Showing posts with label အကြံပြုပေးစာ. Show all posts
Showing posts with label အကြံပြုပေးစာ. Show all posts
Wednesday, July 11, 2012
သမ္မတကြီးနှင့် ဝန်ကြီးများ သိရှိနိုင်ရန်
ဒီမိုကရေစီအစိုးရလက်ထက်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်နေချိန်မှာ သမ္မတကြီး၏
ဦးဆောင်မှုဖြင့် လုပ်ကိုင်ဆောင်ရွက်နေ တာတွေကို ပြည်သူပြည်သားတွေသာမက
နိုင်ငံတကာကပါ အသိအမှတ်ပြု ကြိုဆိုထောက်ခံကြတယ်ဆိုတာ အားလုံးလက်ခံကြပါတယ်။
သမ္မတကြီးနှင့် ၀န်ကြီးအချို့ဟာ တချိန်က စစ်ယူနီဖောင်းဝတ်ပြီး စစ်အစိုးရမှ
ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်မှလည်း အရပ်ဝတ်လဲကာ အရပ်သားအစိုးရဆိုပြီး
အသိအမှတ်ပြုခံယူကာ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရရယ်လို့
အသိအမှတ်ပြုခံရပါတယ်။
ယခု တင်ပြလိုတာက တချိန်က စစ်ယူနီဖောင်းဝတ်ပြီး ပြည်သူပြည်သားတွေအပေါ်
အုပ်ချုပ်ခဲ့စဉ်အခါက ဥပဒေနဲ့ညီညွတ်မှုရှိတယ်/မရှိဘူး ဆိုတာတော့ မိမိကိုယ်သာ
မိမိအသိဆုံးပါ။ ဒါပေမဲ့ ယနေ့အရပ်သားအစိုးရဖြစ်လာတဲ့အချိန်မှာ
စစ်အစိုးရလက်ထက် ထောက်လှမ်းရေး ပြု လုပ်ခဲ့တဲ့ ဥပဒေမဲ့
ပြုကျင့်ခံရတာတွေကိုတော့ မေ့ပျောက်လို့ရမယ်မထင်ပါဘူး။
Monday, May 14, 2012
အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ..
လာမယ့် ၂၅ ရက်နေ့ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်း အခြေခံပညာကျောင်းတွေမှာ
ကျောင်းအပ်နှံရပါတော့မယ်။ အစိုးရဘက်ကလည်း အခြေခံပညာကျောင်းတွေမှာ
ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေမှ ကောက်ခံခြင်းမပြုလုပ်ရန်
ညွှန်ကြားချက်များထုတ်ပြန် တားမြစ်သံတွေ ကြားနေရပါပြီ။
ကျောင်းအပ်နှံရာမှာ မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ်၊
အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ
သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမှာ ဖြစ်ပြီး
မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေ ထုတ်နေပါပြီ။
သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့်
ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာ အခြေခံပညာ ကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ
မကောက်ဖို့၊ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ
ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ။
အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေးသာ ကောက်ရမယ်လို့ ဆိုပါတယ်။ မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာ ဖြစ်ပါတယ်။ ဒါကလွဲရင် ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ်။
Sunday, May 13, 2012
ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း
သတင်းတစ်ပုဒ်မှာ စစ်တပ်က
ရွာတစ်ရွာမှာ ရေတွင်း၊ ရေကန်တွေကို ဖော်ပေး၊
သန့်ရှင်းရေးလုပ်ပေးတဲ့အကြောင်း ဖတ်လိုက်ရတယ်။ တခြား ဖတ်မိတဲ့
သတင်းဖတ်သူတချို့က ဒီသတင်းကြောင့် ဝမ်းသာကြတယ်..၊ ချီးကျူးကြတယ်။
မှန်ပါတယ်..။ အရင်လို နယ်တွေမှာ လူထုကို ဗိုလ်ကျတာထက်စာရင် ဒီလို
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ပေးရင် ဝမ်းမြောက်၊ ဝမ်းသာနဲ့ သာဓုခေါ်ရမယ့်
ကိစ္စပါ။ ဒါပေမယ့် အခြေခံကျကျ စဉ်းစာရမှာက ဒီလိုလုပ်ပေးတာဟာ
တကယ်ကိုယ်ထိလက်ရောက် လုပ်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်၊ အကြပ်၊
တပ်သားလေးတွေရဲ့ ကိုယ်ပိုင်တကယ့် ဆန္ဒအရ လုပ်ကိုင်ပေးခြင်းသာဖြစ်ရမယ်ဆိုတဲ့
အပိုင်းပါ။ စစ်တိုင်းမှုး ဗိုလ်ချုပ်က အမိန့်နဲ့ခိုင်းလို့သာ လုပ်ရရင်
ဒါတွေဟာ အဓမ္မအလုပ်စေခိုင်းမှုမှာ အကျူံးဝင်တယ်။ နိုင်ငံတကာက လက်နက်ကိုင်
အဖွဲ့အစည်းတွေမှာလည်း မိမိနိုင်ငံ (သို့) အခြားနိုင်ငံတစ်ခုခုမှာ
သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင် ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက် ပြုပြင်ရေး၊
လုံခြုံရေး စတာတွေမှာ ပါဝင်လုပ်အားပေး ကူညီတဲ့ ဓလေ့ရှိကြတယ်။ ဒါပေမယ့် ဒါဟာ
အရေးပေါ်အခြေအနေတွေအတွက် သက်သက်သာဖြစ်တဲ့အပြင် တစ်ဦးချင်းအနေနဲ့လည်း
မိမိတာဝန်၊ ဝတ္တရားပြင်ပက အပိုအလုပ်တွေကို ငြင်းချင်ရင် ငြင်းပိုင်ခွင့်
အပြည့်ရှိတယ်။
Photo: Burmese Army, southasia.oneworld.net
နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊ မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။
Photo: Burmese Army, southasia.oneworld.net
နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊ မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာရဲ့ လိုအပ်ချက်တချို့
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ
(http://www.president-office.gov.mm/ ) ကို လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှ
စတင် စမ်းသပ် ဖော်ပြခဲ့ပါတယ်။ ထို အင်တာနက်စာမျက်နှာတွင်
(သတင်းရေးသားနေချိန် တွေ့ရှိချက်အရ) သတင်းလေးပုဒ်၊ မိန့်ခွန်း နှစ်ခု၊
ဓါတ်ပုံသတင်းအချို့နဲ့ ဒါရိုက်တာ ၀ိုင်း ရိုက်ကူးထားတဲ့ အစိုးရမူဝါဒဆိုင်ရာ
သီချင်းဗီဒီယိုတပုဒ် ဖော်ပြထားတာကို တွေ့ရပါတယ်။
သတင်းများအဖြစ် မေ ၉ ရက်နေ့က ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့
ဦးသိန်းစိန်တို့ တွေ့ဆုံခြင်း သတင်းနဲ့ မေ ၁၁ ရက်နေ့က နိုင်ငံတော်
သမ္မတရုံးတွင် ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး ကျင်းပခြင်း သတင်းများကို
ဖော်ပြထားပါတယ်။ ဓါတ်ပုံကဏ္ဍမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပတဲ့ အာစီယံ
အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့စဉ်က ဓါတ်ပုံများ အပါအ၀င်
ဓါတ်ပုံ အတော်များများကို ဖော်ပြထားပါတယ်။
သတင်းကဏ္ဍတွင် သတိထားမိတဲ့အချက်တခုက ရက်စွဲ ဖော်ပြတဲ့နေရာမှာ ၂၀၁၂၊ မေလ ၁၁
ရက် - ၂၀၁၂၊ မေ ၁၁ ရက် - နဲ့ မေ (၉) လို့ သတင်း သုံးပုဒ်မှာ ရက်စွဲပုံစံ ၃
မျိုးနဲ့ ရေးထားပါတယ်။ သာမာန်အားဖြင့် ထိုသို့ ကွဲပြားနေခြင်းဟာ
အရေးမကြီးဘူးလို့ ထင်ရပါတယ်။ သို့သော်လည်း ထိုသို့ ကွဲပြားနေခြင်းဟာ စနစ်
(သို့) အလုပ်တခုကို မူဝါဒ၊ သဘောတရား၊ ပုံစံတခုနဲ့ စနစ်တကျ
မလုပ်ကိုင်ခြင်းဆိုတဲ့ သဘောကိုလည်း သက်ရောက်စေတတ်တာမို့ ပုံစံတခုထဲနဲ့
တသမတ်ထဲ ဖော်ပြနိုင်ရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။
ဒုဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သို့ အိတ်ဖွင့်ပေးစာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရဟာ ပြုပြင်ပြောင်းလဲရေးဆိုပြီး နိုင်ငံတကာနဲ့ ပြည်တွင်း နယ်ပယ်အသီးသီမှာ image တက်အောင် လုပ်ကိုင်ပြနေသော်လည်းပဲ တပ်မတော် အတွင်းမှာတော့ အဲဒီလို ကောင်းသောပြောင်းလဲမှုတွေနဲ့ လားလားမှ မသက်ဆိုင်သလို ရှိနေပါတယ်။ ယခင်ကလို စီးပွားရေးလုပ်ငန်းတွေကို လှည့်လည်စစ်ဆေး အကြောင်းရှာဖို့ မဖြစ်နိုင်တော့တာမို့ နိုင်ရာဖိထောင်းတတ်တဲ့ စစ်အာဏာရှင် ဗိုလ်ချူပ်တွေရဲ့ အမူအကျင့်အတိုင်း တိုင်းစစ်ဌာနချူပ် နယ်မြေအတွင်းက တပ်ရင်းတပ်ဖွဲ့များအား အကြိမ်ကြိမ် လှည့်လည်ရင်း တပ်စစ်နေပါတော့တယ်။
ယောကျာင်္းက တပ်စစ်၊ မိန်းမက စည်းကော်စစ်နေချိန်မှာ တပ်ရင်းတပ်ဖွဲ့များအတွက် ဧည့်ခံစရိတ်ထောင်းပြီး မညှစ်ထုတ်နိုင်တော့လို့ လာစစ်တဲ့ ဗိုလ်ချူပ်တွေကိုလည်း မျက်နှာညိုစေပါတယ်။ အဲဒီဗိုလ်ချူပ်တွေဟာ မည်သည့်ထောက်ပံ့မှုမျိုး၊ ဖြည့်ဆည်းမှုမျိုးမှ မလုပ်ပေးနိုင်ပဲနဲ့ သက်သာဆိုင်၊ ဆံသဆိုင်၊ ရိပ်သာ စတဲ့ အဆောက်အဦးတွေကို အုတ်ကာ၊ သွပ်မိုးဖြစ်ရမယ်လို့ ဇွတ်အတင်း ညွှန်ကြားချက်တွေကြောင့် တပ်မှူးတွေအနေနဲ့ မိမိကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်လုပ်ရမဲ့သဘော ဖြစ်နေပါတယ်။
Friday, May 11, 2012
ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်က ဆူးညှာင့် တခု
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များခင်ဗျာ......
ဒေါ်အောင်ဆန်းစုကြည်နဲ့
ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်များမှ မိမိတို့ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လက်အောက်အဖွဲ့ဝင် လှုပ်ရှားသူများနဲ့
အောက်ခြေတပ်မတော်သားများ ကြည်ဖြူသင့်မြတ်စေဖို့ ဆက်ဆံရေး တည်ဆောက်သင့်ပါတယ်။
Saturday, February 18, 2012
တပ်မတော်သားများ ရာဇဝတ်မှုကျူးလွန်ခြင်း
၂၂၊ ၁၊ ၁၂ နေ့ ညနေက ဗွီအိုအေ အသံလွှင့်ဌာနရဲ့သတင်းပေးမှုထဲမှာ
ဟိုပင်မြို့က ဗိုလ်ကြီးတယောက် လူသတ်မှုကျူးလွန်တဲ့အကြောင်း
ကြားလိုက်ရပါတယ်။ ဟိုပင် ဘူတာမှာယာယီအလုပ်ဝင်နေတဲ့  အင်္ဂလိပ်စာ မေဂျာနဲ
့ဘွဲ့ရထားတဲ့ အလုပ်သမားကလေးတယောက်ဟာ သူ့ သူငယ်ချင်းနဲ့အတူတူ
စားသောက်ဆိုင်တခုအတွင်းမှာ အရက်သောက်နေခိုက် အဲဒီဆိုင်ထဲမှာရှိနေတဲ့
ဗိုလ်ကြီးတဦးနဲ့စကားများ ရန်ဖြစ် ရာက ဗိုလ်ကြီးက
အိတ်ထဲမှာပါလာတဲ့ပစ္စတိုနဲ့ထုတ်ပစ်လိုက်တာ အရပ်သားလူငယ်လေး
ဦးနှောက်ပွင့်ပြီး သေဆုံးသွားတယ်။ အဲဒီ ဗိုလ် ကြီးကပဲ အလောင်းကို
ဆေးရုံပို့မယ်ပြောပြီး မော်တော်ဆိုင်ကယ်ပေါ်တင်သွားပြီးသင်္ချိုင်းအနီးမှာ
ပစ်ထားခဲ့တယ်။ စားသောက်ဆိုင်က ရဲကိုအကြောင်းကြားတော့ ဒီစစ်ဗိုလ်ကို
စစ်ရဲကဖမ်းထားပြီလို့ပြောကြောင်း သတင်းမှာပါရှိတယ်။ တဆက်တည်းပဲ ဟိုပင်မြို
့သူ မြို့ သားတွေက စစ်တပ်ရဲ့ရမ်းကားမှု၊ ဥပဒေမဲ့
ပြစ်မှုကျူးလွန်မှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းတွေပါ
ထုတ်လွှင့်သွားပါတယ်။
ဒီသတင်းကိုကြားလိုက်ရပြီးတဲ့နောက်
အရင်နှစ်ကတည်းက ပဲခူးမြို့ ဇိုင်းဂနိုင်းက လူသတ်မှုကိုပါ ပြန်အမှတ်ရလာတယ်။
အဲဒီလူသတ်မှုမှာလည်း စစ်တပ်က အရပ်သားအပေါ် ရမ်းရမ်းကားကား
ကျူးလွန်ခဲ့တာပါပဲ။ ဒီ ဇိုင်းဂနိုင်းလူသတ်မှုအကြောင်း ပြည်သူလူထုက
စိတ်ဝင်စားပေမယ့် နောက်ထပ်ဘာမျှ မကြားရတော့ပါဘူး။ အခု ဟိုပင်က လူသတ်မှုလည်း
ဒီလိုနဲ့ တိတ်ဆိတ်သွားဦးမယ်လို့ ထင်ပါတယ်။
Sunday, January 15, 2012
လူမှန်နေရာမှန်(မေလ်းမှ)
ထိပ်ဆုံးကဌာနဆိုင်ရာဝန်ကြီးများ
သည် မိမိတို့ဌာနနှင့်ပတ်သတ်ရု် ခရေစေ့တွင်းကျ နားလည်တတ်ကျွမ်းသောသူများဖြစ်နေသင့်သည်။ ဒါမှထိုဌာန၏ တိုးတတ်ကောင်းမွန်ရေးအတွက် မှန်ကန်စွာဆုံးဖြတ်နိုင်ပေလိမ့်မည်။ လူမှန်နေရာမှန် မဟုတ်ရု် မနစ်နာသင့်သောသူများ နစ်နာခဲ့ရသည့် မတိတ်ကအကြောင်းလေးကို နမှုနာထုတ်ပြချင်ပါသည်။ မပြောခင်လိုအပ်သောအခင်းအကျင်းများပြောခွင့်ပြုပါ---။
Subscribe to:
Posts (Atom)
