Sunday, May 13, 2012
တွံတေးမြို့နယ်တွင် တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး.
ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌
ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်
အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ်
ဆောင်ပေးလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။
ပျော်ဘွယ်ကလေးရွာရှိ
ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး
ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ စစ်တပ်များမှ
တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။
“ကျွန်တော်တို့
ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊
လူအင်အား၊ ငွေအင်အား မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး
လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။” ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ
ဦးညီညီလွင်က ပြောသည်။
အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့် 
“ကျွန်တော်တို့အရင်က တစ်ရက်ကို ဂါလံ(၃၀၀၀)လောက် ပေးရတာ အခုစစ်သားတွေ
လာတယ်ဆိုတော့ အရင်ကထက်ပိုပေး ရတာပေါ့ ” ဟု တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေ၀င်းကပြောသည်။
အဆိုပါစစ်သား(၄၀၀)ကျော်ခန့်မှာ ပျော်ဘွယ်ကလေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင်တည်းခိုလျက်ရှိသည်။
“ကျွန်မတို့ရွာသားတွေ စစ်သားတွေကို ကိုယ်တက်နိုင်သလောက်လေး
အအေးတိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်၊ ရွာသားတွေလည်း အားရင်
သူတို့ကို ၀ိုင်းကူပေးကြပါတယ်” ဟု ပျော်ဘွယ်ကလေးရွာရှိကျောင်းအုပ် ဆရာမ ဒေါ်မိမိမော် ကပြောသည်။
အဆိုပါ ရေကန်(၅)ကန်မှာ တစ်ကန်သည် ပေ(၄၀၀)ပတ်လည်ခန့်ရှိပြီး၊ အခြားကန်များမှာ ပေ(၂၀၀)ပေ(၁၀၀)ပတ်လည်ခန့်ရှိသော ကန်များ ဖြစ်သည်။
“ကျွန်တော်တို့ရွာက ရေကန်တွေက အရင်က ဆယ်ပေလောက် နက်တယ်၊
သူတို့လာတူးပေးသွားတော့(၁၄) ပေလောက်တော့ နက်သွားမှာပေါ့၊ နောက်နှစ်တွေဆို
ဒီလိုရေမရှားနိုင်လောက်တော့ဘူး” ဟု ပျော်ဘွယ် ကလေးရွာ ဥက္ကဌ ဦးညီညီလွင်ကပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment