Showing posts with label မိန့်ခွန်းများ. Show all posts
Showing posts with label မိန့်ခွန်းများ. Show all posts

Sunday, July 15, 2012

စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း,,,,


ရဲဘော်တို့........ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

Friday, May 11, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်ဆိုင်ရာ မိန့်ခွန်းများ ကောက်နုတ်ချက်


ဗိုလ်ချုပ်အောင်ဆန်းနှင့် စစ်ဘက်ခေါင်းဆောင်အချို့အား ပြည်သူနှင့်အတူ တွေ့ရပုံ
တပ်မတော်ဟာ ဘယ်သူ့အတွက်လဲ
လူ့ဘောင်သစ်ပါတီရုံး အနော်ရထာလမ်းတွင် ၁၀-၇-၈၉ နေ့က ပြောကြားခဲ့သည်။
အယ်ဒီတာအဖွဲ့ တင်ပြချက်။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးနေဝင်းဓါတ်ပုံအား ရုံးဌာနများတွင် ဆက်လက်ကိုးကွယ်ကာ တင်နေသည်ကို သဘာဝမကျကြောင်း မိန့်ခွန်းတစ်ခုတွင် ပြောကြားလိုက်ပါသည်။ စောင့်ကြည့်လေ့လာနေသည့် ထိုစဉ်က တရားမဝင် အာဏာသိမ်းလိုက်သော ဗိုလ်ချူပ်မှူးကြီးသန်းရွှေသည် ၁၉၉၂ ခုနှစ် ကာလပိုင်းတွင် တပ်မတော်နှင့် ရုံးဌာနများအတွင်း ဦးနေဝင်းဓါတ်ပုံသာမက ဗိုလ်ချူပ်အောင်ဆန်းဓါတ်ပုံကိုပါ အားလုံးဖြုတ်ခိုင်းခဲ့ကြောင်း သိမှီလိုက်သူ အရာရှိများက တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မဆလပါတီ ညီလာခံတစ်ခုတွင် ဦးနေဝင်းအား တပ်မတော်ဖခင်ဟု လက်အောက်အရာရှိများက အမွှန်းတင်လိုက်သဖြင့် လိပ်ပြာမသန့်သော ဦးနေဝင်းအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းကို ဖခင်အစစ်အဖြစ် တန်ဖိုးထား သတ်မှတ်ရမှာဖြစ်ပြီး သူ့ကို တပ်မတော်ရဲ့ မွေးစားဖခင်လို့ ခေါ်နိုင်ကြောင်းကို ထုတ်ဖေါ် ပြောကြားခဲ့ဖူးပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ဖခင် စတင်တည်ထောင်ခဲ့သည့် တပ်မတော်အပေါ် သံယောဇဉ်ကြီးမားသလို တပ်မတော်ဖခင် တစ်ဦးတည်းသာရှိကြောင်း အောက်ပါမိန့်ခွန်းတွင် ဟောပြောသွားခဲ့ပါသည်။

Tuesday, May 8, 2012

မိခင်ဘာသာစကား သင်ကြားရေးဆိုင်ရာ မူဝါဒစာတမ်း (ပညာရေးသုတေသန)

ကလေး၏ မွေးရာပါ စွမ်းပကား (ဘာသာစကား) ကို အရင်းအမြစ်တစ်ခုအနေဖြင့် အသုံးပြု၍ သင်ရိုးညွှန်းတမ်း ရေးဆွဲ ပြုစုရာတွင်ထည့်သွင်း စဉ်းစားရန်လိုအပ်မည်ဟု ယူဆပါသည်။
POSITION PAPER ON TEACHING MOTHER TONGUES IN Myanmar/Burma
Nai Rot Gakao (Education NMSP)
နိုင်ရော့ဂကောင်း
မွန်ပညာရေးဌာန (မွန်ပြည်သစ်ပါတီ)
ကျေးဇူးတင်လွှာ
အခြေခံပညာ ကျောင်းများတွင် ကလေးများ၏ မိခင်ဘာသာစကားများကို သင်ကြားခွင့် ရရှိစေခြင်းငှာ ဤအကြံပြုစာတမ်းကို အရင်းအမြစ် နည်းပါးသည့် ကြားမှာပင် ကြိုးစား၍ ရေးသား တင်ပြထားပါသည်။ ဤစာတမ်း ဖြစ်မြောက် အောင်မြင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ အားပေးခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များကို ကျွန်ုပ်အနေဖြင့် ကျေးဇူးဥပကာရ တင်ရှိပါသည်။ ပထမဦးစွာဖော်ပြရလျှင် စာရေးခြင်း အလေ့အကျင့် လွန်စွာနည်းပါးခဲ့သော ကျွန်ုပ်အား ပညာရေးသုတေသနပညာကို စိတ်ရှည်လက်ရှည် သင်ကြားပို့ချပေးခဲ့၍ စာရေးသားခြင်းကို အားပေးခဲ့သော ဆရာဦးသိန်းနိုင် NHEC ကို အထူး ကျေးဇူးတင်ပါသည်။

Monday, December 12, 2011

၁၉၄၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်မိန့်ခွန်းမှ

ယခုဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့မှာ ဘာမှထူးထူးခြားခြင်း မရှိဘူး။ဂျပန်ခေတ် တခေတ်လုံးကလည်း စစ်ဝန် ကြီးဆိုပြီး ကျွန်တော့မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိခဲ့ဘူး။ ခုခေတ်ရောက်ပြန်တော့ ဒါတွေ ကို ဝတ်နေရတာဘဲ၊ ယခုဝတ်နေတဲ့ ဘောင်းဘီနှင့်အင်္ကျီတောင် ယခုဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခုဝန်ကြီးအဖြစ်နှင့် လခဘယ် လောက် ယူမယ်ဆိုတာ ဖ၊ဆ၊ပ၊လ က မဆုံးဖြတ်သေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံ လောက်က ပိုမှာမဟုတ်ဘူး။ ပိုက်ဆံမရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက်များ တက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တင်ထိုင်နေရတာနဲ့တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး၊ မျက်စေ့မှိတ်ပီး စွန့် ယူရတာဘဲ။

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ဂုဏ်ကို၊ ဝန်ကြီးဆိုတဲ့ဂုဏ်ထက် ကျုပ်ပိုမက်တယ် ဆိုတာ ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ၊ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ခြေဖျား မှာ ကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။ အတိုချုပ်ရမယ်ဆိုရင် ကျုပ်ဘယ်လိုလူလဲ၊ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖေါ်လုပ်ဖက်တွေကို ချောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရဲ့ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ်ခေါင်းဆောင်တွေရော၊ တခြား ဖ၊ဆ၊ပ၊လ ပြင်ဘက်က ခေါင်းဆောင်တွေရော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ် နောက်ဆုံးစကားဆိုလိုက်တယ်။

၁၉၄၇ ခုနှစ် မတ်လ ၂၁ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်ချက်မှ
ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမှ မလုပ်နိုင်ရင် ကျွန်တော်တို့ ဗမာပြည်ကလူတွေဟာ နစ်နာမယ်။ တောင်သူလယ်သမားတွေဟာ၊ ဗမာပြည်မှာ လူများစုဖြစ်တယ်၊ လွတ်လပ်ရေးရတဲ့အခါမှာ၊ ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ပါလာမယ်၊ တောင်သူလယ်သမားလူများစုရဲ့ အခွင့်အရေးမပါတဲ့ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူး။

စစ်သား မှ စစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ

“… တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့ အကျိုးနဲ့ ကိုယ့်နိုင်ငံဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာဘဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းဘဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့အပေါ်မှာလဲ တည်တယ်။ ဥပမာ- မတရားတဲ့ အကြီးအမှူးတယောက်က ဝတ္တရားနဲ့မဆိုင်တဲ့၊ နိုင်ငံနဲ့လူမျိုး အကျိုးနဲ့မပတ်သက်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊တရား မတရား၊ နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိ မရှိ ကြည့်ရမယ်။ အဲ့သလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာမရှင်းရင်၊ သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ၊ တခြားအကြီး အမှူးတယောက်ယောက် ဖြစ်ဖြစ် သွားမေးရမယ်၊ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်းမှန်တယ်၊ မှားတယ် သိနိုင်မယ်။"

စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ်အောင်ဆန်း၏ မိန့်ခွန်းမှ…

   “… ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲ။ ဗမာနိုင်ငံနဲ့ ဗမာလူမျိုးကို ကာကွယ်ဘို့ဘဲ။ ဗမာလူမျိုး ဆိုတာဟာလဲ ဗမာလိုသိတဲ့ ဗမာတွေသာမဟုတ်ဘူး၊ ဗမာတနိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်၊ ဒါကြောင့် ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက် ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့အမျိုးကို တကယ်ကာကွယ်ဖို့ဘဲ၊ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရ နားလည်ပြီး ကိုယ့်တာဝန်ကိုကိုယ် ကျေပွန်အောင်လုပ်ကြရမယ်၊ ဒီတပ်မတော်ဟာ ဒီနိုင်ငံ ဒီလူမျိုးအတွက် ဒီလူမျိုး တွေရဲ့ ကိုးကွယ်ရာ လဲလျှောင်းရာ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်၊ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကိုတည်ထောင်ထားတဲ့ ရည်ရွယ် ချက်ဟာ အလကားဘဲဖြစ်မယ်။

ဗမာ့လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်တေဇ၏ အမိန့်


            ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ အလျှဉ်းစွက်ဖက်လိမ့်မည် မဟုတ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်များနှင့်တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ ဝင်စွက်ဖက်ခြင်း အလျှဉ်းမရှိစေရ။ ပါဝင်စွက်ဖက်သော တပ်သားနှင့်တပ်ဗိုလ်အား ကြပ်တည်းစွာ အပြစ် ပေးလိမ့်မည် ဖြစ်ကြောင်း။ ငါတို့သည် ဗမာပြည်၏လွတ်လပ်ရေးကိုရှေ့ရှု၍၊ ဗမာပြည်၏ညီညွတ်ရေးကိုသာ အဓိက ထားရမည်။
            ဗမာပြည်၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဂျပန်စစ်ဗိုလ်ချုပ်က ယခုအခါ ဗမာခေါင်းဆောင်များ အဖွဲ့ဖွဲ့ပြီဖြစ်၍ အုပ်ချုပ်ရေးနှင့် ပတ်သက်သောကိစ္စများအတွက် ငါတို့တာဝန် အလျဉ်းမရှိတော့ပြီ။ အုပ်ချုပ်ရေးအာဏာများကို တစုံတယောက်က ငါတို့တပ်မတော်ထံ လာရောက်တောင်းဆိုလာလျှင် ဆိုင်ရာအုပ်ချုပ်ရေးနှင့်ပတ်သက်သော အဖွဲ့ သို့သာ ညွှန်ကြားရမည်။ ငါတို့တပ်မတော်က အာဏာပေးအပ်ခြင်း မရှိစေရ။
                                                                                    (ပုံ) ဗိုလ်တေဇ
                                                အထက်မြန်မာပြည်ချီတက်တိုက်ခိုက်ရေး တပ်မတော်မှုးချုပ်
                                                                                    ခေတ္တ- မေမြို့
                                                                        ၁၃၀၄-ယုန်-ဆုတ်(၈)ရက်(၅-၆-၄၂)
(ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ကြောင်းများ/ သုတေသန ရဲဘော်စာအုပ်/စာမျက်နှာ-၃၂၇)

၁၉၈၈ သြဂုတ်လ ၂၆ ရက်၊ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သောမိန့်ခွန်းမှ

“… ကျမ မှန်မှန်ဘဲ ပြောပါရစေ။ ကျမဟာ တပ်မတော်အပေါ်မှာ အင်မတန်သံယောဇဉ်ကြီးပါတယ်။ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လဲဖြစ်တယ်။ ကျမတို့ဆိုတာလဲ ငယ်ငယ်ကတည်းက ရဲဘော်တွေ လက်ထဲမှာ ကြီးလာတာပါ၊ ပြည်သူလူထုကြီးကလဲ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတယ်ဆိုတာ ကျမသိပါတယ်။ ဒီမေတ္တာ တွေအတွက်လဲ ကျမ အင်မတန်ကျေးဇူးတင်ပါတယ်။ ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတဲ့ လူထုကြီးထဲမှာ ပဋိပက္ခ မဖြစ်စေချင်ပါဘူး။ တပ်မတော်သားတွေကိုလဲ ကျမ ဒီကနေဘဲ မေတ္တာရပ်ခံပါရစေ။ လူထုအားကိုးနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ ပြည်သူလူထုကလဲ ဖြစ်ပြီးခဲ့တဲ့ဟာတွေကို ကြိုးစားခွင့်လွှတ်ပြီးတော့ တပ်မတော်အပေါ်မှာ မေတ္တာမပျက်ပါစေနဲ့လို့ တောင်းပန်ပါရစေ။ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်လက်သွားမှသာ တည်တန့် ခိုင်မြဲတဲ့ ပြည်ထောင်စုပန်းတိုင်ကြီးကို ရောက်နိုင်မှာပါ။…”
(၁၉၈၈ သြဂုတ်လ ၂၆ ရက်၊ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သောမိန့်ခွန်းမှ…)

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအချို့

(ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်ဘက်သို့ စည်းရုံးရေး ထွက်စဉ် ဒေသခံလူထုနှင့် အာဏာပိုင်များ ထိပ်တိုက် ဖြစ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပါတ်သက်၍ ၃၁-၁၂-၂၀၀၂ တွင် ရန်ကုန်မြို့၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုပြန်လည်ပြောကြားချက်မှ)
            “… ဝန်ကြီးပြောတာကို ကျမတို့အဖြေကတော့၊ ပြည်သူတွေဟာ တပ်မတော်နဲ့ လက်တွဲရမယ်၊ အဖျက် သမားတွေနဲ့ လက်မတွဲရဘူးဆိုတာမှာ၊ ကျမတို့က နိုင်ငံ့အကျိုးအတွက်ဆိုရင် တပ်မတော်နဲ့ဘဲဖြစ်ဖြစ် ဘယ်သူနဲ့ဘဲ ဖြစ်ဖြစ် လက်တွဲဘို့ဝန်မလေးပါဘူး။ ကျမတို့ နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့တို့၊ တပ်မတော်တို့နဲ့ အဆင်ပြေဖို့ ကြိုးစားနေတာတွေ ပျက်အောင်လုပ်နေတဲ့လူတွေသာ တကယ့်အဖျက်သမားတွေ ဖြစ်ပါတယ်။ ဒီလူတွေဟာ ရင်ကြား စေ့ရေးကို ပိတ်ဆို့ခြင်းနဲ့ ဒီနိုင်ငံကို ဖျက်ဆီးမှာပါ။…"

Ads 468x60px

Featured Posts