးအန္တရာယ်ကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့်ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။

၁၁။ စစ်မှုကိစ္စများတွင် နှုတ်လုံပါ။ နှုတ်ကြောင့်သေတတ်သည်ကို သတိပြုပါ။

၁၂။ စစ်သားကောင်းတစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံပြီး တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပါ။

၁၃။ အမျိုးသားရေးကို ဦးစားပေးပါ။

၁၄။ တပ်တွင်း စည်းလုံးညီညွှတ်ရေးကို တည်ဆောက်ပါ။

၁၅။ ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ။

၁၆။ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးပြေပြစ်ပါစေ။

၁၇။ မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်းနေပါ။

၁၈။ မူးယစ်ဆေးဝါး သုံးစွဲခြင်း အရက်သေစာ သောက်စားခြင်းနှင့် လောင်းကစားခြင်း ရှောင်ပါ။

၁၉။ တံစိုးလက်ဆာင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါ။

၂၀။ ရိုးရိုးပဲနေထိုင်စားသောက်ပါ။ ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေ ညီပါစေ။

No comments:

Post a Comment

Ads 468x60px

Featured Posts