Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, July 2, 2012

ညိုမောင်း စစ်သည်တော် Browny Soldier

ညိုမောင်း စစ်သား
သင်ကား
ပြည်ရဲ့အားမာန်
အန္တရာယ် ရန်စွယ်မှန်သမျှ
မြစ်ကမချန်
တွန်းလှန်ချေမှုန်း ပြည့်လက်ရုံး။
ညိုမောင်း စစ်သား
သင့်ကို
ပြည်သူကမွေးဖွား
ပြည်သူ့သားမို့
တာဝန်ဝတ္တရား
စွမ်းအားကုန်စင်
ရပ်ခွင်ပြည်ကျိုး
သယ်ပိုးထမ်းရွက် ကျေပွန်လေ။
ညိုမောင်း စစ်သား
သင့် အသားအရေ
နေလောင်မိုးထိ
မဟူရာအတိဖြစ်လည်း
ချစ်လျက် လက်ကမ်း
ပြုံးပန်းဝေဝေ
ကြိုဆိုနေမှာ ပြည်သူပါ။
ညိုမောင်း စစ်သား
သင့်အား
ချစ်၍ အားထား
ပြည်သူများအပေါ်
တရားသိစွာ
သစ္စာနွေးထွေး ခိုင်မြဲစေ...။
သင့် လက်ရုံးအား
သင့် နှလုံးသားသည်
ပြည်သူများတွက်
ပေးဆက်ထုဆစ်
ပြည်ချစ်သားကောင်း ပီသစေ။

  နေမင်းသူ

Tuesday, June 26, 2012

ကယ်သူမဲ့နေတဲ့ ပြည်ပက ရတနာလေးများ


ပျော်ရွှင်လွတ်လပ်မှုနဲ့ အနှောင့်အဖွဲ့ကင်းတဲ့ ကလေးငယ်လေးတွေ
သူတို့ပါးစပ်ဖျားက ထွက်အံကျလာတာ
မြန်မာစကား၊ တခါတခါမှာ သူတို့ရဲ့
ချစ်စဖွယ် တိုင်းရင်းသား ဘာသာစကားလေးတွေ
ဒါပေမယ့် သူတို့နိုင်ငံဘယ်မှာဆိုတာ၊
သူတို့လေးတွေရဲ့ မူရင်းဋ္ဌာန ဘယ်မှာဆိုတာ
ရောက်ကြဖို့အသာထား သိတောင်မသိကြဘဲ
တိုင်းတပါးမှာ မိဘတွေစီးပွါးရေးအရ ကြီးပြင်းလာကြတယ်။

ကိုယ့်နိုင်ငံမှာ မမွေးဖွား မကြီးပြင်းလို့
နိုင်ငံသားမဖြစ်ကြသလို
မွေးဖွားကြီးပြင်းလာရတဲ့ နိုင်ငံမှာလဲ
သူတို့ကို အသိအမှတ်မပြုကြဘူး
ဒါပေမယ့် သူတို့လေးတွေ နှုတ်ဖျားကတော့
မြန်မာနိုင်ငံသားတဲ့။

အမွေဆိုး အလွန် ....

အမှောင်ထုအောက်မှာ
ခေတ်ပျက်ကြီးကို
ဖြတ်သန်းပေးခဲ့...

အပေးအယူတွေကြားမှာ
စနစ်ပျက်ကြီးကို
လည်ပတ်စေခဲ့...

အလွဲ အလွဲ တွေကို
နားလည်မှု ဆိုတာနဲ့
ပျိးထောင်ပေးခဲ့...

Thursday, May 24, 2012

“ဆိုင်ကလုန်း နာဂစ်”



၂၀၀၈ခု၊ မေလ-(၂)ရက်-(၃)ရက်
မြန်မာနှစ်ဆို ၁၃၇၀ခုနှစ်၊
တန်းခူးလဆုတ် (၁၃)ရက်
လကွယ်နေ့နှင့်နီးကပ်နေ၍
နာဂစ်လကွယ်ငရဲမင်းကြီး ဟုလည်း ခေါ်နိုင်၊
လကွယ်မှောင်မိုက်တဲ့ ညမှစ၍
ရက်စက်စွာ တိုက်ခတ်ချေမှုန်းခဲ့လေပြီ၊
တစ်ချိန်တည်း တစ်ပြိုင်တည်း
မြန်မာသက်ပေါင်းများစွာနဲ့
တိရစ္ဆာန်တချို့၊ အသက်ပေါင်းများစွာ
နာဂစ်ငရဲမင်းကြီးရဲ့ သယ်ဆောင်ခြင်းကို ခံခဲ့ရလေပြီ၊
ဧရာဝတီ မြစ်ဝကျွန်းနှင့် ရန်ကုန်-ဒေသတချို့ ပျက်စီးခဲ့ပြီ၊
ဆိုင်းကလုန်း နာဂစ်သယ်ဆောင်မှုမှာ
ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ခုလို၊
မြန်မာ(များ)တွေရဲ့ ရင်ထဲ၊ အသည်းထဲ
စွဲမှတ်ကျန်ရစ် ခါးသီးစွာနဲ့
ဝမ်းနည်း ကြေကွဲ ပူဆွေးမှုမှာ
ကျန်ရစ်နေသူ ဒုက္ခသည်များကဲ့သို့
ကိုယ်ကိုယ်တိုင်လည်း ခံစားမိခဲ့၊
စာနာထောက်ထား၊ ပေးကမ်းသူများသို့
မြန်မာ (များ) တွေ ကိုယ်စား ကျေးဇူးတင်လျှက်၊
လူသားမှန်ရင် သက်တမ်းပြည့်၍
လူ့လောကမှ ထွက်သွားရစမြဲ
မည်သူမည်ဝါ အာဏာရှိသူ
ဥစ္စာဓန ကြွယ်ဝသူဖြစ်လည်း
ဤလောကမှ တစ်နေ့ကျရင်
ထွက်သွားရမည် အားလုံးစွန့်၍
မြန်မာ (များ) တွေ အတွက် မှတ်ယူစရာ
ဘေးဒုက္ခကြီး ပေးဆပ်မှု တစ်ခုလို၊
နာဂစ်ဆိုင်ကလုန်း လကွယ်ငရဲက
ပေးချေမှုန်းခဲ့ ခါးသီးစွာနဲ့၊
မြန်မာပြည်ဖွား လူသားအားလုံး
ခွဲခြားခြင်းကို ဘေးဖယ်ထား၍
လူသားချင်း စာနာ ဖေးမမှုကို
ရင်ထဲ၊ အသည်းထဲ စွဲမှတ်စွာထား
နားလည်မှုနှင့် သီးခံခြင်းတရား ရှေ့မှာထား၍
ရှေ့လျှောက်ကြစို့ ကျန်ခရီးသို့။

ဘိုမင်းအောင် (ရန်ကုန်)

“အသွင်မတူ ဘ၀ခရီး”


 
ပန်းခင်းလမ်းပေါ် လျှောက်သူတွေနဲ့
လမ်းခုလတ်မှာ ကြုံတွေ့ခဲ့
သူတို့ရဲ့ ဘ၀ သူတို့ရဲ့ အခါကို
အားကျမိသူ ငါဒုက္ခသည်
ငါ့လိုလူသား အိုဒုက္ခသည်
ပန်းခင်းလမ်းပေါ် လျှောက်သူတွေကို
နောက်လှည့်အားကျနေ၍ မရ
ကိုယ်လျှောက်တဲ့လမ်း ဘယ်လောက်ကြမ်းပါစေ
ကိုယ့်လမ်းကိုယ်သာ လျှောက်ရမည်၊
တခြားသူတွေရဲ့ ဥစ္စာ၊ ဓနတွေ
ချမ်းသာသူတွေရဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့
မက်မောတွယ်တာ မနေကြနဲ့၊
ပန်းခင်းလမ်းပေါ် လျှောက်လည်း
နောက်ဆုံး ရောက်လိုရာခရီး အတူတူပဲ၊
အားလုံးလူသား ငါလို မင်းလို
ဆင်းရဲချမ်းသာ အသွင်အမျိုးမျိုး
ရုန်းကန်လှုပ်ရှား ဘ၀အလှဆင်ဖို့
ကြိုးစားတိုင်းလည်း ကံကြမ္မာပေးတဲ့
ဆုံးဖြတ်ချက်ကို လူသားအားလုံး
မငြင်းဆန်ဘဲ လက်ခံရစမြဲ၊
အားလုံးလူသား အိုလူသားတို့
ချစ်ခြင်းမေတ္တာ ရှေ့မှာထား၍
လူသားချင်းစာနာ နားလည်မှုထားခြင်းဖြင့်
ဘ၀ခရီးရှေ့လျှောက်ကြစို့။

ဘိုမင်းအောင်

Friday, May 11, 2012

ငါတို့အတွက် သေစရာမြေ ငါတို့ပိုင်တဲ့ ငါတို့မြေမှာ ငါတို့ တကယ် ပျောက်ခဲ့ပြီ

ငါတို့သိပ်ချစ်တဲ့
ငါတို့လူမျိုးတွေကို
ငါတို့ကို ရက်စက်နေတဲ့
ငါတို့ လူမျိုးတွေအကြောင်း
ငါတို့မှာ ပြောပြပိုင်ခွင့် မရှိဘူးလား ။

ငါတို့ နိုင်ငံသား သန်းခြောက်ဆယ်ကို
ငါတို့လူမျိုး ခြောက်ယောက်လောက်အတွက်
ငါတို့ပေးတဲ့ လစားတွေနဲ့
ငါတို့ပြည်သားတွေကို ရက်စက်နေတာ
ငါတို့လူမျိုး အဏာရှင်တွေကို
ငါတို့တတွေ ဒီလောက်လေးတောင်
ငါတို့မှာ ပြောပြပိုင်ခွင့် အခွင့်အရေး
ငါတို့တတွေမှာ မရှိဘူးလား။

Thursday, May 10, 2012

စစ်တက္ကသိုလ် (၅၀) အတွက် အမှတ်တရ ကဗျာရှည်

ရွှေရည်သွန်းလိုက်ပါရဲ့
ဝေကြည်ရွှန်းမြ ကျက်သရေပို
တက်နေသလို ပခုံးဝယ်
တလုံးကြယ် ထပ်ပေါ်ထွန်း
မပြတ်ဖော်ညွန်းပြလိုက်ချင်ပြီ
မြူနှယ်ကို ထွင်းပါဘိ
ဇမ္မူဝယ် လင်းသည့်ကြယ်
အဆင်းအတိကြွယ်လေတော့
အလင်းဖြန့် အင်အားသဖွယ်
(အိုကွယ်.ချစ်ညီ)..အပတ်စဉ်ငါးဆယ်…။

အခုတော့ ရှောသွားပြီ

Ko Baloi facebook စာမျက်နှာမှ -

ငါတို့ရွာရဲ့ ညအိပ့်ရာဝင်ပုံပြင်အကြောင်း
အရမ်းတအားအပြောကောင်းတဲ့ ဘကြီးအောင်
တောင်ယာထဲကအပြန် စစ်ကြောင်းနဲ့တွေ့လို့
စစ်ရင်း ဆေးရင်း စစ်ကြောရင်းနဲ့
အတွင်းဒဏ်ရာနဲ့ ဆေးရုံထက်မှာ အခုတော့....ရှောသွားပြီး။

Monday, March 12, 2012

လက်လုပ်လက်စား နိုင်ငံရေး

မနေ့က ဘာနဲ့စားပြီးခဲ့လဲ
ဒီနေ့ ဘာနဲ့ စားရမလဲ
နိုင်ငံရေးဆိုတဲ့ ဝေါဟာရထက်
အဲ့ဒါက ပိုအရေးကြီးပါတယ် . . .
ကျမ အဖို့ ဒီမိုကရေစီ ဆိုတာဘာမှန်းမသိပေမယ့်
ဟိုပါတီကြီးကပေးတဲ့ ပိုက်ဆံ ၃သောင်းကတော့
အိမ်အမိုးလေးမိုးလို့ရတယ်
အပေါင်ဆုံးလုဆဲဆဲ ထမိန်နှစ်ထည်ရွေးလို့ရတယ်
ကလေးသုံးယောက်ကို
မနက်ဖြန်နဲ့ ဒီနေ့အတွက်
ထမင်းဟင်းကောင်းကောင်းကျွေးလို့ရတယ် . . .
ဟင့်အင်း
ဟင့်အင်း
လာမပြောကြပါနဲ့မသိချင်ပါဘူး
နိုင်ငံရေးအကြောင်းသိလဲမသိဘူး
သိလဲမသိချင်ဘူး
၈၈ တုန်းက သေနတ်မှန်ပြီးသေသွားတဲ့အဖေလဲ
အခုဆို အရိုးဆွေး
၂၀၀၇ မှာ အရိုက်ခံရလို့ သွပ်ချာချာဖြစ်နေတဲ့
ယောင်္ကျားလည်း အားကိုးလို့မရ
ကျမက မုဆိုးမတပိုင်းပါ ကဗျာဆရာ
နိုင်ငံရေးအကြောင်းတွေလာမရွတ်ပြစမ်းပါနဲ့ . . .
ကျမ သိတာကတော့
သူတို့တွေအခုဆိုကျမတို့ကို ပိုပြီးချော့နေရတယ်
အရင်က ဆို ဟိန်းလားဟောက်လား
အခုဆို ချော့လားမော့လား
အဟာဟား
ဘာရယ်ညာရယ်တော့မသိ
အကျီနဲ့ထမီတွေလည်းပေးရဲ့
သူတို့ရုံးကိုခေါ်ပြီး ပိုက်ဆံတွေလဲ ချေးရဲ့
ဘာပဲဖြစ်ဖြစ်
ကျမကတော့ ကြိုတင်မဲဆိုလား ပေးပေးပြစ်တယ် . . .
ကဲ ကဲ အ၀တ်သွားလျှော်ရဦးမယ်
အရေမရ မဖတ်မရတွေနောက်မှပြောကြစို့
လက်လုပ်လက်စားဆိုတာသိတယ်မလား
နိုင်ငံရေးကို ရင်ဘတ်ထဲမှာခံစားလို့မရဘူး
ဦးနှောက်နဲ့ပဲ ရင်နှီးထားရတာ မျိုး  ကဗျာဆရာရဲ့ . . .

မာဃလုလင်

Friday, March 2, 2012

ပေးဆပ်ခြင်းရဲ့ နှလုံးသား

ဟောင်းနွမ်းမှုအတိတ်ရဲ့ ဒဏ်ရာအလယ်မှာ
တောက်ပတဲ့ အနာဂတ်အသစ်အတွက်
ပေးဆပ်ခြင်းနဲ့ မွေ့လျော်တတ်တဲ့ နှလုံးသားတစုံဟာ
အကျဉ်းစံ အကျဉ်းခံရမှာသိနှင့်ပေမယ့်
ရလာမယ့်အကျိုးဆက်မှာ တိုင်းပြည်နဲ့ ပြည်သူအတွက်လို့ ရင်ဝယ်ပိုက်ရင်း
အသက်နဲ့ ဘဝတွေကို ပေးဆပ်ဖို့ သစ္စာပြုထားမှတော့
အကျဉ်းခံပေးဆပ်မှုဆိုတာ သာမညသာသာပေါ့
ငါကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဒီလမ်းမှာ
ငါကိုယ်တိုင်ဖောက်ရမယ့် အနာဂတ်နဲ့
ငါ့နောက်ကလွတ်မြောက်မယ့်သူတွေအတွက်
ငါဟာ ခေါင်းဆောင်တယောက်ဖြစ်နေရမယ်
ခေါင်းဆောင်ဆိုတာ သူများထက်ပိုပြီး အနစ်နာခံရမယ်
                                 ဒီအတွက် ငါမွေ့လျော်တဲ့ ပေးဆပ်မှုနဲ့ ရလာမယ့် တန်ပြန်အကျိုးကို
                                                                ငါ... ပျော်ပျော်ကြီးခံယူမယ်
                                                                                                                                         ဗိုလ်ရဲထက်

Tuesday, February 14, 2012

ဦးထုပ်နက်အတွေး

ညှိပြီးသား အလဲအထပ်နဲ့
သိပြီးသား ဖဲတချပ်ကို
ဆွဲရတော့မယ် April Fool ရယ်။

နှစ်အသစ်မှာ
ခေတ်အသစ်ကို စဖို့
သင်္ကြန်တေးတွေက
အသံပေးနေကြပေမဲ့လည်း

တန်ခူးအိပ်မက်သစ် နိုင်ငံရေးမှာ
မွှေးပိတောက်တွဲလဲနဲ့
အပြေး ဘယ်လောက်နွှဲနွှဲ
ချွေးဘယ်လောက် ရွှဲရွှဲ
အကွေး အကောက်အလွဲလွဲနဲ့
သူတို့ရဲ့ ရွေးကောက်ပွဲဟာ
စာမေးပွဲ တခုမဟုတ်လို့
၄၀ ကျော်ခဲ့မယ် ဆိုရင်တောင်
အောင်မှတ်ရမှာ မဟုတ်ဘူး။
(ကောင်းကင်ကို)

Friday, February 10, 2012

★ ~ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...... ~ ★

★ ~ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...... ~ ★
*ရေးသူ-တက္ကသိုလ်ဘုန်းကြွယ်*

အောင်ဆန်း အောင်ဆန်း
မြန်မာပြည်ရဲ့ အမှောင်ခန်းကို
အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်
ဖက်ဆစ်လက်အောက်က
လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။

အဆောင်ဆောင် ကြငှါန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့သေပုံနှမြော
ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း
သမိုင်းရာဇ၀င် ပြင်လို့မရ
လူ့လောက အလယ်မှာ
နှစ်သုံးဆယ်သာသာတာ
နေလာခဲ့ရရှာပေမယ့်
ကမ္ဘာမှာ မြန်မာရယ်လို့
တင့်တင့်တယ်တယ် ဖြစ်လာအောင်
စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊

Thursday, February 9, 2012

မေးလ်မှရရှိသော ကဗျာတပုဒ်

(၁၉၁၅ ခုနှစ် - ဖေဖော်ဝါရီ ၁၃ ရက်)
ငါဒို့ အားလုံးရဲ့ ပျော်ရွှင်မှုနဲ့
ငါဒို့ အားလုံးရဲ့ လွတ်လပ်မှု
ငါတို့ အားလုံးရဲ့ အပြုံးမျက်နှာတွေ ဖန်တီးပေးဖို့
ကြယ်ပွင့် တစ်ပွင့် ဖြစ်ပေါ်လာခဲ့တယ်………
ကြယ်တစ်ပွင့် ရဲ့ သွေး
ကြယ်တစ်ပွင့် ရဲ့ ချွေး
ကြယ်တစ်ပွင့် ရဲ့ အင်အားတွေနဲ့
ပြောပြလို့မကုန်နိုင်တဲ့ ကြိုးစားမှုတွေ………
ငါဒို့ရဲ့ နိုင်ငံကို အလင်းရောင်တွေနဲ့ တောက်ပ
ကြည်နူးမှုတွေနဲ့ ပြည့်ဝဖို့
ကြယ်တစ်ပွင့်ထက်ပိုလွန်းတဲ့ထွန်းလင်းမှုတွေ
ကိုယ်တိုင် ကိုယ်ပိုင် အရောင်ပျောက်စေတဲ့အထိ……….

Sunday, January 22, 2012

မဖြစ်နိုင်ဘူးလား ???

လုပ်ပြမယ်လေ
        ခင်ဗျားတို့ ဘေးဖယ်နေပေါ့
         ကိုယ်တိုင်လဲ အသုံးမကျ
         လုပ်ပြမယ်ဆိုတော့လဲ   လက်မခံ
         ခင်ဗျားတို့  ဘာအကြံလဲ ----???

          ဟိုး -- အရင်က
          ဓါတ်ဆီဆိုင်  ပန့်ကိုင်တဲ့အလုပ်သမား
          အခုခေတ်ဝန်ကြီးလစာ ထက်သာ
          အားလုံးသိပါတယ် -----
          ခုတော့  ပုဂ္ဂလိက ကိုပြောင်း
          ကံကြမ္မာတွေ ညောင်းတော့
          ပန့်ကိုင်ခဲ့တဲ့  အဲဒီလက်
          ခွက်ဆွဲရတော့မယ် -----

Monday, December 12, 2011

ငါမှားလား မင်းမှန်လား

သူငယ်ချင်းရေ 
ငါ့ ရဲ့ခံစားမှုတစ်စိတ်တစ်ဒေသကိုပြည်သူနဲ့မျှဝေလို့
ငါဆိုတဲ့တပ်မတော်ကိုဘေးထားပြီး နားဆင်လှည့်ပါကွာ….
သူငယ်ချင်းရေ မင်းသိတဲ့အတိုင်းပဲ ဒို့နိုင်ငံဟာ
တစ်ချိန်ကပေါ့ကွာ စိန်ရွှေရတနာဆိုတာ
ပြည်လိုက်တောင်းလိုက်ပါဆင်းရဲတယ်ဆိုပေမယ့်
မငတ်သေးဘူးခုတော့သူငယ်ချင်းရယ်
ထမင်းစားဖို့တောင်အနိုင်နိုင်ရယ်ကွယ်
အလုပ်လုပ်ဖို့ထမင်းစားကြရမယ့်အစား
ထမင်းစားဖို့အလုပ်လုပ်နေကြရတယ်

မှားယွင်းနေတဲ့ "ငါ"

မှားယွင်းမှုကအဲဒီကစခဲ့တာပဲ…
ကမ္ဘာကြီးကိုထမ်းချင်ခဲ့တာလေ
အဲဒီလိုနဲ့…
အမှောင်ယံမှာကမ္ဘာမှာ
ခြေဗလာနဲ့အတောင်ပံရှာခဲ့တယ်.

Saturday, December 10, 2011

စွန့်ခဲ့တယ်

ချစ်ပေမယ့်လည်း
မြတ်နိုးပေမယ့်လည်း
လွမ်းပေမယ့်လည်း
ငါစွန့်ခဲ့တယ်…

ဘာလိုတာလဲ....

ငါ့စိတ်ဟာခက်ထန်တယ်
နှစ်ဖက်မြင်တတ်ပေမယ့်
တခါတလေ တယူသန်တတ်တယ်
တခါတလေ ဘာမဟုတ်တာလေးနဲ့လည်း
ဒေါသတွေ ထွက်နေတတ်တယ်
ဒါပေမယ့် အရာအားလုံးအတွက်တော့မဟုတ်ဘူး
အမှန်တရား လို့ခေါ်တဲ့ အရာလေးတခုအတွက်…
တခါတလေမှာ အမှန်တရားဟာ
အမှားတွေကြားမှာ ရောက်နေတတ်တယ်….
ငြိမ်းချမ်းရေးလို့ ကြွေးကျော်ပြီးလည်း
ကမ္ဘာမှာ စစ်မျက်နှာတွေ ဖြန့်နေကြတယ်

Ads 468x60px

Featured Posts