Thursday, May 10, 2012

အခုတော့ ရှောသွားပြီ

Ko Baloi facebook စာမျက်နှာမှ -

ငါတို့ရွာရဲ့ ညအိပ့်ရာဝင်ပုံပြင်အကြောင်း
အရမ်းတအားအပြောကောင်းတဲ့ ဘကြီးအောင်
တောင်ယာထဲကအပြန် စစ်ကြောင်းနဲ့တွေ့လို့
စစ်ရင်း ဆေးရင်း စစ်ကြောရင်းနဲ့
အတွင်းဒဏ်ရာနဲ့ ဆေးရုံထက်မှာ အခုတော့....ရှောသွားပြီး။

အတန်းပညာမရှိပေမယ့်
တရားမျှတစွာ တရွာလုံးကို အုပ်ချုပ်တတ်တဲ့
ငါတို့ရွာက ဘကြီးဖြိုး
တရားမျှတစွာ အုပ်ချုပ်တတ်လို့ ဆိုပြီး
စစ်ဗိုလ် စစ်သားတွေက ရွာအပြင်ကိုခေါ်ထုတ်
ထုရင်း ထောင်းရင်း နှိပ့်စက်ရင်းနဲ့
ရွာပြင်ကတောစပ်မှာ အခုတော့....ရှောသွားပြီး။
ဂျိုးရုပ်ကို တကူကူမှုတ် ပုဆိုးကိုစလွယ်အမြဲသိုင်းထားတဲ့
လောက်လေးခွနဲ့ ရွာဆော်ကြီး ဖိုးတုတ်
ရန်သူ့ကို သတင်းပေးတယ်...ဆိုပြီး
ဒရွတ်တိုက်ဆွဲကာ ရွာအလယ်ကိုခေါ်ထုတ်
ရွာသားတွေရှေ့ ဟောဒီမှာကြည့်
ကျည်တစ်တောင့်ထဲနဲ့  အခုတော့....ရှောသွားပြီး။
ရွာရဲ့အလယ်မှာ ဆော့ကစားကြတဲ့ အိမ်နဘေးနားက ကလေး
ဗုံးဆံကြလို့ထွက်ပြေး  သွေးသံတရွှဲရွှဲနဲ့
ရွာလယ်ဇရပ်နားမှာ အခုတော့....ရှောသွားပြီး။
သဘောကောင်းပြီး ဧည့်ဝတ်ကျေတဲ့ ရွာထိပ့်က ဒေါ်လေး
ဗိုလ်ကြီးတွေကို ဧည့်ဝတ်မကျေလို့ဆိုပြီး ပုံစံတွေပေး
အထုထောင်းဒဏ်တွေကြောင့်
မကြာမကြာ သွေးတွေအန်ရင်းက အခုတော့.....လျှောသွားပြီး။
စစ်ဗိုလ်- စစ်သားတွေရင်ခုန်စေတဲ့
တုန့်တီးတုန့်ပြာနဲ့ အိမ်တကာအလည်ကျူးတဲ့
သဘောကောင်းတဲ့ လုံးကြီးပေါက်လှ အပျိုကြီး မမြ
စစ်ဗိုလ်- စစ်သားတွေ မျက်စိကျလို့ တက်ခွ
အင်္ကျီဗလာကျင်းနဲ့
ရွာအပြင်ချုံစပ်မှာ အခုတော့....ရှောသွားပြီး။
စစ်ဗိုလ်တွေ အမြင်ကပ်တဲ့
တရွာလုံးချစ်တဲ့ တေး ကဗျာရေးတဲ့ ဖိုးအေး
သူပုန်တွေဆီ စာရေးပြီးသတင်းပို့ ဆက်သွယ်လို့ဆိုပြီး
မေးရင်း စစ်ရင်း ရေနှစ်ရင်း အခုတော့....ရှောသွားပြီး။
ရွာရိုးကိုးပေါက် လျှောက်လည်တတ်တဲ့
ကြပ်မပြည့်တဲ့ ကိုသာအေး
မျက်စိနောက်လို့  ပုံစံပေး အထုပ်အပိုးတွေထမ်းခိုင်းရင်...
ရှေ့တန်းစစ်မြေပြင်မှာ အခုတော့.....လျှောသွားပြီး။
( ကိုဗလိုင် )

No comments:

Post a Comment

Ads 468x60px

Featured Posts