Thursday, May 24, 2012

“ဆိုင်ကလုန်း နာဂစ်”



၂၀၀၈ခု၊ မေလ-(၂)ရက်-(၃)ရက်
မြန်မာနှစ်ဆို ၁၃၇၀ခုနှစ်၊
တန်းခူးလဆုတ် (၁၃)ရက်
လကွယ်နေ့နှင့်နီးကပ်နေ၍
နာဂစ်လကွယ်ငရဲမင်းကြီး ဟုလည်း ခေါ်နိုင်၊
လကွယ်မှောင်မိုက်တဲ့ ညမှစ၍
ရက်စက်စွာ တိုက်ခတ်ချေမှုန်းခဲ့လေပြီ၊
တစ်ချိန်တည်း တစ်ပြိုင်တည်း
မြန်မာသက်ပေါင်းများစွာနဲ့
တိရစ္ဆာန်တချို့၊ အသက်ပေါင်းများစွာ
နာဂစ်ငရဲမင်းကြီးရဲ့ သယ်ဆောင်ခြင်းကို ခံခဲ့ရလေပြီ၊
ဧရာဝတီ မြစ်ဝကျွန်းနှင့် ရန်ကုန်-ဒေသတချို့ ပျက်စီးခဲ့ပြီ၊
ဆိုင်းကလုန်း နာဂစ်သယ်ဆောင်မှုမှာ
ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ခုလို၊
မြန်မာ(များ)တွေရဲ့ ရင်ထဲ၊ အသည်းထဲ
စွဲမှတ်ကျန်ရစ် ခါးသီးစွာနဲ့
ဝမ်းနည်း ကြေကွဲ ပူဆွေးမှုမှာ
ကျန်ရစ်နေသူ ဒုက္ခသည်များကဲ့သို့
ကိုယ်ကိုယ်တိုင်လည်း ခံစားမိခဲ့၊
စာနာထောက်ထား၊ ပေးကမ်းသူများသို့
မြန်မာ (များ) တွေ ကိုယ်စား ကျေးဇူးတင်လျှက်၊
လူသားမှန်ရင် သက်တမ်းပြည့်၍
လူ့လောကမှ ထွက်သွားရစမြဲ
မည်သူမည်ဝါ အာဏာရှိသူ
ဥစ္စာဓန ကြွယ်ဝသူဖြစ်လည်း
ဤလောကမှ တစ်နေ့ကျရင်
ထွက်သွားရမည် အားလုံးစွန့်၍
မြန်မာ (များ) တွေ အတွက် မှတ်ယူစရာ
ဘေးဒုက္ခကြီး ပေးဆပ်မှု တစ်ခုလို၊
နာဂစ်ဆိုင်ကလုန်း လကွယ်ငရဲက
ပေးချေမှုန်းခဲ့ ခါးသီးစွာနဲ့၊
မြန်မာပြည်ဖွား လူသားအားလုံး
ခွဲခြားခြင်းကို ဘေးဖယ်ထား၍
လူသားချင်း စာနာ ဖေးမမှုကို
ရင်ထဲ၊ အသည်းထဲ စွဲမှတ်စွာထား
နားလည်မှုနှင့် သီးခံခြင်းတရား ရှေ့မှာထား၍
ရှေ့လျှောက်ကြစို့ ကျန်ခရီးသို့။

ဘိုမင်းအောင် (ရန်ကုန်)

No comments:

Post a Comment

Ads 468x60px

Featured Posts