Monday, May 7, 2012

အတွင်းထဲက အမှန်တရားများ

ဒီစာလေးကတော့ကျွန်တော့်သူငယ်ချင်း
တစ်ယောက်ရဲ့ Forward Mail လေးပါ သူ talk2dvb ကိုပို့ထားတဲ့စာလေးဖြစ်ပါတယ် ဒါပေမယ့် talk2dvb ကလည်းအလုပ်တွေအရမ်းများနေလို့ထင်ပါတယ် ။ဒီနေ့ပဲပါမလား နောက်နေ့ပါမလားနဲ့စောင့်ရတာမော
ာလို့ အထက်လူကြီးများသိအောင်ပြောပေးပါဆိုလို့ ဖေ့ဘုတ်ကနေတစ်ဆင့်ဖောက်သည်ချရ
ခြင်းဖြစ်ပါတယ်။လူကြီးများသိစေချင်တဲ့အတွက် ဒီပိုစ့်လေးကိုသူငယ်ချင်းတို့အနေနဲ့အပန်းမကြီးဘူး ဆိုရင်ဖြင့် share လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။သူ DVB ကို ပို့ထားတဲ့စာမူရင်းအတိုင်းပဲ
ပြန
်ကူးပေးလိုက်ပါတယ်။
သို့

ကိုနေဇော်နိုင်ခင်ဗျား.........

ကျွန်တော်ကတော့ဘိုကလေးမြို့ဇာတိဖြစ်ပြီးရဲတပ်ဖွဲ.ရဲ့မိသားစုဝင်ဆွေမျိုးတစ်ဦးတော်စပ်သူတစ်ဦး
ဖစ်ပါတယ်။ ဘိုကလေးမြို့မှာအလွန်ဆိုးဝါးနေတဲ့မြို.နယ်အကြီးအကဲရဲတပ်ဖွဲ.မှူးရဲ့အကြောင်းကိုအထက်
အြ
ကီးအကဲများသိအောင်အောက်ပါအတိုင်းတင်ပြဖတ်ကြားပေးစေလိုပါတယ်။၎င်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့
အကြောင်းကိုနေ့စဉ်နဲ့အမျှမြင်တွေ့ ကြားသိနေရသည့်အတွက် တပ်ဖွဲ့ဝင်များရဲ့  ကိုယ်စား
တင်ပြရခြင်းဖြစ
်ပါတယ်။ ပထမဦးစွာလက်အောက်ရဲတပ်ဖွဲ့ဝင်များအပေါ်မတရားအနိုင်ကျင့်ခိုင်းစေခြင်းများပြုလုပ်ခြင်းကို တင်ပြရမည်ဆိုပါက ၎င်း၏နေအိမ်တွင်ကျွန်တော်၏တူတော်စပ်သူ
နယ်ထိ
န်းလင်မယားနှစ်ဦးအားခေါ်ယူထားပြီး
အိမ်ပေါ်သဖွယ်ထားရှိ
သည့်အပြင် နယ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးဗေလုဝအား မနက်တိုင်
၎င်းအိမ်သို့ဆိုင်ကယ်ဖြင့်လာခိ
ုင်းပြီး ၎င်းမိသားစု၏နေ့စဉ်ဝတ္တရားများကိုဆောင်ရွက်ပေးရခြင်း၊
၎င်းမိသားစု၏နေ့စဉ်အိမ်စရိတ်အဖြစ် နယ်ထိန်းတစ်ဦးမှနေ့စဉ်ဈေးဖိုးရှစ်ထောင်ပေးရခြင်းများကို၎င်းဘိုကလေးမြို့တွင်တာဝန်ကျသည့်အချိန်မှစပြီးယနေ့ထိပြုလုပ်ပေးရပါတယ်။ နယ်ထိန်းတပ်ဖွဲ.ဝင်များကို
နေ့
စဉ်မြို့ နယ်မှူးနှင့်အသင့်ဟုဆိုကာနံနက်(၇း၀၀)နာရီခန့်မှစပြီးည၄င်းပြန်လွတ်သည့်အချိန်ထိနေထိုင်ရခြင်း၊နယ်ထိန်းတစ်ဦးမှ၎င်းသွားလိုသည့်နေ၇ာ၊ စားလိုသည့်နေရာ၊ဝယ်လိုသည့်အရာတို့ကိုဖြည့်စည်းပေးရခြင်း၊နယ်ထိန်းရဲများမှာ၎င်းတို့တာဝန်ယူရသောရပ်ကွက်၊ကျေးရွာများအတွင်းပြည်သူလူထုများနှင့်ထိတွေ့မှုမရှိပဲ၎င်းကိုယ်ရေးကိုယ်တာကိစ္စတွေနှင့်သာအချိန်ပေးနေရခြင်း၊ဒုစရိုက်မှုများကိုလာရောက်ထောက်လှမ်းမှု
မလုပ်နု
ိင်တာကိုမြင်တွေ့နေရပါသည်။
ဘိုကလေးမြို.နယ်အတွင်းရှိသောယာဉ်ထိန်းရဲများနှင့်သဘော့ကျွန်းကင်း၊နတ်ချောင်းကင်း၊ ဘိုကလေးဆိပ်ကမ်းရေကင်းများပါမကျန်လစဉ်ကြေးများယူဆောင်ပြီးပုံသေချထားခြင်း၊
အလှ
ူအတန်းပြုလုပ်မည်ဟုဆိုကာနေအိမ်လိုင်းခန်းများအတွင်းတစ်ပတ်လျှင်တစ်ကြိမ်အလှူငွေများကောက်ခံပြီးကိုယ်ကျိုးအတွက်သုံးစွဲခြင်းများ၊၄င်းခရီးသွားလျှင်နယ်ထိန်းရဲ
စ်ဦးမှငွေကြေးအလုံအလောက်ထည့်ပြီးကြည်ဖြူစွာရှင်းလင်းပေးရခြင်း၊၄င်း၏ဇနီးမှလည်းကျောင်းဆရာမအငြိမ်းစားဟုဆိုကာရဲများ၏ဇနီးများအပေါ်မောက်မာရိုင်းပြစွာ
ဆက
်ဆံခြင်း၊ပင်စင်ယူရန်နီးကပ်နေသောရဲတစ်ဦးအား၎င်း၏ဇနီးစိုက်ပျိုးထား
သောအလှပန်းများအားနေ့စဉ်ရေေ
လာင်းခိုင်းခြင်း၊၄င်း၏ဇနီးရေချိုးပြီးချိန်တွင်တစ်ဖွဲ.ဝင်ဇနီးတစ်ဦးခေါ်ယူပြီးသနပ်ခါးသွေးခိုင်းခြင်း၊ရဲအရာရှိ/အခြားအဆင့်နယ်ထိန်းခေါင်းဆောင်၏
နီးများအားအဝတ်အစားနှင့်အလှကုန်ပစ္စည်းအမျိုးမျိုးအတင်းအကြပ်ဝယ်ခိုင်းခြင်း၊၄င်း၏ဇနီးရန်ကုန်
သိ
ု့သွားပြီးပြန်လာသောအခါရန်ကုန်မြို.မှဈေးပေါပေါဖြင့်ပါလာသောအဝတ်အထည်
များအားဈေးနှုန်းထက်ဝက်မက
တင်ပြီးရဲတပ်ဖွဲ.ဝင်မိသားစုများနှင့်သက်သာဆိုင်ခန်းများသို့မဝယ်မနေ
ရအနေဖြင့်ရဲမိန်းမတစ်ဦးအားလိုက်လံရောင်းချခိုင်းခြင်းများပြုလုပ်ပေးရပါသည်။
နေအိမ်လိုင်းခန်းများကိုလည်းမြို.နယ်တွင်လက်ရှိတာဝန်ထမ်းဆောင်နေသူများကို
မထားဘဲမသက်ဆိုင်သူမျာ
းကိုလာဘ်လာဘယူပြီးထားရှိသောကြောင့်လက်ရှိ
တာဝန်ထမ်းဆောင်နေသူများမှ
ာအိမ်များငှားရမ်းပြီးနေထိုင်ရခြင်းကိုကြားသိမြင်တွေ.နေရပါသည်။
သို့ဖြစ်ပါအထက်ပါအကြောင်းအရာများကို နိုင်ငံတော်သမ္မတကြီးနှင့်တကွ
ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်တိုင်းရဲမှူးကြီးတို့အားလုံးသိရှိစေရန်
ဒီဗွီဗီမှတစ်ဆင့်တင်ပြရခြင်းဖြစ်ပါသည်။

ဘိုကလေးသား.............
(facebook မှ ကူးယူဖော်ပြသည်)

No comments:

Post a Comment

Ads 468x60px

Featured Posts