Showing posts with label ကြေငြာချက်များ. Show all posts
Showing posts with label ကြေငြာချက်များ. Show all posts

Tuesday, February 5, 2013

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေ တို့၏ ပူးတွဲထုတ်ပြန်ကြေငြာချက်


၁။ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၁၆ နာရီ ၁၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။
၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် တစ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့် အခြား သက်သေတစ်ဦးတို့က တက်ရောက်ခဲ့ကြသည်။
၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဘက် စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများ အဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတွေကို ဆွေးနွေးခဲ့ကြပါသည်။
၎။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို KIA အဖွဲ့အစည်းအနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလမကုန်မီကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားကြရန်သဘောတူကြပါသည်။
၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာနေရာများးကို လေ့လာ စောင့်ကြည့် စီစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်။

၆၆ နှစ်မြေက်ပြည်ထောင်စုနေ့ နှင့် ၉၈ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်

ယခုလာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နှင့် ၁၃ ရက်နေ့ ၂၀၁၃ ခုနှစ်တွင် 
ကျရောက်မည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ၉၈ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း၏ 
မွေးနေ့ တို့အား ဂုဏ်ပြုသောအားဖြင့် မိမိတို့မှ မြဝတီမြို့တွင် 
သွေးလှူဒါန်းပွဲ တရပ်အား ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသူများအနေဖြင့် 
မိမိတို့ တပ်နှင့် ပြည်သူ အယ်ဒီတာဝိုင်းတော်သားများနှင့် ဆက်သွယ်နိုင်ပါကြောင်း 
သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ်ရန်

ဗိုလ်စောရဲထက်
မြဝတီဆက်ဆံရေးရုံး (တွဲဖက်)၊ ကလိုထူးဘောအခြေချစစ်ဗျူဟာ
ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်၊ ကလိုထူးဘော D.K.B.A
ဖုန်း - ၀၈၉၆၇၆၈၂၂၃(ထိုင်း)၊ ၀၉၄၂၅၀၀၄၉၆၂(မြန်မာ)
အီးမေလ်း - yekodomo1500@gmail.com, armynpeople@gmail.com

Saturday, September 22, 2012

တပ်နှင့်ပြည်သူ ထုတ်ပြန်ကြေငြာချက်


        လွန်ခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ universalinterfaith.blogspot.com နဲ့ ဟစ်တိုင် တို့မှာ ထူးခြားတဲ့ အမှန်တရားကိုဖော်ထုတ်ထားတဲ့ ခေါင်းစဉ်တခုကို တွေ့လိုက်ရတယ်။ ခေါင်းစဉ် ကတော့ သမ္မတကြီး၏ ဆင်းရဲသားပပျောက်ရေးကို ဆန့်ကျင်နေသော မြဝတီမှ အကောက်ခွန်ဝန် ထမ်းများ စီးပွါးရှာနေပုံ အပိုင်း(၁) ဆိုတာပဲဖြစ်ပါတယ်။ ခုလည်း ၁၃ ရက်နေ့ စက်တင်ဘာလမှာ အပိုင်း(၂) ဆိုတာထပ်တက်လာပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော်တို့အ တွက် ဒါဟာ ကောင်းမွန်မှုပါပဲ။ ကျနော့်စာဖတ်ပရိတ်သတ်များသိတဲ့အတိုင်း ကျနော်လည်း ခုချိန် မှာ နယ်စပ်ကိုပြန်လည်ရောက်ရှိပြီး အမိမြန်မာပြည်ကြီးငြိမ်းချမ်းသာယာ တိုးတက်ဖို့အတွက် တတ် စွမ်းတဲ့ဘက်ကနေ တဖက်တလမ်းက ကြိုးပမ်းနေချိန်ဆိုတော့ ဒီသတင်းကိုတွေ့တော့ စိတ်ဝင်စား မိတယ်။ ဒါနဲ့ သတင်းနောက်ကို လိုက်ပါတော့တယ်။ ဒီနေရာမှာ မထင်မှတ်ထားဘဲ မိမိတို့ အမှန် တရားအတွက် တိုက်ပွဲဝင်နေတဲ့ သတင်းသမားများ၊ ဘလော့ဂါများနဲ့ စာရေးသူတွေအတွက် ဂုဏ် သိက္ခာညှိုးနွမ်းဖွယ် နောက်ဆက်တွဲသတင်းကို ကြားသိရပါတယ်။
          ဒီသတင်းနဲ့ပတ်သက်လို့ အထက်ဖော်ပြပါ ဂုဏ်သိက္ခာ ညှိုးနွမ်းဖွယ် အကြောင်းအရာ က တော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်ပြီးမတက်စေချင်ရင် ပိုက်ဆံပေးရမယ်ဆိုတာပါပဲ။

Thursday, May 24, 2012

ပူးပေါင်းပါဝင်ကြပါ

မိမိတို့ တောင်ဒဂုံတွင် လျှပ်စစ်မီး ရရှိရေး မနေ့က ငြိမ်းချမ်းစွာ စီတန်းလမ်းလျောက်ခဲ့ကြသည်။ ည ဘယ်အချိန်ကတည်းက ပျက်နေမှန်း မသိသော လျှပ်စစ်မီး ယနေ့ မနက် ၁၁ နာရီ နှစ်ဆယ်မိနစ်တွင် တချက်လာသည်။ ပြည်သူတွေ ပျော်ရွှင်စွာဖြင့် အိမ်သုံးလျှပ်စစ်အသုံး အဆောင်များကို ဖွင့်လိုက်ကြသည်။ လျှပ်စစ် ဗို့လ် အားသည် ရုတ်ခြည်း ဗို့လ် အား ဆောင့်တက်လာသည်။
ဗို့လ်အား သုံးရာကျော် မီတာဒိုင်ခွက်များ မျှားတံများ ဆောင့်တက်ကုန်သည်။ စက်များ တဖုန်းဖုန်းဖြင့် မီးခိုးများ လွှမ်းကုန်သည်။

ကျနော့်တွင် ကွန်ပြူတာ တစုံ လောင်ကျွမ်းပေါက်ကွဲသွားသည်။ ပန်ကာ တလုံး ဖေါက်ကနဲ့ မီးခိုးထွက်ကာ ရပ်သွားသည်။
အိမ်နံဘေးမှ ရေစုပ် မော်တာ လောင်သွားသည်။ တီဗီ ဆာ့ကစ် မီးခိုးတွေ ထွက်သွားသည်။

Tuesday, May 8, 2012

တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် အား တာဝန်ရှိသူများမှ တာဝန်ယူပေးစေလို


ဖျက်ဆီးခြင်းမခံရမီက တွေ့မြင်ရသော ဆုံပွိုင့် စားသောက်ဆိုင်

မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မေလ (၄) ရက် )
တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် အားတာဝန်ရှိသူများမှ တာဝန်ယူပေးစေလို
မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၆/၃)အရှေ့ဘက် ပေ (၁၅၀၀)ကျော်ခန့်အကွာ ကျောက်ပန်းတောင်း မိတ္ထီလာလမ်း၏ မြောက်ဘက် နေရာတွင် ဖွင့်လှစ်ထားသော ဦးမင်းသူပိုင်ဆိုင်သည့် ဆုံပွိုင့် ထမင်းဆိုင်အား လမ်းဖွင့်လှစ်ရန် ဟုအကြောင်းပြကာ တပ်မတော် ၉၆၇ GE တပ်မှဗိုလ်မှူး အောင်နိုင်ဝင်း၏ အမိန့်ဖြင့်လက်အောက်မှ တပ်မတော်သား များက (၂၈.၁၂.၂၀၁၀) ရက်နေ့ည (၁၁) နာရီ (၁၅) မိနစ်တွင် မီးရှို့ ဖျက်ဆီးခဲ့သည်။ မီးလောင်နေစဉ် ဘူဒိုဇာ (ဘက်ဖိုး) ကားကြီးဖြင့် ဖျက်ဆီးခဲ့သည်။

Friday, March 2, 2012

ကျင့်ဝတ်(၆၀)

ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး

၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။

၂။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။

၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။

၎။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။

၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။

၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။

၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။

၈။ ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှ အခွင့်အရေးပိုမယူပါနှင့်။

၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။

၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။

Friday, January 20, 2012

ပြည်ပရောက်တပ်မတော်သားများရဲ့ ရည်မှန်းချက်များ

‘No Where to Run’ သမဂ္ဂဖွဲ့စည်းရန်ရှိပါသဖြင့် စိတ်ပါဝင်စားသူများ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။ အစိမ်းရောင်၊ အပြာရောင်၊ ကာကီရောင် ဝမ်းဆက် ဝတ်ဆင်ခဲ့ဖူးသူများ အဖွဲ့ဝင်လျှောက်ထားနိုင်ပါသည်။ သတ်မှတ်အဖွဲ့ဝင်ဦးရေ ပြည့်မီပါက မိမိတို့အခွင့်အရေးလိုလားချက်များကို စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတကြီးထံ ပဏာမအဆင့် ပေးပို့တောင်းဆိုပါမည်။ လိုက်လျောမှုမရှိပါက ဆက်လက်စည်းရုံး လှုပ်ရှားတိုက်ပွဲဝင် သွားပါမည်။
ဆက်သွယ်ရန်-vandame@gmail.com

Monday, December 12, 2011

ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာ့တပ်မတော်သို့ ထုတ်ပြန်သည့် အမိန့်စာ

စစ်ဝန်ကြီးရုံးတော်
န့စွဲ၊  ၂၉-၁၂-၄၄
အချိန်၊ ၃၊၃၀ နာရီ
ငါတို့တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် ငါတို့တပ်မတော်သည် ပြည်သူ့တပ်မတော်ဖြစ်သည်။  ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ရည်ရွယ်ရင်းမရှိသော  တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင် အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ် ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူတို့နှင့် တသားတည်း ရှိသည်။ ပြည်သူ့တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး၊ ပြည်သူများ၏ ဓါးသွားဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန်ဖြစ်သည်။  ထိုလက်သီး၊ လက်ရုံး၊ ဓါးသွားသည် ပြည်သူများ၏ အကျိုးကို ကာကွယ်ရန်ဖြစ်သည်။

Ads 468x60px

Featured Posts