Sunday, May 13, 2012

ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း အပေါ်ပေးထားသော စာဖတ်သူတို့ရဲ့ တပ်မတော်သားများအပေါ် မှတ်ချက်များ

အောက်ပါကော်မန့်များကို ကြည့်မယ်ဆိုရင် ပြည်သူလူထုဟာ တပ်မတော်သားတွေအပေါ်မှာ စာနာနားလည်မှုနဲ့ ဂရုဏာဒေါသောနဲ့ ပြောမိတာတွေလို့ မိမိအနေနဲ့ သုံးသပ်မိပါတယ်။ ယခုလိုသာ တပ်မတော်သားတွေကလည်း ပြည်သူ့ခံစားချက်ကို စာနာနားလည်မယ် ပြည်သူလူထုကလည်း တပ်မတော်သားတွေအပေါ်မှာ ခုလိုစာနာနားလည်ပေးပြီး ဝေဖန်အကြံပြုကြမယ်ဆိုရင် တချိန်က ပြည်သူချစ်သော တပ်မတော်ကြီးပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ ယခုလည်း စာနာနားလည်ကြပေမယ့် တဖက်နဲ့တဖက် အထင်အမြင်လွဲမှားမှုတွေရှိနေလို့သာ ယနေ့ပြဿနာများ ဖြစ်ပျက်နေတယ်လို့ မြင်မိပါတယ်။ ခုလိုစာနာနားလည်သလို တဖက်ကနေလည်း တပ်မတော်သားတွေရဲ့ အမိန့် တာဝန် ကျင့်ဝတ် စတာတွေကိုပါ နားလည်ကြမယ်ဆိုရင် သမိုင်းတကွေ့က တပ်မတော်ဟာ ပြည်သူကိုစော်ကားမိခဲ့တာဟာ တပ်မတော်သားတွေရဲ့ လွန်ဆန်လို့မရတဲ့ ဘဝတွေကြောင့်ဆိုတာကို စာနာနားလည်သဘောပေါက်ရင်း ခွင့်လွှတ်ပေးကြပြီး ယခင်အဖြစ်အပျက်များကို စံနမူထားပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြမယ်ဆိုရင် ကျနော် ပင်ပန်းရကျိုးနပ်ပါတယ်ခင်ဗျာ။
 
အရမ်းမှန်ပါတယ် အစ်ကို.. ကျွန်တော်တို့လို စစ်သားရဲ့ သားသမီးတွေတော်တော်များများဟာ အစ်ကိုပြောသလို ခံစားခဲ့ရတယ်.. ကျွန်တော်ငယ်ငယ်က အမေ နေမကောင်းလို့ အမေ့ကိုယ်စား Fatigue လိုက်ခဲ့ရတယ်.. ကျွန်တော်ညီမ ၁၆ နှစ် အရွယ်က စစ်သင်တန်း မတက်မနေရ တက်ခဲ့ရတယ်.. ကျွန်တော်ကတော့ တပ်ထဲမှာ မနေလို့ မတက်လိုက်ရဘူး..စီးပွားရေး အဆင်မပြေတဲ့ ကြားထဲ စစ်သားမိန်းမတွေဟာ ပိုက်ဆံရမယ့် အလုပ် လုပ်လို့မရဘူး.. fatigue ဘဲလုပ်နေရတယ်.. တစ်ပတ်မှာ ၃ ရက်လုပ်ရတယ်..ဘ၀က တော်တော်ကိုဆိုးခဲ့ပါတယ်.. အခုတော့ fatigue ရှိ မရှိ မသိတော့ဘူး.
မရှိပါစေနဲ့လို့ဘဲ ဆုတောင်းပါတယ်..
စာကောင်းဗျကြိုက်တယ်၊
ဟုတ်တယ်ခင်ဗျကျွန်တော်တို့ငယ်ငယ်ကတပ်ထဲးမှာလဲ
ဖက်ထိပ်ဖက်ထိပ်နဲ့ခေါ်ကြတာပါပဲ
အတန်းကြီးလာမှမှားနေမှန်းသိခဲ့ရတယ်
တပ်အသိုင်းအဝိုင်းမှာနေခဲ့ဘူးရင်တော့လူတိုင်းနီးပါး
အဲဒိဖက်ထိပ်နဲ့ရင်းနှီးဘူးကြမှာပါဗျာ။
ငယ်ဘဝကိုတောင်ပြန်သတိရမိပါတယ်။
 

တပ်တွင်း အဓမ္မခိုင်းစေမှုတွေပေါ့ဗျာ ... ပြည်သူတွေခံစားရတာနဲ့အတူ တပ်တွင်း အောက်ခြေ ခံစားရတာတွေလည်း ဖော်ထုတ်ရပါမယ်။ တလောကပဲ လေတပ်အရာရှိတွေကို မှန်တာပြောမှုနဲ့ ထောင်ဒဏ်ချလိုက်ပါသေးတယ်။

ကျနော်ဟာ အမြဲလိုလို တိုင်းပြည် စစ်ဝါဒ ကြီးစိုးတဲ့ ဒဏ်တွေကို ထောက်ပြဝေဖန်လေ့ရှီတယ်..။ ဒါဟာ စစ်တပ်ကို မုန်းတီးမှုကြောင့် မဟုတ်ဘဲ၊ တကယ် တိုင်းပြည်အတွက် လိုအပ်လိုသာ ပြောနေရခြင်း ဖြစ်တယ်။ ကျနော်မှာ စစ်တပ်နဲ့ ထည်ထည်ဝင်ဝင် ရှိတဲ့ မိသားစု အသိုင်းအဝန်းရှိတယ်၊ စစ်တပ်အတွင်း အာဏရ ချမ်းသာကြွယ်ဝနေတဲ့ အသိုင်းအဝန်းနဲ့ သိသလို၊ ခင်မင်သလို၊ ခုဆောင်းပါးမှာ ပြောတဲ့ စုတ်ပြတ်သတ်အောင် ခံရေတဲ့ နင်းပြား အခြေခံ ရဲဘော် အသိုင်းအဝန်းနဲ့လည်း ခင်တယ်။ စစ်တပ်ထဲမှာ လက်ရှိအချိန်ထိ ပုဂ္ဂိုလ်ရေးအရ ကိုယ်က ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့ သူတွေအများကြီး ရှိတယ်။ ခုလို ထောက်ပြဝေဖန်တွေကို ပုဂ္ဂလဓိဌာန် မဟုတ်ဘဲ၊ ဓမ္မဓိဌာန်ကျကျ ဖြစ်ဖို့သာ အမြဲကြိုးစားတယ်..။ မှတ်ချက် တွေအတွက် ကျေးဇူးတင်ကြောင်း ပြောရင်နဲ့ မှတ်ချက်တွေ ဖတ်ရတာ ဝမ်းသာတယ်ဆိုတာ ထပ်ပြောချင်တယ်...။(စာရေးသူ)  

No comments:

Post a Comment

Ads 468x60px

Featured Posts