Showing posts with label သုံးသပ်ချက်. Show all posts
Showing posts with label သုံးသပ်ချက်. Show all posts

Sunday, July 15, 2012

ကချင်တွေ ဘာလို့ လက်နက်ကိုင် တော်လှန်သလဲ

ကချင်တွေ ဘာလို့ လက်နက်ကိုင်တော်လှန်လဲ
Duwa Kachin

အခုတလော KIA ငြိမ်းချမ်းရေး Issue က တော်တော် Hot နေတာ သတိထားမိတယ်။ ဒီနေ့ ဇွန်လ ၉ ရက် ဆိုရင် ဗမာစစ်တပ် ထိုးစစ်ဆင်တာကို KIA ခုခံနေတာ တနှစ်တင်းတင်းပြည့်တဲ့နေ့ ဖြစ်တယ်။

အချို့က KIA ကို “လွှတ်တော်နိုင်ငံရေးကို လက်ခံလိုက်ပါ၊ ပြီးတော့ လွှတ်တော်ထဲ ၀င်ပါလား” လို့ ပြောကြပါတယ်။ ဒီတော့ ဖြစ်ပျက်ခဲ့တာလေး နည်းနည်း ပြန်နွှေးလိုက်တာပေါ့။

KIO ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် တောက်လျှောက် ညီလာခံတက်ခဲ့တယ်။ မြန်မာနိုင်ငံသားအားလုံးအတွက် အကျုံးဝင်မယ့် ဒီမိုကရေစီလမ်းစဉ် အချက် ၁၉ ချက် ကိုလည်း တင်ပြခဲ့တယ် (KIO 19 Points Proposal: http://www.ibiblio.org/obl/docs4/KIO_proposal.pdf) ။ သို့သော် မှတ်တမ်းတင်ထားပေးမယ် ဆိုတာနဲ့ပဲ ဖယ်ထားခံခဲ့ရတဲ့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက “တောင်ပေါ်ကို ပြန်ကန်ထုတ်ခံရမယ်” လို့တောင် ခြိမ်းခြောက်လိုက်တယ် ဆိုပဲ (Burma at Crossroads: http://www.encburma.net/index.php/polocy-papers/37-policypapers/108-lian-h-sakhong-burma-at-crossroads.pdf) ။ KIO ခေါင်းဆောင်တွေဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ တွေ့တိုင်း ကြုံရင် ကြုံသလို တမျိုး၊ တရားဝင်နည်းလမ်းက တဖုံ၊ မြန်မာ့နိုင်ငံရေးမှာ ကချင်လူမျိုးများရဲ့ အခန်းကဏ္ဍအကြောင်း ပြောတိုင်း ကျနော်တို့က စစ်သား၊ နောင်တက်လာမယ့် အရပ်သားအစိုးရနဲ့ နိုင်ငံရေးစကား ပြောကြပါ လို့ပဲ စကားလွှဲတတ်ကျတယ်တဲ့လေ။ ဒီတော့ ယောက်ျားစကားပဲ၊ တက်လာမယ့် အစိုးရလွှတ်တော်မှာ ပါဝင်နိုင်ရေး ကြိုးစားတဲ့အနေနဲ့ KSPP (Kachin State Progressive Party: http://www.mizzima.com/political-pro/new-parties/kspp.html) မှာ KIO ခေါင်းဆောင်တချို့ မိခင်အဖွဲ့အစည်းက တရားဝင် နုတ်ထွက်ပြီး ပါတီဝင်တယ်။ အဲဒီပါတီက မှတ်ပုံတင်ကျမလာ (http://burmapartnership.org/2010elections/2010/09/ec-rejects-individual-kachin-candidates/) ။ ဘာပဲဖြစ်ဖြစ် အစိုးရဖွဲ့ရင်တော့ တခုခုတော့ ထူးခြားမှာပဲဆိုပြီး တက်လာတဲ့ အစိုးရနဲ့ နိုင်ငံရေးစကားပြောဖို့ KIO စောင့်နေရင်းနဲ့ပဲ အခုလို ထိုးစစ်ဆင်တာ ခံလိုက်ရတာပါပဲ။

Friday, June 1, 2012

ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ

မိုးမခထံပေးစာ (ဖားကန့်ဧည့်သည်)၊ ဇွန် ၁၊ ၂၀၁၂
ယခုတလော ကချင်ပြည်နယ်၌ တိုက်ပွဲတွေ ပိုများလာသည်။ လွန်ခဲ့တဲ့သုံးပတ်လောက်က ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ တာမခန်-စသော ဒေသများသို့ သွားရောက်ခဲ့စဉ်က ဒီလောက် မဆိုးလှသေးဟုဆိုရပေမည်။ မိုးကောင်းမြို့အနီး ရထားကို မိုင်းခွဲတာတို့၊ ၀ိုင်းမော်ဒေသ၌ အစိုးရအရာရှိ လေးယောက် ခေါင်းဖြတ်သတ်ခံရတာတို့၊ တာမခန်မှ အင်းတော်ကြီးသို့ သွားရာလမ်း၌ မိုင်းဗုံးများ ထောင်ထား၍ ခရီးသွားများ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ရတာ “စသည့်တို့ …” လောက်သာရှိခဲ့သည်။
ယခုအခါ၌မူ ကချင်ပြည်နယ်အတွင်း ခရီးများသွားလို့၊ လာလို့ မကောင်းတော့ပေ။ လူအခွင့်အရေးများ ဆိတ်သုဉ်းနေသော ကချင်ပြည်နယ်ကို လူအခွင့်အရေးများ ရရှိနိုင်အောင် နိုင်ငံတကာမှ ကြိုးစား ဆောင်ရွက်ပေးသင့်သည်။ ဌာနေပြည်သူများ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရ၊ ပြည်သူများနှင့် ကချင်KIAတို့ အမြင်မတူ ဖြစ်နေသည်မှာ အဓိကအကြောင်း အရင်းဖြစ်နေသည်ကို တွေ့ရသည်။ 

Friday, May 11, 2012

နည်းနာကြွယ်တဲ့ တပ်မတော်(လွှတ်တော်တွင်း ဗျူဟာများ)

၂၀၁၀ အထွေထွေရွေးကောက်ပွဲကစလို့ မြန်မာ့တပ်မတော်ဟာ အတော်လေးပါးရည်နပ်ရည်ရှိတယ်ဆိုတာကို သက်သေ ပြခဲ့ပါတယ်။ မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ အရှေ့တောင်အာရှက အခြားတပ် ဖွဲ့တွေနဲ့ အဆင့်တူဖြစ်အောင် စစ်တပ်ကို ခေတ်မှီတိုးတက်အောင်လုပ်ဖို့ အာရုံစိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဗျူဟာက (တရုတ်ဟာ မြန်မာနိုင်ငံ အထီးကျန်ဖြစ်နေတာကို အခွင့်ကောင်းယူနေတယ်လို့ လက်ခံထားကြတာမို့) တရုတ်အပေါ် မှီခိုနေရတာ လျှော့ချဖို့ နဲ့ အနောက်နိုင်ငံတွေနဲ့ အပေးအယူလုပ် ညှိနှိုင်းနိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။ 
လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အနေအထားကို ပိုအားကောင်းလာအောင် ဆောင်ရွက်ခဲ့တယ်။ (ဓာတ်ပုံ- Reuters)

Tuesday, May 8, 2012

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အမှန်တကယ် နှုတ်ထွက်ပြီလော

(http://www.photayokeking.org/hot-news/925-tin-aung-myint-oo) မှ ကူးယူဖော်ပြသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ သမ္မတ ဦးသိန်းစိန်
ခုရက်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေး သတင်းများအကြား အင်တာနက် ဝက်ဘ်ဆိုဒ် စာမျက်နှာများပေါ်တွင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာ တင်ခြင်းဆိုသည့် ခေါင်းစဉ်သည် အလွန်ရေပန်းစားကာ သုံးသပ်ချက် ရှုထောင့်မျိုးစုံတို့ကိုလည်း ကြားသိ နေရပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ယင်းသတင်းကို အတည်ပြုနိုင်ဖို့ ခက်ခဲနက်နဲပြီး လျှို့ဝှက်လွန်းသော စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သူများထံ အချိန်ယူ စုံစမ်းခဲ့ရပါတယ်။ စစ်ဘက်နီးစပ်သူများမှ ဒုတိယသမ္မတ တစ်ဦးရဲ့ နှုတ်ထွက်စာ တင်ခြင်းနှင့် စပ်လျဉ်းပြီး တပ်မတော်က နိုင်ငံရေးကစားကွက်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တပ်တွင်း အာဏာတည်ဆောက်မှု ကစားကွက်များ ရှိတယ်လို့ အသီးသီး ခန့်မှန်းရကြောင်း သတင်း ပေးပို့လာပါတယ်။

Sunday, May 6, 2012

စစ်တကောင်းဘင်္ဂါလီ ကိုထောက်ခံသူများအား တုန့်ပြန်ခြင်း

မေး- အရင်နေ့က စစ်တကောင်းဘင်္ဂါလီတွေနဲ့ပတ်သက်လို့မေးခဲ့ပြီးပြီ။ ဒီနေ့တော့ စစ်တကောင်းဘင်္ဂါလီအဖွဲ့တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပြန်လည်ဖြေရှင်းချက်တွေအတိုင်း မေးချင်ပါတယ်။ အရင်ဆုံး ခင်ဗျားကိုမေးချင်တာက ခင်ဗျားတို့ဟာ လူမျိုးရေးခွဲခြားတဲ့ (Racists) များဖြစ်ကြတယ်လို့ သူတို့က တွင်တွင်ပြောကြပါတယ်။ အဲ့ဒါ ဘယ်လိုထင်ပါသလဲ?

ဖြေ- လူမျိုးရေးခွဲခြားတယ်လို့ပြောတဲ့သူတွေကို အရင်ဆုံးကျနော် ပြန်မေးရမှာက What is racism? ပါ။ သူတို့ အဲ့ဒါကို ဘယ်လိုနားလည်ထားသလဲ။ အဲ့ဒီအပေါ်မူတည်ပြီး သူတို့စွပ်စွဲချက်တွေ ကွဲပြားသွားမှာဖြစ်ပါတယ်။ Racism ကိုပြောရင် ကျနော်တို့က အရင်ဆုံး Race and ethnics ကို စတင်စဉ်းစားရမှာဖြစ်ပါတယ်။ စစ်တကောင်းဘင်္ဂါလီတွေဟာ သမိုင်းစဉ်ဆက်အထောက်အထားများနဲ့ ပညာရှင်များရဲ့ သက်သေပြချက်များအရ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားစာရင်း မပေါက်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကို Immigrants များအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ Illegal Immigrants (တရားမဝင်ကျူးကျော်ဝင်ရောက်သူများ) သူများသာလျှင် ဖြစ်နေကြပါတယ်။ Illegal Immigrants များကို အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဝင်ရင်ပစ် အမိန့်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ အဲ့သလို အမိန့်မျိုးမရှိပါဘူး။

Wednesday, May 2, 2012

*****ထိုင်းဗိုလ်ချုပ်တွေပေးတဲ့ သင်္ခန်းစာ*****

By ဦးအောင်ခင် & ဒေါ်ခင်စိုးဝင်း(VOA)

အနှစ် (၂၀) ကျော် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့ အရပ်သားတပိုင်းအစိုးရရဲ့  ပြုပြင်ရေးအစီအစဉ်တွေကြောင့် ပြည်တွင်းပြည်ပမှာ အခြေအနေပြောင်းဖို့ အလားအလာကောင်းနေပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကို ယုံကြည်စိတ်ချလို့မရသေးကြောင်း ဝေဖန်သုံးသပ်တာတွေရှိပါတယ်။ စစ်ဗိုလ်တွေ မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံက စီးပွားရေးအားကောင်းပြီး မြန်မာပြည်ချွတ်ခြုံကျရတဲ့ကိစ္စကို ဆန်းစစ်ကြပါတယ်။ ထိုင်းစီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ကြီးထွားနေပါတယ်။

Monday, April 16, 2012

သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး

    မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ထွန်းပြောင်းလဲလာပါသည်ဟု ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူများက ခံစားပျော်ရွှင်နေကြသောအချိန်အခါတွင် မိမိအနေဖြင့် ယခုကဲ့သို့ပြောဆိုခြင်းသည် အဆိုးမြင်ဝါ ဒီတယောက်ကဲ့သို့ မြင်နိုင်ဖွယ်ရှိသည်ကို နားလည်ပါသည်။ သို့သော်လည်း မိမိတို့စာရေးဆရာဟူသည် မိမိမြင် သည့်အမြင်များနှင့် သိရှိထားသည်ကို စာဖတ်သူပရိတ်သတ်များထံသို့တင်ပြကြရခြင်းသည် တာဝန်တရပ်ဖြစ် ပေသည်။ မိမိခေါင်းစဉ်အနေဖြင့် အဘယ်ကြောင့် သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေးဟု တင်ထားသနည်း။ လက်ရှိနိုင်ငံရေးအခြေအနေများသည် အခြေအနေ အချိန်အခါများသာ ပြောင်းလဲသော်လည်း သွားနေသည့် လမ်းသည် ယခင် နဝတ အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့်နည်းလမ်းဟောင်းပုံစံဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အဘယ်ကဲ့သို့ တူညီသနည်း ဖြစ်စဉ်များကို နှိုင်းယှဉ်သုံးသပ်ကြည့်ရာဝယ်။

Thursday, February 16, 2012

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော်လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏ ချေပချက်အား သုံးသပ်ခြင်း


အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်တင်ပြခဲ့သော တပ်မတော်လွှမ်းမိုးမှုလျှော့ချရေး တင်သွင်းမှုနှင့် ပြန်လည်ချေပခဲ့သော ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့၏
ချေပချက်အား သုံးသပ်ခြင်း

ယနေ့ ၁၅ ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၂ တွင် ဆွေးနွေးပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်အတွင်းတွင် တပ်မတော်နှင့် ပတ်သက်သည့် အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြခဲ့သည်ဟု ဧရာဝတီ သတင်းတပုဒ်တွင် ဖတ်လိုက်ရသောအခါ မိမိအနေဖြင့် လွန်စွာဝမ်းမြောက်မိပါသည်။ ခေါင်းစဉ် အသုံးပြုမှုပိုင်း ဆိုင်ရာ ကတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ မသုံးသင့်တဲ့ ခေါင်းစဉ်လို့ယူဆပါတယ်။ သို့ပေမယ့် အဓိကသည် အဓိကမို့ မပြောလိုတော့ပေ။ မိမိသည်လည်း ပြည်ပသို့ရောက်ရှိပြီးသည့်နောက်ပိုင်း တောက်လျှောက် နီးပါး တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးများကို အစဉ်တစိုက်ရေးသားခဲ့ပြီး ယင်းအတွက်သာ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ သို့အတွက်လဲ တပ်နှင့်ပြည်သူ ဆိုသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်းစာစောင်များနှင့် ဘလော့များ ပြုလုပ်ကာ တတ်စွမ်းသလောက်စွမ်း ဆောင်ခဲ့ပါသည်၊ စွမ်းဆောင်နေပါသည်၊ စွမ်းဆောင်သွားမည်ဖြစ်ပါသည်။
ဦးအေးသာအောင်တင်ပြခဲ့သော တင်ပြမှုများသည် မိမိတို့ ပြည်ပရောက်တပ်မတော်သားများနှင့် မိမိတို့ တပ်မတော်ပြုပြင်ပြောင်းလဲရေးဆိုင်ရာလှုပ်ရှားသူများ၏ ယခင်တင်ပြချက်များသာဖြစ်သဖြင့် မည်သို့မျှကွဲလွဲမှုမရှိဘဲ မိမိအနေဖြင့်ပင် ဦးအေးသာအောင်အား ပြည်တွင်းလွှတ်တော်မှ မိမိတို့အတွက် လွှတ်တော် တွင်းဆွေးနွေး တင်ပြပေး သည်ဟူပြီးကျေးဇူးပင်တင်ရှိမိပါသည်။ သို့သော်ကား ကျန်အချက်များတွင် ပြောစရာမလိုလားအပ်သော်လည်း မိမိ အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၏ “ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ်တွေကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံး စရိတ်တွေလည်း လျော့ကျသွားမှာပါ” ဆိုသည့်အဆိုကိုတော့ တပ်မတော်သား ကိုယ်စားလှယ်များနည်းတူ မိမိအနေဖြင့်လည်း မိမိသိထားသမျှ စတသ ဖြစ်ပေါ်လာပုံကို ဥပမာပေးကာ ဆန့်ကျင်ပြောဆိုပါရစေ။ တပ်မတော် သားကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှူးကြီးဌေးအောင်နှင့် ဗိုလ်မှူးကြီးတင့်ဆန်းတို့ပြန်လည်ချေပမှုသည်လည်း လိုအပ်ချက်များရှိနေပါသည်။ ပထမဦးစွာ တပ်မတော်သား ကိုယ်စားလှယ်တို့၏ ချေပချက်များမှ မိမိအမြင် လိုအပ် သည်ဟု ထင်မြင်သည်များကို ဦးစွာဖော်ပြလိုပါသည်။

Ads 468x60px

Featured Posts