Showing posts with label ရင်တွင်းစကား. Show all posts
Showing posts with label ရင်တွင်းစကား. Show all posts

Monday, April 22, 2013

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ဆောင်ရွက်ချက် တစ်ခု

ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ .....

Monday, March 4, 2013

တပ်မတော်အတွင်းက အဖြစ်မှန် ရင်နင့်သံ





by Seaman Nayminthu on Monday, March 4, 2013 at 9:09am ·မြန်မာ့တပ်မတော်......??????
မြန်မာ့တပ်မတော်ရဲ့ ရိက္ခာခြောက် ထောက်ပံ့မှုစနစ်ဟာ တပ်မတော်စတင်ဖွဲ့စည်းချိန်ကစပြီး တစထက်တစဆုတ်ယုတ်လာနေခဲ့ပါတယ် …..

Friday, February 22, 2013

ဒါမှ….. တကယ့်စစ်သား



 by Seaman Nayminthu on Friday, February 22, 2013 at 11:18am ·
အားလုံး တသဘောတည်း အညီအညွှတ်မဟုတ်တဲ့တိုင် သန်ရာသန်ရာ ဖွင့်ဆိုချက်တွေကို ယေဘူယျ ကောက်ချက်ဆွဲ ကြည့်မယ်ဆိုရင်….

Thursday, July 12, 2012

ပြောပြပေးကြပါ

ကျတော်က မင်္ဂလာဒုံမြို့ နယ် ကုန်းတလပေါင်းရွာကပါ  ရွာလေးတည်ခဲ့တာနှစ်ပေါင်းကြာလဲ့
ပါပြီ ဘိုးဘွားတွေမမွေးခင်ကတည်းကပါ ရာဇဝင်တွေလည်းရှိပါတယ်..၁၉၈၉ နောက်ပိုင်းမှာ ရဲတပ်ရင်း(၉)ဝင်လာတယ်.(အခုပြသနာဖြစ်နေတာ ရဲတပ်ရင်း(၈)နှင့်ပတ္တမြားမြို့ သစ်..ရွာနဲ့နီးတယ်).........ရွာပြင်မှာတပ်တည်ဆောက်ပြီးနေတယ် အဲ့ဒီတုန်းကရွာထဲကဘောလုံးကွင်းကိုသိမ်းပြီး အရာရှိတိုက်ခန်း၎ခန်းတွဲ၂ထပ်တိုက်၎လုံးဆောက်ပြီးကျန်တဲ့မြေကို စိုက်ခင်လုပ်ပစ်လိုက်တယ်  အဲ့ဒီချိန်ထိပြသနာမကြီးသေးဘူး နောက်တော့ ၁၉၉၂ လောက်မှာ အမှတ် ၂ တပ်ထိန်း နဲ့ချိန်း လိုက်တယ် ပြသနာစတော့တာပဲ
ရွာလည်ပိုင်းကမြေတွေကိုစစ်တပ်မြေဆိုပြီး ထပ်သိမ်းတယ် ကျန်တော်တို့ရဲ့ဘိုးဘွားပိုင်အိမ်နဲ့မြေ (၁၀၀ပတ်လည်) ပါသွားတယ် ဘယ်သူမှမပြောရဲဘူး ......၂၀၁၀ လည်းကြရော  စစ်တပ်မြေက ဖြတ်သွားတယ်ဆိုပြီး ရွာရဲ့ထွက်ပေါက်ကိုအုတ်တံတိုင်းခတ်ပြစ်တယ် ဒီရွာထွက်ပေါက်ကနေ (မာမီးခေါက်ဆွဲစက်ရုံ-ဝှာဟူးစက်ချုပ်ရုံ-ဆေးစက်ရုံ-တိုကီဝါခဲတံစက်ရုံ-ပေါ်စကိုသွပ်ပြားစက်ရုံ-လန်ဒန်စီးကရက်စက်ရုံ-) ပျည်းမပင်စက်မှုဇုံဆိုတော့ အလုပ်သမားတွေအားလုံးက ဒီရွာထဲမှာအခန်းငှားပြီးနေရတာလေ ဒီလမ်းကိုပိတ်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့ သိန်းစိန်ပြောတော့ဒီမိုကရေစီနိုင်ငံတော်တဲ့ ၇န်ကုန်တိုင်းဒေသကြီးထဲမှာဒါမျိုးတွေဖြစ်နေတာကို ဘယ်မီဒီယာတွေကမှမရေးဘူးဗျာရင်နာစရာပါပဲ  အခုချိန်ထိပိတ်ထားတုန်းပဲ .........အသေးစိတ်သိလိုလျှင် ၀၈၂၇၉၈၈၉၄၉

ဘဝနဲ့ ရင်းတဲ့အသိ

သူငယ်ချင်း (သို့) ဆရာ (သို့) တပည့် တို့ဖြစ်ချင် ဖြစ်မယ်။ အားလုံးကို ပြန်ခြုံပြီးတော့ ပြောပြချင်တဲ့ ကိစ္စလေးတွေ အနည်းငယ်ရှိနေတယ်ကွာ။ သူငယ်ချင်းတို့ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် လူနည်းစု တစု ဖြစ် တယ်။ အဲဒီလူနည်းစု တစု ကောင်းစားဖို့အရေးကို မင်းတို့ ငါတို့ ရဲဘော်တွေရဲ့ အသက်တွေ သွေးမြေမှာ ကျခဲ့ရ လည်း သူတို့ရဲ့ ဆွေမျိုးတွေ မပါတဲ့အတွက် သူတို့က ဘာမှမဖြစ်ကြပါဘူးကွာ။ ။
          မင်းတို့ ငါတို့ ရဲဘော်တွေဟာ သူတို့စွန့်ပစ်လိုက်တဲ့ အညစ်အကြေးလောက် တန်ဖိုးမရှိဘူးဆိုတဲ့ အယူ ဝါဒရှိတယ်။ သူငယ်ချင်းတို့ ငါတို့ ရဲဘော်တွေ နေထိုင်စားသောက်ရတဲ့ ဘဝနဲ့ သူတို့ရဲ့ ဘဝနဲ့ ယှဉ်ပြီးကြည့်ပါ။ သူတို့သားသမီးတွေ အလကား ဖြုန်းတီးနေတဲ့ တနေ့တာ အချိန်ပိုင်းငွေကြေးပမာဏဟာ ငါတို့ ရဲဘော်ဆယ် ယောက်လောက်ရဲ့ လစာထက် ကျော်လွန်နေတာလေကွာ။ သူတို့နေထိုင်မှုကို ယှဉ်ကြည့်ပါ။ ဘယ်အတိုင်းအ တာ၊ ဘယ်အဆင့်အထိ ကွာဟ နေမလဲဆိုတာ သူငယ်ချင်းတို့ သိနေမှာပါ။ ဒါပေမယ့် သူငယ်ချင်းတို့ စိတ်ဓါတ် မကျပါနဲ့။ ဒါဟာ သူငယ်ချင်းတို့စိတ်ဓါတ်ကျစရာမဟုတ်ပါဘူး။ သူငယ်ချင်းတို့ သိပြီး နားလည်လာအောင် ပြောပြတာပါ။ ဒီထက်မက ဆိုးဝါးတာတွေ အများကြီးရှိနေပါသေးတယ်။

Monday, May 14, 2012

စစ်ပွဲတစ်ပွဲအပြီး ယမ်းခိုးဝေတဲ့ ခန်းဆီးနောက်ကွယ်မှာ အိပ်မောကျမိသော်

ဒီဝတ္ထုတိုလေးကို ကြည့်မယ်ဆိုရ့င် ကျနော်တို့ တပ်မတော်သားညီအကိုတွေရဲ့ ရင်ထဲမှာ ဘယ်လိုဆန္ဒ ရှိမယ်ဆိုတာကို စာဖတ်သူ မိဘပြည်သူများ ခန့်မှန်းမိမယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် စစ်သားဆိုတာက အမိန့်ဆိုတဲ့ အောက်မှာ လှုပ်ရှားနေရလေတော့ ကျနော်တို့ ညီအကိုများရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာက စစ်မှန်တဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ မိဘပြည်သူများဆိုတာပါပဲ။ ဒီလိုပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ သမ္မတကြီးရဲ့ အမိန့်ကိုနာခံပြီး လက်အောက်က သားသမီးသဖွယ်ဖြစ်တဲ့ စစ်သည်များရဲ့ ခံစားချက်တွေကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးပြီး ယမ်းငွေ့တွေဝေတာတွေ ရပ်တန့်ခဲ့မယ်ဆိုရင် .... မာန်မာနတွေလျှော့ချပြီး မင်းကြောင့်ငါ့ကြောင့်ဆိုတာတွေ မပြောတော့ရင်....။ ကျနော်တို့ ညီအကိုတွေမှာ ဘယ်လိုခံစားချက်တွေပဲရှိနေပါစေ ညီအကိုတွေကို မှီတည်နေတဲ့ မိဘ ဆွေမျိုးသားချင်းများနဲ့  ခေတ်စနစ်ကြီးရဲ့ အနေအထားအရ မှားခဲ့တာတွေကို မိဘပြည်သူတွေက ခွဲခြားသိမြင်နားလည်ခွင့်လွှတ်နိုင်ကြမယ်ဆိုရင် ကျနော်ပင်ပန်းရကျိုးနပ်ပါပြီ။

မနေ့က ညနေခင်းတောင် ကျနော် ဒီနေရာကို လမ်းလျှောက်ဖြစ်ခဲ့တယ်...။ ဒီလယ်ကသင်းပေါ်မှာတောင် ကျနော်မတ်တပ်ရပ်ပြီး နေဝင်ချိန်
ဆည်းဆာကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သေးတယ် ...။ အခုတော့...
အတွေးမဆုံးခင်." ဝုန်း" ဘေးနားက မြေကြီးဖွာထွက်သွားတယ်..နားတွေလည်း အူပြီး မျက်လုံးထဲကို သဲတွေ ဝင်လာလို့ အမြန်မှိတ်လိုက်ရတယ်..။လခွီး..၄၀ မမ င်္ဗုးသီးပြုတ်ကျတာဟ...။ချက်ချင်းပဲ ဘယ်ဘက်ကို ၃ ပတ်လောက် လှိမ့်ပြီး ခမ်းလှမ်းလှမ်းမှာ ရှိနေ
တဲ့ ရေဗွက်ထဲကို ဆင်းလိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို သေနတ်ပြောင်းလှည့်မိတယ်..။ ဘာဖြစ်တာလဲ..သူကစပစ်တာလား..ကိုယ်ကစပစ်တာလားတောင် မသိလိုက်ဘူး..။သေနတ်သံတွေ ဆူညံပြီး တဝီဝီနဲ့ ကျည်ဆံတွေ ဖြတ်လာတယ်...ရုပ်ရှင်တွေထဲကလို တော့ တကယ့်စစ်မြေပြင်မှာ သေနတ်ခါးပိုက် ရင်ကော့ပြီး ပစ်တာတော့ မတွေ့ဖူးဘူး..။ကျည်ဆံဖြတ်လာသံ တွေ အတွဲလိုက်ဆွဲတဲ့ ရိုင်ဖယ်သံကြားတာနဲ့ အကာအကွယ်ရှိတဲံ့နေရာကို ဒိုင်ဗင်ထိုးဝပ်လိုက်တာပဲ..။
ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားတုန်းကတောင် ၁ -နေရာယူ ကနေ စခဲ့တာပဲလေ.ကျနော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်။

Sunday, May 13, 2012

ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း အပေါ်ပေးထားသော စာဖတ်သူတို့ရဲ့ တပ်မတော်သားများအပေါ် မှတ်ချက်များ

အောက်ပါကော်မန့်များကို ကြည့်မယ်ဆိုရင် ပြည်သူလူထုဟာ တပ်မတော်သားတွေအပေါ်မှာ စာနာနားလည်မှုနဲ့ ဂရုဏာဒေါသောနဲ့ ပြောမိတာတွေလို့ မိမိအနေနဲ့ သုံးသပ်မိပါတယ်။ ယခုလိုသာ တပ်မတော်သားတွေကလည်း ပြည်သူ့ခံစားချက်ကို စာနာနားလည်မယ် ပြည်သူလူထုကလည်း တပ်မတော်သားတွေအပေါ်မှာ ခုလိုစာနာနားလည်ပေးပြီး ဝေဖန်အကြံပြုကြမယ်ဆိုရင် တချိန်က ပြည်သူချစ်သော တပ်မတော်ကြီးပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။ ယခုလည်း စာနာနားလည်ကြပေမယ့် တဖက်နဲ့တဖက် အထင်အမြင်လွဲမှားမှုတွေရှိနေလို့သာ ယနေ့ပြဿနာများ ဖြစ်ပျက်နေတယ်လို့ မြင်မိပါတယ်။ ခုလိုစာနာနားလည်သလို တဖက်ကနေလည်း တပ်မတော်သားတွေရဲ့ အမိန့် တာဝန် ကျင့်ဝတ် စတာတွေကိုပါ နားလည်ကြမယ်ဆိုရင် သမိုင်းတကွေ့က တပ်မတော်ဟာ ပြည်သူကိုစော်ကားမိခဲ့တာဟာ တပ်မတော်သားတွေရဲ့ လွန်ဆန်လို့မရတဲ့ ဘဝတွေကြောင့်ဆိုတာကို စာနာနားလည်သဘောပေါက်ရင်း ခွင့်လွှတ်ပေးကြပြီး ယခင်အဖြစ်အပျက်များကို စံနမူထားပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြမယ်ဆိုရင် ကျနော် ပင်ပန်းရကျိုးနပ်ပါတယ်ခင်ဗျာ။
 
အရမ်းမှန်ပါတယ် အစ်ကို.. ကျွန်တော်တို့လို စစ်သားရဲ့ သားသမီးတွေတော်တော်များများဟာ အစ်ကိုပြောသလို ခံစားခဲ့ရတယ်.. ကျွန်တော်ငယ်ငယ်က အမေ နေမကောင်းလို့ အမေ့ကိုယ်စား Fatigue လိုက်ခဲ့ရတယ်.. ကျွန်တော်ညီမ ၁၆ နှစ် အရွယ်က စစ်သင်တန်း မတက်မနေရ တက်ခဲ့ရတယ်.. ကျွန်တော်ကတော့ တပ်ထဲမှာ မနေလို့ မတက်လိုက်ရဘူး..စီးပွားရေး အဆင်မပြေတဲ့ ကြားထဲ စစ်သားမိန်းမတွေဟာ ပိုက်ဆံရမယ့် အလုပ် လုပ်လို့မရဘူး.. fatigue ဘဲလုပ်နေရတယ်.. တစ်ပတ်မှာ ၃ ရက်လုပ်ရတယ်..ဘ၀က တော်တော်ကိုဆိုးခဲ့ပါတယ်.. အခုတော့ fatigue ရှိ မရှိ မသိတော့ဘူး.
မရှိပါစေနဲ့လို့ဘဲ ဆုတောင်းပါတယ်..

တောမီးငြိမ်းမှာကြောက်သော တောကြောင်များ ( မောင်မောင်ဝမ်း )

နယ်စပ် တည်ငြိမ်ပြီး မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ စိုးရိမ်ကြောက်ရွံ့တဲ့ အထဲမှာ ထိုင်းက ထိပ်ဆုံးက ရှိတယ် နယ်စပ်တည်ငြိမ်ရင် ထိုင်းဘက်မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေဟာ
မြန်မာပြည်ဘက်ရွေ့လာမယ်..( ထိုင်းနယ်စပ်မှာ ထိုင်းအမျိုးသားပိုင်ဆိုင်တဲ့ စက်ရုံအလုပ်ရုံဆို
တာ တော်တော်ရှားပါတယ် တခြားနိုင်ငံသားတွေ လာရောက်ရင်းနှီးမြုတ်နှံကြတာများတယ် )
အလုပ်သမားတွေ အကုန်နီးပါးလောက်က မြန်မာနိုင်ငံသားတွေချည်းပဲ....မြန်မာနိုင်ငံဘက်မှာ
လာရောက်ရင်းနှီးမြုတ်နှံခြင်းဖြင့်...ကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် လုပ်ငန်းရှင်တွေအဖို့ အများ
ကြီး သက်သာသွားမယ်...( ဒါကို ထိုင်း အစိုးရ အကြီးအကျယ်တုန်လှုတ်တယ် ) နောက်တခါ
ဒုက္ခသည်ကို အကြောင်းပြုပြီး အမြတ်ထုတ်လို့ရနေတာ..တနှစ် တနှစ် ဒေါ်လာ သန်းပေါင်းများ
စွာရတယ်...။ဒါတွေ ဆုံးရှုံးမှာကို စိုးတယ်..။ ထိုင်းနယ်စပ် မြို့ကြီးတွေဟာ..မြန်မာဘက်ကို
အလုပ်သမားက အစ..တော်တော်များများမှီခိုနေရတယ်...

Saturday, May 12, 2012

ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာတဲ့ စည်းကမ်း ဥပဒေသာ လိုအပ်

 မြန်မာပြည်သူတွေဟာ နှစ်ပေါင်း ၅၀ လောက်ကြာအောင်  ဖိနှိပ်ချုပ်ချယ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို နေ့စဉ်နေ့တိုင်း အမှန်တကယ် မလိုအပ်ဘဲ လိုက်နာနေရပါတယ်။ စည်းကမ်းဥပဒေတွေက လိုအပ်တာထက်ပိုပြီး များပြားလွန်းနေလို့ ကြာလာတော့ စိတ်ပျက် ငြီးငွေ့နေကြရပါတော့တယ်။

Tuesday, May 8, 2012

ဝမ်းနည်းကြေကွဲခြင်း

Московский физико-техничес
кий институт(Долгопру́дный)(Moscow Institute of Physics and Technology) ကျောင်းတွင် ပညာသင်ကြားနေသော အမှတ်စဉ် (၅၀) မှ ဗိုလ်ကြီး ဆက်အောင် ကကမ(ကာကွယ်ရေးဝန်ကြီးဌာန၊ အမြောက်တပ်ဖွဲ့) စစ်တက္ကသိုလ်၊ ဘုရင့်နောင်တပ်ရင်း၊ တပ်ခွဲ(၉) သည် မေလ ၈ ရက်နေ့ ၂၀၁၂ ခုနှစ် မနက် ၅ နာရီ ခန့်က ကွယ်လွန်သွားပါသဖြင့် သူငယ်ချင်း၏ မိဘများနှင့် အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ သူငယ်ချင်း ဗိုလ်ကြီး ဆက်အောင် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်...

Thursday, March 8, 2012

သူတို့ခံစားချက်

မန္တလေးဟာ ကျွန်တော်တို့ရဲ့ ခံတပ်ပါ။ထပ်ပြီးပြောပါရစေ။
မန္တလေးဟာကျွန်တော်တို့ရဲ့ နောက်ဆုံးခံတပ်ပါ။ မန္တလေးဟာ မန်းသူမန်းသားတကယ်ပိုင် ဆိုင်ရဲ့လားဆိုတာ မန်းသူမန်းသားတွေ အသိဆုံးပါ။ ယဉ်ကျေးမှုနောက်ဆုံးခံတပ်ဖြစ်တဲ့
မန္တလေး ကို ကျွန်တော်တို့ရင်ကို မြေကတုတ်လုပ်ပြီးတော့ ကာကွယ်ရပါလိမ့်မယ်။
မန္တလေးဟာ နောက်ဆုံးခံတပ်ဖြစ်တယ်ဆိုတာ ဘာကြောင့်ပြောနေရသလဲဆိုတော့ လက်နက်နဲ့ စစ်ပွဲတွေဆင်နွှဲ ပြီး သိမ်းသွားတဲ့နယ်မြေကို အချိန်တန်ရင် လွတ်လပ်ရေးတိုက်ပွဲနဲ့ ပြန်တိုက်ပြီး ယူလို့ရပါတယ်။ငွေနဲ့ပေါက်ပြီး ၀ယ်သွားတဲ့မြေတွေကိုတော့ နောင်တစ်ချိန်မှပြန်လို ချင်ရင်တော့ နောင်တပဲရပါလိမ့်မယ်။ ဒါကြောင့် မန္တလေးနန်းမြို့ရိုး ကြီးဟာ မြန်မာ့ကျက်သရေဆောင်လို့ ဟန်လုပ်ပြောနေမယ့်အစား တကယ်တမ်း အမျိုးကိုချစ်တဲ့စိတ်၊ တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ မန္တ လေးကိုကယ်တင်ကြသလို ကျွန်တော်တို့ တစ်တိုင်းပြည်လုံး အနာဂတ်အရေးကိုလည်း မန်းသူ မန်းသားအားလုံးက အသိစိတ် ရှိရှိနဲ့ ဆက်ပြီးတော့ ကယ်တင် ကြပါ။ စောင့်ရှောက်ကြပါ။ ကာကွယ်ကြပါ။
မန္တလေးဟာ သပြေတန်းခံတပ်လိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်
မင်းကိုနိုင် (၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ မန္တလေး မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲပြောကြားချက်မှ)

Friday, March 2, 2012

ဆုံးဖြတ်နိုင်စေ

မိဘဆိုးတော့ သားသမီးတွေထွက်ပြေးတယ် ခု မိဘက ကောင်းပြလာတော့ မိသားစု(ပြည်ထောင်စု)ကိုချစ်တဲ့
သားသမီးတိုင်း အိမ်ပြန်ချင်တာ မဆန်းပါဘူး အိမ်နဲ့ဝေးရာရောက်နေပေမယ့် ဒီအိမ် ဒီမိသားစုသာယာဖို့ ကိုယ်စွမ်းသလောက် ကိုယ့်ခံယူချက်အတိုင်းတော့ လုပ်ခဲ့တာပဲလေ။ ခုချိန်မှာ ဒီအိမ်ခြံဝင်းနဲ့ မိသားစုသာယာစိုပြေဖို့ ကိုယ်တိုင်လုပ်ကိုင်သင့်တာမို့ ငါကိုယ်တိုင် မိဘရင်ခွင်ပြန်ဝင်မယ် မိဘကအပြစ်ပေးတော့လည်း ခံရမှာပေါ့ တကယ်ကောင်းလာတဲ့ မိဘဆိုရင် ထိုက်တန်တဲ့အပြစ်ပဲပေးမှာပဲ။ တကယ်ကောင်းမကောင်းသိချင်နေတဲ့တခြား ညီအကို မောင်နှမတွေအတွက် ငါဟာ ရှေ့က စံထားစရာဖြစ်စေတော့မှာပေါ့ င့ါညီအကို မောင်နှမတွေ င့ါကိုကြည့်ပြီး ဆုံးဖြတ်နုင်ကြပါစေ

ဗိုလ်ရဲထက်။

Saturday, February 18, 2012

ကျား ကျား မီးယပ်ေ(ဖ့ဘွတ်မှ)

၁။       အမိန့်နာခံအောင် စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်ကို မင်းတို့အမိန့်ကိုစိစစ်လက်ခံပါ။ ပြည်သူ့အတွက် အကျိုးရှိမှလုပ်၊ မရှိရင်မလုပ်ရဘူး။ လုပ်ရင် ပြည်သူ့စစ်တပ် မဟုတ်ဘူး။ မချစ်တော့ဘူး မုန်းလိုက်မှာဆိုတော့ အော်၍ အော်၍သာ ငိုချင်းချလိုက်ချင်တော့သည်။ အင်း. . .ဒီမိုခေတ်ဆိုတော့ စစ်တပ်လည်း ဒီမိုတပ်ပဲ ဖြစ်ရတော့မပေါ့။

၂။       ခက်တာက တစ်ခုနှင့်တစ်ခု လားလားမှမဆိုင် ဖီလာဆန့်ကျင်ဘက်ဖြစ်နေတာပင်။ စစ်တပ်က အမိန့်နာခံမှ စစ်တိုက်လို့ရသည်။ ဒီမိုက ပြည်သူ့အတွက်အဓိက ပြည်သူ့အတွက်မဟုတ်သော အမိန့်ဟူသမျှ ဖီဆန်ကျ။ ဂွက ကျကျလှသည်။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ အဖြေကရှင်းရှင်းလေးပါ။ အစိုးရအဖွဲ့က စစ်တပ်ကို ပြည်သူ့အတွက် အကျိုးမရှိသော အမိန့်များ မထုတ်ရန်လုပ်။ထုတ်ရင် လွှတ်တော်က ဥပဒေပြု၍ ပယ်ဖျက်၊ အကျိုးရှိတာကို ဥပဒေပြု၍ အစိုးရကိုလုပ်ခိုင်း၊ မလုပ်ရင် တရားစီရင်ရေးက အရေးယူ၊ ကဲ  ဘယ်လောက်တောင် ရှင်းလိုက်တဲ့ အဖြစ်ပါလဲ။ ဒါပေမယ့် မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်ဆိုသလို အထက်ကပေးလာတဲ့အမိန့်ကို မင်းတို့စိစစ်ပြီးမှ လုပ်ဆိုတော့ (နားနဲ့မနာ ဖ၀ါးနဲ့နာပါခင်ဗျား) ခတောင်းကျိုက်ကတခြား ဟိုဟာကတခြားဖြစ်နေတော့သည်။

Wednesday, February 15, 2012

ဖေ့ဘွတ်ပေါ်က စစ်သားတယောက်ရဲ့ ခံစားချက်

၁။    အဖွဲ့အစည်းအားလုံးရဲ့ဖွဲ့စည်းပုံ (Organization Structure)ဟာ သူလုပ်ရမည့်လုပ်ငန်းနှင့် ကိုက်ညီအောင် ဖွဲ့စည်းထားရတာပါ။ အကျဉ်းထောင်ရဲ့အဓိက ရည်ရွယ်ချက်က အကျဉ်းသား ထွက်မပြေးနိုင်ဖို့၊ လုံခြုံမှုရှိဖို့ပါ။ ဒါကြောင့် တံခါးဖွင့်ပိတ်စနစ်တွေ၊ လူစစ်တဲ့စနစ်တွေ ပစ္စည်းထုတ်/သွင်းစနစ်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေက တခြားအဖွဲ့အစည်းတွေနဲ့မတူပါ။ အလားတူ စစ်တပ်ကလည်း စစ်တိုက်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ရဲ့ဖွဲ့စည်းပုံ၊ အုပ်ချူပ်ပုံ စီမံခန့်ခွဲပုံ ၊ခံယူချက်၊ အတွေးအခေါ်တို့ဟာ ကျန်တဲ့အဖွဲ့အစည်းနဲ့မတူပါ။ ဘာလို့လဲဆိုတော့ ထမ်းဆောင် ရတဲ့တာဝန်မတူလို့ပါ။
၂။    ခင်ဗျားတို့စဉ်းစားကြည့်ပါ။ ရှေ့တန်းမှာ တပ်ခွဲမှူးတစ်ယောက်ဟာ သေနတ်ကိုင်ထားတဲ့အလွှာစုံ က ယောက်ျားတွေချည်း ၆၀/၇၀လောက် အုပ်ချူပ်ရတာ၊ ပေးတဲ့အမိန့်မှန်သမျှ ဒီသေနတ် ကိုင်ထားတဲ့ ယောက်ျားတွေက ဒီဟာကအများဆန္ဒနှင့်မကိုက်ပါ။ ဒီဟာက ဒီမိုကရေစီမကျပါ။ ဒီဟာကလူ့အခွင့်အရေးနှင့် မညီပါ။ ဒီလမ်းကဝေးလို့ မသွားချင်ပါ။ ဒီကောင့်ကို တပ်ခွဲမှူးက ရန်သူထင်လို့ပစ်ခိုင်းပေမယ့် ကျွန်တော်ကတော့ ရွာသားပဲထင်လို့မပစ်နိုင်ပါ။ အဲဒီအနားက မီးရောင်ဟာ ရန်သူ့စခန်းမဖြစ်နိုင်ပါ ဒါ့ကြောင့် လက်နက်ကြီးနဲ့ မပစ်နိုင်ပါ။ ဗိုလ်ချုပ်တွေက အိမ်(၁၀)လုံးလောက်ရှိပြီး ကျွန်တော်က တပ်ထဲကလိုင်းခန်းပဲရှိလို့ မညီမျှလို့ ကျွန်တော်သယ်ရတဲ့ ပေါင် ၄၀ ကျောပိုးအိတ်ကြီးမသယ်ချင်ပါ . .စသဖြင့် ခင်ဗျားတို့ပြောနေတဲ့ အမှန်တရား၊ အမှားတရားများ လိုက်ခွဲခြားခွင့်ပေးနေလျှင် ခင်ဗျားတို့ပဲ တပ်ခွဲမှူးလာလုပ်ကြည့်လိုက်ပါ။

Saturday, February 11, 2012

အမြင်ကွဲပြားမှုမှသည် တိုးတက်မှုဆီသို့

Facebook ပေါ်မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ စာ ၂ စောင်ကို ဒီနေ့ ဖတ်ရပါတယ်။ ကွန်မန့်တွေလည်း အများကြီး ဖတ်ရပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။ ပြည်သူတွေမှာ ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း သိရပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ ခရီးအတွက် စိုးရိမ်ပူပန်မိလာရတာ ရှိပါတယ်။  

တပ်မတော် ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေဖြစ်ပြီး နိုင်ငံတာဝန် ထမ်းဆောင်နေသူတွေပါပဲ။ တိုင်းပြည်တခုမှာ ပြည်ပကျူးကျော် ရန်စတိုက်ခိုက်မှုတွေကို  ကာကွယ်ပေးဖို့ စစ်တပ်မရှိဘဲ ရပ်တည်နိုင်ဖို့ ဆိုတာက အင်မတန် ခက်ခဲတဲ့ကိစ္စပါ။ စစ်သည်တွေဟာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်သူတွေ ဖြစ်လို့လည်း လေးစားရပါတယ်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်း အကောင်အထည်ဖော်တဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ခွဲခြားမြင်တတ်ရင် အဖြေရှာရတာ လွယ်သွားပါမယ်။

Friday, February 10, 2012

ဖေ့ဘွတ်ပေါ်မှ တပ်မတော်သားတဦးရဲ့ သုံးသပ်ချက်

၁။       အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။
၂။       တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့                    အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။
၃။       စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ်  တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

Tuesday, January 31, 2012

သတိထားပြီးလိုက်နာသင့်တဲ့ စစ်သားတယောက်ရဲ့ ဖွင့်ဟစကား

ဘယ်အရာမဆို တဖက်စွန်းရောက်တာက မကောင်းဘူးထင်ပါတယ်... စစ်တပ်ကလို့ ဆဲရင် စစ်သည် ၄သိန်းကျော်ကိုဆဲသလိုဖြစ်ပြီးတာ အမှန်ဘဲဗျ။ ကျွှန်တော်သူငယ်ချင်းတစ်ယောက်ပြောဘူးတယ် facebook မှာ သိတဲ့ခင်တဲ့တစ်ယောက်တဲ့ စကားပြောနေရင်း မင်းကတပ်ကလားလို့မေးတော့ ဟုတ်တယ်ပေါ့.. ပြောလိုက်တာ ဘာမှမဆိုင်ဘဲ ဆဲသွားတယ်တဲ့ဗျာ မင်တို့စစ်တပ်က ဘာညာပေါ့... ဒီနေရာမှာတစ်ချက်ရှိတာက တပ်မတော်မှာ စစ်သည် ၄သိန်းကျော်ရှိပါတယ်... လူကောင်းရှိမယ် ၊ထိန်းရခက်တဲ့လူလည်းရှိနိုင်တယ် (ရှိတယ်)၊ အကုန်လုံးကိုရမ်းမပြောတာက အကောင်းဆုံးပါဘဲ... (ဒီကနေ့ ဒီအချိန်မှာတော့ အစိုးရပိုင်းကကို နားလည်မှုရှိရှိနှင့် နိုင်ငံတော်တိုးတက်အောင်လုပ်ဆောင်နေပါပြီလေ...
ပြည်တွင်းငြိမ်းမှ ပြည်ပရန်အေးမည်ပေါ့ဗျာ..

တပ်မတော်အတွက် ဆုတောင်းစကား

လူမှန်းသိတတ်စအရွယ် ၄ ၅နှစ်သားလောက်မှာပဲတပ်မှာနေခဲ့ ဖူးတယ် ဒါပေမယ့် ဒီနေ့ အထိတပ်ထဲမှာနေခဲ့ ဖူးတာကိုမေ့ လို့ မရဘူး..တပ်မတော်သားတွေတင်မဟုတ်ဘူး မိသားစုဝင်တွေပါပုန်းလျှိုးကွယ်လျှိုး ရင်တထိတ်ထိတ်နဲ့ နေရတဲ့ ရက်တွေကိုမမေ့ ဘူး..၀န်ထမ်းအားလုံးထဲမှာတပ်မတော်သားတွေဟာအတော်ကလေးပင်ပန်းဆင်းရဲပါတယ်..ဒါပေမယ့် တပ်မတော်သားတွေကိုယ်တိုင်ကငါတို့ ဘာကြောင့် ပင်ပန်းဆင်းရဲနေရလဲဆိုတာကိုမတွေးနိုင်အောင် လူတချို့ ကပိတ်ဆို့ ထားပီးလိုရာခိုင်းကြတယ်..မြန်မာ့ တပ်မတော်ကိုဒီအဖြစ်ဆိုးတွေအောက်ကလွတ်မြောက်စေချင်လှပီ..

စေတနာများနဲ့ သူ့စကား

စစ်တပ်က professional ပီသမယ်ဆိုရင် ဘယ်စနစ်နဲ့ ဘယ်အစိုးရဘဲ အုပ်ချုပ်နေပစေ၊ စစ်တပ်အတွက် သီးခြားအဆင့်အတန်းတစ်နေရာက အမြဲတမ်းရှိနေမှာပါပဲ ။

စိတ်နာနာနဲ့ရင်ဖွင့်ချက်




အရပ်သားတွေဖက်ကရော ဘယ်လောက်တောင်ကောင်းနေကြလို့လဲ.....။ တဆိတ်ရှိ စစ်တပ် စစ်တပ်နဲ့ သမုတ်နေကြတာ။ စစ်သားတွေရဲ့ဘဝကို တကယ်ရော သိလို့လား။ ဝါးလုံးကို ချီးသုတ်ပြီးရမ်းတဲ့ သူတွေများပါတယ်။ ကျုပ်ကတော့ လက်ရှိတာဝန်ထမ်းနေဆဲ စစ်သားပဲ။ ဘယ်ကောင့်ကိုမှ အထင်မကြီးဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ကောင်တွေရော နောက်တက်လာမယ့် ကောင်တွေရော ယုံကို မယုံဘူး။ မြန်မာပြည်မှာ ကြိုက်တဲ့ အစိုးရတက်လာခဲ့ ဒီပုံပဲ။

Ads 468x60px

Featured Posts