မြန်မာ့တပ်မတော်ရဲ့ ရိက္ခာခြောက် ထောက်ပံ့မှုစနစ်ဟာ တပ်မတော်စတင်ဖွဲ့စည်းချိန်ကစပြီး တစထက်တစဆုတ်ယုတ်လာနေခဲ့ပါတယ် …..
Showing posts with label ဖြစ်ရပ်မှန်. Show all posts

Monday, March 4, 2013
တပ်မတော်အတွင်းက အဖြစ်မှန် ရင်နင့်သံ
မြန်မာ့တပ်မတော်ရဲ့ ရိက္ခာခြောက် ထောက်ပံ့မှုစနစ်ဟာ တပ်မတော်စတင်ဖွဲ့စည်းချိန်ကစပြီး တစထက်တစဆုတ်ယုတ်လာနေခဲ့ပါတယ် …..
Sunday, July 15, 2012
အရာရှိတယောက်ရဲ့ တပ်မတော်သားတွေအတွက် သူ့အတွေ့အကြုံကိုမျှဝေခြင်း
ခက်ခဲ ကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်းဘ၀ကို ဖြတ်ကျော်ရတာဟာ ဘယ်လောက်
ခက်ခဲ တယ်ဆိုတာ ပြောပြရင် မယုံနိုင်စရာပါပဲ။ DSA ကိုစတက်တဲ့ ပထမနှစ်
ဗိုလ်လောင်းဘ၀ဟာ အရပ်သား ဘ၀ကနေ စစ်သားဘ၀ကို စတင်ကူးပြောင်းရတဲ့
ကာလဖြစ်လို့ အဲဒီ အချိန်မှာ ဗိုလ်လောင်း ဘ၀ကို အရှုံးပေးပြီး ဘဝ
ပျက်သွားရတဲ့ လူတွေ မနည်းပါဘူး။ တကယ်တော့ ဗိုလ်လောင်း ဘ၀ဆိုတာ တကယ့်
အဖြူထည်လေး တွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့လက်ရှိ အခြေအနေ
တွေကိုလဲ ဘာမှ ဂဃဏန နားမလည် ကြသေး ပါဘူး။
၁၀၀ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး
ဝင်လာတဲ့ သူတွေပါ။ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့
ပုံသွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း
စစ်တက္ကသိုလ်ရဲ့ အရိပ်အောက်မှာ အဆင့် အတန်းမရွေး အားလုံး တန်းတူဆိုပြီး
မှတ်ထင် ခံယူခဲ့ကြတာပါ။ ဒါပေမဲ့ … အဲဒီခံယူချက်တွေဟာ စစ်တက္ကသိုလ်
ရောက်ပြီး ….. ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်း ဘ၀ရောက်လို့
တစ်ပတ်လောက် အကြာမှာဘဲ အဲဒီ ခံယူချက်တွေအားလုံး မြောင်းထဲရောက်
ကုန်ပါတော့တယ်။ “မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို
အုန်းခနဲ လက်သီးနဲ့ ထိုးထည့် လိုက်တာက “ငါက တိုင်းမှူးသားကွ” ဆိုတဲ့
အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်း ကျောင်းသား
တိုးနိုင်မန်းပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူး
သားမှန်းသိလို့ အပြစ်မရှိ အပြစ်ရှာထိုး တာပါ။ နောက်ပိုင်း သိလာရတာက
တိုးနိုင်မန်းဟာ ပထမနှစ် ဗိုလ်လောင်း ဘ၀ကိုလည်း အိပ်ရင်း စားရင်း
ကျော်ဖြတ်လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်းဘ၀မှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ
အူတုန် သည်းတုန် ကြောက်ရတဲ့ စီနီယာဖြစ်လာ ခဲ့ပါတယ်။

Saturday, July 7, 2012
Friday, June 1, 2012
ငကန်းတွေ သေမှာကို စိုးသတဲ့လား နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ ( ဦးဝင်းတင်)
ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး
နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ်
ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန်
ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ
ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။ တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ ထွက်ကုန် တွေ
ကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက်တာဗျာ။
ဒါဖြင့်
ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။
အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း
စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြတတ်တော့ဘူး။
ကမ္ဘာကျော် စီးပွားရေး
ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ
တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား
သီးအောင် ပြောကြ ဖော ကြ နည်းပေးကြ လမ်းပြကြ ပေါ့။ ဘာပြောကောင်းမလဲ။
နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။
လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့
ရွှင်ပြုံးလိုက်ကြတာ။
Sunday, May 13, 2012
ခေတ်မှီဖွံ့ဖြိုးတိုးတက်ပါတဲ့ ဒို့တပ်မတော်
စာဖတ်သူများခင်ဗျား
နအဖ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု
အောက်ထဲမှာ တပ်မတော် သားများအနေနဲ့ အခွင့် အရေး ရလိမ့် မယ်လို့ တချို့က
ထင်မှတ် နေကြပါ လိမ့်မယ်။ တကယ်တမ်း ထိပ်ပိုင်းက လက်တဆုပ်စာ လောက်သာ
သုံးလို့မကုန် ဖြုန်းလို့မဆုံး ချမ်းသာနေကြပြီး အောက်ခြေ
တပ်မတော်သားများမှာတော့ ပြည်သူလူထု နဲ့အတူ စီးပွားရေးကြပ်တည်းမှု
ဝဲဂယက်ထဲမှာ ကြုံသလို ကြိတ်မှိတ် ဖြေရှင်းနေကြရပုံတွေကို ပြည်တွင်းမှ
မြေသြဇာအဖွဲ့ ကျောင်းသူ တစ်ဦးရဲ့ ဤ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာချက်အား
ဒီကနေ့ တင်ပြ ပေးလိုက်ရပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက်
ကျွန်တော်ကိုဖိုးတရုတ်က မြေသြဇာအဖွဲ့မှ သမီးပျိုအား အထူး
ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြေသြဇာအဖွဲ့နဲ့တကွ မျိုးဆက်သစ်များအား ကြိုဆို
ဂုဏ်ပြုလျှက် မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ်ခင်ဗျား။
မယုံမရှိနဲ့ အမှန်ပါဘဲကွဲ့
ပေးပို့သူ - မြေသြဇာအဖွဲ့
ရန်ကုန်တိုင်း စစ်ဌာနချုပ်
နယ်မြေအတွင်းရှိ တပ်မတော်သားတွေဟာ စားဝတ်နေရေးကို ခက်ခဲစွာ
ရုန်းကန်နေကြရပြီး သက်ဆိုင်ရာ အရာရှိများထံ ချဉ်းကပ်တင်ပြကာ “ဗိုက်”
ပြဿနာအား ကြုံသလို ဖြေရှင်းနေကြရပါတယ်။ မင်္ဂလာဒုံတပ်နယ် ပင်မယာဉ်
သိုလှောင်ရေးတပ် (ပယန) ကို ဗိုလ်မှူးကြီး အဆင့်က အုပ်ချုပ်ပြီး FAW
ကဲ့သို့ ယာဉ်ကြီး များ၊ ယာဉ်လတ်၊ ယာဉ်ငယ် မျိုးစုံအား ထားရှိရာ တပ်ကြီး
အဆင့် ဖြစ်ပါတယ်။
အဲဒီ တပ်ပိုင်ယာဉ်တွေဟာ လုပ်ငန်းသုံး
ပင်မထောက်ပံ့ပို့ဆောင်ရေး တပ်ရင်း (ပထပ)၊ ရှေ့ တန်း အခြေချ ထောက်ပံ့နဲ့
ပို့ဆောင်ရေး တပ်ရင်း (ရထပ) ၊ ထောက်ပံ့နဲ့ ပို့ဆောင်ရေး တပ်ရင်း (ထပရ)
တပ်များရှိ ယာဉ်တွေနဲ့ မတူပဲ ကလပ် (ယာဉ်အဆင့်အတန်း) (၁/၂) ရှိသော
ကားသစ်များကိုသာ ထားရှိသလို စစ်တပ်က အသုံးမလိုတော့တဲ့ လေလံတင်မဲ့
ယာဉ်အဟောင်းများကိုလည်း ထားရှိကြပါတယ်။
အဲဒီ ကားသစ်များကို လူထုအုံကြွမှု
အရေးတော်ပုံကြီးကို နှိမ်နှင်းရန်နဲ့ အရေးပေါ်ကိစ္စ များမှာ သုံးဖို့
ဖြစ်ကြောင်းသိရပါတယ်။ ယာဉ်အဟောင်းများကိုတော့ လေလံတင်ရာမှာ ဘုရင့်နောင်၊
ဗိုလ်တစ်ထောင်နဲ့ စမ်းချောင်းက ကုလားကြက်တန်းရှိ ကုလားများနဲ့
လက်ဝါးချင်းရိုက်ကာ စားပေါက် “ဂွင်” ရိုက်ကြကြောင်း သိရှိရ ပါတယ်။
စိတ်ဓာတ်ကျစွာ ဓာတ်ပုံ အရိုက်ခံတဲ့ ရဲဘော်စစ်သည်တစ်ဦးပုံ
Saturday, May 12, 2012
ပြောပြချင်တဲ့ တပ်မတော်အရာရှိတစ်ယောက်အကြောင်း(၃)...(ဟာဂျူလီ.ကသာ)
အပိုင်း(၂)မှာတုန်းက ဗိုလ်မှူးကြီးမျိုးချစ်နဲ့ကျွန်တော်ပေါင်းပြီး ထောင်ထဲက အပြစ်မရှိတဲ့
တရားခံဦးမဲ(အသက်၆၅နှစ်)ကို ကယ်ထုတ်ခဲ့ပုံရေးပါဦးမယ်လို့
ပြောခဲ့တယ်နော်၊အပြစ်မရှိပဲ ထောင်ထဲရောက်သွားတဲ့ဦးမဲ ကယ်ခဲ့တဲ့နေရာမှာ မတရားတာကို ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်ဝင်ပါတတ်တဲ့ ကျွန်တော်ရဲ့စွမ်း
ဆောင်နိုင်မှုထက် ဒေသအာဏာပိုင်ဗိုလ်မှူးကြီးမျိုးချစ်ရဲ့ကိုယ်ချင်းစာစိတ်ကြောင့်လို့ပဲပြောရမှာပါ
ဒီဖြစ်စဉ်မှာပါတဲ့ ဦးမဲဆိုတာ အခုထက်ထိမန္တလေးမှာ
သက်ရှိထင်ရှားရှိနေပါတယ်၊ပွဲရုံဖွင့်ထားတဲ့အတွက် ဦးမဲကို စုံစမ်းရတာ မခက်ပါဘူး၊ကျွန်တော်ရေးတဲ့ဖြစ်ရပ်မှန်ကို သံသယရှိသူများ စုံစမ်းနိုင်အောင်လို့ပါ၊
ဖြစ်ပုံကဒီလိုပါ၊အဲဒီအချိန်က မြန်မာနိုင်ငံမှာဂျာနယ်ပြန်လည် ထုတ်ဝေခွင့်ပြုစအချိန်၊ကျွန်တော်က မှုခင်းသတင်းထောက်ပါ၊အဲ.အဲ..မှုခင်းသတင်းထောက်ဆို
တာ လေးရှင်းပြရဦးမယ်၊ခုခေတ်လို ရဲတွေရဲ့လုပ်ဆောင်မှုတွေသာအသားပေးရေးတဲ့ မှုခင်းသတင်းထောက်လိုမျိုး ရဲသတင်းပေးလိုမျိုးမဟုတ်ပါဘူး၊ ကျွန်တော်
မှုခင်းထောက်လုပ်ခဲ့တာဟာ ရဲတွေရဲ့ ညံ့ဖျင်းမှုတွေရှိရင်လည်း မညာမတာ ပယ်ပယ်နှယ်နှယ်ရေးတဲ့ မှုခင်းသတင်းထောက်ပါ၊အဲဒီတော့ ရဲအကြီးအကဲတွေကအစ
ကျွန်တော့်ကို အတော်လေး လေးလေးစားစား(ဟန်ဆောင်လေးစားတာလည်းရှိမှာပေါ့)ရှိကြပါတယ်၊
ကျွန်တော်အလုပ်ကမှုခင်းသတင်းထောက်ဆိုတော့
မနက် တိုင်းလိုလို ရဲစခန်းသွား၊FIRဖတ်၊အချုပ်ခန်းနဘေးသွားပြီး ဟိုလိုလို ဒီလိုလိုနဲ့
ထူးခြားတဲ့တရားခံရှိ မရှိလေ့လာရပါတယ်၊ဒီနေရာမှ ကြုံလို့ပြောရဦးမယ်၊

ကျောက်ဖြူမြို့ခံ တစ်ဦး ဖွင့်ဟ ပြောကြားချက် (နေရဉ္စရာ)
ကျောက်ဖြူက ပင်လယ်ကမ်းခြေ နေရာတွေ၊ ဂေါက်ကွင်း နေရာတွေနဲ့ မြေလွတ်နေရာတွေကို ဗိုလ်ချုပ်တွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ နာမည်တွေနဲ့ ဂရမ်မြေ ဖေါက်ဖို့ကြိုးစားနေကြတယ်။ အယင်က အများပြည်သူတွေ အသုံးပြုတဲ့ ဂေါက်ကွင်း၊ ကစားကွင်းတွေ၊ လူတွေအနားယူ အပန်းဖြေ လမ်းလျှောက်တဲ့ နေရာတွေ၊ လူတွေကို ပိုင်ဆိုင်ခွင့် မပေးတဲ့ ပင်လယ် ကမ်းခြေတွေ အခု တစ်ခုမှ မကျန်တော့ဘူး။ အခုလည်း မြန်မာ့ ဂိုးလ်ဒင်း ဂရောင်းကုမ္ပဏီ ( MGC) ကနေပြီးတော့ ပင်လယ်နဲ့ ကားလမ်းကြားမှာ ရှိတဲ့ ကားလမ်းနဲ့ ကပ်ရပ် မြေသားတွေကို တူးပြီးတော့ မြေကွက်တွေကို ဗိုလ်ချုပ် တစ်ဦးနာမည်နဲ့ ဖေါ်ထုတ်နေတယ်။ အခု ဖေါ်ထုတ်နေတဲ့ နေရာက တကယ်လို့ အဲဒီနေရာ ဂျိုင့်ဝှမ်း ဖြစ်သွားလို့ ပင်လယ်ရေ၀င်လာရင် ရေတိုက်စားလိုက်ပြီး ကားလမ်းတွေပါ အားလုံး ပါသွားမယ်။
ကျောက်ဖြူမြို့
ကားလမ်းတွေ ပါသွားတော့ မြို့သူမြို့သားတွေ သွားလာရေး အခက်အခဲဖြစ်မယ်။ အခု ကုန်းပေါ်က မြေတွေကို တူးယူပြီးတော့ အဲဒီ ကုမ္ပဏီက မြေကွက်ဖေါ်တဲ့ နေရာကို ဖို့နေတယ်။ ပင်လယ် အောက်ကျတော့ သဲကိုယူတယ်။ ကားလမ်းနဲ့ကပ်ရင် သစ်ပင်ငယ်တွေ ပေါက်ပြီး ကုန်းတန်းငယ် ပေါ်က မြေတွေ အကောင်းဖြစ်နေတာကို သူတို့ စက်တွေနဲ့ တူးယူကြတယ်။ အမှန်မှာတော့ ခင်ဗျား စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ သိသလောက်ဆိုရင် ပင်လယ်ပြင်ထဲက ရေစပ်တွေမှာ ရှိတဲ့ သဲတွေကို ယူတာက အရေးမကြီးပါဘူး။ ကုန်းတန်းက မြေကြီးတွေကို ယူပစ်ရင် အောက်က ဂလိုဏ် တွင်းခေါင်းတွေ ဖြစ်သွားပြီး ပင်လယ်ရေတွေ ၀င်လာနိုင်တယ်။ ရေ၀င်လာရင် ကားလမ်းတွေ ပြိုကျသွားနိုင်တယ်။ ကားလမ်းပြိုရင် လေယာဉ်ပျံကွင်းဖက်လည်း ပြိုပါသွားမယ်။ အခု တူးနေတာက ကျောက်ဖြူ လေယာဉ်ပျံကွင်း ထိပ်တည့်တည့် ကျပါတယ်။ တောင်နှင့်မြောက်မှာ ဆိုရင် လေယာဉ်ကွင်း မြောက်ဖက်ပိုင်းပေါ့ဗျာ။
ပြောပြချင်တဲ့ တပ်မတော်အရာရှိတစ်ယောက်အကြောင်း(၂)...(ဟာဂျူလီ.ကသာ)
အစိုးရပိုင်းကရော အကျင့်ပျက်ခြစားသူအတော်များများကပါ
ကျွန်တော်တော်ကို အဆိုးမြင်ဝါဒီ လို့ သမုတ်ချင်ကြတယ်၊သူတို့
ထင်ယောင်ထင်မှား ၀ိုးတ၀ါး ဖြစ်မယ်ဆိုရင်လည်း ဖြစ်ချင်စရာ၊
ကျွန်တော်ရေးတဲ့
စာတွေပဲဖတ်ဖတ် ကျွန်တော်ဆွဲတဲ့ ကာတွန်းတွေကိုပဲ ကြည့်ကြည့်
ထောက်ပြဝေဖန်တာက အများသားကလား၊အခြားသော ဆရာသမားအများစုလို water
follow,fish follow မျိုးက သိပ်မရှိ၊ရေးလိုက် ဆွဲလိုက်ရင်
တုံးတုံးတစ်တစ်၊ဒီတော့လည်း
အာဏာပိုင်သူတွေက ကျွန်တော်လို လူမျိုး ဘယ်ကလာကြိုက်ပါ့မလဲနော့၊အမှန်အတိုင်းပြောရရင်
ကျွန်တော်တို့လည်း သူများမုန်းတဲ့စာမျိုး ဘယ်ကလာရေးချင်ပါ့မလဲ၊ထောင်နှုတ်ခမ်းလျှောက်နေ
ရတဲ့အလုပ် ၊ဆေးရုံကို မျက်စပစ်နေရတဲ့အလုပ်မျိုး ဘယ်လုပ်ချင် ရေးချင်ပါ့မလဲ၊သို့သော်လည်း
ခေတ်ကောင်း ခေတ်ပြောင်းဖို့ဆိုရင် ကျွန်တော်တို့လို မီဒီယာလိုင်းပေါ်က လူတွေဟာ ခေတ်ကို ထောက်နေရမယ်၊ပြနေရမယ်၊ဝေဖန်နေရမယ်လေ၊
ဆောင်းပါးပါ ဒုတိယဗိုလ်မှူးကြီး မျိုးချစ်

ပြောပြချင်တဲ့ တပ်မတော်အရာရှိတစ်ယောက်အကြောင်း(၁)...(ဟာဂျူလီ.ကသာ)
ကျွန်တော်ရေးတဲ့ ဒုတိယရဲမှူးကြီးကြည်ညွှန့်အကြောင်းဖတ်လိုက်ရတဲ့သူတွေက
အဲဒီလိုမျိုးတွေ ထပ်ရေးဖို့ ကွန်မင့်ပေးကြပါတယ်၊အချို့များဆို ရယ်ရတယ်၊
(အပြစ်ပြောတာမဟုတ်ဘူးနော်၊အဲဒီကွန်မင့်ပေးတဲ့မိတ်ဆွေက
နယူးယောက်မှာနေတာဆိုတော့ ကျွန်တော့်ကို စာရေးဆရာမှန်း မသိတာ သိပ်မထူးဆန်း
ပါဘူး)သူပေးတဲ့ ကွန်မင့်က “ဆရာရေ၊ ကာတွန်းဆရာ မလုပ်ပဲ
စာရေးဆရာလုပ်ဖို့ကောင်းတယ်၊ဆရာရေးတာက ဖတ်လို့လည်းကောင်းတယ်၊ဗဟုသုတလည်း
ရတယ်”တဲ့၊ကျွန်တော်လည်း သူ့ကို စချင်တာနဲ့
“ဟုတ်ကဲ့..ကျွန်တော်ကြိုးစားကြည့်ပါဦးမယ်၊ အဲဒီလိုစာရေးတဲ့အခါလည်း
အားပေးရမယ်နော်..”လို့၊ အံမယ် အဲဒီဖေ့ဘွတ်မိတ်ဆွေက
ပြန်ပြီးကွန်မင့်ပေးတယ်ခင်ဗျ၊“စိတ်ချဆရာ၊တ၀ကြီး
အားပေးလိုက်ဦးမှာ”၊အမှန်ကတော့ ကျွန်တော်စာရေးလာတာ အနှစ်(၂၀)ကျော်
ပါပြီ၊မဂ္ဂဇင်းခေတ်ကတည်းက ခုချိန်ထိပါ၊ကာတွန်းတွေသာ မကြာခဏရန်ရှာခံရလို့
တစ်နှစ်မှ တစ်ပုဒ်စ နှစ်ပုဒ်စလေးတွေ ရေးဖြစ်ပေမယ့်ဆောင်းပါးတွေသရော်စာတွေကတော့ တစ်ပါတ် နှစ်ပုဒ်သုံးပုဒ်ရေးဖြစ်ပါတယ်၊ရှက်ရှက်နဲ့ ၀န်ခံရဦးမယ်၊
ပိုက်ဆံ အသုံးလိုနေတဲ့အခါများ တစ်ပတ်ထဲနဲ့ ဂျာနယ်တစ်စောင်ထဲမှာ(ကလောင်နာမည်အမျိုးမျိုးနဲ့)
၁၀ပုဒ်အထိရေးဖူးပါရဲ့၊ဒါကလည်း ဟိုတုန်းကပါ၊ခုတော့ ကိုယ်ရေးတဲ့စာဆို
မကောင်းဘူးထင်ရင် ဂျာနယ်တွေကို ပို့တောင် မပို့ဖြစ်ပါဘူး၊အဟီးထပ်ဝန်ခံရဦးမယ်၊အဲဒီလို
ဘယ်မှ မပို့ဖြစ်ဘဲ ကွန်ပျူတာထဲ သိမ်းထားတဲ့စာမူတွေကိုလည်း
စောင်ရေနည်းပြီး မကင်းရာ မကင်းကြောင်းတွေက လည်ပင်းညစ်တောင်းတဲ့အခါ
ပါသွားပြန်တာပါပဲ၊ ရေးရင်းနဲ့ တောင်ရောက် မြောက်ရောက်တွေရောက်ကုန်ပြန်ပါပြီ၊ပြောချင်တာ
ဒုတိယရဲမှူးကြီးကြည်ညွှန့်လိုဆောင်းပါးမျိုးထပ်ရေးဖို့ စဉ်းစားလိုက်တော့
ကျွန်တော်နဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ယောက်အကြောင်း
ခေါင်းထဲပေါ်လာပြန်ပါတယ်၊သူနာမည်က ဒုတိယဗိုလ်မှူးကြီးမျိုးချစ်တဲ့၊ကသာခရိုင်အပါအ၀င်
ခရိုင် ၃ ခုမှာ ခ၀တဥက္ကဌလုပ်သွားဖူးပေမယ့် အခုအချိန်ထိ ကလေးမြို့မှာ ဆင်းဆင်းရဲရဲ
ချို့ချှိုငဲ့ငဲ့ ခြံစိုက်စားနေနေတုန်းပါပဲ၊သူ့လိုလူမျိုးကလည်း တပ်ထဲမှာသိပ်ရှားပါလိမ့်မယ်၊

Monday, May 7, 2012
Sunday, March 11, 2012
မီးတိုက်ပွဲ...(ဟာဂျူလီ.ကသာ)
ကသာမြို့ဈေးကြီးမီးလောင်တေ
အင်းတော်မြို့အပိုင် ဒိုးပင်တောင်အဆင်းမှာ ကားတိမ်းမောက်သွားခဲ့ပါတယ်၊
ခ
ဒီလိုပြောကြ
Subscribe to:
Posts (Atom)