Saturday, December 10, 2011
စစ်သားများကို မုန်းသည်ဆိုသော စစ်သားတယောက်ရဲ့ သမီး
ထိုင်းနိုင်ငံကို ထွက်လာပြီးနောက်ပိုင်းမှာ အတတ်နိုင်ဆုံး
မိမိတတ်ကျွမ်းနားလည်သလောက်နဲ့ မိမိမြန် မာနိုင်ငံသားများအတွက် အလုပ်အ
ကျွေးပြုမယ်လို့ ဆုံးဖြတ်ပြီး မိမိရောက်ရှိရာနေရာတွေမှာ အတတ်နိုင်ဆုံး
မိမိတတ်သိနားလည်သလောက်လေး အင်္ဂလိပ်စာ၊ ကွန်ပျူတာစတာတွေကို
သင်ကြားလာပေးခဲ့ရင်း အခြေအ နေအကြောင်းအမျိုးမျိုးနဲ့ ၁၉၈၈ ခုနှစ်
လူထုအရေးတော်ပုံကြီးမှာ ပြည်သူလူထုဘက်က ရပ်တည်ပေးခဲ့ကြပြီး တပ်မတော်က
ပြည်သူလူထုနှင့်တကွ ကျောင်းသားများအပေါ်တင်လာတဲ့ သွေးကြွေးတွေကို
ပြန်ဆပ်ဖို့ကျောင်း သားတွေရဲ့ ပုဆိုးကို ဆွဲပြီးတောခိုလာခဲ့ပြီး ယခုအခါ NGO
တစ်ခုမှာ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာပြည်သား ရွှေ့
ပြောင်းအလုပ်သမားများအတွက် ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ
အသိပညာရရှိရေးဆိုင်ရာတွေအတွက် ကိုယ် စွမ်းဥာဏ်စွမ်းရှိသရွေ့
လုပ်ဆောင်နေပြီး ကိုယ့်ကိုကိုယ်လည်း စစ်သားတစ်ယောက်ရဲ့ မူလတာဝန်များကို
ထမ်းဆောင်နေတယ်လို့ ကြွေးကြော်တတ်တဲ့
စစ်သားအကြောင်းပြောရင်မာန်ပါပါပြောပြီး လက်သီးလက်မောင်း တန်းလာတတ်တဲ့
ကိုမြင့်ဝေ နားကိုရောက်ရှိပြီး အချို့အရာတွေကို ကူညီလုပ်ကိုင်ပေးရင်းနဲ့
ဘာရယ်ညာရယ် မဟုတ်ဘဲ တပည့်တပန်းလေးတွေ ရလာခဲ့ပါတယ်။
ထူးထူးခြားခြား ရတဲ့တပည့်တွေက ကျနော့်ထက် အသက်အရွယ်အားဖြင့်
ကြီးနေသူတွေများပြီး ပြန်ကြည့်လိုက်မယ်ဆိုရင် တိုင်းရင်းသူ
တိုင်းရင်းသားတွေက များနေတာကိုတွေ့ရပါတယ်။ သူတို့လေးတွေကို ကြည့်လိုက်ရင်
အရမ်းကိုရိုးသားကြတယ်။ သူတို့လေးတွေဘဝတွေ ဒီလိုဖြစ်နေတာ ခုလိုတိုင်းတပါးကို
ထွက်ပြီး အလုပ်လုပ်နေကြရတာဟာ နိုင်ငံရေးရဲ့
ဂယက်ရိုက်ခတ်မှုလို့လည်းသူတို့မသိ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိလို့ ဆို
တာကိုလည်း သူတို့မသိ၊ နိုင်ငံမတိုးတက်လို့ဆိုတာကိုလည်း
သူတို့လေးတွေနားမလည်နဲ့ သူတို့လေးတွေရဲ့ ရင် တွင်းအသိမှာကတော့
မြန်မာနိုင်ငံကြီးတိုးတက်ရင်အရမ်းကောင်းမှာပဲ၊
ထိုင်းနိုင်ငံလောက်တိုးတက်ရင်ပဲ ကျေ ပန်ပါတယ်ဆိုတာလောက်ကိုပဲ
သူတို့တွေးကြတယ်။ အိမ်ပြန်ချိန်ဆိုတာကို မျှော်လင့်နေကြရင်းပဲ ဘဝကို ဖြတ်
သန်းပြီး ဖြတ်သန်းရာဘဝမှာ ပညာဆိုတာမသင်ခဲ့ကြရတော့ ပညာဆိုတာကို
သင်ချင်လွန်းလေတော့ ခုလို ကျနော့်လို အနည်းအကျဉ်းလောက်သာ တတ်သိတဲ့
သူဆီမှာလည်း တပည့်လာခံကြလေတော့ ကျနော်လည်း တတ်သိသလောက်ကို
အိပ်သွန်ဖာမှောက်သင်ကြားပေးရင်း ကိုယ်တိုင်လည်း လေ့လာဖြစ်တော့ တစ်ချက်ခုတ်
နှစ်ချက်ပြတ် အကျိုးရှိရပါတော့တယ်။
ဒီလိုသင်လာရင်းနဲ့
မထင်မှတ်တဲ့ တပည့်တစ်ယောက်ရဲ့ မေးခွန်းနဲ့ သူပြောတဲ့စကားတွေကြောင့် ကျ
နော်ညည အိပ်ရေးတွေပျက်ပြီး စဉ်းစားခန်းဝင်ရပါတော့တယ်။ သူပြောတာက ဘာမှတော့
မထူးဆန်းပါဘူး။ ဒါပေမယ့် မထူးပေမယ့် ဆန်းတယ်ဆိုတာမျိုးပါပဲ။ “ဆရာက
စစ်သားလား” ဆိုတဲ့ အစချီတဲ့မေးခွန်းနောက်က သူပြောလာတာတွေကို
ဂရုတစိုက်နားထောင်မိပါတော့တယ်။
သူမေးတဲ့မေးခွန်းကို
ဟုတ်တယ်လို့လည်း ဖြေပြီးရော။ “သမီးအဖေလည်း စစ်သားပဲ ခုတော့ ပင်စင်
ယူထားပြီးပါပြီ ခု သမီးတို့ မိသားစုအားလုံး ထိုင်းနိုင်ငံမှာ
အလုပ်လာလုပ်နေကြတာ လခကတော့ သိပ်မရပါဘူး၊ သမီးဆို တစ်လမှ ဘတ် ၄၀၀၀ ပဲရတယ်
ဒါပေမယ့် သမီးတို့ မသားစုအားလုံး သူဌေးအိမ်မှာနေရတယ်။ သူဌေးက
အရမ်းသဘောကောင်းတယ်။” နဲ့ သူ့ဘဝအကြောင်းတွေပြောပြနေပါတော့တယ်။
ကျနော့်ခေါင်းထဲ မှာတော့ စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့သမီး စစ်မှုထမ်းဟောင်း
စစ်သားဟောင်းကြီးနဲ့ သူ့ဇနီး တစ်မိသားစု လုံး ထိုင်းနိုင်ငံမှာ
အလုပ်လာလုပ်နေကြရတယ်။ သူ့အဖေရဲ့ စစ်သက်နဲ့ ရာထူးကိုမေးကြည့်လိုက်တော့
ဒုအရာခံဗိုလ်ကြီး စစ်သက်က နှစ် ၃၀ နဲ့အထက်မှာ။ ကျနော်ပြန်စဉ်းစားကြည့်တယ်။
ဘယ်မှာလည်း ငါတို့ စစ်သားတွေအတွက် အနာဂတ်မျှော်လင့်ချက်။ ဘဝတစ်ခုတင်မဟုတ်ဘဲ
မိမိနဲ့ အကြောင်းဆက်နွယ်ပါလာတဲ့ မိသားစုတွေရဲ့ ဘဝတွေကိုပါ ပေးဆပ်ထားရတဲ့
စစ်သားဘဝရဲ့ ရလဒ်က ခုလို သူများနိုင်ငံမှာ ကျွန်လာခံဖို့တဲ့ လား။
ဒါကျနော်သိတဲ့ တစ်ယောက်ပဲရှိသေးတယ်။ ထိုင်းနိုင်ငံမှာ မြန်မာလူမျိုး
စာရင်းများအရ ၂ သန်းကျော် ပေမယ့်။ တရားမဝင်ကောအားလုံးဆိုရင် ၎
သန်းဝန်းကျင်မှာရှိတယ်။ ဒီ ၄ သန်းသော မြန်မာနိုင်ငံသားတွေထဲ မှာ
ကျနော်သိသလောက်စစ်မှုထမ်းဟောင်းဆိုရင် ၅ ဦးနီးပါးရှိတယ်။
တစ်ယောက်တွေ့ဖူးသေးတယ်။ သူက တော့စစ်သက်အရ အငြိမ်းစားယူလာတဲ့အခါ
ဗိုလ်ကြီးဖြစ်လာသူ။ သူလည်း ထိုင်းနိုင်ငံရဲ့ စက်ရုံတစ်ခုမှာ အ လုပ်
လုပ်နေလေရဲ့။ ဘယ်လိုပဲပြောပြော သူဟာ မြန်မာ့တပ်မတော်က
အရာရှိတစ်ယောက်ပဲမဟုတ်ပေလား။ မြန်မာ့တပ်မတော်က သက်ပြည့်ပြီး
အငြိမ်းစားယူလာတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ရဲ့ခံစားခွင့်က တိုင်းတ ပါးမှာ
ကျွန်ခံဖို့တဲ့လား။ ဘယ်မှာလည်း ကျနော်တို့ကိုပြောနေတဲ့ ခံစားခွင့်တို့
ရပိုင်ခွင့်တို့။ ဒီလိုပြောတာ့ ဒါတွေရ မှလုပ်မှာလားလို့ ကတ်သတ်မေးခွန်းတွေက
ထွက်လာဦးမယ်။
ရမှလုပ်မှာမဟုတ်ပေမယ့် နေရာတိုင်းမှာတော့
သူ့ဟာနဲ့သူ အကျိုးခံစားခွင့်ဆိုတာတော့ ရှိစမြဲမဟုတ် လား။
နိုင်ငံတကာတပ်မတော်တွေနဲ့ ရင်ဘောင်တန်းမယ်လို့ ကြွေးကြော်ထားတဲ့ ကျနော်တို့
မြန်မာ့တပ်မတော် သားတွေ ထားလိုက်ပါဦး ကျနော်တို့လို
တရားဝင်အငြိမ်းစားယူလာသူမဟုတ်သူတွေကိုတော့။ သို့သော် တရားဝင်
အငြိမ်းစားယူလာတဲ့ စစ်မှုထမ်းဟောင်းတွေအတွက် ဘယ်မှာလည်း
သူတို့အတွက်အကျိုးခံစားခွင့်။ ဘယ်မှာလည်း နောင်ရေး။ ဘယ်မှာလည်း သူတို့ရဲ့
မျိုးဆက်အပေါ်တာဝန်ယူမှု။ စတဲ့ စတဲ့ မေးခွန်းများစွာနဲ့
ကျနော်ခြာခြာလည်လာရပါတယ်။ ဒီလိုနဲ့ တပည့်နဲ့ ရင်းနှီးလာတော့ သူပြောပြလာတယ်။
“သမီး စစ်သားတွေကို အရမ်းမုန်းတာပဲ” ရုတ်တရက် ပွင့်အန်လာတဲ့ သူ့စကား။
ကျနော်ပင် ဘာပြောရမယ်မှန်းမသိအောင် အံ့သြမှင် သက်မိပါတယ်။ ဘာကြောင့်လည်း
ဆိုတော့ သူပြောတဲ့ ချစ်လှပါတယ်ဆိုတဲ့ အဖေကိုယ်တိုင်လည်း စစ်သား၊
နောက်သူဆရာလို့ခေါ်နေတဲ့ ကျနော်လည်း စစ်သား ဒါကို သူက စစ်သားတွေကိုမုန်းတယ်
ကြည့်မရဘူးဆို တော့ ကျနော်မအံ့သြဘဲ မနေနိုင်တော့ပါ။
ဘာကြောင့်မုန်းတာလဲဆိုတာကို ကျနော်မေးတော့။ “ဘာကြောင့်ရယ်တော့မသိဘူး
ဒါပေမယ့် သမီး မုန်းတယ်ကြည့်မရဘူး” တဲ့။ ကျနော်လည်း မနေနိုင်တော့
နင့်အဖေလည်း စစ်သား နင့်ဆရာငါလည်း စစ်သား နောက်ဆုံးနင်တို့ ကျောင်းအုပ်ကြီး
ကိုမြင့်ဝေလည်း စစ်သား ဒါကို နင်က စစ်သားတွေကို မုန်းတယ်ဆိုတော့
ဘယ်လိုကြီးလဲလို့ မေးတော့။ သမီးမုန်းတယ်ဆိုတာ ဆရာတို့
အဖေတို့လိုစစ်သားတွေမဟုတ်ဘူးတဲ့။ သမီး အဖေကိုလည်း မမုန်းပါဘူး သူလည်း
သူ့တာဝန်တွေနဲ့ပဲ လုံးပန်းခဲ့ရတာတဲ့လေ။ မိသားစုအပေါ်ကိုတောင်
အချိန်မပေးနိုင်ခဲ့ဘူးတဲ့။ သမီးအဖေဆို ရှေ့တန်းတွေလောက်ပဲသွားနေခဲ့ရတာ
သမီးတို့နဲ့လည်း ခွဲနေရတယ် နောက်ဆုံး သူပင်စင်ယူတော့မှ
သမီးတို့နဲ့အတူနေတာတဲ့။ ဒါနဲ့ကျနော်လည်း စစ်သားတိုင်းကတော့ တာဝန်
ထမ်းဆောင်နေကြတာပဲလေ ဆိုတော့။ ဆရာကလည်း ဂိတ်တွေမှာ ပိုက်ဆံတောင်းပြီး
ပိုက်ဆံရှာတာ တာဝန် လား။ အဲဒါလည်းမပြောလိုပါဘူး သမီးလည်း
စစ်တပ်ထဲမှာနေဖူးတာပဲ မလောက်လို့ဆိုတာသိပါတယ်။ ဒါပေ မယ့်
ငြင်ငြင်သာသာမတောင်းဘဲ ပြည်သူတွေကို အလကားနေရင်း ဟိန်းဟောက်နေတာကကော
တာဝန်လား တဲ့။ သူမေးတဲ့မေးခွန်းကိုတော့ ကျနော်
အင်းမဟုတ်ပါဘူးလို့ဘဲဖြေလိုက်ပါတယ်။ ကျနော်အတတ်နိုင်ဆုံးရှင်းပြ
ပေးလိုက်တာကတော့။
လူကိုထိန်းချုပ်တာ ဘာလဲသိလား။ ပညာပဲ။
ပညာလို့ဆိုလိုက်လို့ အတန်းပညာလို့မထင်လိုက်နဲ့။ အတန်းပညာလည်း ပါတော့ပါတယ်
ဒါပေမယ့် အဲဒါတစ်ခုထဲတော့မဟုတ်ဘူး။ အစစအရာရာပေါ့၊ ထားပါတော့။ နင်လည်း
စစ်တပ်ထဲမှာနေဖူးတယ်ဆိုတော့ စစ်သားဘယ်နှယောက်များ ၁၀ တန်းအောင်တာပါလဲ။
အတန်း ပညာကအနည်းနဲ့အများတော့ အသိပညာကို ပေးစွမ်းတယ်။ ကျောင်းသင်ရိုးတွေကနေ
အသိပညာတွေကို ပေးစွမ်းတယ်။ ထားတော့၊ ဒီတော့ အဲဒီအတန်းပညာအားဖြင့်တောင်
အထက်တန်းမအောင်တဲ့ သူတွေ မူလ တန်းတောင် မတက်ဖူးတဲ့သူတွေ။ လူဆိုတာကိုက
ငါလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြချင်တယ်။ ပိုဆိုးတာက ယောက်ျားလေးတွေရဲ့
ဗီဇကိုက အများအားဖြင့် အဲလို လုပ်ပြချင်တယ်။ အဲဒါကိုပဲ
ဟုတ်လှပြီလို့ထင်ချင်တယ်။ ဒါပေမယ့် နည်းနည်းလေးသိလာတဲ့အခါ
မဟုတ်ပါလားဆိုတာသိလာတယ်။ ဒီတော့ အဲလို ပညာမတတ် အသိချို့တဲ့နေရတဲ့အထဲမှာမှ
နင်တို့သတဲ့အတိုင်း စစ်သားမှစစ်သားဆိုတဲ့ လွဲမှားတဲ့ စိတ်ဓါတ်ကိုလည်း
ရိုက်သွင်းခံထားရသေးတယ်။ နောက်တစ်ခါ သူတို့လက်ထဲကိုလည်း
သေနတ်ထည့်ပေးထားသေးတယ်။ ဒီတော့ သူတို့တွေ ခုလို ပြည်သူကို
မောက်မောက်မာမာဆက်ဆံတာမဆန်းပါဘူး။
စစ်သားမှဟုတ်ပါဘူး။
အနည်းဆုံး နင်တို့ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်မှာကိုပဲကြည့်ကြည့်။
နင်တို့ပြော ပြောနေတဲ့ ဝဏ(အလုပ်သမားခေါင်း) လောက်ဖြစ်လာရင်ပဲ ဘာဖြစ်လာလဲ။
သူ့လက်အောက်က လူကို ဟိန်း ဟောက်တယ် အလုပ်ရှင်ကို ဖားချင်တယ်။
အားလုံးလို့မပြောဘူးနော်။ တချို့ ဝဏတွေ သိပ်ကို တော်တယ် ကောင်းတယ်။
အဲလိုလူမျိုးတွေကိုပြန်ကြည့်ရင် စာဖတ်တယ်။ လေ့လာတယ်။ ဒီတော့ ဘာမှမဟုတ်တဲ့
စက်ရုံ လိုအလုပ်မှာရှိတဲ့ ဝဏလိုလူတောင် ဒီလိုလုပ်သေးတာပဲ
သေနတ်လက်ထဲကိုင်ထားတဲ့ ယောက်ျားတစ်ယောက် က ခုလိုလုပ်တာ မထူးဆန်းပါဘူး။
ဒါကို သွားပြီး ကြည့်မရဘူး မုန်းတယ်။ မင်းတို့လုပ်တာမှားတယ် ဆိုပြီးပြော
နေရုံနဲ့ မပြီးဘူး။ ဒီလိုမဖြစ်အောင် အတတ်နိုင်ဆုံး နည်းပါးသွားအောင်
ဘယ်လိုလုပ်မလဲ။ ဒါတွေကိုစဉ်းစားရ မယ်။ အားလုံးကိုပြန်ပြီးခြုံကြည့်ရင်။
ဒါဟာ ပညာမတတ်လို့။ ဒီလိုပြောတာ့ ဘယ်ကိုရောက်သွားလည်းဆိုရင်
ပညာရေးစနစ်ကိုရောက်သွားတယ်။ နောက်တခါ သတင်းအချက်အလက်တွေရဲ့ အရေးပါမှု
မီဒီယာပေါ့။ အဲဒါ လည်းပါလာတယ်။ ဒီတော့ ဆရာတို့ ဒီနေ့ မြန်မာပြည်မှာ
ကြားသိနေတဲ့ သတင်းတွေ ဖတ်နေမှတ်နေကြတဲ့ စာတွေမှာ ဘယ်လောက်ထိ အသိပညာဗဟုသုတ
မှတ်သားစရာပါသလဲ။ ဒီလိုပြောတော့ အဲဒါတွေကို ရေးသား နေကြတဲ့ သူတွေမှာကော
ဘယ်လောက်ထိ လွတ်လပ်ခွင့်ရှိသလဲ။ ပညာပေးဟောပြောနေတဲ့သူတွေမှာကော ဘယ်လောက်
လွတ်လပ်မှုရှိသလဲ။ ဒါတွေကလည်း လိုလာတယ်၊ ပြောရမယ်ဆိုရင်တော့
တစ်ခုထဲနဲ့မပြီးဘူး အားလုံးက ကြောင်းကျိုးဆက်စပ်နေတယ်။
ဒါတွေအားလုံးကိုပေါင်းလိုက်တော့ နိုင်ငံရေးဖြစ်သွားတယ်။ ဟုတ်ပြီ လား။
ကျနော်လည်း ကျနော်တတ်သလောက်မှတ်သလောက်လေး ရှင်းပြတော့။ “ဆရာပြောတာဟုတ်တယ်
နော်။ ဒါပေမယ့် သမီးတို့က အဲလိုမှမသိတာ သမီးတို့သိတာက သူတို့တွေပဲ
လုပ်နေတယ်။ ဘုန်းကြီးတွေကို သတ်လည်း သူတို့ပဲ၊ သမီးတို့
တိုင်းရင်းသားဒေသတွေကို ဝင်ပြီးသမီးတို့လို တိုင်းရင်းသူတွေကို
မုဒိန်းကျင့် ရွာဖျက် ဒီတော့ သမီးတို့လည်း သူတို့ကိုကြည့်မရဘူးပေါ့။
နောက်ဆုံးသမီးတို့မြန်မာပြည်ပြန်ရင် လမ်းမှာ ပိုက်ဆံတောင်းတာလည်း သူတို့ပဲ
ပြီးတော့ တောင်းတာအေးဆေးတောင်းတာလည်းမဟုတ်ဘူး မပေးရင်ဘဲ
သတ်ပစ်တော့မလိုလိုနဲ့။ မရှိတဲ့လူဆိုဘယ်လိုလုပ်မလဲ။ သမီးတို့ကတော့မသိဘူး
မုန်းတာပဲသိတယ် ကြည့်မရဘူး။
အထက်ပါဖြစ်ရပ်က
လုပ်ဇာတ်မဟုတ်ပါဘူး။ တကယ့်အဖြစ်အပျက်လေးတစ်ခုကို ဇာတ်အိမ်ဖွဲ့ထား တာပါ။
ပြောစကားတွေကတော့ အမှန်ပါ။ ဒီတော့ ကျနော်တို့ ဒီအဖြစ်အပျက်ကို
ပြန်သုံးသပ်ကြည့်ရအောင်။ ကိုယ့်ကျင်လည်ခဲ့တဲ့ အဖွဲ့အစည်း
အဲဒီအဖွဲ့အစည်းအတွင်းက အခက်အခဲတွေကိုလည်းသိတယ် ဘာကြောင့်
ခုလိုလုပ်နေရတယ်ဆိုတာလည်း သိတယ်။ ကိုယ်တိုင်လည်း ဒီအဖွဲ့အစည်းထဲမှာ
ကျင်လည်ခဲ့ဖူးတယ်။ ဒါပေမယ့် သူကိုယ်တိုင်ပဲ အဲဒီအဖွဲ့အစည်းမှာပါဝင်နေကြတဲ့
အဖွဲ့ဝင်တွေကို ကြည့်မရအောင်မုန်းတယ်တဲ့။ ဒါဆိုရင်တော့ ကျနော်တို့
အဲဒီအဖွဲ့အစည်းကြီးဟာ တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာ သုံးသပ်နိုင်ပါတယ်။
ဘာတွေမှားတယ်ဆိုတာကိုတော့ စာဖတ်ပရိတ်သတ်များ စဉ်းစားကြပါကုန်။ ကိုယ်ဖြစ်
တည်ရတဲ့ ဘဝ၊ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကို စက်ဆုတ်ရွံရှာနေပြီဆိုရင်
လွဲတော့လွဲနေပြီ ဘာတွေလွဲ နေလည်း ဆိုတာကိုတော့ အဲဒီ
ပတ်ဝန်းကျင်ကိုဦးဆောင်သူတွေ စဉ်းစားရမယ့် အခြေအနေပါ။ စဉ်းစားလို့ အဖြေ
ပေါ်တာကိုတော့ ဖြေရှင်းဖို့လိုတာပေါ့နော်။ ခုချိန်က မင်းကြောင့် ငါ့ကြောင့်
တွေနဲ့ငြင်းနေရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာကိုလည်း သိသင့်လှပါတယ်။
ကျနော်ကတော့ သူလို စစ်သား တွေကိုမုန်းတဲ့ စစ်သား သား၊ သမီးတွေ ဘယ်လောက်များ
ရှိနေလေမလဲ။ အဲဒီစစ်သားဖြစ်ရတဲ့ ဘဝကိုပဲ မုန်းနေမယ့် ကိုယ့်လုပ်ရပ်ကို
ကိုယ်မုန်းနေမယ့် စစ်သားတွေကော ဘယ်လောက်များရှိနေလေမလဲ ဆိုတာကိုပဲ
တွေးရင်းနဲ့ အိပ်ပျက်ညတွေ ဆက်ပါဦးမယ်……။
ဗိုလ်ရဲထက်
Subscribe to:
Post Comments (Atom)
တစ်ချို့တွေကယဉ်ကျေးတယ်။တစ်ချို့တွေကအခွင့်အရေးကိုအသုံးချပြီးမောက်မာကြတယ်။မောက်မာတဲ့သူနဲ့တိုက်ဆိုင်မိတဲ့သူတွေမုန်းမိမယ်ဆိုလဲဒါဟာမထူးဆန်းပါဘူး။အဓိကကတော့ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမယ်။ဒါကြောင့်ခေါင်းဆောင်ကောင်းလာဖို့မျှော်လင့်ရင်းစစ်သားတွေရဲ့ဘ၀ကိုတစ်ဒေါင့်တစ်နေရာကနေသက်ပြင်းချမိလိုက်ပါတယ်။
ReplyDeleteကိုရဲထက်စာရေးကောင်းတယ်ဗျာ။
ReplyDeleteရင်ထဲလဲထိတယ်။
ကျနော်လဲစစ်သားပါပဲ။အားပေးနေတယ်ဗျာ။
ကိုရဲထက် လေးစားစွာ အားပေးနေပါတယ်။ တခုလေး အကြံပေးပါရစေ။ ၀ါကျရှည်တွေ သိပ်မသုံးပါနဲ့လို့ပါ။ ကျနော်လည်း သိလွန်း၊ တတ်လွန်းလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ၀ါကျသိပ်ရှည်ရင် လိုရင်းမပေါ်တတ်ဘူး။ သဒ္ဒါမှားဖို့လည်း အခွင့်အရေးများတယ်။ စာဖတ်သူလဲ အီတာပေါ့လေ။
ReplyDelete