တပ်မတော်နဲ့ပတ်သက်ပြီး ခေတ်အလိုက် မျိုးဆက်အလိုက် တဦးချင်းအလိုက် အကန့်လေးတွေ ပိုင်းခြားပြီး မြင်စေချင်ပါတယ်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Saturday, February 9, 2013
ပစ်မှတ်ကို ထိအောင်ပစ်ပါ
တပ်မတော်နဲ့ပတ်သက်ပြီး ခေတ်အလိုက် မျိုးဆက်အလိုက် တဦးချင်းအလိုက် အကန့်လေးတွေ ပိုင်းခြားပြီး မြင်စေချင်ပါတယ်။
Tuesday, November 27, 2012
နိုးထပါတော့ ယာမာမိုတို...
ဒုတိယကာကွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ်
အောင်သော်နဲ့ Reuters သတင်းဌာနအင်တာဗျူးနဲ့ ပတ်သက်ပြီးကောက်နှုတ်ချက်
သတင်းဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။
ဗိုလ်မှူးချုပ် အောင်သော်ကိုရေတပ်အသိုင်းအဝိုင်းက ‘ယာမာမိုတို’ လို့ခေါ်ကြတယ်။ ဂျပန်ရေတပ်မတော် ဗိုလ်ချုပ်ကြီးတဦးရဲ့ နာမည်နဲ့ တင်စားခေါ်ဝေါ်တယ်လို့ အကြမ်းဖျင်းသိထားပေမဲ့ သူ့ရုပ်သွင်၊ ဟန်ပန် အမူအယာသို့တည်းမဟုတ် သူ့ဝသီစရိုက်ကြောင့်ခုလိုခေါ်ကြတာလားဆိုတာတော့ ကျနော် သေသေချာချာ မဝေခွဲတတ်ပါ။ သူနဲ့အတူတာဝန်ထမ်းဆောင်ဖူးတဲ့ သူငယ်ချင်းတချို့ ပြောတာကတော့ စစ်စည်းကမ်း အင်မတန်တင်းကျပ်သူလို့ သိရပါတယ်။

ဗိုလ်မှူးချုပ် အောင်သော်ကိုရေတပ်အသိုင်းအဝိုင်းက ‘ယာမာမိုတို’ လို့ခေါ်ကြတယ်။ ဂျပန်ရေတပ်မတော် ဗိုလ်ချုပ်ကြီးတဦးရဲ့ နာမည်နဲ့ တင်စားခေါ်ဝေါ်တယ်လို့ အကြမ်းဖျင်းသိထားပေမဲ့ သူ့ရုပ်သွင်၊ ဟန်ပန် အမူအယာသို့တည်းမဟုတ် သူ့ဝသီစရိုက်ကြောင့်ခုလိုခေါ်ကြတာလားဆိုတာတော့ ကျနော် သေသေချာချာ မဝေခွဲတတ်ပါ။ သူနဲ့အတူတာဝန်ထမ်းဆောင်ဖူးတဲ့ သူငယ်ချင်းတချို့ ပြောတာကတော့ စစ်စည်းကမ်း အင်မတန်တင်းကျပ်သူလို့ သိရပါတယ်။
Friday, November 23, 2012
အကြောက်တရား ဟူသည် ဟိုခုန်သည်ကူး ရှိတတ်၏။
by Lwin Aung Soe on Friday, November 23, 2012 at 10:18am ·
အကြောက်တရား ဟူသည် ဟိုခုန်သည်ကူး ရှိတတ်၏။
တကယ်တော့ “အကြောက်တရား” မှာ ခြေထောက်မပါလို့ မျောက်လို ဟိုခုန်သည်ကူး လုပ်လို့တော့ မရပါ။ လူရဲ့ မွေးရာပါ သဘာဝ အရည်အသွေးမှာ “အကြောက်တရား” ဆိုတာ မရှိဘဲ လိုချင်ရင် မကြောက်မရွံ့ ယူတတ်တဲ့ သဘာဝပဲ ရှိပါတယ်။ ဒါကြောင့် “အကြောက်တရား” ဟာ လူ့ကိုယ်ပိုင် မဟုတ်။ ပြင်ပက ဝင်လာတဲ့ ပယောဂသာ ဖြစ်ပါတယ်။ ကိုယ်က လက်မခံရင် ဝင်လာလို့ မရပါဘူး။ ကြောက်တတ်သူတွေအတွက်ဆိုရင်တော့ ဧည့်နိုင်ငံသားလို့ ဆိုရမလားပဲ။
Monday, November 19, 2012
ပန်သူမဲ့ ပန်းတပွင့်
(၁)
နှစ်ကာလအတန်ကြာ နေ့တဓူဝမြင်တွေ့နေရပေမဲ့ မျက်စိပသာဒမရိုးနိုင်သော တောတောင်သဘာဝ ရှုခင်းအလှ ကို ငေးမောကြည့်ရှုရင်း ကတ္တရာလမ်းအိုလေးအတိုင်း လျှောက်လာခိုက် တစုံတယောက်နှင့် ဝင်တိုက်မိတော့ မလို ဖြစ်သွားရသည်-
‘ဟ ဟ.. သြော်.. ညီလေး….. ဘယ်တုန်းက ပြန်ရောက်လဲ’
‘ဒီမနက်ပဲ အကိုရေ’
“ဒါနဲ့.. ညီလေး ဒီတခေါက် အလုပ်ပင်ပန်းတယ်နဲ့တူတယ်.. လူတော်တော် ပိန်ကျသွားသလိုပဲ…”
“အကိုရယ် ဒီခန္ဓာကဘယ်တုန်းကမှ သိသိသာသာ မဝပါဘူး..”
Saturday, September 22, 2012
တပ်မတော်က ဘာကိုကာကွယ်ဖို့ တာဝန်ရှိသလဲ
“တပ်မတော်ဟာ
တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီမိုကရေစီကို
ကာကွယ်ဖို့မဟုတ်၊ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံသော
မပြောင်းမလဲတည်မြဲနိုင်သော စနစ်မဟုတ်ပါ။” လို့ပြောဆိုကြတာတွေ ရှိပါတယ်။
တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင် ချက်ချင်းတုံ့ပြန် ဖြေဆို လာနိုင်တာက “တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ပဲဖြစ်တယ်” ဆိုတဲ့အဖြေဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်မှုမရှိပါ။ အကြောင်းက အင်မတန်ယေဘူယျဆန်ပြီး အဓိပ္ပါယ်ထွေပြားလွန်းတယ်လို့ ယူဆစရာရှိပါတယ်။ ဒီလို ထွေပြားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အောက်မှာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပါ့မယ် ဆိုတဲ့ တပ်မတော်ဟာ ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ သဲကြီးမဲကြီး တိုက်ခိုက်နေရပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းမှုကာလက သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်ကြားပြီး “ဗမာ့လွတ်လပ်ရေးတပ်မတော်” ဖွဲ့စည်းခဲ့တာဟာ ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့ ရည်သန်ပြီးဖွဲ့ခဲ့တာပါ။ တိုင်းတပါးသား အင်္ဂလိပ်တွေကိုမုန်းလို့ မဟုတ်ပါဘူး။ အင်္ဂလိပ်တွေကသာ မြန်မာပြည်ကို အင်္ဂလန်လိုသဘောထားအုပ်ချုပ်ခဲ့မယ်ဆိုရင် သူတို့ကိုတိုက်ခိုက် မောင်းထုတ်ပစ်ဖို့ စိတ်ကူး ခဲ့မှာမဟုတ်ပါ။ ဂျပန်တွေကိုလည်း ဒီအတိုင်းပါပဲ။ သူတို့ကြွေးကြော်ထားတဲ့ “အာရှတိုက်သာတူညီမျှရေးမူ” အတိုင်း အင်္ဂလိပ်လက်ထဲက လွတ်လပ်ရေးအရယူဖို့ ကူညီခဲ့ရုံသက် သက်သာဆိုရင် မြန်မာပြည်သားများက ကိုရွှေဂျပန်တွေကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရမှာပါ။ တိုင်းတပါးသားရဲ့ စေတနာဆိုတာ အကန့်အသတ်တွေ ကြားထဲကပဲ လာနိုင်ပါတယ်။
တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင် ချက်ချင်းတုံ့ပြန် ဖြေဆို လာနိုင်တာက “တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ပဲဖြစ်တယ်” ဆိုတဲ့အဖြေဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်မှုမရှိပါ။ အကြောင်းက အင်မတန်ယေဘူယျဆန်ပြီး အဓိပ္ပါယ်ထွေပြားလွန်းတယ်လို့ ယူဆစရာရှိပါတယ်။ ဒီလို ထွေပြားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အောက်မှာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပါ့မယ် ဆိုတဲ့ တပ်မတော်ဟာ ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ သဲကြီးမဲကြီး တိုက်ခိုက်နေရပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းမှုကာလက သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်ကြားပြီး “ဗမာ့လွတ်လပ်ရေးတပ်မတော်” ဖွဲ့စည်းခဲ့တာဟာ ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့ ရည်သန်ပြီးဖွဲ့ခဲ့တာပါ။ တိုင်းတပါးသား အင်္ဂလိပ်တွေကိုမုန်းလို့ မဟုတ်ပါဘူး။ အင်္ဂလိပ်တွေကသာ မြန်မာပြည်ကို အင်္ဂလန်လိုသဘောထားအုပ်ချုပ်ခဲ့မယ်ဆိုရင် သူတို့ကိုတိုက်ခိုက် မောင်းထုတ်ပစ်ဖို့ စိတ်ကူး ခဲ့မှာမဟုတ်ပါ။ ဂျပန်တွေကိုလည်း ဒီအတိုင်းပါပဲ။ သူတို့ကြွေးကြော်ထားတဲ့ “အာရှတိုက်သာတူညီမျှရေးမူ” အတိုင်း အင်္ဂလိပ်လက်ထဲက လွတ်လပ်ရေးအရယူဖို့ ကူညီခဲ့ရုံသက် သက်သာဆိုရင် မြန်မာပြည်သားများက ကိုရွှေဂျပန်တွေကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရမှာပါ။ တိုင်းတပါးသားရဲ့ စေတနာဆိုတာ အကန့်အသတ်တွေ ကြားထဲကပဲ လာနိုင်ပါတယ်။
Friday, August 17, 2012
တဒင်္ဂ သူ့ရုပ်လွှာ
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းနဲ့ ကျနော် တွေ့ဆုံခဲ့ဖူးချိန်ဟာ တကယ့်ကို တဒင်္ဂလေးမှ တခဏတာ အခိုက်အတန့် ကာလလေးတခုပါ။
၂၀၀၅ ခုနှစ် မေ (၂၂) ရက်နေ့မှာ အမှတ်(၃)ဗျူဟာစစ်ရေယာဉ်စု (ရဗစ-၃) ကို အရာရှိ/စစ်သသည်အင်အား ၄၄၀ (အရာရှိ-၄၀၊ အခြားအဆင့်-၄၀၀)နဲ့ ကျောက်ဖြူမြို့အနီးမှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။ ရဗစ(၃) ဖွဲ့စည်းပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ဦးစီးအရာရှိချုပ်(ရေ)ရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်(ဓရခ) ခရီးစဉ် ပေါ်ပေါက်လာပါတယ်။
Friday, August 10, 2012
လိုက်တမ်း ပြေးတမ်း ဝင်္ကပါ
ဖေ့စ်ဘွတ်စာမျက်နှာ တခုပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတပုံကိုမြင်တွေ့လိုက်ရတာ ကျနော့်အတွက် အတိတ်က အရိပ်ဆိုးတွေကြားထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ်။
တပ်ပြေးစစ်သည်လေးတွေ ပြန်ဖမ်းမိလာတဲ့ပုံကို ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ရန်ကုန်မြို့ထဲ သွားရင်းလာရင်း အမှတ်မထင်တွေ့လိုက်ရတာနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပြီး သူ့ wall ပြန်တင်ပေးလိုက်တာပါ။ သူကိုယ်တိုင်တောင်မှ ဒီမြင်ကွင်းကို ပထမဆုံး မြင်ဖူးတွေ့ဖူးတာဖြစ်ပြီး ဘာရယ်လို့ အဓိပ္ပါယ်ကောက်ယူရမှန်း မသိနိုင်အောင် ဖြစ်ရပါ တယ်လို့ ဆိုထားပါတယ်။
Sunday, July 29, 2012
ဒီမိုကရေစီတပ်မတော်တရပ်ဖြစ်ဖို့ တပ်မတော်ကဘယ်လိုပြုမူနေထိုင်သင့်သလဲ
ကျနော်တို့ ယနေ့အချိန်အခါမှာ ပြန်ကြည့်ရင်
ပြည်တွင်းနိုင်ငံရေးမှာ ပွင့်လင်းမြင်သာလာတာတွေ ရှိသလို၊ လွယ်မရောင်နဲ့ခက် တိမ်မရောင်နဲ့နက်ပြီး
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နှစ်ဖက်နှစ်လမ်းအနေ အထားတွေကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။
ဘယ်လိုနှစ်ဖက်နှစ်လမ်းလဲ။ သမ္မတဦးဆောင်တဲ့ ငြိမ်းချမ်းရေး အ ဖွဲ့ရဲ့ တဖက်က ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ကြိုးပမ်းမှုနဲ့အတူ၊ တဖက်မှာလဲ အပြီးသတ်တိုက်ပွဲနဲ့ ငြိမ်းချမ်း ရေးလုပ်လေမလားလို့ထင်မှတ်ရအောင်
တိုက်ပွဲတွေ ဆင်နွှဲနေသေးတဲ့ တပ်မတော်တို့ရဲ့ အခြေအနေပါပဲ။ မယုံ ကြည်မှုတွေနဲ့ တပ်မတော်ဟာ
ယနေ့အချိန်အထိ တိုင်းရင်းသားတွေအပေါ်မှာ မြင်နေသေးတာဟာ ကိုယ့်နိုင်ငံ သားကို မယုံကြည်သလိုပါပဲ။
တဖက်ကနေ ဘယ်လိုပြန်တူနေသလဲဆိုရင်တော့ သားသမီးက မိဘကို မယုံ ကြည်သလိုပါပဲ။
Friday, July 27, 2012
ဖောင်တိန်အမှတ်(၁၀၁)
လွန်လေပြီးသော ၁၅ နှစ်ကျော်ခန့်က….။
ဆောင်းအကုန်နွေအကူး တပေါင်းလရာသီဦး နေ့တနေ့မှာ ကျနော်တို့တတွေ ပြင်ဦးလွင်ကို ရောက်ခဲ့ကြတယ်။ မန်းလေးကနေ မနက် ၉ နာရီသာသာလောက် စထွက်လာခဲ့ကြတာ ၁၁ နာရီ စွန်းစွန်းလောက်မှာ.. ပြင်ဦးလွင် မြို့မှာ ကျနော်တို့သင်တန်းတက်ရမယ့် လေ့ကျင့်ရေးသင်တန်းကျောင်းဝင်းထဲက ချယ်ရီပင်ရိပ်အောက်မှာ ဒိုင်နာကားလေး ရပ်တန့်သွားတော့...
Sunday, July 15, 2012
ပြည်သူပါဝင်မှ အောင်မြင်မယ့် ''မ'' သုံးလုံး ပညာရေး
“မ”သုံးလုံး ပညာရေးဆိုတာ “မ” သင် “မ” နေရ “မူ” လတန်း
ပညာရေးပါ၊ နိုင်ငံတော်ရဲ့ အမျိုးသား ပညာရေး ရည်မှန်းချက် ပါ။
ကျောင်းအပ်နှံရေး သီတင်းပတ် လှုပ်ရှားမှု ပြီးသွားပါပြီ။ သတင်းစာနဲ့
မီဒီယာမျိုးစုံမှာ ကျောင်းအပ်နှံတဲ့ သတင်းတွေ အပြည့်ပါ။
ထို့အတူ
ကျောင်းနေအရွယ်ကလေးတွေ (အသက် ၅ နှစ် ပြည့်ပြီးသူ) ကျောင်းကို လာပြီး
စအပ်တဲ့ နှုန်းဟာလည်း အားရစရာပါ၊ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ ဒီအလုပ်ဟာ “စ”
(ကျောင်းအပ်နှံခြင်း)၊ “လယ်” (ကျောင်းတက်မှန်၍ ကျောင်းမြဲနှုန်း
မြင့်မားခြင်း)၊ “အဆုံး” (စာတတ်မြောက်ပြီး လူသားရဲ့ အခြေခံ စွမ်းရည်များ
ပိုင်ဆိုင်အောင် လေ့ကျင့်မွေးထုတ်ခြင်း) အောင်မြင် အောင် လုပ်ရမယ့်
အလုပ်ပါ။
ကျောင်းအပ်တာဟာ မသုံးလုံး ပညာရေးရဲ့ ပထမခြေလှမ်းသာ ဖြစ်ပါတယ်။
ကျောင်းသား တစ်နှစ်လုံး ကျောင်းမြဲပြီး သင်တန်းပြီးဖို့ လိုပါတယ်။
အဲဒီကိစ္စဟာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ငန်းလို့သာ ကျွန်တော်တို့ ယူဆခဲ့ကြပါတယ်။
သူတို့နဲ့တင် ပြီးမည့် လုပ်ငန်း မဟုတ်ပါ။ ပညာရေး ၀န်ကြီးဌာန တစ်ခုတည်း
အနေဖြင့်လည်း စွမ်းဆောင်နိုင်ခြင်း မရှိပါ။ ပြည်သူအားလုံး ပါဝင်ပါမှ
အောင်မြင်မည့် အမျိုးသားရေး လုပ်ငန်းပါ။
နှစ်စဉ် ကျောင်းအပ်ရာသီမှာ ကျောင်းနေအရွယ် ကလေးတွေ ကျောင်း
လာအပ်ပေမယ့် (၂၀၁၁-၁၂ ပညာသင်နှစ်မှာ သူငယ်တန်းကို ၉၈.၄၇ ရာခိုင်နှုန်း
လာအပ်ခဲ့ပါသည်) အကြောင်းအမျိုးမျိုးကြောင့် စာသင်နှစ်မကုန်မီ
ကျောင်းထွက်ရတဲ့ ကလေးတွ အတော်များပါတယ်။ ပညာရေ ယိုပေါက် (ပညာရေး အဟောသိကံ)
လို့ ခေါ်ပါတယ်။ မိဘတွေ စီးပွားရေး မပြေလည်လို့ တစ်ဖက် တစ်လမ်းက ၀င်ငွေ
ရှာရတာမို့၊ ကောက်ရိတ်သိမ်းချိန်မို့၊ မိဘကူရတာတို့၊ အိမ်မှာ
ကလေးဝိုင်းထိန်းမယ့်သူ မရှိတာတို့.... စတဲ့ အခက်အခဲတွေကြောင့် ကလေးတွေ
ပညာသင်နှစ်ဆုံးအောင် မတက်နိုင်ဘဲ ကျောင်းထွက်ခဲ့ကြရပါတယ်။ ဒီပညာရေး
အဟောသိကံဖြစ်စဉ် အမြစ်တွယ်နေတာ နှစ်တွေ ကြာခဲ့ပါပြီ။ မိဘပြည်သူများ
သတိမထားမိကြပါ။
Sunday, July 1, 2012
ဆွေကြီး မျိုးကြီး
ဘဝမှာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကာလတွေကို တသက်တာမေ့ပျောက်မရနိုင်ပဲ အမှတ်တရ ဖြစ်နေတတ်တာ လူ့သဘာဝပဲ ဖြစ်ပါလိမ့်မယ်။
၁၉၉၈ မှာ ကျနော်နဲ့ဘဝတူ သူငယ်ချင်းတို့ နယ်တပ်ကနေ ရန်ကုန်မြို့ ဗိုလ်တထောင် လင်းစဒေါင်းလမ်းဆုံ အနီးမှာရှိတဲ့ စစ်မင်းသားတပ်ကို အပြောင်းအရွှေ့ပါလာ ခဲ့တယ်။ စစ်မင်းသားလို့ တင်စားလိုက်ရတာက ဝတ်ဆင်ရတဲ့ ယူနီဖောင်းကို အားနာမိလို့ပါ။ စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရသူတောင် အဲဒီတပ်က စစ်သည် လောက် ယူနီဖောင်း တောက်ပြောင်မှု မရှိနိုင်ပါဘူး။
Saturday, June 30, 2012
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။
နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ
မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ )
ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။
ဗမာနိုင်ငံ၊မြန်မာလူမျိုး
တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)၊ အခန်း ၇၊ စာမျက်နှာ (၂၁၃-၂၁၇)တွင် ယခုကဲ့သို့ဖေါ်ပြထားပါသည်။
တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး
လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသောစကား၊
“ဗမာ”ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍
တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ဖြင့် သိသာထင်ရှားပေသည်။
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။
Sunday, June 24, 2012
စိတ်နာနာနဲ့ ချစ်နေမိတယ်
ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကြီးပြင်းလာရာ
ဇာတိမြေဟာ ဘယ်လောက်ပဲ စိတ်ပျက် စရာတွေနဲ့ ပြည့်နှက်နေပါစေ မုန်းလို့မရတာတော့ အသေအချာပါပဲ။
ကျနော်တို့မှာလဲ ဒီလိုခံစားချက်လေးတွေ ရှိနေခဲ့ကြတာပေါ့။ ကျနော်တို့မွေးဖွားခဲ့တဲ့
နိုင်ငံမှာ ပြည်တွင်းစစ်တွေရှိတယ်။ ကြီးနိုင်ငယ်ညှင်း မတရားမှုတွေ ရှိတယ်။ ပိုင်ရာဆိုင်ရာဆိုတဲ့
အခြေအနေတွေ ထွန်းကားတယ်။ မြို့ကြီးတမြို့ကို လပိုင်းလေးအတွင်းမှာ နိုင်ငံတ ကာအဆင့်မှီအောင်လုပ်နိုင်ပေမယ့်
ယနေ့တိုင် မတိုးတက်နိုင်သေးတဲ့၊ လျစ်လျူရှုထားခြင်းခံရတဲ့ ရွာလေးတွေ၊ မြို့လေးတွေကလည်း
မရေမတွက်နိုင်အောင် များပြားတယ်။ ဘယ်လိုအကောင်းဆုံးဆိုတာတွေကိုမှ ရွေးသုံးနေ ကြတဲ့
လူတစုသော အသိုင်းအဝန်းလေးရှိနေသလို အရှက်မဲ့ရုံနဲ့ အသက်မသေရုံအတွက် ရုန်းကန် လှုပ်ရှားနေ
ကြရတဲ့ အသိုင်းအဝိုင်းကြီးလည်း ရှင်သန်နေတယ်။ ဒါပေမယ့် ကျနော်တို့ ကျနော်တို့နိုင်ငံကို
ချစ်ပါတယ်။
Friday, June 8, 2012
ထိတွေ့ပါများ နားလည်မှုရ
ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုတွေ ဒီထက်ပိုပြီး ဆိုးဝါးလာလေမလားဆိုတဲ့အတွေး လေ့လာ အကဲခတ်နေသူတိုင်း ရင်ထဲမှာ ရှိနေမယ်လို့ထင်မိပါတယ်။
“အမှိုက်ကစ ပြဿဒ်မီးလောင်” စကားရှိတဲ့အတိုင်း မပြောပလောက်တဲ့ ဖြစ်ရပ်လေးတွေကနေ မထင်မှတ် လောက်အောင် ကြီးကျယ်အကျိုးသက်ရောက်တဲ့ ပြဿနာကြီးတွေအဖြစ် ကူးပြောင်းသွားတတ်လို့ပါ။ ဒီလို ပြဿနာကြီးမားသွားရတဲ့ အကြောင်းရင်းတွေထဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းနည်း မမှန်ကန်မှုတွေပါသလို ပြဿနာမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေ အဖွဲ့အစည်းတွေရဲ့ စိတ်ခံစားချက်နဲ့ ဆင်ခြင်တုံတရားကလည်း အရေးပါလှပါတယ်။
Sunday, June 3, 2012
မတရားမှုကို ရဲရဲဝံ့ဝံ့တိုင်ကြားပါ
ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အပြောင်းအလဲဖြစ်စဉ်တွေနဲ့အတူ ပွင့်လင်းမြင်သာမှုတွေကိုလည်း ဖော်ဆောင် နေတဲ့ကာလဖြစ်တာနဲ့အညီ ပြည်သူလူထုအနေနဲ့ မတရားမှုတွေကို ရဲရဲတင်းတင်း ဖော်ထုတ်တိုင်ကြားကြဖို့ လိုအပ်နေပါပြီ။
အရင်တုန်းက ပုံစံအတိုင်း အကြောက်တရားလက်ကိုင်ထားပြီး မပြောရဲမဆိုရဲ မတိုင်ရဲမကြားရဲ ဖြစ်နေရင်ဖြင့် မိမိတို့ရဲ့ အခွင့်အရေးနဲ့အကျိုးစီးပွား နစ်နာဆုံးရှုံးစေရုံသာမက အာဏာနဲ့လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်နေ သူတွေရဲ့ မတရားမှုလုပ်ရပ်တွေကိုလည်း ပိုပြီး အတင့်ရဲလာစေပါတယ်။ လက်ရှိအခြေအနေမှာ တိုင်ကြားဖို့ အခွင့်အရေးတွေ တိုးတက်ရရှိနေတာ တွေ့မြင်ရပါတယ်။
Friday, June 1, 2012
ကြားဖြတ်ဝန်ထမ်း ဇာတ်သိမ်းခန်း ရောက်သင့်ပြီ
ကြားဖြတ်အစိုးရ ဆိုတာတွေ၊ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာတွေကတော့ မရှိမဖြစ်
ရှိသင့်တာပေါ့။ လိုအပ်ချက်အရ ပေါ်ပေါက်လာရတာမျိုးလေ။ ဒါပေမယ့်
ကြားဖြတ်ဝန်ထမ်း ဆိုတာတော့ မရှိသင့်တော့ဘူး။ သူတို့ကို အခွင့်အရေးပေးခဲ့တာ
နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပြီဆိုတာ နည်းမှတ်လို့ဗျာ။

အမှန်တကယ်ဝေသော်မွှေး ကြွေသော်မွှေးရဲ့လား
ကျနော့်ဦးဏှောက်ထဲ မှတ်မှတ်ရရလေးစွဲမြဲနေသည့်
ငယ်စဉ်တချိန်က ကြည့်ဖူးသည့်ဇာတ်ကားလေးနဲ့ အဲဒီဇာတ်ကားလေးထဲက စကားလုံးတချို့ကြောင့်
စစ်သားဖြစ်ရမှာကို ပိုမိုလိုလားမိခဲ့ဖူးသည့်ဇာတ်ကားလေး ကို ယခုပြန်စဉ်းစားကြည့်မိသည်။
ယင်းဇာတ်ကားလေးကား အခြားမဟုတ် ဝေလည်းမွှေး ကြွေလည်းမွှေး ဆို သည့်ဇာတ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင်
လူဆိုသည်မှာ သေမျိုးပင်ဖြစ်သည်။ အကြောင်းအမျိုးမျိုး ကြောင့်သေရမည်ဆိုရာဝယ် သစ်ပင်အောက်ထိုင်ရင်းလည်း
သစ်ကိုင်းကျိုးကျသေနိုင်သည်၊ အိမ်ထဲထိုင်နေရင်း လဲ ကားတိုက်သေနိုင်သည် သည်တော့ သေမှာခြင်းအတူတူ
တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ရင်းသေရတဲ့ စစ်သားဘဝက မွန်မြတ်သည် ဆိုသည့် အကယ်ဒမီကျော်ဟိန်းပြောတဲ့စကားလေးတခွန်းသည်
ယနေ့တိုင်စွဲမြဲ နေမိသည်။ သို့သော်ကား သို့သော်ကား….. ယနေ့ ကျနော်တို့ ရှိနေကြတဲ့ တပ်မတော်သားတွေ
ဝေနေကြပါ လျှက် အမှန်တကယ်မွှေးကြရဲ့လား….. တိုက်ပွဲမှာကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်များကော
ကြွေပြီးပါလျက် အမှန်တကယ်မွှေးခဲ့ပါသလား ဆိုသည်ကို ပြန်လည်သုံးသပ်ကြရတော့မည်ဖြစ်သည်။
Saturday, May 26, 2012
နှစ်ခါပြန် ချစ်ခဲ့မိသူ
(၁)
“ကျနော်က တပ်မတော်ကို နှစ်ကြိမ်နှစ်ခါ ချစ်ခဲ့တဲ့ ကောင်.. အကိုရ”
“၁၉၈၈ သူများတကာတွေ ဒို့အရေး..ဒို့အရေး.. လုပ်နေချိန်၊ ကျနော်က ထူးထူးခြားခြား မင်္ဂလာဒုံ အမှတ်(၁) စစ်သားစုဆောင်းရေးဌာနချုပ်မှာ ရောက်နေတယ်။ ဇူလိုင်လထဲမှာ ကျနော်ရောက်တာဆိုတော့ ရှစ်လေးလုံး လူထုဆန္ဒပြပွဲတွေ မစသေးခင်ပေါ့ အကို။ နောက်သုံးလလောက်နေတော့ ရမည်းသင်း လေ့ကျင့်ရေး(၃)မှာ ကျနော် စစ်သင်တန်းတက်ရတယ်။ အဲဒီတုန်းက စစ်သင်တန်းကာလ ၆ လ ၈ ရက် ကြာခဲ့တယ်။
သင်တန်းဆင်းတော့ မိတ္ထီလာမှာရှိတဲ့ တပ်မ(၉၉) လက်အောက်ခံ ဖိုးကချင်တပ်ရင်းမှာ တာဝန်ကျတယ်။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး သန်းအောင် ပါ။
Thursday, May 17, 2012
ရေမြင့်ပေမဲ့ ကြာမတင့် ဖြစ်ရပုံများ
၁၉၉၇ ခုနှစ်လောက်က ထင်ပါတယ်။
ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြ အခမ်းအနားကို ကျနော်တို့ ဟိုင်းကြီးကျွန်း ရေတပ်စခန်းဌာနချုပ် က အရာရှိ/စစ်သည်တွေ သွားရောက် အားဖြည့်ပေးခဲ့ရ ဖူးပါတယ်။
အဲဒီမှာ ဒုတိယဗိုလ်မှူးကြီး တဦးက စစ်ရေးပြ စစ်ကြောင်းမှူးလုပ်တယ်။ အဲဒီ ဒုဗိုလ်မှူးကြီးဟာ လူဟန်က ပိန်ပိန်ပါးပါး စစ်ရေးပြ အမိန့်ပေးသံ ကြည်လင်ပြတ်သားမှု ရှိသလို စစ်ဝတ်တန်ဆာ ဝတ်စားဆင်ယင်မှုကလည်း တကယ့်ကို စမတ် ကျကျ၊ သွားလာလှုပ်ရှားတဲ့နေရာမှာ ဖျတ်ဖျတ်လတ်လတ်၊ သူ့ကိုကြည့်ရတာ စစ်သား ကောင်းတဦးရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံ တဲ့ပုံမျိုး။
Monday, May 14, 2012
အဝေးလှမ်းချိန်တွင် အလှမ်းဝေးခဲ့ရသော ပညာရေး
မကြာသေးမီက ပညာရေးဆိုင်ရာ Website တစ်ခုထဲတွင် ပညာရေးဆိုင်ရာ စိတ်ဝင် စားဖွယ်ကောင်းသည့် နှိုင်းယှဉ်ချက်များကို တွေ့လိုက်ရသည်။ ထိုနှိုင်းယှဉ်ချက်မှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံများ၏ ပညာရေးဆိုင်ရာ အချက်အလက်များကို နှိုင်းယှဉ်ဖော်ပြထားသော ကြောင့် တန်ဖိုးရှိသည့် အချက်အလက်များဟု ဆိုနိုင်ပါသည်။
ပညာရေးအတွက် အသုံးစရိတ်ဆိုင်ရာ နှိုင်းယှဉ်ချက်တွင် အမေရိကန်သည် စုစုပေါင်းဘတ်ဂျက်၏ ၁၇ ဒသမ ၁ ရာခိုင်နှုန်း၊ တရုတ်သည် ၁၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရုရှားသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ် သည် ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ ဂျာမနီသည် ၉ ဒသမ ၅ ရာခိုင်နှုန်း၊ ဂျပန်သည် ၁၀ ဒသမ ၅ ရာခိုင်နှုန်းဟု ဖော်ပြထားသည်။
မသင်မနေရပညာရေးစနစ်တွင် အသက်အရွယ်အလိုက် သတ်မှတ်ချက် အနေဖြင့် ပျမ်းမျှ အမေရိကန်တွင် ၁၂ နှစ်၊ တရုတ်တွင် ၉ နှစ်၊ ရုရှားတွင် ၁၀ နှစ်၊ ပြင်သစ်တွင် ၁၁ နှစ်၊ ဂျာမနီတွင် ၁၃ နှစ်၊ ဂျပန်တွင် ၁၀ နှစ်ဖြစ်သည်။
Subscribe to:
Posts (Atom)




