Saturday, May 12, 2012

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာတဲ့ စည်းကမ်း ဥပဒေသာ လိုအပ်

 မြန်မာပြည်သူတွေဟာ နှစ်ပေါင်း ၅၀ လောက်ကြာအောင်  ဖိနှိပ်ချုပ်ချယ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို နေ့စဉ်နေ့တိုင်း အမှန်တကယ် မလိုအပ်ဘဲ လိုက်နာနေရပါတယ်။ စည်းကမ်းဥပဒေတွေက လိုအပ်တာထက်ပိုပြီး များပြားလွန်းနေလို့ ကြာလာတော့ စိတ်ပျက် ငြီးငွေ့နေကြရပါတော့တယ်။

ဒါကြောင့် မြန်မာလူမျိုးတွေဟာ ဖိနှိပ်ချုပ်ချယ်တာ မရှိတဲ့ လွတ်လပ်ပျော်ရွှင်မှုကို အမြဲ တောင့်တနေကြမယ်လို့ ယူဆရပါတယ်။ ဘယ်သူမဆို အခွင့်အရေးရရင် လွတ်လွတ်လပ်လပ် ပျော်ရွှင်ကြမှာလည်း ဖြစ်ပါတယ်။ တားမြစ်ချုပ်ချယ်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေ၊ ဥပဒေတွေကို နောက်ထပ် မလိုချင်ကြတော့ပါဘူး။

မြန်မာနိုင်ငံရဲ့ ဒီသဘောသဘာဝနဲ့ ကိုက်ညီအောင် တားမြစ် ကန့်သတ်တဲ့ နောက်ထပ် စည်းကမ်းထုတ်ဖို့၊ ဥပဒေ ပြဌာန်းဖို့ဆိုတာ အတော့်ကို စဉ်းစားရမယ့် ကိစ္စလို့ ကျနော် ထင်ပါတယ်။ ဥပဒေတွေ သိပ်များရင် ပြည်သူတွေမှာ ဥပဒေပိပြီး သေဖို့သာ ရှိပါတော့တယ်။ ဒါကို ဥပဒေပြုသူများ ဆင်ခြင်နိုင်ဖို့ ရိုးသားစွာ အကြံပေးချင်ပါတယ်။

ဖြစ်သင့်တယ်လို့ ကျနော် ယူဆမိတာကတော့ ခေတ်စနစ်နဲ့ မလျော်ညီအောင် တားမြစ်ချုပ်ချယ်ထားတဲ့ တည်ဆဲ စည်းကမ်းတွေ၊ ဥပဒေတွေကို ပယ်ဖျက်ပြီး ခေတ်စနစ်နဲ့ လျော်ညီသင့်မြတ်တဲ့ စည်းကမ်းတွေ၊ ဥပဒေတွေနဲ့ အစားထိုး ပြဌာန်းပေးရင် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာမှာ ဖြစ်ပါတယ်။

စည်းကမ်း ဥပဒေတွေကို ဘယ်သူမဆို နှစ်ခြိုက်သဘောကျ လက်ခံပြီး ကျင့်သုံးရင် အဲဒီနိုင်ငံ တိုးတက်မှာ အမှန်ပါပဲ။ ဒါဟာ သိပ်မခက်လှပါဘူး။ ခေါင်းဆောင်ကောင်းတွေရဲ့ သြဝါဒနဲ့ စည်းရုံးနိုင်စွမ်းအပေါ် မူတည်ပါတယ်။ စိတ်ချမ်းသာ ပျော်ရွှင်စရာ အပြည့်အဝ ရှိနေတဲ့ မိသားစုကို ကြည့်လိုက်တဲ့အခါ ဒီသဘောကို တွေ့ရမှာ ဖြစ်ပါတယ်။  

လွင်အောင်စိုး
 ဒီနေရာ ကနေ ယူထားတယ် 

No comments:

Post a Comment

Ads 468x60px

Featured Posts