Friday, May 11, 2012

ငါတို့အတွက် သေစရာမြေ ငါတို့ပိုင်တဲ့ ငါတို့မြေမှာ ငါတို့ တကယ် ပျောက်ခဲ့ပြီ

ငါတို့သိပ်ချစ်တဲ့
ငါတို့လူမျိုးတွေကို
ငါတို့ကို ရက်စက်နေတဲ့
ငါတို့ လူမျိုးတွေအကြောင်း
ငါတို့မှာ ပြောပြပိုင်ခွင့် မရှိဘူးလား ။

ငါတို့ နိုင်ငံသား သန်းခြောက်ဆယ်ကို
ငါတို့လူမျိုး ခြောက်ယောက်လောက်အတွက်
ငါတို့ပေးတဲ့ လစားတွေနဲ့
ငါတို့ပြည်သားတွေကို ရက်စက်နေတာ
ငါတို့လူမျိုး အဏာရှင်တွေကို
ငါတို့တတွေ ဒီလောက်လေးတောင်
ငါတို့မှာ ပြောပြပိုင်ခွင့် အခွင့်အရေး
ငါတို့တတွေမှာ မရှိဘူးလား။

ငါတို့လူမျိုးတွေကို ချစ်ပါတယ်ဆိုတဲ့
ငါတို့ပြည်သူတွေကို ကာကွယ်နေပါတယ်ဆိုတဲ့
ငါတို့လူမျိုး ငါတို့စစ်သားတွေရယ်
ငါတို့တိုင်းပြည် ငါတို့မြေမှာ
ငါတို့လူမျိုး မင်းတို့တွေကို
ငါတို့တတွေ သေသွားလောက်အောင်
ငါတို့ တုန်လှုပ် စိုးကြောက်နေရပါတယ်။

ငါတို့မွေးပေးတဲ့ ငါတို့သွေးသား
ငါတို့လူမျိုး.. အို.. ငါတို့စစ်သားကြီးတို့ရယ်
ငါတို့တတွေ အခြေအနေ မပေးပေမယ့်
ငါတို့မွေးတဲ့ ငါတို့မြေမှာ
ငါတို့အသက် ငါတို့သွေးတွေ
ငါတို့သေမည့် နေ့တနေ့ကို
ငါတို့တတွေ စောင့်စားခွင့်လေးရစေဖို့
ငါတို့မြေမှာ ငါတို့ဆက်လက် အသက်ရှင်ပါရစေ။

ငါတို့မြေမှာ ငါတို့ကိုမွေးခဲ့ကြပေမယ့်
ငါတို့ချစ်တဲ့ ငါတို့မြေမှာ
ငါတို့တတွေအတွက် နေစရာမြေ
ငါတို့အတွက် သေစရာမြေ
ငါတို့ပိုင်တဲ့ ငါတို့မြေမှာ
ငါတို့ တကယ် ပျောက်ခဲ့ပြီ ။

( ဦးနိုင်ဝင်း လန်ဒန် )
မူရင်းစာမျက်နာ မှကူးယူဖော်ပြသည်။

No comments:

Post a Comment

Ads 468x60px

Featured Posts