Sunday, January 29, 2012

ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း(http://drlunswe.blogspot.com/) မှ

ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

စစ်သည်များ


1 comment:

  1. များများရေးပါ ။

    ReplyDelete

Ads 468x60px

Featured Posts