Saturday, May 26, 2012
နှစ်ခါပြန် ချစ်ခဲ့မိသူ
(၁)
“ကျနော်က တပ်မတော်ကို နှစ်ကြိမ်နှစ်ခါ ချစ်ခဲ့တဲ့ ကောင်.. အကိုရ”
“၁၉၈၈ သူများတကာတွေ ဒို့အရေး..ဒို့အရေး.. လုပ်နေချိန်၊ ကျနော်က ထူးထူးခြားခြား မင်္ဂလာဒုံ အမှတ်(၁) စစ်သားစုဆောင်းရေးဌာနချုပ်မှာ ရောက်နေတယ်။ ဇူလိုင်လထဲမှာ ကျနော်ရောက်တာဆိုတော့ ရှစ်လေးလုံး လူထုဆန္ဒပြပွဲတွေ မစသေးခင်ပေါ့ အကို။ နောက်သုံးလလောက်နေတော့ ရမည်းသင်း လေ့ကျင့်ရေး(၃)မှာ ကျနော် စစ်သင်တန်းတက်ရတယ်။ အဲဒီတုန်းက စစ်သင်တန်းကာလ ၆ လ ၈ ရက် ကြာခဲ့တယ်။
သင်တန်းဆင်းတော့ မိတ္ထီလာမှာရှိတဲ့ တပ်မ(၉၉) လက်အောက်ခံ ဖိုးကချင်တပ်ရင်းမှာ တာဝန်ကျတယ်။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး သန်းအောင် ပါ။
Thursday, May 24, 2012
ရေတပ်ကသိမ်းထားသော လယ်မြေများ ပြည်သူများ ပြန်လည်ရယူလို
သန်လျင်
ရေတပ်မှ ၁၅ နှစ်ကျော်ကြာ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို လယ်သမားတွေက
ပြန်လည်ရယူ စိုက်ပျိုးချင်တဲ့အကြောင်းကို ဧရာဝတီက ရုပ်/သံ တင်ဆက်ထားပါတယ်။
အထက်အရာရှိ နှိပ်စက်မှု မခံနိုင်၍ အစိုးရစစ်သည် ၃ဦးထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိခဲ့
မေလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊
မြ၀တီခရိုင် ဝေါ်လေဒေသ အခြေစိုက် မြန်မာအစိုးရစစ်တပ်မှ စစ်သည် ၃ဦးသည်
အထက်အရာရှိတို့၏ နှိပ်စက်မှုကို အခံနိုင်၍ ယခင် ဧပြီလကုန်ပိုင်းတွင်
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် တစ်နေရာသို့ ထွက်ပြေးရောက်ရှိ ခဲ့သည်။
ထွက်ပြေးလွက်မြောက်သူများမှာ တပ်အင်အား ၅၀ခန့်ရှိ ဝေါ်လေဒေသ
မော်ခီးစခန်းအခြေစိုက် စစ်ကွပ်ကဲစစ်ဆင်ရေးဌာန ချုပ် စကခ (၁၉)လက်အောက်ခံ
ခမရ(၆၁)တပ်ရင်းမှ မျိုးမင်းထိုက် ၂၅နှစ်(ကိုယ်ပိုင်နံပါတ် တ/၄၅၈၅၅၅)၊
အောင်ဆန်းမင်း ၂၀နှစ် (ကိုယ်ပိုင်နံပါတ် တ/၄၅၉၄၃၄)နှင့် မြင့်သူ ၁၉နှစ်
(ကိုယ်ပိုင်နံပါတ် တ/၄၅၉၄၅၀) တို့ဖြစ်ကြပြီး လက်နက်ခဲယမ်း မပါဘဲ
ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ဖွဲ့အသွင် ကူးပြောင်းရေးကို အစိုးရမှ တိုက်တွန်း သွားမည်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို အစိုးရ တပ်မတော် အဖြစ်
ပြောင်းလဲ သွားစေရန် ဆွေးနွေးညှိနှိုင်း သွား မည်ဟု ပြီးခဲ့သည့် မေလ (၁၈)
ရက်နေ့က နေပြည်တော် သမ္မတ ရုံး၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မီတီ၏
သဘောထား ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထား ပါသည်။ ဤသဘော ထားသည် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များကို အစိုးရ တပ်မတော် အဖြစ် အသွင် ပြောင်းရာတွင် လက်ခံ
ယုံကြည်နိုင်စရာ ဥပဒေ တရပ် အခိုင်အမာ မရှိဘဲ နှင့် အသွင် ပြောင်းလျှင်
ခက်ခဲနိုင် ဖွယ်ရှိသည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ
ဖက်ဒရယ် ကောင်စီ (UNFC) အတွင်းရေးမှုး နိုင်ဟံသာ ကပြောပါသည်။
“အဲဒီ ထုတ်ပြန်ချက်က အစိုးရရဲ့ တဖက်သတ် အမြင်ပါ။ တွေ့ဆုံဆွေးနွေးတဲ့အခါ
သူတို့အမြင်နဲ့ ကျနော်တို့အမြင် ဘယ်လို ရှိတယ်ဆိုတာ ဆွေးနွေးကြမှ
အဖြေပေါ်မှာဖြစ်တယ်၊ အပြန်အလှန် အပေး အယူတော့ ရှိရမှာပါ။ ယခုလက်ရှိ
ဗမာ့တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် မဟုတ်ပါဘူး။ ပြည်ထောင်စု တပ်မတော်
ဖြစ်ဖို့ ဆွေးနွေးကြဖို့ လိုနေပါတယ်။ အားလုံး ဗမာ့ တပ်မတော် အဖြစ်
အသွင်းကူးပြောင်း ပေးရမှာ ကိုတော့ မဖြစ်သင့်ဘူး။” ဟု နိုင်ဟံသာက ဆိုပါသည်။
၂၀၀၈ အခြေခံ ဥပဒေအရ နိုင်ငံတနိုင်ငံတွင် တပ်မတော် တရပ်သာ ရှိရမည်ဟု
အတည်ပြုထားပါသည်။ ဤဥပဒေသည် ယေဘူယျ သဘောအားဖြင့် လက်ခံရမည် ဆိုသော်လည်း
နည်းဥပဒေပိုင်းတွင် အငြင်းပွားဖွယ်ရာ ရှိနေပါသည်။ စစ်အစိုးရ ခေတ်တုန်းကလည်း
နယ်ခြားစောင့်တပ် (BGF) အသွင်နှင့် အသွင်ပြောင်းခဲ့ပါသည်။ သို့သော်
တိုင်းရင်းသား ပါတီများက လက်မခံခဲ့ပေ။
ပူးပေါင်းပါဝင်ကြပါ
မိမိတို့
တောင်ဒဂုံတွင် လျှပ်စစ်မီး ရရှိရေး မနေ့က ငြိမ်းချမ်းစွာ
စီတန်းလမ်းလျောက်ခဲ့ကြသည်။ ည ဘယ်အချိန်ကတည်းက ပျက်နေမှန်း မသိသော
လျှပ်စစ်မီး ယနေ့ မနက် ၁၁ နာရီ နှစ်ဆယ်မိနစ်တွင် တချက်လာသည်။ ပြည်သူတွေ
ပျော်ရွှင်စွာဖြင့် အိမ်သုံးလျှပ်စစ်အသုံး အဆောင်များကို ဖွင့်လိုက်ကြသည်။
လျှပ်စစ် ဗို့လ် အားသည် ရုတ်ခြည်း ဗို့လ် အား ဆောင့်တက်လာသည်။
ဗို့လ်အား သုံးရာကျော် မီတာဒိုင်ခွက်များ မျှားတံများ ဆောင့်တက်ကုန်သည်။ စက်များ တဖုန်းဖုန်းဖြင့် မီးခိုးများ လွှမ်းကုန်သည်။
ကျနော့်တွင် ကွန်ပြူတာ တစုံ လောင်ကျွမ်းပေါက်ကွဲသွားသည်။ ပန်ကာ တလုံး ဖေါက်ကနဲ့ မီးခိုးထွက်ကာ ရပ်သွားသည်။
အိမ်နံဘေးမှ ရေစုပ် မော်တာ လောင်သွားသည်။ တီဗီ ဆာ့ကစ် မီးခိုးတွေ ထွက်သွားသည်။
“ဆိုင်ကလုန်း နာဂစ်”
၂၀၀၈ခု၊ မေလ-(၂)ရက်-(၃)ရက်
မြန်မာနှစ်ဆို ၁၃၇၀ခုနှစ်၊
တန်းခူးလဆုတ် (၁၃)ရက်
လကွယ်နေ့နှင့်နီးကပ်နေ၍
“နာဂစ်” လကွယ်ငရဲမင်းကြီး ဟုလည်း ခေါ်နိုင်၊
လကွယ်မှောင်မိုက်တဲ့ ညမှစ၍
ရက်စက်စွာ တိုက်ခတ်ချေမှုန်းခဲ့လေပြီ၊
တစ်ချိန်တည်း တစ်ပြိုင်တည်း
မြန်မာသက်ပေါင်းများစွာနဲ့
တိရစ္ဆာန်တချို့၊ အသက်ပေါင်းများစွာ
“နာဂစ်” ငရဲမင်းကြီးရဲ့ သယ်ဆောင်ခြင်းကို ခံခဲ့ရလေပြီ၊
ဧရာဝတီ မြစ်ဝကျွန်းနှင့် ရန်ကုန်-ဒေသတချို့ ပျက်စီးခဲ့ပြီ၊
ဆိုင်းကလုန်း “နာဂစ်” သယ်ဆောင်မှုမှာ
ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ခုလို၊
မြန်မာ(များ)တွေရဲ့ ရင်ထဲ၊ အသည်းထဲ
စွဲမှတ်ကျန်ရစ် ခါးသီးစွာနဲ့
ဝမ်းနည်း ကြေကွဲ ပူဆွေးမှုမှာ
ကျန်ရစ်နေသူ ဒုက္ခသည်များကဲ့သို့
ကိုယ်ကိုယ်တိုင်လည်း ခံစားမိခဲ့၊
စာနာထောက်ထား၊ ပေးကမ်းသူများသို့
မြန်မာ (များ) တွေ ကိုယ်စား ကျေးဇူးတင်လျှက်၊
လူသားမှန်ရင် သက်တမ်းပြည့်၍
လူ့လောကမှ ထွက်သွားရစမြဲ
မည်သူမည်ဝါ အာဏာရှိသူ
ဥစ္စာဓန ကြွယ်ဝသူဖြစ်လည်း
ဤလောကမှ တစ်နေ့ကျရင်
ထွက်သွားရမည် အားလုံးစွန့်၍
မြန်မာ (များ) တွေ အတွက် မှတ်ယူစရာ
ဘေးဒုက္ခကြီး ပေးဆပ်မှု တစ်ခုလို၊
“နာဂစ်” ဆိုင်ကလုန်း လကွယ်ငရဲက
ပေးချေမှုန်းခဲ့ ခါးသီးစွာနဲ့၊
မြန်မာပြည်ဖွား လူသားအားလုံး
ခွဲခြားခြင်းကို ဘေးဖယ်ထား၍
လူသားချင်း စာနာ ဖေးမမှုကို
ရင်ထဲ၊ အသည်းထဲ စွဲမှတ်စွာထား
နားလည်မှုနှင့် သီးခံခြင်းတရား ရှေ့မှာထား၍
ရှေ့လျှောက်ကြစို့ ကျန်ခရီးသို့။
ဘိုမင်းအောင် (ရန်ကုန်)
“အသွင်မတူ ဘ၀ခရီး”
ပန်းခင်းလမ်းပေါ် လျှောက်သူတွေနဲ့
လမ်းခုလတ်မှာ ကြုံတွေ့ခဲ့
သူတို့ရဲ့ ဘ၀ သူတို့ရဲ့ အခါကို
အားကျမိသူ “ငါဒုက္ခသည်”
ငါ့လိုလူသား “အိုဒုက္ခသည်”
ပန်းခင်းလမ်းပေါ် လျှောက်သူတွေကို
နောက်လှည့်အားကျနေ၍ မရ
ကိုယ်လျှောက်တဲ့လမ်း ဘယ်လောက်ကြမ်းပါစေ
ကိုယ့်လမ်းကိုယ်သာ လျှောက်ရမည်၊
တခြားသူတွေရဲ့ ဥစ္စာ၊ ဓနတွေ
ချမ်းသာသူတွေရဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့
မက်မောတွယ်တာ မနေကြနဲ့၊
ပန်းခင်းလမ်းပေါ် လျှောက်လည်း
နောက်ဆုံး ရောက်လိုရာခရီး အတူတူပဲ၊
အားလုံးလူသား ငါလို မင်းလို
ဆင်းရဲချမ်းသာ အသွင်အမျိုးမျိုး
ရုန်းကန်လှုပ်ရှား ဘ၀အလှဆင်ဖို့
ကြိုးစားတိုင်းလည်း ကံကြမ္မာပေးတဲ့
ဆုံးဖြတ်ချက်ကို လူသားအားလုံး
မငြင်းဆန်ဘဲ လက်ခံရစမြဲ၊
အားလုံးလူသား အိုလူသားတို့
ချစ်ခြင်းမေတ္တာ ရှေ့မှာထား၍
လူသားချင်းစာနာ နားလည်မှုထားခြင်းဖြင့်
ဘ၀ခရီးရှေ့လျှောက်ကြစို့။
ဘိုမင်းအောင်
Thursday, May 17, 2012
ရေမြင့်ပေမဲ့ ကြာမတင့် ဖြစ်ရပုံများ
၁၉၉၇ ခုနှစ်လောက်က ထင်ပါတယ်။
ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြ အခမ်းအနားကို ကျနော်တို့ ဟိုင်းကြီးကျွန်း ရေတပ်စခန်းဌာနချုပ် က အရာရှိ/စစ်သည်တွေ သွားရောက် အားဖြည့်ပေးခဲ့ရ ဖူးပါတယ်။
အဲဒီမှာ ဒုတိယဗိုလ်မှူးကြီး တဦးက စစ်ရေးပြ စစ်ကြောင်းမှူးလုပ်တယ်။ အဲဒီ ဒုဗိုလ်မှူးကြီးဟာ လူဟန်က ပိန်ပိန်ပါးပါး စစ်ရေးပြ အမိန့်ပေးသံ ကြည်လင်ပြတ်သားမှု ရှိသလို စစ်ဝတ်တန်ဆာ ဝတ်စားဆင်ယင်မှုကလည်း တကယ့်ကို စမတ် ကျကျ၊ သွားလာလှုပ်ရှားတဲ့နေရာမှာ ဖျတ်ဖျတ်လတ်လတ်၊ သူ့ကိုကြည့်ရတာ စစ်သား ကောင်းတဦးရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံ တဲ့ပုံမျိုး။
Monday, May 14, 2012
အဝေးလှမ်းချိန်တွင် အလှမ်းဝေးခဲ့ရသော ပညာရေး

မကြာသေးမီက ပညာရေးဆိုင်ရာ Website တစ်ခုထဲတွင် ပညာရေးဆိုင်ရာ စိတ်ဝင် စားဖွယ်ကောင်းသည့် နှိုင်းယှဉ်ချက်များကို တွေ့လိုက်ရသည်။ ထိုနှိုင်းယှဉ်ချက်မှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံများ၏ ပညာရေးဆိုင်ရာ အချက်အလက်များကို နှိုင်းယှဉ်ဖော်ပြထားသော ကြောင့် တန်ဖိုးရှိသည့် အချက်အလက်များဟု ဆိုနိုင်ပါသည်။
ပညာရေးအတွက် အသုံးစရိတ်ဆိုင်ရာ နှိုင်းယှဉ်ချက်တွင် အမေရိကန်သည် စုစုပေါင်းဘတ်ဂျက်၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်း၊ တရုတ်သည် ၁၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရုရှားသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ် သည် ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဂျာမနီသည် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန်သည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းဟု ဖော်ပြထားသည်။
မသင်မနေရပညာရေးစနစ်တွင် အသက်အရွယ်အလိုက် သတ်မှတ်ချက် အနေဖြင့် ပျမ်းမျှ အမေရိကန်တွင် ၁၂ နှစ်၊ တရုတ်တွင် ၉ နှစ်၊ ရုရှားတွင် ၁၀ နှစ်၊ ပြင်သစ်တွင် ၁၁ နှစ်၊ ဂျာမနီတွင် ၁၃ နှစ်၊ ဂျပန်တွင် ၁၀ နှစ်ဖြစ်သည်။
ပညာရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး

၁၉၉၉ ခုနှစ်မှာ ယူကေနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ လူသားတ ယောက် ရှင်သန်ရပ်တည်မှုအတွက် Human Capital, Social Capital, Natural Capital, Physical Capital နဲ့ Financial Capital စပြီး အရင်းအနှီး (၅) မျိုး လိုအပ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒီအရင်းအနှီးတွေ တိုးပွားလာ ဖို့အတွက် ပညာရေးဟာ ပဓာနကျပါတယ်။ ပညာရေးကြောင့် စွမ်းရည်၊ ဗဟုသုတနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာပြီး Human Capital ကို တိုးတက်စေပါတယ်။Human Capital တိုးတက်လာခြင်းဖြင့် လူ့ဘ၀ ရှင်သန်ရပ် တည်ရေးအတွက် အခြားအရင်းအနှီးများကိုပါ အကောင်းဆုံး အသုံးပြုနိုင်စွမ်း တိုးမြင့်လာစေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ ချပေးနိုင်ပါတယ်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ပညာရေးအဆင့် မြင့်မားမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ ဆက်စပ်နေပါတယ်။ သို့ပေမယ့် ပညာရေးအဆင့် မြင့်မား လာတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာလား၊ စီးပွားရေး ဖွံ့ဖြိုးလာတဲ့အတွက် ပညာရေးအဆင့် မြင့်မားလာတာ လားဆိုတာနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေက ဆွေးနွေးငြင်းခုန်နေကြဆဲပါပဲ။ Human Capital Theory ကို ကိုင်စွဲ ထားသူများကတော့ ပညာရေးဟာ ထုတ်လုပ်မှု မြင့်မားရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖန်တီးပေးနိုင်ကြောင်း၊ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ ကုန်ကျစရိတ်များတယ်ဆိုပေမယ့်၊ အကျိုးကျေးဇူးဖြစ်ထွန်းမှုတွေ အမြောက်အမြား ရှိလာနိုင်ကြောင်း ထောက်ပြရေးသားကြပါတယ်။
ကမ္ဘာတ၀ှမ်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတော်တော်များများမှာ လုပ်ခလစာနဲ့ ပညာရေးအဆင့်တွေက တိုက်ရိုက်ဆက်နွယ်မှု ရှိတယ်လို့ ပညာရှင်များက လေ့လာတွေ့ရှိထားကြပါတယ်။ အလုပ်ရှင် တော်တော်များများက ကျွမ်းကျင်မှုနဲ့ ထုတ်လုပ် မှုအဆင့်မြင့်မားရေးအတွက် လုပ်သားများရဲ့ ပညာရေး အဆင့်မြင့်မားမှုကို သွင်ပြင်လက္ခဏာတရပ် တိုင်းတာသတ်မှတ် လေ့ရှိကြပါတယ်။ နောက်တချက် ကတော့ ပညာရည်မြင့်မားမှုဟာ ဘ၀ကို စတင်တည်ဆောက်ချိန်မှာတင် အကျိုးပြု တာမဟုတ်ဘဲ၊ ဘ၀အနာဂတ် တည်ငြိမ်သာယာရေးကိုပါ ဖြစ်ထွန်းနိုင်စေပါတယ်။
လူအများက ဒီလိုဆက်စပ်မှုတွေကို လက်ခံထားကြပေမယ့် Human Capital Theory ကို ဝေဖန်ကြတဲ့ ‘Corresponde nce Theorists’ (Bowles, Gintis စသူတွေ) ကတော့ ပညာရေးကို အလုပ်ရှင်တွေ တန်ဖိုးထားတာက cognitive skills တွေကြောင့် မဟုတ်ဘဲ၊ ပညာရေးအဆင့်ကွဲပြားမှုပေါ်မူတည်ပြီး အလုပ်တာဝန်ခွဲမှုဆိုင်ရာ occupational hierarchy ကို သတ်မှတ်နိုင်တဲ့ non-cognitive traits တွေကြောင့်လို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ပညာရေးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ social hierarchies ပုံသဏ္ဌာန်သစ်တွေ ထပ်မံတည်ဆောက်လိုက်တာဖြစ်တယ်လို့ သူတို့က ယူဆပါတယ်။ ‘screening’ theoristsဖြစ်တဲ့ Wiles, Whitehead စသူတွေကတော့ ပညာရေးဟာ ရွေးချယ်မှုဖြစ်စဉ်လို့ သုံးသပ်ကြပါတယ်။ ကျောင်းသင်ပညာရေးဟာ ဉာဏ်ပညာမြင့်မားသူတွေကို ရွေးချယ်ပြီး၊ စွမ်းရည် မြင့်မားလာအောင် ရွေးချယ်လေ့ကျင့်ပေးခြင်းလို့ ယူဆကြပါတယ်။
အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ..

လာမယ့် ၂၅ ရက်နေ့ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်း အခြေခံပညာကျောင်းတွေမှာ
ကျောင်းအပ်နှံရပါတော့မယ်။ အစိုးရဘက်ကလည်း အခြေခံပညာကျောင်းတွေမှာ
ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေမှ ကောက်ခံခြင်းမပြုလုပ်ရန်
ညွှန်ကြားချက်များထုတ်ပြန် တားမြစ်သံတွေ ကြားနေရပါပြီ။
ကျောင်းအပ်နှံရာမှာ မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ်၊
အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ
သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမှာ ဖြစ်ပြီး
မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေ ထုတ်နေပါပြီ။
သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့်
ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ
မကောက်ဖို့၊ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ
ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ။
အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေးသာ ကောက်ရမယ်လို့ ဆိုပါတယ်။ မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာ ဖြစ်ပါတယ်။ ဒါကလွဲရင် ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ်။
စစ်ပွဲတစ်ပွဲအပြီး ယမ်းခိုးဝေတဲ့ ခန်းဆီးနောက်ကွယ်မှာ အိပ်မောကျမိသော်
ဒီဝတ္ထုတိုလေးကို ကြည့်မယ်ဆိုရ့င် ကျနော်တို့ တပ်မတော်သားညီအကိုတွေရဲ့ ရင်ထဲမှာ ဘယ်လိုဆန္ဒ ရှိမယ်ဆိုတာကို စာဖတ်သူ မိဘပြည်သူများ ခန့်မှန်းမိမယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် စစ်သားဆိုတာက အမိန့်ဆိုတဲ့ အောက်မှာ လှုပ်ရှားနေရလေတော့ ကျနော်တို့ ညီအကိုများရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာက စစ်မှန်တဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ မိဘပြည်သူများဆိုတာပါပဲ။ ဒီလိုပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ သမ္မတကြီးရဲ့ အမိန့်ကိုနာခံပြီး လက်အောက်က သားသမီးသဖွယ်ဖြစ်တဲ့ စစ်သည်များရဲ့ ခံစားချက်တွေကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးပြီး ယမ်းငွေ့တွေဝေတာတွေ ရပ်တန့်ခဲ့မယ်ဆိုရင် .... မာန်မာနတွေလျှော့ချပြီး မင်းကြောင့်ငါ့ကြောင့်ဆိုတာတွေ မပြောတော့ရင်....။ ကျနော်တို့ ညီအကိုတွေမှာ ဘယ်လိုခံစားချက်တွေပဲရှိနေပါစေ ညီအကိုတွေကို မှီတည်နေတဲ့ မိဘ ဆွေမျိုးသားချင်းများနဲ့ ခေတ်စနစ်ကြီးရဲ့ အနေအထားအရ မှားခဲ့တာတွေကို မိဘပြည်သူတွေက ခွဲခြားသိမြင်နားလည်ခွင့်လွှတ်နိုင်ကြမယ်ဆိုရင် ကျနော်ပင်ပန်းရကျိုးနပ်ပါပြီ။
မနေ့က ညနေခင်းတောင် ကျနော် ဒီနေရာကို လမ်းလျှောက်ဖြစ်ခဲ့တယ်...။ ဒီလယ်ကသင်းပေါ်မှာတောင် ကျနော်မတ်တပ်ရပ်ပြီး နေဝင်ချိန်
ဆည်းဆာကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သေးတယ် ...။ အခုတော့...
အတွေးမဆုံးခင်."
ဝုန်း" ဘေးနားက မြေကြီးဖွာထွက်သွားတယ်..နားတွေလည်း အူပြီး မျက်လုံးထဲကို
သဲတွေ ဝင်လာလို့ အမြန်မှိတ်လိုက်ရတယ်..။လခွီး..၄၀ မမ
င်္ဗုးသီးပြုတ်ကျတာဟ...။ချက်ချင်းပဲ ဘယ်ဘက်ကို ၃ ပတ်လောက် လှိမ့်ပြီး
ခမ်းလှမ်းလှမ်းမှာ ရှိနေ
တဲ့ ရေဗွက်ထဲကို ဆင်းလိုက်တယ်..။ပြီးတာနဲ့
ရှေ့ကို သေနတ်ပြောင်းလှည့်မိတယ်..။
ဘာဖြစ်တာလဲ..သူကစပစ်တာလား..ကိုယ်ကစပစ်တာလားတောင် မသိလိုက်ဘူး..။သေနတ်သံတွေ
ဆူညံပြီး တဝီဝီနဲ့ ကျည်ဆံတွေ ဖြတ်လာတယ်...ရုပ်ရှင်တွေထဲကလို တော့
တကယ့်စစ်မြေပြင်မှာ သေနတ်ခါးပိုက် ရင်ကော့ပြီး ပစ်တာတော့
မတွေ့ဖူးဘူး..။ကျည်ဆံဖြတ်လာသံ တွေ အတွဲလိုက်ဆွဲတဲ့ ရိုင်ဖယ်သံကြားတာနဲ့
အကာအကွယ်ရှိတဲံ့နေရာကို ဒိုင်ဗင်ထိုးဝပ်လိုက်တာပဲ..။
ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားတုန်းကတောင် ၁ -နေရာယူ ကနေ စခဲ့တာပဲလေ.ကျနော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်။
Sunday, May 13, 2012
ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း အပေါ်ပေးထားသော စာဖတ်သူတို့ရဲ့ တပ်မတော်သားများအပေါ် မှတ်ချက်များ
အောက်ပါကော်မန့်များကို
ကြည့်မယ်ဆိုရင် ပြည်သူလူထုဟာ တပ်မတော်သားတွေအပေါ်မှာ စာနာနားလည်မှုနဲ့
ဂရုဏာဒေါသောနဲ့ ပြောမိတာတွေလို့ မိမိအနေနဲ့ သုံးသပ်မိပါတယ်။ ယခုလိုသာ
တပ်မတော်သားတွေကလည်း ပြည်သူ့ခံစားချက်ကို စာနာနားလည်မယ် ပြည်သူလူထုကလည်း
တပ်မတော်သားတွေအပေါ်မှာ ခုလိုစာနာနားလည်ပေးပြီး ဝေဖန်အကြံပြုကြမယ်ဆိုရင်
တချိန်က ပြည်သူချစ်သော တပ်မတော်ကြီးပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ ယခုလည်း
စာနာနားလည်ကြပေမယ့် တဖက်နဲ့တဖက် အထင်အမြင်လွဲမှားမှုတွေရှိနေလို့သာ
ယနေ့ပြဿနာများ ဖြစ်ပျက်နေတယ်လို့ မြင်မိပါတယ်။ ခုလိုစာနာနားလည်သလို
တဖက်ကနေလည်း တပ်မတော်သားတွေရဲ့ အမိန့် တာဝန် ကျင့်ဝတ် စတာတွေကိုပါ
နားလည်ကြမယ်ဆိုရင် သမိုင်းတကွေ့က တပ်မတော်ဟာ ပြည်သူကိုစော်ကားမိခဲ့တာဟာ
တပ်မတော်သားတွေရဲ့ လွန်ဆန်လို့မရတဲ့ ဘဝတွေကြောင့်ဆိုတာကို
စာနာနားလည်သဘောပေါက်ရင်း ခွင့်လွှတ်ပေးကြပြီး ယခင်အဖြစ်အပျက်များကို
စံနမူထားပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြမယ်ဆိုရင် ကျနော်
ပင်ပန်းရကျိုးနပ်ပါတယ်ခင်ဗျာ။
အရမ်းမှန်ပါတယ် အစ်ကို.. ကျွန်တော်တို့လို စစ်သားရဲ့ သားသမီးတွေတော်တော်များများဟာ
အစ်ကိုပြောသလို ခံစားခဲ့ရတယ်.. ကျွန်တော်ငယ်ငယ်က အမေ နေမကောင်းလို့
အမေ့ကိုယ်စား Fatigue လိုက်ခဲ့ရတယ်.. ကျွန်တော်ညီမ ၁၆ နှစ် အရွယ်က
စစ်သင်တန်း မတက်မနေရ တက်ခဲ့ရတယ်..
ကျွန်တော်ကတော့ တပ်ထဲမှာ မနေလို့ မတက်လိုက်ရဘူး..စီးပွားရေး အဆင်မပြေတဲ့
ကြားထဲ စစ်သားမိန်းမတွေဟာ ပိုက်ဆံရမယ့် အလုပ် လုပ်လို့မရဘူး.. fatigue
ဘဲလုပ်နေရတယ်.. တစ်ပတ်မှာ ၃ ရက်လုပ်ရတယ်..ဘ၀က တော်တော်ကိုဆိုးခဲ့ပါတယ်..
အခုတော့ fatigue ရှိ မရှိ မသိတော့ဘူး.
မရှိပါစေနဲ့လို့ဘဲ ဆုတောင်းပါတယ်..
ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း
သတင်းတစ်ပုဒ်မှာ စစ်တပ်က
ရွာတစ်ရွာမှာ ရေတွင်း၊ ရေကန်တွေကို ဖော်ပေး၊
သန့်ရှင်းရေးလုပ်ပေးတဲ့အကြောင်း ဖတ်လိုက်ရတယ်။ တခြား ဖတ်မိတဲ့
သတင်းဖတ်သူတချို့က ဒီသတင်းကြောင့် ဝမ်းသာကြတယ်..၊ ချီးကျူးကြတယ်။
မှန်ပါတယ်..။ အရင်လို နယ်တွေမှာ လူထုကို ဗိုလ်ကျတာထက်စာရင် ဒီလို
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ပေးရင် ဝမ်းမြောက်၊ ဝမ်းသာနဲ့ သာဓုခေါ်ရမယ့်
ကိစ္စပါ။ ဒါပေမယ့် အခြေခံကျကျ စဉ်းစာရမှာက ဒီလိုလုပ်ပေးတာဟာ
တကယ်ကိုယ်ထိလက်ရောက် လုပ်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်၊ အကြပ်၊
တပ်သားလေးတွေရဲ့ ကိုယ်ပိုင်တကယ့် ဆန္ဒအရ လုပ်ကိုင်ပေးခြင်းသာဖြစ်ရမယ်ဆိုတဲ့
အပိုင်းပါ။ စစ်တိုင်းမှုး ဗိုလ်ချုပ်က အမိန့်နဲ့ခိုင်းလို့သာ လုပ်ရရင်
ဒါတွေဟာ အဓမ္မအလုပ်စေခိုင်းမှုမှာ အကျူံးဝင်တယ်။ နိုင်ငံတကာက လက်နက်ကိုင်
အဖွဲ့အစည်းတွေမှာလည်း မိမိနိုင်ငံ (သို့) အခြားနိုင်ငံတစ်ခုခုမှာ
သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင် ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက် ပြုပြင်ရေး၊
လုံခြုံရေး စတာတွေမှာ ပါဝင်လုပ်အားပေး ကူညီတဲ့ ဓလေ့ရှိကြတယ်။ ဒါပေမယ့် ဒါဟာ
အရေးပေါ်အခြေအနေတွေအတွက် သက်သက်သာဖြစ်တဲ့အပြင် တစ်ဦးချင်းအနေနဲ့လည်း
မိမိတာဝန်၊ ဝတ္တရားပြင်ပက အပိုအလုပ်တွေကို ငြင်းချင်ရင် ငြင်းပိုင်ခွင့်
အပြည့်ရှိတယ်။
Photo: Burmese Army, southasia.oneworld.net
နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊ မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။

Photo: Burmese Army, southasia.oneworld.net
နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊ မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။
ပြည်ထောင်အချင်းချင်းချုပ်ဆိုထားတဲ့ နိုင်ငံတကာ စာချုပ်တစ်ရပ် ( Dr Lian H. Sakhong)
၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးရဲ့ အားနည်းချက်တွေကို မဆန်းစစ်ခင်မှာ
ဘာဖြစ်လို့ ပင်လုံစာချုပ်လက်မှတ်ထိုးဖို့ လိုအပ်သလဲံဆိုတာကို
နည်းနည်းလေးပြန်ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “၁၉၄၇
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပင်လုံစာချုပ်” ကို ခွဲခြားပြီး
သီးခြားစီကြည့်လို့ မရပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလို ဆက်စပ်နေပါတယ်။
ဒါကြောင့် ဒီနှစ်ခုကို ခွဲခြားပြီး ကြည့်ရင် အဓိပ္ပါယ်မပြည့်စုံနိုင်ဘူး။
နှစ်ခုစလုံးကို ပေါင်းစပ်ပြီး ကြည့်ရှုမှသာ အဓိပါယ်ဖော်နိုင်ပါတယ်။
အားလုံးသိထားတဲ့အတိုင်း
ပင်လုံစာချုပ်ဟာ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များနှင့် ထိုစဉ်က
Interim Burmese Government ရဲ့ Chief Minister ဗိုလ်ချုပ်အောင်ဆန်းတို့
လက်မှတ်ရေးထိုးခဲပတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါကို လေးလေးနက်နက်
ထပ်မံဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များနဲ့
ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ဘယ်လိုနိုင်ငံရေးအာဏာနျင့် Legitimacy
ကိုကိုင်စွဲပြီး လက်မှတ်ရေးထိုးနိုင်ခဲ့သလဲ။ သူတို့လက်မှတ်ရေး
ထိုငခွင့်အာဏာ legitimacy က ဘာလဲ။ ဒါကို သေသေချာချာ ဆန်းစစ်ဖို့
လိုအပ်ပါတယ်။ ဒါကို သေသေချာချာ မဆန်းစစ်ရင် ပင်လုံစာချုပ်ဟာ သာမန်လူတစ်စု
စုစည်းပြီး သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ သာမန်စာချုပ်၊ အဓိပါယ်မရှိတဲ့
စာချုပ်ဖြစ်သွားပါမယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ သမိုင်းကြောင်းအရရော၊
နိုင်ငံရေးအရရော အလွန်အဓိပ္ပါယ်ပြည့်ဝတဲ့ စာချုပ်တစ်ရပ်ဖြစ်ပါတယ်။

အမှန်စင်စစ်ပင်လုံစာချုပ်ဟာ
သာမန်လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်ပါဘူး။
ပြည်ထောင်အချင်းချင်းချုပ်ဆိုထားတဲ့ နိုင်ငံတကာ စာချုပ်တစ်ရပ်နဲ့
အသွင်တူပါတယ်။ သို့သော် နိုင်ငံတကာ စာချုပ်နဲ့ ကွဲပြားသွားတဲ့အချက်က
အဲဒီစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း ပြည်ထောင်(၄)ခုဟာ “ပြည်ထောင်စု”
တစ်ခုထဲမှာ ပူးပေါင်းနေထိုင်သွားခဲ့ကြတဲ့အတွက်
နိုင်ငံတကာစာချုပ်အဖြစ်နဲ့တော့ ကျနော်တို့ သတ်မှတ်လို့ မရဘူး။
ပြည်ထောင်လေးခု ပူးပေါင်းပြီးမှ “ပြည်ထောင်စု” တစ်ခုထဲကို အတူတကွ
ထူထောင်သွားခဲ့ကြတဲ့အတွက် ပင်လုံစာချုပ်ဟာ နိုင်ငံတကာစာချုပ်အဖြစ်မှ
ပြည်တွင်းရေးရာ စာချုပ်အဖြစ်ကို လျှော့ကျသွားခဲ့တယ်။
ဒီလိုကျနော်ပြောရခြင်းဟာ “ပင်လုံစာချုပ်” ရဲ့ လေးနက်မှုကို ပုံဖော်ချင်လို့
ဖြစ်ပါတယ်။
တောမီးငြိမ်းမှာကြောက်သော တောကြောင်များ ( မောင်မောင်ဝမ်း )

နယ်စပ်
တည်ငြိမ်ပြီး မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ
စိုးရိမ်ကြောက်ရွံ့တဲ့ အထဲမှာ ထိုင်းက ထိပ်ဆုံးက ရှိတယ် နယ်စပ်တည်ငြိမ်ရင်
ထိုင်းဘက်မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေဟာ
မြန်မာပြည်ဘက်ရွေ့လာမယ်..( ထိုင်းနယ်စပ်မှာ ထိုင်းအမျိုးသားပိုင်ဆိုင်တဲ့ စက်ရုံအလုပ်ရုံဆို
တာ တော်တော်ရှားပါတယ် တခြားနိုင်ငံသားတွေ လာရောက်ရင်းနှီးမြုတ်နှံကြတာများတယ် )
အလုပ်သမားတွေ အကုန်နီးပါးလောက်က မြန်မာနိုင်ငံသားတွေချည်းပဲ....မြန်မာနိုင်ငံဘက်မှာ
လာရောက်ရင်းနှီးမြုတ်နှံခြင်းဖြင့်...ကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် လုပ်ငန်းရှင်တွေအဖို့ အများ
ကြီး သက်သာသွားမယ်...( ဒါကို ထိုင်း အစိုးရ အကြီးအကျယ်တုန်လှုတ်တယ် ) နောက်တခါ
ဒုက္ခသည်ကို အကြောင်းပြုပြီး အမြတ်ထုတ်လို့ရနေတာ..တနှစ် တနှစ် ဒေါ်လာ သန်းပေါင်းများ
စွာရတယ်...။ဒါတွေ ဆုံးရှုံးမှာကို စိုးတယ်..။ ထိုင်းနယ်စပ် မြို့ကြီးတွေဟာ..မြန်မာဘက်ကို
အလုပ်သမားက အစ..တော်တော်များများမှီခိုနေရတယ်...
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာရဲ့ လိုအပ်ချက်တချို့

ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ
(http://www.president-office.gov.mm/ ) ကို လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှ
စတင် စမ်းသပ် ဖော်ပြခဲ့ပါတယ်။ ထို အင်တာနက်စာမျက်နှာတွင်
(သတင်းရေးသားနေချိန် တွေ့ရှိချက်အရ) သတင်းလေးပုဒ်၊ မိန့်ခွန်း နှစ်ခု၊
ဓါတ်ပုံသတင်းအချို့နဲ့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ အစိုးရမူဝါဒဆိုင်ရာ
သီချင်းဗီဒီယိုတပုဒ် ဖော်ပြထားတာကို တွေ့ရပါတယ်။
သတင်းများအဖြစ် မေ ၉ ရက်နေ့က ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့
ဦးသိန်းစိန်တို့ တွေ့ဆုံခြင်း သတင်းနဲ့ မေ ၁၁ ရက်နေ့က နိုင်ငံတော်
သမ္မတရုံးတွင် ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခြင်း သတင်းများကို
ဖော်ပြထားပါတယ်။ ဓါတ်ပုံကဏ္ဍမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပတဲ့ အာစီယံ
အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့စဉ်က ဓါတ်ပုံများ အပါအ၀င်
ဓါတ်ပုံ အတော်များများကို ဖော်ပြထားပါတယ်။
သတင်းကဏ္ဍတွင် သတိထားမိတဲ့အချက်တခုက ရက်စွဲ ဖော်ပြတဲ့နေရာမှာ ၂၀၁၂၊ မေလ ၁၁
ရက် - ၂၀၁၂၊ မေ ၁၁ ရက် - နဲ့ မေ (၉) လို့ သတင်း သုံးပုဒ်မှာ ရက်စွဲပုံစံ ၃
မျိုးနဲ့ ရေးထားပါတယ်။ သာမာန်အားဖြင့် ထိုသို့ ကွဲပြားနေခြင်းဟာ
အရေးမကြီးဘူးလို့ ထင်ရပါတယ်။ သို့သော်လည်း ထိုသို့ ကွဲပြားနေခြင်းဟာ စနစ်
(သို့) အလုပ်တခုကို မူဝါဒ၊ သဘောတရား၊ ပုံစံတခုနဲ့ စနစ်တကျ
မလုပ်ကိုင်ခြင်းဆိုတဲ့ သဘောကိုလည်း သက်ရောက်စေတတ်တာမို့ ပုံစံတခုထဲနဲ့
တသမတ်ထဲ ဖော်ပြနိုင်ရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။
ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်
ဖနိဒါ(မဇ္စျိမ)
ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁၀ ရက်နေ့အထိ အစိုးရဘက်မှ
မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော အပစ်အခတ် ရပ်စဲရေး
သဘောတူညီမှုများကို
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို
မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပကာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အား အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိစ္စကို အလေးထားဆွေးနွေး၍ ယင်းသို့ ဆုံးဖြတ်ခဲ့သည်။
ရှေ့တန်းတပ်ရင်းမှာ တပ်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးမှုရှိ
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ တွီဗန်ကျေးရွာ အခြေစိုက် ရှေ့တန်းတပ်ရင်း ခလရ (၂၆၆) မှာ မေလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က တပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ရဲဘော်(၂) ဦးက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အရာရှိတဦး၊ ဒုတပ်ကြပ်တဦးနဲ့ ရဲဘော် (၂) ဦး စုစုပေါင်း (၄) ဦး သေဆုံးခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
ရေပြဿနာ ကူညီ ဝိုင်း၍ လှူစေလိုပါသည်
မုံရွာ-ကလေးဝ လမ်း၊မိုင်(၃၁)မိုင်ရှိ ပေါက်အင်းတောကျေးရွာတွင် သောက်ရေ ပြန်လပ်မှု ဖြစ်ပွားနေရာသို့ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)
မြေသား အစိုဓါတ်ကျန်နေသော ရွံ့သားပြင်၏ အလယ်ကို တူး၍ ဘေးပတ်လည်သားမှ စိမ့်ထွက်လာသော လ္ဘက်ရည်အရောင်ရှိ ဤရေကို မက်မက်မောမော ခံယူ၍ သောက်သုံးနေရပါသည်။ ကူညီရန်သွားသည့် ကျောင်းသားများပင် သောက်ကြည့်ခဲ့ပါသည်။
သို့ပါ၍ ဆက်လက်ဆောင်ရွက်ရန်ရှိသော စက်ရေတွင်း (ပေ၆၀၀ခန့်ဟုပြောသည်) တူးဖော်ရေး မဖြစ်မြောက်သေးခင် ကာလ အကြား ဘောက်ဆာကားဖြင့် ရေအလှူကို ကြီုးပမ်းနေပါသည်။
စာနာတရားကြီးမားသော လူကြီးမင်းတို့ နှလုံးသားထဲကနေ မိမိတို့ထဲက တဖဲ့တရွက် နည်းများမဆို ပါဝင်ချင်ရင် ဆက်သွယ်လိုက်ပါလို့ ရေအကျိုးဆယ်ပါး အတွက် နိုးဆော်လိုက်ရပါသည်။
လေးစားစွာဖြင့်-
သတင်းနှင့်ပြန်ကြားရေး ကော်မတီ ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်)
ဆက်သွယ်ရန် -
၀၉ - ၄၉၂ ၈၀ ၁၁၅
၀၉- ၇၃ ၅၀၂၀ ၄၉
တွံတေးမြို့နယ်တွင် တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး.
ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌
ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်
အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ်
ဆောင်ပေးလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။
ပျော်ဘွယ်ကလေးရွာရှိ
ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး
ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ စစ်တပ်များမှ
တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။
“ကျွန်တော်တို့
ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊
လူအင်အား၊ ငွေအင်အား မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး
လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။” ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ
ဦးညီညီလွင်က ပြောသည်။
အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့်
ရေပြတ်လတ်မှုဖြစ်ပေါ်နေစဉ် စည်ပင်သာယာမှ သောက်သုံးရေအတွက် တစ်ရက်လျှင် ဂါလံ(၈၀၀)ကား(၇)စီး ဖြင့် ရေပေးဝေလျက်ရှိကြောင်းသိရသည်။
Subscribe to:
Posts (Atom)