Saturday, February 18, 2012

တပ်မတော်သားများ ရာဇဝတ်မှုကျူးလွန်ခြင်း

၂၂၊ ၁၊ ၁၂ နေ့ ညနေက ဗွီအိုအေ အသံလွှင့်ဌာနရဲ့သတင်းပေးမှုထဲမှာ ဟိုပင်မြို့က ဗိုလ်ကြီးတယောက် လူသတ်မှုကျူးလွန်တဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဟိုပင် ဘူတာမှာယာယီအလုပ်ဝင်နေတဲ့  အင်္ဂလိပ်စာ မေဂျာနဲ့ ဘွဲ့ရထားတဲ့ အလုပ်သမားကလေးတယောက်ဟာ သူ့ သူငယ်ချင်းနဲ့အတူတူ စားသောက်ဆိုင်တခုအတွင်းမှာ အရက်သောက်နေခိုက် အဲဒီဆိုင်ထဲမှာရှိနေတဲ့ ဗိုလ်ကြီးတဦးနဲ့စကားများ ရန်ဖြစ် ရာက ဗိုလ်ကြီးက အိတ်ထဲမှာပါလာတဲ့ပစ္စတိုနဲ့ထုတ်ပစ်လိုက်တာ အရပ်သားလူငယ်လေး ဦးနှောက်ပွင့်ပြီး သေဆုံးသွားတယ်။ အဲဒီ ဗိုလ် ကြီးကပဲ အလောင်းကို ဆေးရုံပို့မယ်ပြောပြီး မော်တော်ဆိုင်ကယ်ပေါ်တင်သွားပြီးသင်္ချိုင်းအနီးမှာ ပစ်ထားခဲ့တယ်။ စားသောက်ဆိုင်က ရဲကိုအကြောင်းကြားတော့ ဒီစစ်ဗိုလ်ကို စစ်ရဲကဖမ်းထားပြီလို့ပြောကြောင်း သတင်းမှာပါရှိတယ်။ တဆက်တည်းပဲ ဟိုပင်မြို့ သူ မြို့ သားတွေက စစ်တပ်ရဲ့ရမ်းကားမှု၊ ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းတွေပါ ထုတ်လွှင့်သွားပါတယ်။
ဒီသတင်းကိုကြားလိုက်ရပြီးတဲ့နောက် အရင်နှစ်ကတည်းက ပဲခူးမြို့ ဇိုင်းဂနိုင်းက လူသတ်မှုကိုပါ ပြန်အမှတ်ရလာတယ်။ အဲဒီလူသတ်မှုမှာလည်း စစ်တပ်က အရပ်သားအပေါ် ရမ်းရမ်းကားကား ကျူးလွန်ခဲ့တာပါပဲ။ ဒီ ဇိုင်းဂနိုင်းလူသတ်မှုအကြောင်း ပြည်သူလူထုက စိတ်ဝင်စားပေမယ့် နောက်ထပ်ဘာမျှ မကြားရတော့ပါဘူး။ အခု ဟိုပင်က လူသတ်မှုလည်း ဒီလိုနဲ့ တိတ်ဆိတ်သွားဦးမယ်လို့ ထင်ပါတယ်။

ကျား ကျား မီးယပ်ေ(ဖ့ဘွတ်မှ)

၁။       အမိန့်နာခံအောင် စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်ကို မင်းတို့အမိန့်ကိုစိစစ်လက်ခံပါ။ ပြည်သူ့အတွက် အကျိုးရှိမှလုပ်၊ မရှိရင်မလုပ်ရဘူး။ လုပ်ရင် ပြည်သူ့စစ်တပ် မဟုတ်ဘူး။ မချစ်တော့ဘူး မုန်းလိုက်မှာဆိုတော့ အော်၍ အော်၍သာ ငိုချင်းချလိုက်ချင်တော့သည်။ အင်း. . .ဒီမိုခေတ်ဆိုတော့ စစ်တပ်လည်း ဒီမိုတပ်ပဲ ဖြစ်ရတော့မပေါ့။

၂။       ခက်တာက တစ်ခုနှင့်တစ်ခု လားလားမှမဆိုင် ဖီလာဆန့်ကျင်ဘက်ဖြစ်နေတာပင်။ စစ်တပ်က အမိန့်နာခံမှ စစ်တိုက်လို့ရသည်။ ဒီမိုက ပြည်သူ့အတွက်အဓိက ပြည်သူ့အတွက်မဟုတ်သော အမိန့်ဟူသမျှ ဖီဆန်ကျ။ ဂွက ကျကျလှသည်။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ အဖြေကရှင်းရှင်းလေးပါ။ အစိုးရအဖွဲ့က စစ်တပ်ကို ပြည်သူ့အတွက် အကျိုးမရှိသော အမိန့်များ မထုတ်ရန်လုပ်။ထုတ်ရင် လွှတ်တော်က ဥပဒေပြု၍ ပယ်ဖျက်၊ အကျိုးရှိတာကို ဥပဒေပြု၍ အစိုးရကိုလုပ်ခိုင်း၊ မလုပ်ရင် တရားစီရင်ရေးက အရေးယူ၊ ကဲ  ဘယ်လောက်တောင် ရှင်းလိုက်တဲ့ အဖြစ်ပါလဲ။ ဒါပေမယ့် မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ဆိုသလို အထက်ကပေးလာတဲ့အမိန့်ကို မင်းတို့စိစစ်ပြီးမှ လုပ်ဆိုတော့ (နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျား) ခတောင်းကျိုက်ကတခြား ဟိုဟာကတခြားဖြစ်နေတော့သည်။

စစ်တက္ကသိုလ်နဲ့အတူ တခြားစစ်ဘက်တက္ကသိုလ်များရှိနေရခြင်းနှင့်အတူ ယင်းပြဿနာများအား ဖြေရှင်းနိုင်မည့် နည်းလမ်းနှင့် လျော့ကျသွားနိုင်သည့် ပြဿနာအချို့

ကျနော် မနေ့ ၁၅-၂-၂၀၁၂ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော် လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏
ချေပချက်အား သုံးသပ်ခြင်း ဆိုတဲ့ ဆောင်းပါးရေးပြီးအဲဒီဆောင်းပါးမှာ တပ်မတော်နဲ့ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍ အတွက် တပ်မတော်စစ်ကျောင်းကြီးများထားရှိဖို့လိုအပ်ပြီး သမိုင်းကြောင်းအစဉ်အလာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖြစ်စေ ချင်ခဲ့တဲ့ကျောင်းကြီးတွေဖြစ်တယ်ဆိုတာကို ရေးသားခဲ့ပါတယ်။ အဲဒီအချက်ကို ကျနော့်စာဖတ်ပရိသတ်တဦးက စစ်သား တွေအတွက် စစ်တက္ကသိုလ် ရှိရမည် သိုသော် စစ်ဆေးဖက်ဆိုင်ရာ/စစ်စက်မှုတက်က္ကသိုလ် ဆိုပြီး သီးခြားမရှိအပ် ဟုဆို သည့်ကော်မန့်ပေးလာခဲ့ပါသည်။ ယင်းကော်မန့်ကိုဖတ်ရသည့်အခါ မိမိလွန်စွာအားတက်ရပါသည်။ မိမိအနေဖြင့် ဆောင်း ပါးရေးသားရာတွင် လက်တလောဖြစ်ပျက်နေသော သတင်းများနှင့် တပ်မတော်နှင့်ဆိုင်သည့် အများအမြင်တို့အပေါ်တွင် အခြေခံရေးသားလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်နှင့်ပြည်သူ ပြန်လည်ချစ်ကြည်သင့်မြတ်ပြီး တပ်မ တော်သားများအနေဖြင့်လည်း မှန်ကန်သည့်အသိတရားများရရှိရန် ဆိုသည့် မိမိတို့ ဆောင်ရွက်နေသည့် တပ်နှင့်ပြည်သူ စာစောင်နှင့် ဘလော့ရည်ရွယ်ချက်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်မှလည်း တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်ကို သုံးနေသောကြောင့်ဖြစ်ပါသည်။
            အချို့တပ်မတော်ပိုင်းဆိုင်ရာ အချက်အလက်များနှင့် နည်းလမ်းများသည် တပ်မတော်တစ်ခုထဲနှင့် ဆက်နွယ်နေ သည်မဟုတ်ဘဲ အရပ်ဘက်နှင့်ပါဆက်နွယ်နေပါသည်။ ယင်းအချက်သည်ပင် နိုင်ငံရေးအရမှန်ကန်လာသည့်အပေါ် တပ်မ တော်မှ အချို့အပိုင်းဆိုင်ရာများတွင် အလိုအလျောက် မှန်ကန်လာနိုင်သည့်အခြေအနေဖြစ်ပါသည်။ မိမိယခုယင်းအခြေအ နေကို မိမိစာဖတ်ပရိသတ်၏ ကော်မန့်အပေါ်အခြေခံပြီး စစ်ကျောင်းကြီးသုံးကျောင်းနှင့် အရပ်ဘက်ပညာရေးအခြေအနေ ဖြင့် မိမိသိသမျှ တတ်သမျှ လေ့လာမိသမျှမိမိစာဖတ်ပရိသတ်များအား မျှဝေပေးပါမည်။ မိမိအနေဖြင့်လည်း အချို့ အချက် အလက် များကို စာဖတ်သူတို့ပေးလာသည့် ကော်မန့်များမှ လေ့လာမှတ်သားရပါသည်။ လိုအပ်ပါက စာရေးသူကျနော် လေ့လာမှုအားနည်းမှုဟုသာမှတ်ယူပြီး စာဖတ်ပရိသတ်များ ဖြည့်ဆည်းပေးကြပါကုန်။

Thursday, February 16, 2012

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော်လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏ ချေပချက်အား သုံးသပ်ခြင်း


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော်လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏
ချေပချက်အား သုံးသပ်ခြင်း

ယနေ့ ၁၅ ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၂ တွင် ဆွေးနွေးပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်အတွင်းတွင် တပ်မတော်နှင့် ပတ်သက်သည့် အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြခဲ့သည်ဟု ဧရာဝတီ သတင်းတပုဒ်တွင် ဖတ်လိုက်ရသောအခါ မိမိအနေဖြင့် လွန်စွာဝမ်းမြောက်မိပါသည်။ ခေါင်းစဉ် အသုံးပြုမှုပိုင်း ဆိုင်ရာ ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ မသုံးသင့်တဲ့ ခေါင်းစဉ်လို့ယူဆပါတယ်။ သို့ပေမယ့် အဓိကသည် အဓိကမို့ မပြောလိုတော့ပေ။ မိမိသည်လည်း ပြည်ပသို့ရောက်ရှိပြီးသည့်နောက်ပိုင်း တောက်လျှောက် နီးပါး တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများကို အစဉ်တစိုက်ရေးသားခဲ့ပြီး ယင်းအတွက်သာ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ သို့အတွက်လဲ တပ်နှင့်ပြည်သူ ဆိုသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်းစာစောင်များနှင့် ဘလော့များ ပြုလုပ်ကာ တတ်စွမ်းသလောက်စွမ်း ဆောင်ခဲ့ပါသည်၊ စွမ်းဆောင်နေပါသည်၊ စွမ်းဆောင်သွားမည်ဖြစ်ပါသည်။
ဦးအေးသာအောင်တင်ပြခဲ့သော တင်ပြမှုများသည် မိမိတို့ ပြည်ပရောက်တပ်မတော်သားများနှင့် မိမိတို့ တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာလှုပ်ရှားသူများ၏ ယခင်တင်ပြချက်များသာဖြစ်သဖြင့် မည်သို့မျှကွဲလွဲမှုမရှိဘဲ မိမိအနေဖြင့်ပင် ဦးအေးသာအောင်အား ပြည်တွင်းလွှတ်တော်မှ မိမိတို့အတွက် လွှတ်တော် တွင်းဆွေးနွေး တင်ပြပေး သည်ဟူပြီးကျေးဇူးပင်တင်ရှိမိပါသည်။ သို့သော်ကား ကျန်အချက်များတွင် ပြောစရာမလိုလားအပ်သော်လည်း မိမိ အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၏ “ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ်တွေကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံး စရိတ်တွေလည်း လျော့ကျသွားမှာပါ” ဆိုသည့်အဆိုကိုတော့ တပ်မတော်သား ကိုယ်စားလှယ်များနည်းတူ မိမိအနေဖြင့်လည်း မိမိသိထားသမျှ စတသ ဖြစ်ပေါ်လာပုံကို ဥပမာပေးကာ ဆန့်ကျင်ပြောဆိုပါရစေ။ တပ်မတော် သားကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့ပြန်လည်ချေပမှုသည်လည်း လိုအပ်ချက်များရှိနေပါသည်။ ပထမဦးစွာ တပ်မတော်သား ကိုယ်စားလှယ်တို့၏ ချေပချက်များမှ မိမိအမြင် လိုအပ် သည်ဟု ထင်မြင်သည်များကို ဦးစွာဖော်ပြလိုပါသည်။

Wednesday, February 15, 2012

အင်္ဂုလိမာလ စစ်သည် (သို့) စေခိုင်းချက်အတိုင်းပုံဖော်သူ

   “အင်္ဂုလိမာလတဲ့ ဟေ့”
          ကြုံးဝါးသံက ခက်ထန်လွန်းလှ၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်လွန်းတာမို့ အိပ်ပျော်နေရာက လန့်နိုးသည်အထိ ဖြစ်ရသည်။ “ဟ ဘာသံပါလိမ့်” ဆိုပြီး အာရုံစိုက်နားစွင့်ကြည့်တော့ အိမ်ခေါင်းရင်းက ထွက်ပေါ်လာမှန်းသိရ၏။ ခနော်နီ ခနော်နဲ့ နှင့် ဘယ်ဘက်ကိုယိမ်းယိုင်မှန်းမသိအောင် ဝေခွဲ ခန့်မှန်းရခက်သည့် ပြိုပျက်လုခမန်း ကျနော့်စံနန်း၏ ခေါင်းရင်းဘက်တွင်မူ မီနီမားကတ်( Mini Market ) အငယ်စားလို့ တင်စားရလောက်အောင် လူသုံးကုန်ပစ္စည်းတွေ စုံလင်ပြီး ချိုသာသော ဈေးနှုန်းဖြင့် အနီးပတ်ဝန်း ကျင် တဝိုက်က ဦးတိုက်ရတဲ့ အိမ်ဆိုင်လေးရှိ၏။ ရခိုင်အမျိုးသား မိသားစုဆိုင်လေးမို့ ချစ်စနိုးဖြင့် ကင်ပွန်းတပ် လိုက်ကြတာက “ဦးရခိုင်ဆိုင်” ဟူ၍ဖြစ်၏။
          ဘာသာတရား ရိုသေကိုင်းရှိုင်းသူများမို့ နေ့စဉ်နံနက်တိုင်း ဓမ္မအသံတွေလွှမ်းနေတတ်၏။ မင်္ဂလာရှိ သော နံနက်ခင်းကို တရားဓမ္မသံတို့ဖြင့် ပုံဖော်လေ့ရှိ၏။ ယခုလည်း သူတို့၏ ပြုမြဲအစဉ်အလာအတိုင်း ပူဇော်မြဲ ပူဇော်လေ့ရှိသည့် အောင်ခြင်းရှစ်ပါး တရားခွေကို ဖွင့်လို့ထွက်ပေါ်လာသည့်အသံ။
          ပွင့်ပွင့်လင်းလင်း ဝန်ခံရစတမ်းဆိုလျှင် ကျနော်ဆိုတဲ့ မနုဿကလည်း ဒိဌိလို့ကင်ပွန်းတပ်ရလောက် အောင် ဘာသာရေးနှင့် အလှမ်းဝေးသူ၊ မိရိုးဖလာဗုဒ္ဓဘာသာဝင်လို့သာဆိုတယ် သြကာသတောင် အစအဆုံး မရ။ အောင်ခြင်းရှစ်ပါးတို့၊ ဇာတ်ကြီးဆယ်ဖွဲ့တို့၊ ငါးရာ့ငါးဆယ် နိပါတ်တော်တို့ကို နိုင်ငံခြားသား နာမည်ကြီး စာရေးဆရာတွေ ရေးသောဝတ္ထုလို့ ထင်တဲ့သူ။
          ငယ်စဉ်ဘဝကလည်း ကျောင်းထားတော့လည်းကျောင်းမနေ၊ နွားကျောင်းခိုင်းတော့လည်း နွားသေ၊ ဆိုက်ကားနင်းခိုင်းတော့လည်း ဘီးခွေသွားတာကြောင့် အုံနာ(Owner) မရတဲ့အပြင် အလျော်ပေးပြင်ဆင်ရတာ မို့ အိမ်ကနှင်ထုတ်လိုက်လို့ ခိုကိုးရာမဲ့ပြီး စုဆောင်ရေးတပ်ကို အခမဲ့တည်းခိုရိပ်သာမှတ်ပြီး ဝင်တည်းရာက စစ်တပ်ထဲရောက်လာတဲ့ကောင်၊ ကိုယ်ရည်ကိုယ်သွေးတွေကို အသေးစိတ် ပြုစုရရင် ဟားဗတ်တက္ကသိုလ်က လက်ရှိပါမောက္ခတွေ၊ ပရော်ဖက်ဆာတွေတောင် “အား ပါး ပါး... ရှားရှား ပါးပါး ထူးချွန်တဲ့သူ.. မြန်မာပြည်သား မှ ဟုတ်ရဲ့လား” လို့ မေးခွန်းထုတ်ဖွယ်ရှိ၏။

ဖေ့ဘွတ်ပေါ်က စစ်သားတယောက်ရဲ့ ခံစားချက်

၁။    အဖွဲ့အစည်းအားလုံးရဲ့ဖွဲ့စည်းပုံ (Organization Structure)ဟာ သူလုပ်ရမည့်လုပ်ငန်းနှင့် ကိုက်ညီအောင် ဖွဲ့စည်းထားရတာပါ။ အကျဉ်းထောင်ရဲ့အဓိက ရည်ရွယ်ချက်က အကျဉ်းသား ထွက်မပြေးနိုင်ဖို့၊ လုံခြုံမှုရှိဖို့ပါ။ ဒါကြောင့် တံခါးဖွင့်ပိတ်စနစ်တွေ၊ လူစစ်တဲ့စနစ်တွေ ပစ္စည်းထုတ်/သွင်းစနစ်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေက တခြားအဖွဲ့အစည်းတွေနဲ့မတူပါ။ အလားတူ စစ်တပ်ကလည်း စစ်တိုက်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ရဲ့ဖွဲ့စည်းပုံ၊ အုပ်ချူပ်ပုံ စီမံခန့်ခွဲပုံ ၊ခံယူချက်၊ အတွေးအခေါ်တို့ဟာ ကျန်တဲ့အဖွဲ့အစည်းနဲ့မတူပါ။ ဘာလို့လဲဆိုတော့ ထမ်းဆောင် ရတဲ့တာဝန်မတူလို့ပါ။
၂။    ခင်ဗျားတို့စဉ်းစားကြည့်ပါ။ ရှေ့တန်းမှာ တပ်ခွဲမှူးတစ်ယောက်ဟာ သေနတ်ကိုင်ထားတဲ့အလွှာစုံ က ယောက်ျားတွေချည်း ၆၀/၇၀လောက် အုပ်ချူပ်ရတာ၊ ပေးတဲ့အမိန့်မှန်သမျှ ဒီသေနတ် ကိုင်ထားတဲ့ ယောက်ျားတွေက ဒီဟာကအများဆန္ဒနှင့်မကိုက်ပါ။ ဒီဟာက ဒီမိုကရေစီမကျပါ။ ဒီဟာကလူ့အခွင့်အရေးနှင့် မညီပါ။ ဒီလမ်းကဝေးလို့ မသွားချင်ပါ။ ဒီကောင့်ကို တပ်ခွဲမှူးက ရန်သူထင်လို့ပစ်ခိုင်းပေမယ့် ကျွန်တော်ကတော့ ရွာသားပဲထင်လို့မပစ်နိုင်ပါ။ အဲဒီအနားက မီးရောင်ဟာ ရန်သူ့စခန်းမဖြစ်နိုင်ပါ ဒါ့ကြောင့် လက်နက်ကြီးနဲ့ မပစ်နိုင်ပါ။ ဗိုလ်ချုပ်တွေက အိမ်(၁၀)လုံးလောက်ရှိပြီး ကျွန်တော်က တပ်ထဲကလိုင်းခန်းပဲရှိလို့ မညီမျှလို့ ကျွန်တော်သယ်ရတဲ့ ပေါင် ၄၀ ကျောပိုးအိတ်ကြီးမသယ်ချင်ပါ . .စသဖြင့် ခင်ဗျားတို့ပြောနေတဲ့ အမှန်တရား၊ အမှားတရားများ လိုက်ခွဲခြားခွင့်ပေးနေလျှင် ခင်ဗျားတို့ပဲ တပ်ခွဲမှူးလာလုပ်ကြည့်လိုက်ပါ။

Tuesday, February 14, 2012

နောက်မဆုတ်နဲ့ ရဲဘော်

တပ်မတော်သားတွေနဲ့ ပြည်သူလူထုအကြား နားလည်မှုတည်ဆောက်နေတဲ့ခုလိုကာလမျိုးမှာ ကိုရဲမိုးရေးတဲ့ ဆောင်းပါးနှစ်စောင်ထွက်ပေါ်လာတာ အကျိုးရလဒ်တွေအများကြီးရှိပါတယ်။ စိတ်ဝင်တစားဖတ်ကြ၊ comment တွေတသီကြီးရေးကြနဲ့ အားရကျေနပ်စရာပါ။ တပ်မတော်သားတွေဘက်က အဲဒီလိုပွင့်ပွင့်လင်းလင်း နဲ့ ရဲရဲ တင်းတင်း ရေးသားဖော်ပြစေချင်တဲ့ဆန္ဒ အစကတည်းက ကျနော့်မှာရှိခဲ့တာပါ။ ခုလိုရေးသားလာတာ တွေ့ရ တော့ ဝမ်းသာအားတက်မိပါတယ်။ စစ်သားဆိုတာ ကိုယ်ယုံကြည်ရာကို ရေးရဲရပါမယ်။
ကိုရဲမိုးရေးတဲ့ဆောင်းပါးတွေဟာ တပ်မတော်သားတွေ ကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့သူတို့သိမြင်ခံယူထားတဲ့ တွေးခေါ်ခံယူချက်တွေကို အခြေခံပြီးရေးသားထားတာပါ။ ကိုယ်ကြုံတွေ့ခံစားခဲ့ရတာတွေကို အရင်းအတိုင်း ပြန်ပြီး ဖောက်သည်ချဖော်ပြထားတယ်လို့ ကျနော်ယုံကြည်ပါတယ်။ သာမန်အားဖြင့် လူတယောက်ရဲ့ အသိအမြင်နဲ့ စဉ်းစားတွေးခေါ်နိုင်မှုဟာ သူဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံနဲ့ သူလေ့လာမှတ်သားထားတဲ့ အယူအဆ၊သဘောတရားအခြေခံတို့ ရဲ့ထောက်ပံ့မှုအပေါ်မှာ တည်မှီနေတတ်ပါတယ်။
ကိုရဲမိုးဟာ တပ်မတော်မှာ တပ်ခွဲမှူးတစ်ဦးအဖြစ်တာဝန်ထမ်းခဲ့ဖူးတာနဲ့အညီ သူ့စစ်သက်တလျှောက် တွေ့ကြုံ ခဲ့ရတဲ့ တိုက်ပွဲအတွေ့အကြုံ၊ ခေါင်းဆောင်မှုအတွေ့အကြုံ၊ ပြည်သူလူထုနဲ့ဆက်ဆံရေးအတွေ့အကြုံ၊ ခေတ်ကာလ နိုင်ငံရေးအခြေအနေအပေါ် ရှုမြင်ပုံတွေကို သူလေ့လာသင်ကြားခဲ့ရတဲ့ စစ်ရေးပညာ၊ အုပ်ချုပ်မှု အတတ်ပညာ၊ စီမံခန့်ခွဲမှု ပညာရပ်တွေနဲ့ ပေါင်းစပ် တင်ပြထားပါတယ်။

ဦးထုပ်နက်အတွေး

ညှိပြီးသား အလဲအထပ်နဲ့
သိပြီးသား ဖဲတချပ်ကို
ဆွဲရတော့မယ် April Fool ရယ်။

နှစ်အသစ်မှာ
ခေတ်အသစ်ကို စဖို့
သင်္ကြန်တေးတွေက
အသံပေးနေကြပေမဲ့လည်း

တန်ခူးအိပ်မက်သစ် နိုင်ငံရေးမှာ
မွှေးပိတောက်တွဲလဲနဲ့
အပြေး ဘယ်လောက်နွှဲနွှဲ
ချွေးဘယ်လောက် ရွှဲရွှဲ
အကွေး အကောက်အလွဲလွဲနဲ့
သူတို့ရဲ့ ရွေးကောက်ပွဲဟာ
စာမေးပွဲ တခုမဟုတ်လို့
၄၀ ကျော်ခဲ့မယ် ဆိုရင်တောင်
အောင်မှတ်ရမှာ မဟုတ်ဘူး။
(ကောင်းကင်ကို)

Sunday, February 12, 2012

တပ်မတော်သားများအား ဗိုလ် သာဖြစ်စေလို

    ကျနော်ဒီလိုပြောလိုက်တော့ စာဖတ်ပရိတ်သတ်များနဲ့ တပ်မတော်သားညီအကိုများ အံ့သြသွားမည်မှာ မလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်။ ဘယ့်နှယ့် တပ်မတော်တရပ်လုံးက အဆင့်အတန်းအားလုံးက တန်းတူ ဗိုလ် အ ဆင့်ဖြစ်စေလိုဆိုတော့ စာရေးသူ ကျနော်များ ရူးနေပြီလားလို့လဲ တွေးကောင်းတွေးကြပါလိမ့်မည်။ ကျနော်ပြော သော ဗိုလ် ဆိုသည်မှာ နိုင်ငံတကာ ကာကွယ်ရေးတပ်များတွင် အသုံးပြုသော ရာထူးအဆင့်အတန်း ဗိုလ် ကို ဆိုလိုခြင်းမဟုတ်ပါ။ မြန်မာစာ အဘိဓါန်တွင် ဖော်ပြထားသော ဗိုလ် အဓိပ္ပါယ်ဖွင့်ဆိုချက်မှ အမှတ်စဉ်(၃)တွင် ဖွင့်ဆိုထားသော အများတွင် သာလွန်ထက်မြက်သူဟု ဆိုထားသော ဗိုလ် ကိုဆိုလိုခြင်းဖြစ်ပါသည်။

မျိုးချစ်တပ်မတော်၏ အစဉ်အလာ …

(က)
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော်သားတွေအတွက် "စစ်သည်တော် ကျင့်ဝတ်"  ဆိုတဲ့ လက်စွဲ စာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ  လက်စွဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ ….. စစ်သည်တော် အားလုံး (တပ်မတော်သား အားလုံး) ကို ဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။

စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။ ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။

ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။

Saturday, February 11, 2012

အမြင်ကွဲပြားမှုမှသည် တိုးတက်မှုဆီသို့

Facebook ပေါ်မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ စာ ၂ စောင်ကို ဒီနေ့ ဖတ်ရပါတယ်။ ကွန်မန့်တွေလည်း အများကြီး ဖတ်ရပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။ ပြည်သူတွေမှာ ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း သိရပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ ခရီးအတွက် စိုးရိမ်ပူပန်မိလာရတာ ရှိပါတယ်။  

တပ်မတော် ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေဖြစ်ပြီး နိုင်ငံတာဝန် ထမ်းဆောင်နေသူတွေပါပဲ။ တိုင်းပြည်တခုမှာ ပြည်ပကျူးကျော် ရန်စတိုက်ခိုက်မှုတွေကို  ကာကွယ်ပေးဖို့ စစ်တပ်မရှိဘဲ ရပ်တည်နိုင်ဖို့ ဆိုတာက အင်မတန် ခက်ခဲတဲ့ကိစ္စပါ။ စစ်သည်တွေဟာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်သူတွေ ဖြစ်လို့လည်း လေးစားရပါတယ်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်း အကောင်အထည်ဖော်တဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ခွဲခြားမြင်တတ်ရင် အဖြေရှာရတာ လွယ်သွားပါမယ်။

Friday, February 10, 2012

★ ~ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...... ~ ★

★ ~ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...... ~ ★
*ရေးသူ-တက္ကသိုလ်ဘုန်းကြွယ်*

အောင်ဆန်း အောင်ဆန်း
မြန်မာပြည်ရဲ့ အမှောင်ခန်းကို
အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်
ဖက်ဆစ်လက်အောက်က
လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။

အဆောင်ဆောင် ကြငှါန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့သေပုံနှမြော
ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း
သမိုင်းရာဇ၀င် ပြင်လို့မရ
လူ့လောက အလယ်မှာ
နှစ်သုံးဆယ်သာသာတာ
နေလာခဲ့ရရှာပေမယ့်
ကမ္ဘာမှာ မြန်မာရယ်လို့
တင့်တင့်တယ်တယ် ဖြစ်လာအောင်
စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊

ဖေ့ဘွတ်ပေါ်မှ တပ်မတော်သားတဦးရဲ့ သုံးသပ်ချက်

၁။       အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။
၂။       တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့                    အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။
၃။       စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ်  တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

Thursday, February 9, 2012

စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်(အမှန်တကယ်စည်းလုံးနိုင်ပါစေ)

ဖက်ဒရယ်အကြောင်းအတိုချုပ်(နိုင်ဟံသာ)


ကရင်တော်လှန်ရေးသမိုင်း

ဘယ်တော့မှမသေတဲ့ ပင်လုံ

မေးလ်မှရရှိသော ကဗျာတပုဒ်

(၁၉၁၅ ခုနှစ် - ဖေဖော်ဝါရီ ၁၃ ရက်)
ငါဒို့ အားလုံးရဲ့ ပျော်ရွှင်မှုနဲ့
ငါဒို့ အားလုံးရဲ့ လွတ်လပ်မှု
ငါတို့ အားလုံးရဲ့ အပြုံးမျက်နှာတွေ ဖန်တီးပေးဖို့
ကြယ်ပွင့် တစ်ပွင့် ဖြစ်ပေါ်လာခဲ့တယ်………
ကြယ်တစ်ပွင့် ရဲ့ သွေး
ကြယ်တစ်ပွင့် ရဲ့ ချွေး
ကြယ်တစ်ပွင့် ရဲ့ အင်အားတွေနဲ့
ပြောပြလို့မကုန်နိုင်တဲ့ ကြိုးစားမှုတွေ………
ငါဒို့ရဲ့ နိုင်ငံကို အလင်းရောင်တွေနဲ့ တောက်ပ
ကြည်နူးမှုတွေနဲ့ ပြည့်ဝဖို့
ကြယ်တစ်ပွင့်ထက်ပိုလွန်းတဲ့ထွန်းလင်းမှုတွေ
ကိုယ်တိုင် ကိုယ်ပိုင် အရောင်ပျောက်စေတဲ့အထိ……….

Tuesday, February 7, 2012

ပြည်ထောင်စုနေ့အကြောင်း

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ 

သမိုင်း



မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

Monday, February 6, 2012

အမျိုးကိုကာကွယ်ရကောင်းမှန်းမသိ၊ မျိုးချစ်စိတ်ပျောက်ဆုံးနေတဲ့ ကျွန်စိတ်ပဲရှိနေသော ရဲအရာရှိများ

Yangon Chatrium Hotel-ရန်ကုန်မှာဂျပန်က မြန်မာမိန်းမချောလေးကို ပါးရိုက်မှု

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့်ရဲ ရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။

Sunday, February 5, 2012

ချက်ဗလက် နေဗီ

ကျနော်ပြောချင်တာ “တိန်၊ ရေ၊ လေ၊ ဂွေ”..အကြောင်း။
“ဆီ၊ ရေ၊ လေ၊ ဝိုင်”... မဟုတ်ပါ။
ဒုတိယကမ္ဘာစစ်ကျန် ချက်ဗလက်ကားကြီးတွေ စီးရတိုင်း ဒက်စ်ဘုတ်ပေါ်မှာ “သတိ- ဆီ၊ ရေ၊ လေ၊ ဝိုင်” ဆိုတဲ့ စာလုံးတွေရေးထားတာကို အထင်းသား သတိထားမိပါရဲ့။
ကျနော်ကိုယ်တိုင် ကားအကြောင်းဘာမှနားမလည်ပါ။ သို့ပေမဲ့ အစ်မကြီးရဲ့အမျိုးသား ကျနော့်ယောက်ဖတော် ဟာ ကားစက်ပြင်ဆရာဖြစ်တာကြောင့် သူ့ကိုမေးကြည့်ရင်း ကားတစီးရဲ့အင်ဂျင် ကောင်းမွန်စွာလည်ပတ် မောင်းနှင်နိုင်ဖို့ ဆီ၊ ရေ၊ လေ၊ ဝိုင် လေးမျိုးအရေးပါပုံကို သဘောလောက်နားလည်ခဲ့ မိပါတယ်။ ဒါကြောင့်မို့ လည်း ကားသမား တွေ ပြောလေ့ရှိတာ “ကားမောင်းပြီး ဆီပျောက်မီးပျောက်လေးမှ နားမလည်ဘူးလား” တဲ့။

လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ

ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။

Friday, February 3, 2012

ရေချိုးမင်္ဂလာ

(ပုံရိပ်လေးတွေ ဖော်ကြမယ်)
ကျနော်ရေးလိုက်တဲ့ “ကိုယ်တိုင်ရွေးတဲ့ လမ်း” ဆောင်းပါး နေ့သစ်ဝက်ဆိုက်မှာ တင်လိုက်တော့ စာဖတ်သူ တစ်ဦးက ခုလိုဝေဖန်မှုပြုလာတယ်ဗျ...
၇ာပြည်. January 23, 2012
သူငယ်ချင်းေ၇—
ကျန်တာတော.မပြောလိုပါဘူး လူတိုင်းအပြစ်မကင်းကျပါဘူး ဗိုလ်ချုပ်စိုးသိန်း လဲလူပါ။
မင်းစစ်သက်တလျောက် ကြူံခဲ.တဲ.ေ၇ချုပ်တွေထဲမှာ ဘယ်သူ အတော်ဆုံးလဲ ဘယ်သူက အ၇ည်အချင်း၇ှိဆုံးလဲ တခြားမကြည်.နဲ. ၇လခ ကို အကောင်းဆုံးဘယ်သူလုပ်သွားလဲ မင်းတော.မသိဘူး ငါတော. ဦးစိုးသိန်းကို အကြိုက်ဆုံးပဲ အပြောကောင်းသလို အလုပ်နဲ.လဲ သက်သေ ပြတယ်လေ အခု၇ာထူးနေ၇ာလဲ သူနဲ. တကယ်သင်.တော်တယ် သူ.ဇနီး လဲ ဘယ်လောက် အ၇ည်အချင်း၇ှိလဲ ငါကတော. မဲပေးခွင်.၇ ၇င် ပါတီမကြည်.ဘူး ဦးစိုးသိန်းလို အ၇ည် အချင်း၇ှိ၇င် မျက်စေ.မှိတ်မဲပေးလိုက်မယ် မင်း ဆောင်းပါးလေးတွေ အမြဲဖတ်နေပါတယ်....

Ads 468x60px

Featured Posts