Showing posts with label ဖက်ဒရယ်. Show all posts
Showing posts with label ဖက်ဒရယ်. Show all posts

Sunday, May 13, 2012

ပြည်ထောင်အချင်းချင်းချုပ်ဆိုထားတဲ့ နိုင်ငံတကာ စာချုပ်တစ်ရပ် ( Dr Lian H. Sakhong)

၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးရဲ့ အားနည်းချက်တွေကို မဆန်းစစ်ခင်မှာ ဘာဖြစ်လို့ ပင်လုံစာချုပ်လက်မှတ်ထိုးဖို့ လိုအပ်သလဲံဆိုတာကို နည်းနည်းလေးပြန်ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပင်လုံစာချုပ်” ကို ခွဲခြားပြီး သီးခြားစီကြည့်လို့ မရပါဘူး။ ဒီနှစ်ခုဟာ ခေါင်းနဲ့ ပန်းလို ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီနှစ်ခုကို ခွဲခြားပြီး ကြည့်ရင် အဓိပ္ပါယ်မပြည့်စုံနိုင်ဘူး။ နှစ်ခုစလုံးကို ပေါင်းစပ်ပြီး ကြည့်ရှုမှသာ အဓိပါယ်ဖော်နိုင်ပါတယ်။
အားလုံးသိထားတဲ့အတိုင်း ပင်လုံစာချုပ်ဟာ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များနှင့် ထိုစဉ်က Interim Burmese Government ရဲ့ Chief Minister ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးခဲပတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါကို လေးလေးနက်နက် ထပ်မံဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ဘယ်လိုနိုင်ငံရေးအာဏာနျင့် Legitimacy ကိုကိုင်စွဲပြီး လက်မှတ်ရေးထိုးနိုင်ခဲ့သလဲ။ သူတို့လက်မှတ်ရေး ထိုငခွင့်အာဏာ legitimacy က ဘာလဲ။ ဒါကို သေသေချာချာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါကို သေသေချာချာ မဆန်းစစ်ရင် ပင်လုံစာချုပ်ဟာ သာမန်လူတစ်စု စုစည်းပြီး သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ သာမန်စာချုပ်၊ အဓိပါယ်မရှိတဲ့ စာချုပ်ဖြစ်သွားပါမယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ သမိုင်းကြောင်းအရရော၊ နိုင်ငံရေးအရရော အလွန်အဓိပ္ပါယ်ပြည့်ဝတဲ့ စာချုပ်တစ်ရပ်ဖြစ်ပါတယ်။

အမှန်စင်စစ်ပင်လုံစာချုပ်ဟာ သာမန်လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြား ချုပ်ဆိုထားတဲ့ စာချုပ်မဟုတ်ပါဘူး။ ပြည်ထောင်အချင်းချင်းချုပ်ဆိုထားတဲ့ နိုင်ငံတကာ စာချုပ်တစ်ရပ်နဲ့ အသွင်တူပါတယ်။ သို့သော် နိုင်ငံတကာ စာချုပ်နဲ့ ကွဲပြားသွားတဲ့အချက်က အဲဒီစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း ပြည်ထောင်(၄)ခုဟာ “ပြည်ထောင်စု” တစ်ခုထဲမှာ ပူးပေါင်းနေထိုင်သွားခဲ့ကြတဲ့အတွက် နိုင်ငံတကာစာချုပ်အဖြစ်နဲ့တော့ ကျနော်တို့ သတ်မှတ်လို့ မရဘူး။ ပြည်ထောင်လေးခု ပူးပေါင်းပြီးမှ “ပြည်ထောင်စု” တစ်ခုထဲကို အတူတကွ ထူထောင်သွားခဲ့ကြတဲ့အတွက် ပင်လုံစာချုပ်ဟာ နိုင်ငံတကာစာချုပ်အဖြစ်မှ ပြည်တွင်းရေးရာ စာချုပ်အဖြစ်ကို လျှော့ကျသွားခဲ့တယ်။ ဒီလိုကျနော်ပြောရခြင်းဟာ “ပင်လုံစာချုပ်” ရဲ့ လေးနက်မှုကို ပုံဖော်ချင်လို့ ဖြစ်ပါတယ်။

Monday, May 7, 2012

တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်


အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကနေ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် မြန်မာပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာတွေကို တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ပါဝင်ဆွေးနွေးကြပါလိမ့်မယ်။

RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။
ဒီတပတ်စကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ကျားဖြူပါတီ (SNDP) ကွန်ဟိန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်နန်းဝါနုနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်တို့ ဖြစ်ကြပါတယ်။

Ads 468x60px

Featured Posts