မုံရွာ-ကလေးဝ လမ်း၊မိုင်(၃၁)မိုင်ရှိ ပေါက်အင်းတောကျေးရွာတွင် သောက်ရေ ပြန်လပ်မှု ဖြစ်ပွားနေရာသို့ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)
မြေသား အစိုဓါတ်ကျန်နေသော ရွံ့သားပြင်၏ အလယ်ကို တူး၍ ဘေးပတ်လည်သားမှ စိမ့်ထွက်လာသော လ္ဘက်ရည်အရောင်ရှိ ဤရေကို မက်မက်မောမော ခံယူ၍ သောက်သုံးနေရပါသည်။ ကူညီရန်သွားသည့် ကျောင်းသားများပင် သောက်ကြည့်ခဲ့ပါသည်။
သို့ပါ၍ ဆက်လက်ဆောင်ရွက်ရန်ရှိသော စက်ရေတွင်း (ပေ၆၀၀ခန့်ဟုပြောသည်) တူးဖော်ရေး မဖြစ်မြောက်သေးခင် ကာလ အကြား ဘောက်ဆာကားဖြင့် ရေအလှူကို ကြီုးပမ်းနေပါသည်။
စာနာတရားကြီးမားသော လူကြီးမင်းတို့ နှလုံးသားထဲကနေ မိမိတို့ထဲက တဖဲ့တရွက် နည်းများမဆို ပါဝင်ချင်ရင် ဆက်သွယ်လိုက်ပါလို့ ရေအကျိုးဆယ်ပါး အတွက် နိုးဆော်လိုက်ရပါသည်။
လေးစားစွာဖြင့်-
သတင်းနှင့်ပြန်ကြားရေး ကော်မတီ ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်)
ဆက်သွယ်ရန် -
၀၉ - ၄၉၂ ၈၀ ၁၁၅
၀၉- ၇၃ ၅၀၂၀ ၄၉
No comments:
Post a Comment