Monday, May 14, 2012

ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

နိဒါန်း
၁၉၉၉ ခုနှစ်မှာ ယူကေနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ လူသားတ ယောက် ရှင်သန်ရပ်တည်မှုအတွက် Human Capital, Social Capital, Natural Capital, Physical Capital နဲ့ Financial Capital စပြီး အရင်းအနှီး (၅) မျိုး လိုအပ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒီအရင်းအနှီးတွေ တိုးပွားလာ ဖို့အတွက် ပညာရေးဟာ ပဓာနကျပါတယ်။ ပညာရေးကြောင့် စွမ်းရည်၊ ဗဟုသုတနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာပြီး Human Capital ကို တိုးတက်စေပါတယ်။Human Capital တိုးတက်လာခြင်းဖြင့် လူ့ဘ၀ ရှင်သန်ရပ် တည်ရေးအတွက် အခြားအရင်းအနှီးများကိုပါ အကောင်းဆုံး အသုံးပြုနိုင်စွမ်း တိုးမြင့်လာစေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ ချပေးနိုင်ပါတယ်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ပညာရေးအဆင့် မြင့်မားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ ဆက်စပ်နေပါတယ်။ သို့ပေမယ့် ပညာရေးအဆင့် မြင့်မား လာတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာလား၊ စီးပွားရေး ဖွံ့ဖြိုးလာတဲ့အတွက် ပညာရေးအဆင့် မြင့်မားလာတာ လားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေက ဆွေးနွေးငြင်းခုန်နေကြဆဲပါပဲ။ Human Capital Theory ကို ကိုင်စွဲ ထားသူများကတော့ ပညာရေးဟာ ထုတ်လုပ်မှု မြင့်မားရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖန်တီးပေးနိုင်ကြောင်း၊ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ ကုန်ကျစရိတ်များတယ်ဆိုပေမယ့်၊ အကျိုးကျေးဇူးဖြစ်ထွန်းမှုတွေ အမြောက်အမြား ရှိလာနိုင်ကြောင်း ထောက်ပြရေးသားကြပါတယ်။
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတော်တော်များများမှာ လုပ်ခလစာနဲ့ ပညာရေးအဆင့်တွေက တိုက်ရိုက်ဆက်နွယ်မှု ရှိတယ်လို့ ပညာရှင်များက လေ့လာတွေ့ရှိထားကြပါတယ်။ အလုပ်ရှင် တော်တော်များများက ကျွမ်းကျင်မှုနဲ့ ထုတ်လုပ် မှုအဆင့်မြင့်မားရေးအတွက် လုပ်သားများရဲ့ ပညာရေး အဆင့်မြင့်မားမှုကို သွင်ပြင်လက္ခဏာတရပ် တိုင်းတာသတ်မှတ် လေ့ရှိကြပါတယ်။ နောက်တချက် ကတော့ ပညာရည်မြင့်မားမှုဟာ ဘ၀ကို စတင်တည်ဆောက်ချိန်မှာတင် အကျိုးပြု တာမဟုတ်ဘဲ၊ ဘ၀အနာဂတ် တည်ငြိမ်သာယာရေးကိုပါ ဖြစ်ထွန်းနိုင်စေပါတယ်။
လူအများက ဒီလိုဆက်စပ်မှုတွေကို လက်ခံထားကြပေမယ့် Human Capital Theory ကို ဝေဖန်ကြတဲ့ ‘Corresponde nce Theorists’ (Bowles, Gintis စသူတွေ) ကတော့ ပညာရေးကို အလုပ်ရှင်တွေ တန်ဖိုးထားတာက cognitive skills တွေကြောင့် မဟုတ်ဘဲ၊ ပညာရေးအဆင့်ကွဲပြားမှုပေါ်မူတည်ပြီး အလုပ်တာဝန်ခွဲမှုဆိုင်ရာ occupational hierarchy ကို သတ်မှတ်နိုင်တဲ့ non-cognitive traits တွေကြောင့်လို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ပညာရေးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ social hierarchies ပုံသဏ္ဌာန်သစ်တွေ ထပ်မံတည်ဆောက်လိုက်တာဖြစ်တယ်လို့ သူတို့က ယူဆပါတယ်။ ‘screening’ theoristsဖြစ်တဲ့ Wiles, Whitehead စသူတွေကတော့ ပညာရေးဟာ ရွေးချယ်မှုဖြစ်စဉ်လို့ သုံးသပ်ကြပါတယ်။ ကျောင်းသင်ပညာရေးဟာ ဉာဏ်ပညာမြင့်မားသူတွေကို ရွေးချယ်ပြီး၊ စွမ်းရည် မြင့်မားလာအောင် ရွေးချယ်လေ့ကျင့်ပေးခြင်းလို့ ယူဆကြပါတယ်။

ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှု
Human Capital Theory နဲ့ Correspondence Theory ကို လက်ခံသူတွေ က ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မူဝါဒ တွေကို သီးခြားရေးဆွဲ အကြံပြုထားကြပါတယ်။Human Capital Theorists တွေက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမူဝါဒ တွေထဲမှာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုဝင်များရဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေ မြင့်မားလာရေးကို ထည့် သွင်းသင့်တယ်လို့ ယူဆကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ရေရှည်မှာ မြို့ပြနဲ့ ကျေးလက်ဒေသ စီးပွားရေး အဆောက် အအုံကို အကျိုးကျေးဇူးသက်ရောက်စေနိုင်မယ်လို့ ဆိုကြပါတယ်။ Correspondence Theory ကို လက်ခံသူများကလဲ လုပ်ငန်းခွင်မှာရှိတဲ့ လုပ်သားများရဲ့ ပညာရေးနဲ့ စွမ်းရည်တွေ မြင့်မားလာအောင် ပြုလုပ်သင့်ကြောင်း အကြံပြုထားကြ ပါတယ်။
ပညာရေးကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတခုအဖြစ် သတ်မှတ်ထားတဲ့ Human Capital Theory သဘောတ ရားများကိုကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ချဉ်းကပ်သဘောတရားများမှာ ထည့်သွင်းဖော်ပြထားပါ တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနဲ့ အခြားအရင်းအမြစ်များစွာကို ကမ္ဘာ့ဘဏ်က ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက စိန်ခေါ်တဲ့ပြဿနာတရပ်ကတော့ equity မရှိတဲ့ ပြဿနာ တရပ်ပဲဖြစ်ပါတယ်။ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ရေးဆွဲရာမှာ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ disadvantaged groups ထဲမှာ ရှိနေတဲ့ ဆင်းရဲနွမ်းပါးသူများ၊ စစ်ဘေးဒုက္ခသည်များ၊ လမ်းပေါ်ရောက်နေသော ကလေးသူငယ်များနဲ့ မိမိ တို့ဘာသာ ၀မ်းစာရှာဖွေ စားသောက်နေရသော ကလေးသူငယ်များ၊ အမျိုးသမီးများရဲ့ အရေးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်များအရ ပညာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတော် အသုံးစရိတ် တော်တော်များများဟာ တန်းတူ ညီမျှမှု မရှိပဲ ဖြစ်နေပြီး၊ ထူးချွန်ထက်မြက်လာဖို့ အလားအလာရှိတဲ့ ကျောင်းသား တော်တော်များများဟာ မိဘရဲ့ စီးပွား ရေးအဆင်မပြေမှု၊ အခွင့်အလမ်းနည်းပါးမှု၊ လုံလောက်သော သတင်းအချက်အလက်များ မရရှိမှု စတဲ့ အကြောင်းတရား တွေကြောင့် တိုးတက်မှုတွေ နှောင့်နှေးနေကြရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေးအတွက် ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးတည်တဲ့ ပညာရေးဆိုင်ရာ မူဝါဒများနဲ့ framework များကိုလဲ ဖော်ထုတ်ခဲ့ကြပါတယ်။
Education decentralization
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုဦးတည်တဲ့ ပညာရေးဆိုင်ရာ framework များစွာအနက်Education decentralization ကို နိုင်ငံတော်တော်များများမှာ အသုံးပြုလာကြပါတယ်။Rondinelli (1981) ဆိုသူက decentralization ဆိုတာ စီမံကိန်း များရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနဲ့ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို အစိုးရ အဆင့်ကနေ အဖွဲ့အစည်းအဆင့်၊ အေဂျင်စီ အဆင့်များကို တာဝန်ခွဲဝေပေးခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီလို ပြုလုပ်ခြင်းအားဖြင့်decentralised state apparatus တခုရဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြင့်လာပြီး၊ သက်ဆိုင်ရာဒေသအလိုက် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီလိုလွှဲပြောင်းပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ပါဝါတွေထဲမှာ နိုင်ငံရေးပါဝါ၊ အုပ်ချုပ်ရေးပါဝါနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုပါဝါတွေ ပါဝင် နိုင်ပါတယ်။ Martinussen (1997) ဆိုသူကdecentralization အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ ပထမအမျိုး အစားကတော့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ၀န်ကြီးဌာန တခုချင်းစီအလိုက် ဒေသဆိုင်ရာ ယူနစ်တွေကို တာဝန်လွှဲပေးတဲ့ Deconcentration အမျိုးအစား ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ semiautonomous government agencies တွေကို သက်ဆိုင်ရာကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းဖော်ဆောင်မှု တာဝန်များ ခွဲဝေလွှဲပြောင်းပေးတဲ့ Delegation အမျိုးအစား ဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့ လုပ်ပိုင်ခွင့်နဲ့ တာ ၀န်တွေကို ဒေသဆိုင်ရာ အစိုးရတွေကို လွှဲပြောင်းပေးထားတဲ့Devolution အမျိုးအစား ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစား ကတော့ လုပ်ငန်းတာဝန်အချို့ကိုPrivatisation လုပ်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလိုတွေ လုပ်ခြင်းအားဖြင့် decentralization ဟာ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုသဏ္ဌာန် (structures) နဲ့ ဖြစ်စဉ် (processes) တွေကို အသွင်ပြောင်းပေးနိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုသဏ္ဌာန်ကို ဆင်းရဲနွမ်းပါးသူများအား ကိုယ်စားပြုသော ဖြစ်တည်မှုသဏ္ဌာန်များ တည်ဆောက်ခြင်း၊ ဒေသတဦးချင်းစီရဲ့ လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေး နိုင်သော အဖွဲ့အစည်းများ ပေါ်ထွန်းလာခြင်း၊ privatisation ရဲ့ အကျိုးကျေးဇူးဖြစ်တဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် လုပ် ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်လာခြင်း စတာတွေနဲ့ အသွင်ပြောင်းနိုင်ပါတယ်။
ဖြစ်စဉ်တွေကိုတော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများချမှတ်ရာမှာ ဒေသဆိုင်ရာ သတင်းအချက်အလက်များ ထည့် သွင်းအသုံးပြုနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးသူ များနဲ့ မူဝါဒ ချမှတ်သူများအကြား ဆက်သွယ်မှု တိုးမြင့်လာစေခြင်း၊ မူဝါဒများ ရေးဆွဲရာမှာ ပါဝင်မှုဖြစ်စဉ်များ (participatory processes) များ တိုးမြင့်လာစေခြင်း၊ တာဝန်ခံမှု(accountability) နှင့် ပွင့်လင်းမြင်သာမှု (transparency) များ ပိုမိုရှိလာခြင်း စတာတွေနဲ့ အသွင်ပြောင်းနိုင်ပါတယ်။
သို့ပေမယ့် decentralization ဟာ ဆင်းရဲနွမ်းပါးသူများဘက်မှ ချဉ်းကပ်ရပ်တည်ခြင်း (pro-poor approach) အနေနဲ့ တော့ သူ့ဘာသူအသွင်ပြောင်းသွားနိုင်ခြင်းမရှိပါဘူး။ ဒီလိုအသွင်ပြောင်းလာအောင် စနစ်တကျ စီမံချက်များ ရေးဆွဲပြီး၊ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ Education Decentralization နဲ့ သက်ဆိုင်တဲ့ pro-poor conditions တွေကို ပညာရှင်များက လေ့လာဖော်ထုတ်ခဲ့ကြရမှာ ဗဟိုနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြားက ဆက် ဆံရေး (central-local relations) နဲ့local mechanisms များက အဓိကကျပါတယ်။
Central-local relations ဆိုရာမှာ ဗဟိုအစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို political commitment တခုအနေ နဲ့ သတ်မှတ်ပြီး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပရိုက်ဗိတ်အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ခွဲဝေပြဋ္ဌာန်း ပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဒေသဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြဋ္ဌာန်းခွင့်နဲ့ တာဝန်ခံမှုအကြားကို ချိန်ခွင်ညှိပြီး၊ စီမံချက်များ ချမှတ်လုပ်ဆောင်နိုင်တဲ့ ဘဏ္ဍာရေးအရင်းအမြစ် အသုံးချနိုင်ခွင့်ပါဝါ ရှိဖို့ လိုအပ်ပါတယ်။
ဗဟိုအစိုးရအနေနဲ့ အုပ်ချုပ်ရေးယူနစ်များအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒ များနှင့် ကိုက်ညီခြင်း စတာတွေကို စောင့်ကြပ်ကြည့်ရှုပြီး လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအရင်းအမြစ် ခွဲဝေသုံးစွဲမှုဆိုင်ရာ မသမာမှုများနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများကို ပါဝါရှိတဲ့ ရေပေါ်ဆီလူတန်း စားများက စွက်ဖက်ချုပ်ကိုင်မှုများ ဖြစ်ပွားလာခြင်း မရှိအောင်လဲ ဗဟိုအစိုးရက စောင့်ကြပ်ကြည့်ရှု ထိန်းသိမ်း ရမှာဖြစ်ပါ တယ်။ နိုင်ငံတော်အနေနဲ့ privatization ကို အကောင်အထည်ဖော်ဆောင်ရာမှာလဲ အကျိုး အမြတ်ကိုပဲ ကြည့်တဲ့ လုပ် ငန်းများကို ဦးစားပေးခြင်း မဟုတ်ပဲ pro-poor approach လုပ်ငန်းများကို ဦးစားပေးဖို့ လိုအပ်ပါတယ်။
Local mechanisms တွေမှာတော့ ကိုယ်စားပြုဒီမိုကရေစီ (representative democracy)နဲ့ အခြား participatory democracy စနစ်ကို အကောင်အထည်ဖော်ပြီး၊ မူဝါဒချမှတ်မှုများနဲ့ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတွေကို ဆင်းရဲနွမ်းပါး သူများကကိုယ်စားပြုနိုင်တဲ့ Voice mechanism ၊ ဒေသဆိုင်ရာနိုင်ငံရေးနဲ့ လှုပ်ရှားဆောင်ရွက်မှုများဆိုင်ရာ သတင်းအ ချက်အလက်များ ပံ့ပိုးပေးတဲ့ Information mechanism နဲ့ ဆင်းရဲနွမ်းပါးသူများမှ ပရိုက်ဗိတ်နဲ့ အရပ်ဘက် လူ့အဖွဲ့အ စည်းများရဲ့ ပံ့ပိုးကူညီမှုကို ယူဆောင်ခြင်းဆိုင်ရာ Exit mechanism များကို ဖော်ထုတ်ပေးဖို့ လိုပါတယ်။
နိဂုံး
ဘောဂဗေဒပညာရှင် Amartya Sen က ဆင်းရဲနွမ်းပါးမှုဆိုတာ လူ့အဖွဲ့အစည်းတခု ထိရောက်စွာ ရှင်သန်လည်ပတ်ရေး အတွက် စွမ်းရည် (capability) လျော့နည်းခြင်းလို့ ဆိုခဲ့ပါတယ်။ ဒီလိုစွမ်းရည် လျော့နည်းရခြင်းမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနှောင့်နှေးခြင်းကလဲ အရေးပါတဲ့ အကြောင်းတရား ဖြစ်တာကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် လူတဦးချင်းစီရဲ့human capital တိုးမြင့်လာပြီး၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေး နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၂၊ ၅၊ ၂၀၁၂)
ရည်ညွှန်းကိုးကား
Crook, Richard C. & Alan Sturla Sverrisson (2001). “Decentralisation and poverty alleviation in developing countries: a comparative analysis or, isWest Bengalunique?” IDS Working Paper 130, Brighton:InstituteofDevelopmentStudies.
Gemmel, N. (1996). Evaluating the impacts of human capital stocks and accumulation on economic growth: some new evidence.OxfordBulletin of Economics and Statistics, 58(1), 9-28.
Hanushek, E. A., & Wößmann, L. (2007). The role of school improvement in economic development. NBER Working Paper 12832.Cambridge,Mass.: National Bureau of Economic Research.
Krueger, A., & Lindahl, M. (2001). Education for growth: Why and for whom? Journal of Economic Literature, 39, 1101-36.
Martinussen, John (1997) Society, State and Market: A Guide to Competing Theories of Development, chapter 15, Zed Books,London
Rondinelli, D.A. (1981) “Government Decentralization in Comparative Perspective: Theory and Practice in Developing Countries”, International Review of Administrative Sciences, Vol. 47: 22-42.
Sen, A. (2001). Development as freedom.Oxford:OxfordUniversityPress.
World Bank (2001) “Decentralisation and governance: does decentralisation improve public service delivery?” PREM notes, June 2001, Number 55
ဒီနေရာ ကယူလာပါတယ်။

No comments:

Post a Comment

Ads 468x60px

Featured Posts