Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts
Thursday, February 7, 2013
တပ်မတော်သားတွေ ထိုက်တန်တဲ့ ရပိုင်ခွင့်နဲ့ တာဝန်ယူမှုတွေ ရှိဖို့လို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က တပ်မတော်သားတွေအနေ နဲ့ နိုင်ငံ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေရရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နိုင်ငံတော်လုံခြုံရေးအတွက် အသက်ပေးထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ထိုက်တန်စွာ ဂုဏ်ပြုတဲ့အနေနဲ့ ပညာသင်ကြားခွင့်၊ အလုပ်အကိုင် ဦးစားပေးမှု စသဖြင့် ရပိုင်ခွင့် အများအပြား ပေးထားတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပံ့ပိုးမယ့်ကိစ္စမှာ တကယ်ထိရောက်တဲ့ အကူအညီတွေရရှိအောင် မိမိတို့ဖက်ကလည်း စံနစ်တကျ တင်ပြနိုင်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
မိမိတို့နိုင်ငံရဲ့ လက်ရှိအရေးကြီးဆုံး လိုအပ်ချက်ကတော့ ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။
Sunday, July 15, 2012
ဆရာကြီး ဒေါက်တာသော်ကောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
http://www.maukkha.org/index. php/interview-maukkha/opinion- maukkha/2209-dr-thaw-kaung& lang=en
မေး- ဆရာတို့ခေတ်ရဲ့ တက္ကသိုလ် ပညာရေးစနစ်ကို သိပါရစေခင်ဗျာ။
ဖြေ- ဆရာက ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ စတင်ပညာသင်ကြားခဲ့ပါတယ်။
ဆရာတို့ခေတ်တုန်းက ရိုးရိုး ဘီအေတန်းအတွက် ပညာသင်နှစ် ၄ နှစ်၊
ဂုဏ်ထူးတန်းတက်ရင် ၅ နှစ်ပါ။ ဆရာက အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခဲ့လို့ ၁၉၅၄
ကနေ ၁၉၅၉ ထိ၊ ရန်ကုန်တက္ကသိုလ်မှာ ၅ နှစ် သင်ကြားခဲ့ရပါတယ်။
အခုလက်ရှိ ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ပညာရေး အခြေအနေက
ဆရာတို့ခေတ်နဲ့ သာမန်နှိုင်းယှဉ်ရင်တောင် တော်တော် ကွာခြားသွားပါပြီ။
ဆရာသင်ယူခဲ့တဲ့၊ သိတဲ့ ပညာရပ် တစ်ခုတည်းကို နမူနာအဖြစ် ပြောပြမယ်။
အင်္ဂလိပ်စာပေ ဆိုပါတော့၊ အဲဒီအချိန်တုန်းက ဗြိတိသျှ ကောင်ဆယ်လ် (BC) က
ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ကူညီ သင်ကြားပေးဖို့ တစ်နှစ်ကို
ဝါရင့်အင်္ဂလိပ်ဆရာ နှစ်ယောက် ပေးတယ်။ သံရုံးမှာ မဟုတ်ဘဲ သီးသန့်
အဆောက်အအုံမှာလည်း ဗြိတိသျှကောင်ဆယ်လ်စာကြည့်တိုက် ပန်းဆိုးတန်းမှာ
ရှိတယ်။ ဆရာတို့ အသုံးများခဲ့ပါတယ်။
BC က ပေးတဲ့ ဆရာနှစ်ယောက်က ရန်ကုန်တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာ

(နွယ်စိုး ကလောင်နဲ့ စာရေးတယ်)။ BC က လာတဲ့ ဆရာတွေက ဧည့်ပါမောက္ခတွေအနေနဲ့
သင်ကြားရေးမှာ ထိထိရောက်ရောက် ကူညီသင်ကြားပေးတယ်။ ဒါပေမဲ့
အုပ်ချုပ်မှုအပိုင်းမှာ သူတို့ ဘာမှ ၀င်မစွက်ဘူး။
Thursday, July 12, 2012
ဆောက်ချင်ဦးဟဲ့အိမ်
ကျွန်တော်မနေ့က မြို့ထဲထွက်ရင်းကြားရတာက အိမ်ဆောက်မယ့် အိမ်တိုင်တွေဖမ်းခံရတယ်တဲ့၊ဒါနဲ့ သတင်းစုံစမ်းရင်းသိ
သလောက်ကိုတင်ရေးဖြစ်ခဲ့ပါတယ်၊ဒီကနေ့(၁၁.၇.၂၀၁၂)ရက်နေ့ညနေ(၆)နာရီမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူထံခွင့်ပန်ပြီး တရားခံ၊ရွာသား(၂)
ယောက်ကိုတွေ့ဆုံဖြစ်ပါတယ်၊သူတို့ပြောတာတွေကို သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတွေသိနိုင်ဖို့ ရေးသားလိုက်ရပါတယ်၊
(တစ်ခုတော့ ကျွန်တော်ပြောချင်ပါတယ်၊အခုတရားခံတွေဟာ ကျွန်တော်နဲ့တစ်ခါမှ တွေ့ဖူးသူများ မဟုတ်ခဲ့ကြပါဘူး)

Saturday, May 12, 2012
ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဖက်ဆစ်တော်လှန်ရေး အထက်မြန်မာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဗထူးရဲ့သား ဗိုလ်ကြီးမြင့်ထူး - အပိုင်း(၁)
အခုအခါမှာ ပြည်ပမှာ အခြေစိုက်တဲ့
“မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများအစည်းအရုံး” ရဲ့ ဥက္ကဌ အဖြစ်
တာဝန်ယူနေတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ဟာ မေမြို
့စစ်တက္ကသိုလ်ဗိုလ်သင်တန်း အပတ်စဉ်(၁) ကနေ ကျောင်းဆင်းပြီးတော့
တပ်မတော်(ကြည်း)ရဲ့အရာရှိငယ် တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဗိုလ်ကြီးမြင့်ထူး၏ ဖခင် အထက်ဗမာပြည်တိုင်း စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ဗထူး
ဗိုလ်ကြီးဟောင်းဦးခင်မောင်ညွှန့်က ဗီအိုအေ မြန်မာပိုင်းရဲ့ တပ်မှူးတပ်သား
ပြောစကား ကဏ္ဍမှာ သူပြောပြ ချင်တဲ့ အကြောင်းကတော့ သူ့ရဲ့ဘ၀မှာ အချစ်ခင်အရင်း
နှီးဆုံး မိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့တဲ့ ဗိုလ်ကြီးမြင့် ထူး အကြောင်းလို
့ဆိုပါတယ်။ OTS ဗိုလ်သင်တန်း အပတ်စဉ်(၂၆)က နေဆင်းတဲ့ ဗိုလ်ကြီးမြင့်ထူးဟာ
ဖက်စစ်ဂျပန်တော်လှန်ရေးကာလမှာ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ
ဗိုလ်ချုပ်အောင်ဆန်း အလွန်အားထားခဲ့ရတဲ့ အထက်ဗမာပြည်တိုင်း စစ်ရေးတာဝန်ခံ
ဗိုလ်မှူးကြီးဗထူးရဲ့သား ဖြစ်ပါတယ်။
Friday, May 11, 2012
“ပြောင်းလဲနေပြီလို့ မမြင်ပါဘူး။ ပြောင်းလဲဖို့ ခြေလှမ်းစနေပြီလို့ပဲ မြင်ပါတယ်”
တကျွန်းဒဏ်မှ လွတ်မြောက်လာသူ နိုင်ယက္ခနှင့် အင်တာဗျူး
စံခလပူရီ (မဇ္ဈိမ) ။ ။ မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အထောက်အကူဖြစ်ရန်အတွက် မွန်ပြည်သစ်ဘက်မှ တစိုက်မတ်မတ် တောင်းဆိုခဲ့သည့် တကျွန်းကျ
အကျဉ်းသား ပါတီဝင်နှစ်ဦးကို ဧပြီလ ၃ဝ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး မိခင်ပါတီကို လွှဲအပ်ခဲ့သည်။
ထိုသို့ လွတ်မြောက်လာသူ နှစ်ဦးမှာ အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေးတို့ ဖြစ်ကြသည်။
နိုင်ယက္ခမှာ မွန်ပြည်သစ်ပါတီ ခရိုင်အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်းနှင့် ဗဟို နိုင်ငံရေးသင်တန်း ဒုကျောင်းအုပ်ဖြစ်သည်။ နိုင်မျိုးသွေးမှာ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ဗိုလ်ကြီးဟောင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးမှာ ၂ဝဝ၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ဖမ်းဆီးခံရပြီး နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် သေဒဏ် ချထားရာမှ အယူခံဝင်၍ တသက်တကျွန်း ပြောင်းလဲချခံရသည်။
အပစ်အခတ် ရပ်စဲထားစဉ် ကာလအတွင်းတွင်ပင် ၎င်းတို့ အဖမ်းခံခဲ့ရပုံ၊ ထောင်တွင်း အတွေ့အကြုံ၊ လွတ်မြောက် လာခဲ့ပုံများအပြင် အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အပေါ် သဘောထားများ သိရှိနိုင်ရန်အတွက် နိုင်ယက္ခ အား မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်။

ပြန်လည် လွတ်မြောက်လာသည့် နေ့တွင် ကြိုဆိုသူများကို ဝမ်းမြောက်ကြောင်းစကား ပြောကြားနေသည့် နိုင်ယက္ခ (ဓါတ်ပုံ: facebook.com/ninenie)
Saturday, December 17, 2011
၁၇-၁၂-၂၀၁၁ (စနေနေ့ည) VOA တိုက်ရိုက်လေလှိုင်းသို့
ဦးကျော်ဇံသာခင်ဗျာ
တပ်မတော်အကြောင်း ကျနော်တို့ နောက်တစ်ကြိမ် ဆွေးနွေးဖြစ်ကြပြန်ပြီဗျို့။
တပ်မတော်တွင်းမှာ မျိုးဆက်ကွာခြားလာမှုကြောင့် စဉ်းစားတွေးခေါ်မှုအပိုင်းလည်း အရင်ကနဲ့မတူ ကွဲပြားခြားနားမှု ရှိလာပြီလို့ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကျနော်ပြောခဲ့ဖူးပါတယ်။ ခုလည်း ဒီအတိုင်းပဲ ယုံကြည် ပါတယ်။
ယခုအခါ တပ်မတော်ခေတ်မီတိုးတက်ဖို့ရည်မှန်းချက်နဲ့ ပြည်ပကို တာဝန်ပေးစေလွှတ်ခံရတဲ့ အရာရှိ/စစ်သည်တွေ ပိုမိုများပြားလာတာနဲ့အမျှ ကမ္ဘာကြည့်ကြည့်နိုင်တဲ့ အခွင့်အလမ်းလည်း သူတို့မှာ ရှိလာပါတယ်။ အိုင်တီခေတ်က တပ်မတော်သားအားလုံးကို ချန်ထားလို့မရပါဘူး။ အနည်းဆုံးအနေနဲ့ ပြည်ပရောက်ခိုက်မှာ သူတို့လေ့လာခွင့်ရပါတယ်။ ပြည်တွင်းကနေလေ့လာသူတွေလည်း ရှိနေပါတယ်။
တပ်မတော်တွင်း ပြောင်းလဲမှုရှိမရှိဆိုတာက ကာယကံရှင်တွေရဲ့ခံယူချက်နဲ့ ဘေးလူတွေရဲ့အမြင်တွေပေါ်မှာ မူတည်ပါတယ်။ ကာယကံရှင်တွေက အမူအကျင့်ဟောင်းတွေကို ဖက်တွယ်မထားကြဘဲ ကမ္ဘာ့ခေတ်မီ တပ်မတော်တွေကို နမူနာယူပြီး ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်လာအောင် တစ်ဦးချင်းကစပြီး ကြိုးစား ကြဖို့လိုသလို ဘေးလူတွေ အမြင်မှာလည်း ပြောင်းလဲလာတဲ့ အစိတ်အပိုင်းအလိုက် အသိအမှတ်ပြုပေးဖို့ လိုပါလိမ့်မယ်။ ဘယ်နေရာကြည့်ကြည့် အရင်နဲ့မတူတော့ဘူး ဆိုတဲ့ပြောင်းလဲမှုမျိုးကိုတော့ နောင်နှစ်ကာလ အတန်ကြာမှ တွေ့မြင်လာနိုင်ဖွယ်ရှိတယ်လို့ ယူဆမိပါတယ်။
ကျေးဇူးတင်ပါတယ်။
နေမင်းသူ
တပ်မတော်(ရေ)
Subscribe to:
Posts (Atom)