Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Sunday, July 15, 2012

သမ္မတကြီးသိစေလို

ကျွန်တော်တို့ တွံတေးမြို့ မှာ
ဝန်ကြီးဦးစိုးသာလက်ထက်ကချထားေ
ပးတဲ့ အစိုးရသုံး PCO ဖုန်းအလုံး  ၃၀၀
ကျော်ရှိပါတယ်. အရင်က အဒီဖုန်းတွေကို ထိန်းသိမ်းခ တစ်လ တစ်ထောင့်ငါးရာ
ပေးရပြီ အခု တင်ပေးလိုက်တဲ့ ထွက်စာအတိုင်း တစ်လကို ဖုန်းထိန်းသိမ်းခ
ငါးထောင်ကျပ်ကို
တိုင်းဒေသကြီး မန်နေဂျာ စိုးစိုနိုင် လက်မှတ်ဖြင့် တွံတေးတစ်နယ်လုံးကို
ငါးလပိုင်းမှစ၍ သုံးလ
ထိန်းသိမ်းခ တစ်သောင်းငါးထောင်ကျပ်( 15000 ) တိတိကိုတောင်းခံနေပါသည်။ တကယ်တော့
ဖုန်းဆိုတာ ကိုယ်ပိုင်ပဲထိန်းသိမ်းရတာမဟုတ်ဘူးလားဗျာ.  အခုတော့
မီတာထိန်းသိမ်းခတင်မက
တော့ဘူး ဖုန်းထိန်းသိမ်းခဆိုပြီး တစ်လငါးထောင် အလကားသက်သက်တောင်းနေတာ တကယ်
မတရားဘူးထင်တယ်. ဖုန်းတစ်ခုခုဖြစ်လို့  ဖုန်းရုံးကိုဖုန်းဆက်ပြီးပြောရင်
ချက်ချင်းမလာနိုင်ဘူး.
အကောင်းဆုံးဖြစ်အောင်လည်းမပြင်ပေးနိုင်ကြဘူး . သူတို့ လိုချင်တဲ့
ပိုက်ဆုံဆိုရင် ဘယ်နေ့ နောက်
ဆုံး လာပေးပါ မပေးရင် ဖုန်းပိတ်ဆိုတဲ့ မတရားနည်းလမ်းတွေကို
ချက်ချင်းအသုံးချတယ်. တကယ်
တော့ အဲဒီထိန်းသိမ်းခက အလကားသက်သက် ပြည်သူတွေဆီက ငွေညစ်တာပါပဲ. တကယ်လို့ အဲဒီ
ဖုန်းကိုမလိုချင်တော့လို့ ပြန်ပေးမယ်ဆိုရင် ဖုန်းဝယ်စဉ်အခါတစ်လုံးကို
သုံးသိန်းခွဲ ( 350000 )
 ပေးဝယ်ထားတဲ့ ငွေတွေ အလကားသက်သက် ဆုံးရှုံးရတော့မယ်. ဒါဟာ တကယ်တော့ လုံးဝ
( လုံးဝ )
မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ မြင်မိပါကြောင်း
နိုင်ငံတော်သမ္မတကြီးကိုသိစေချင်ပါတယ်...


  အရာရာတိုင်းကို မျှမျှတတဖြစ်စေချင်တဲ့

သုည

Wednesday, July 11, 2012

မြေသိမ်းခံရမှု ကိစ္စ

၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ကနေ ၁၉၇၇ ခုနှစ်၊ ဇွန်လ (၃၀) ရကနေ့ ထိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး ခင်မောင်တင့် (ငြိမ်း) က ဦးရွှေမန်းရဲ့  ဆရာဆိုပြီး အာဏာပါဝါပြနေဆဲ။

မြန်မာပြည်သူပြည်သားများဖြစ်ကြတဲ့ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုဟာ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါတယ်။ ၄င်းတို့  မိသားစုမှာ နေစရာ မရှိတော့သဖြင့် အသနားခံစာ တင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ် (၈) ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေးခြင်းခံခဲ့ပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေ ထိခိုက်နေမှုအား သမ္မတနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ သိစေရန်

တပ်နှင့်ပြည်သူ သို့ ပေးပို့လာသည့် ပေးစာဖြစ်ပါသည်။ နောက်နောင်လည်း ယခုကဲ့သို့ ပေးပို့ပေးကြပါရန် လေးစားစွာ တိုက်တွန်းပြောကြားအပ်ပါသည်။ ယခုကဲ့သို့ ပေးပို့ပေးသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။(တပ်နှင့်ပြည်သူ)
 
 အခု တာချီလိတ်မြို့က စီးပွားရောင်းမွန်ကာ စည်ကားမှုရှိလာသလို အိမ်ခြံမြေတွေလည်း အရောင်းအ၀ယ် အဖြစ်များနေပါသည်၊ လေလံပေးတဲ့ ခြံကွက်၊ တိုင်းမှူးက ချပေးထားသော မြေကွက်တွေ အများအပြားရှိနေပါတယ်။ အိမ်ခြံမြေ ၀ယ်ယူတဲ့အခါ (အိမ်ခြံမြေစီမံချက်) အမြတ်ခွန်ရုံးနဲ့ မြေစာရင်းရုံးကို မသွားမဖြစ် သွားရပါတယ်၊ အိမ်ခြံမြေ၀ယ်ယူတဲ့အခါ ပိုင်ရှင်က နိုင်ငံတော်ကို တရားဝင် အခွန်စောင်ရမှာဖြစ်ပါတယ်။ အခွန်စောင်ဖို့လည်း နိုင်ငံတော်က တရားဝင် သတ်မှတ်ထားပါတယ်။ နိုင်ငံတော်အတွက် အခွန်စောင်ဖို့ တရားဝင် သတ်မှတ်ထားသော်လည်း တာချီလိတ်မြို့က အမြတ်ခွန်ဦးစီးမှူး ကျော်စွာထွန်းမြင်နဲ့ မြေစာရင်းရုံးက ဦးရဲထွဋ်တို့ဟာ အိမ်ခြံမြေ တန်ဘိုးဖြတ်တဲ့အခါမှာ ကိုယ်ကျိုးရယူပြီး နိုင်ငံတော်ကို တရားဝင်အခွန်စောင်ရမဲ့ငွေထက် ပိုမိုနည်းအောင် တန်ဘိုးဖြတ်ပေးနေပါတယ်၊ အဲ့လိုတန်ဘိုးဖြတ်ပေးတဲ့အတွက် အခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်ထံ ခြံတစ်ကွက်ကို ဘတ်ငွေ(၁၀၀၀၀)မှ (၂၀၀၀၀)အထိ ကျပ်ငွေဖြင့်(၃၀၀၀၀၀)ခန့်မှ (၆၀၀၀၀၀)ခန့်ထိ ပေးဆောင်နေရပါတယ်။

Sunday, June 3, 2012

မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် အသီးသီးက သူငယ်ချင်းတို့ရေ….

          ကျနော်ဟာ ကချင်ပြည်နည်၊ မြစ်ကြီးနားဇာတိဖြစ်ပြီး မြစ်ကြီးနားက အထက်တန်းကျောင်းတွေဖြစ်တဲ့ အထက(၁) နဲ့ အထက(၃) မှာ တက်ရောက် ပညာဆည်းပူးခဲ့ရသူတဦးဖြစ်ပါတယ်။ ဒီအတွက် ကျနော့်သူငယ်ချင်း မိတ်ဆွေအချို့ ကျောင်းနေ ဖက်တွေဟာ ကချင်လူမျိုးတွေဖြစ်ကြသလို ကျနော့်ကို ပညာသင်ပေးလိုက်တဲ့ ဆရာ၊ ဆရာမအချို့ဟာလည်း ကချင်လူမျိုးတွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပဲ တဖက်မှာ ကျနော်ဟာ စစ်တက္ကသိုလ် ကျောင်းဆင်းတယောက်ဖြစ်ခဲ့တာနဲ့အညီ တပ်မတော်ထဲမှာ ကျနော့်ရဲ့ ကျောင်းဆင်းနောင်တော်တွေ၊ သူငယ်ချင်းတွေနဲ့ ညီငယ်တွေ ရှိနေပြန်ပါတယ်။ ဒီထဲကမှ တချို့က အခြေအနေနှစ်ရပ် လုံးနဲ့ ပတ်သက်ဆက်နွယ်တဲ့ သူငယ်ချင်းတွေပေါ့ဗျာ။
ဒါဘာဆန်းလဲလို့ မေးရင်တော့ ဟုတ်ကဲ့ မဆန်းပါဘူး။ ဒါပေမယ့် ယနေ့ ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲ တွေနဲ့ ပတ်သက်လာတော့ ဒါဟာ ဆန်းခဲ့ရ ပါတော့တယ်။ ကျနော်သိသလောက်ကတော့ အထက်တန်းကျောင်းသားဘဝထိ ကျောင်း နေဖက်သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမ တွေဟာ ကချင်လူမျိုးများဖြစ်တာနဲ့အညီ KIA လို့ခေါ်တဲ့ ကချင်လွတ် မြောက်ရေး တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်သူတွေ ဖြစ်ကြပါတယ်။
ခုတော့ ရိုးရှင်းတဲ့ နိုင်ငံရေးအခြေအနေကို ရှုပ်ထွေးစေခဲ့တဲ့ လူသားတို့ရဲ့ အပြစ်တခုကြောင့် ကျနော့် နှစ်ဖက်သော သူငယ်ချင်းတွေ၊ ကျနော့်မွေးရပ်မြေ၊ ကျနော်သိပ်ချစ်တဲ့ ကျနော့်ဇာတိမြေ၊ တချိန်က ကျနော်ဂုဏ်ယူဝင့်ကြွားပြောခဲ့တဲ့ တောင် ပေါ်မြေလေးဟာ ခုတော့ စစ်မက်တွေနဲ့ သူငယ်ချင်းတွေ အချင်းချင်း ပြန်သတ်နေကြပြီ။ ကိုယ့်ဆွေမျိုးသားချင်း အချင်းချင်း၊ ကိုယ့် မွေးရပ်ဇာတိမြေကို ပြန်တိုက်နေကြပြီ၊ ပြန်အကျဉ်းတန်စေခဲ့ပြီ။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က မတိုက်ပါနဲ့တော့လို့ အမိန့်ပေးထားပေမယ့် မာနကို ကိုင်ဆွဲထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ တိုက်ပွဲတွေ ဆက်နေလိုက်တာဖြင့် ဘာလိုလိုနဲ့ တစ်နှစ် နီးပါး ရှိလာခဲ့ပြီ။

Friday, June 1, 2012

တာချီလိတ်မြို့ ၊ ရီဂျီးနားဂေါက်ကွင်းတွင် လုံခြုံရေးတာဝန်ကျ နေသော စစ်သားများ၏ ဥပဒေမဲ့ ၊ မင်းမဲ့စရိုက် ဆန်ဆန်လုပ်ရပ်များ

သို့

ဗျူဟာမှူး
ရှမ်းအရှေ့ ၊ တာချီလိတ်မြို့

အကြောင်းအရာ ။ ။ တာချီလိတ်မြို့ ၊ ရီဂျီးနားဂေါက်ကွင်းတွင် လုံခြုံရေးတာဝန်ကျနေသော စစ်သားများ၏ ဥပဒေမဲ့ ၊ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များအား တင်ပြခြင်း။

ဖြစ်စဉ်မှာ (၂၅-၅-၂၀၁၂) ည(၈း ၄၅)အချိန်တွင် တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်းဆိုင်းဘုဒ်အရှေ့ မီး တိုင်အောက်တွင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများဖြစ်သော နန်းဆမ်တစ်၊ နန်းဖောင်း၊ နန်းနွန်း၊ နန်းဝိုးတစ်၊ စိုင်းအောင်၊ စိုင်းနောင့်နောင့်တို့ လူငယ်(၆)ဦးသည် မီးတိုင်အောက်တွင် ၀ိုင်းဖွဲ့ စကားပြောနေ ပါသည်။

ထိုအချိန်တွင် ရီဂျီးနားဂေါက်ကွင်းဂိတ်ပေါက်လုံခြုံရေး ကင်းတဲရှေ့တွင်ဝိုင်းဖွဲ့အရက်သောက်နေသော လူ (၅)ဦးမှ အရပ်အ၀တ်အစားနှင့် လူတစ်ဦးသည် လာရောက်၍ ဤနေရာတွင် (၁၀း၀၀) ကျော်အထိ မနေ ရန် လာရောက်ပြောဆိုရာ လူငယ်များမှလည်း အချိန်စောနေ၍ အခုပင်ပြန်တော့မည်ဟု ယဉ်ကျေးစွာပြော ဆိုသ်ာလည်း ထိုလူသည်အရက်လည်း အလွန်မူးနေ၍ ရိုင်းစိုင်းစွာပြန်လည်၍ပြော ဆိုရာ ကျောင်းသားလူ ငယ် စိုင်းအောင်မှ ထိုလူအား ယဉ်ကျေးစွာ ပြောဆိုရန်နှင့် အရပ်ဝတ်နှင့်ဖြစ်သည့်အတွက် ဘယ်ဌာနက လည်းဟု မေးမိရာမှ ထိုလူမှာ မင်းဘာကောင်လဲ ဟုပြောဆို၍ လက်သီးနှင့်စတင်ထိုးပါသည်။

Tuesday, May 8, 2012

ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းများရဲ့ ခံစားချက်

လုပ်ကြပါအုံးဗျို့ ကထိန်ထဲကတောင် ဝေစုစားနေလို့
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ၅.၁၁.၂၀၁၁-စနေနေ့က ကျင်းပပြုလုပ်ခဲ့သော ကထိန်ပွဲတွင် ကထိန်ကျ ရာကျောင်းသို့ ပဒေသာပင်များ အကုန်မပို့ဘဲ လ.ပ.ခ ကထိန်ပို့ရန်ဟုပြောပြီး ပဒေသာပင်များကို ပုံပါအတိုင်း ပတ္တမြား ခန်းမတွင်သိမ်းဆည်းထားကာ ၁၄.၁၂.၂၀၁၁ နေ့မှ ဘယ်မှမပို့ဘဲ ပါမောက္ခချုပ် ဦးညီညီစံ နှင့် အခြားလူကြီးများအား ခွဲဝေလှူဒါန်းလိုက်ရပါသည်။ အလှူထဲကတောင် ဝေစုတောင်းစားနေသော ပါမောက္ခချုပ်နှင့်လူကြီးများအကြောင်း နိုင်ငံ တော်သမ္မတကြီး သိရှိရန် တိုင်ကြားအပ်ပါသည်။ (ပြိတ္တာ မဖြစ်စေချင်သူ)

Monday, May 7, 2012

အတွင်းထဲက အမှန်တရားများ

ဒီစာလေးကတော့ကျွန်တော့်သူငယ်ချင်း
တစ်ယောက်ရဲ့ Forward Mail လေးပါ သူ talk2dvb ကိုပို့ထားတဲ့စာလေးဖြစ်ပါတယ် ဒါပေမယ့် talk2dvb ကလည်းအလုပ်တွေအရမ်းများနေလို့ထင်ပါတယ် ။ဒီနေ့ပဲပါမလား နောက်နေ့ပါမလားနဲ့စောင့်ရတာမော
ာလို့ အထက်လူကြီးများသိအောင်ပြောပေးပါဆိုလို့ ဖေ့ဘုတ်ကနေတစ်ဆင့်ဖောက်သည်ချရ
ခြင်းဖြစ်ပါတယ်။လူကြီးများသိစေချင်တဲ့အတွက် ဒီပိုစ့်လေးကိုသူငယ်ချင်းတို့အနေနဲ့အပန်းမကြီးဘူး ဆိုရင်ဖြင့် share လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။သူ DVB ကို ပို့ထားတဲ့စာမူရင်းအတိုင်းပဲ
ပြန
်ကူးပေးလိုက်ပါတယ်။

Monday, March 12, 2012

အကူအညီပေးနိုင်သူများ ကူညီပေးပါရန် တင်ပြခြင်း

သို့
          နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာ
ကျွန်တော်၏အမည်မှာ အောင်ကျော်သူဖြစ် ပြီး ကိုယ်ပိုင်အမှတ်-36303/တပ်ကြပ် အဆင့်ဖြင့်တပ်မတော်ရေတွင်တာဝန်ထမ်းဆောင်နေရင်း လူမှုဒုက္ခရောက်နေပါသဖြင့်
အကူအညီပေးနိုင်ပါရန်လေးစားစွာဖြင့်တင်ပြအပ်ပါသည်။
      ကျွန်တော်၏ဖြစ်စဉ်မှာ-

Ads 468x60px

Featured Posts