Sunday, February 5, 2012
လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ
ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန် ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုး တစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်း အရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့ အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စေ တွပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်( ၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာ စတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ် ။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုး ကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြော ပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စ ကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေြး ကတယ်။ဒါတွေအားလုံးကိုကျွန်တော်တို့ရဲ့ပြည် သူတွေကိုလုံးဝချမပြပါဘူး သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး၊ကျွန်တော်တို့အတတ်ပညာရှင် တွေကိုတောင်အသိပေးဆွေးနွေးခြင်း မပြုခဲ့ပါဘူး
ငါသိတယ် ငါတတ်တယ်၊ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်
မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ် ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်
ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။ မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာ မေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာ ပါ။စာချုပ်စည်းကမ်းတွေကတော့အရင် စာချုပ်ထဲက
အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိ န်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံ ကိန်းမှာစိုက်ထုတ်
ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်း အရပြောင်းသွားတာဘဲကွာပါတယ်။
ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ် တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆို ပြီးမလှိမ့်တစ်
ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ြ ပည်သူတွေမသိရင်တောင်မှတာဝန်သိ ဝန်
ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆို တာသိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံ ကိန်းကြီးတစ်ခုလုံးပါ၊မြစ်ဆုံေ လးတစ်ခု
တင်မဟုတ်ပါဘူး၊ချီဖွေကိုလုပ်ရင် လည်းလူမှုရေးရော၊သဘာဝပတ်ဝန်းကျင် ရောထိခိုက်
ပျက်စီးမှာဘဲ၊အဲဒီနယ်ကလူမျိုးေ တွရောသယံဇာတတွေရောအကုန် တရုပ်ကသိမ်းမှာဘဲ
ထွက်လာမယ့်လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါးဦးထွန်းမြင့်နိုင်၊ ဦးဇော်
မင်းနဲ့ဒုသမ္မတ၁တို့မိသားစုကော် မရှင်ရကောင်းစားရေးအတွက်ကချင်လူ မျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင် မယ်။သမ္မတကြီးကိုပြောပေးပါဒီကိစ္စ ပွင့်
လင်းစွာပြည်သူကိုချပြပေးစေလိုပါ တယ်။ကျွန်တော်တို့အတတ်ပညာရှင်ေ တွကိုကြေ
ညက်စွာဆွေးနွေးခွင့်ပြုပါ။ကိုယ် ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင် ရာအုပ်ချုပ်သူအဆင့်
ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်ေ အာင်လေ့ကျင့်ပျိုးထောင်
ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံ အပ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment