Showing posts with label ပန်ကြားလွှာ. Show all posts
Showing posts with label ပန်ကြားလွှာ. Show all posts

Friday, June 29, 2012

အကြံပြုပေးပါရန် ပန်ကြားခြင်း

ကွန်းခိုဖူးသော တက္ကသိုလ်က နေ့ရက်များ  အား ကိုယ်တွေ့ ဝတ္ထု ဆန်ဆန် ရေးသားရန် လျာထားပါသည်။
သို့အတွက် အချို့အချက်အလက်များကို အခြေအနေအကြောင်းကြောင်းအရ မသိရှိနိုင်ပါ။
ထို့ပြင် စာရေးသူနှင့် ပတ်ဝန်းကျင်အခြေအနေများကိုသာ ရေးသားနိုင်မည်ဖြစ်သဖြင့်
မသိရှိနိုင်သည့် အချို့အခြေအနေများကို စာဖတ်ပရိတ်သတ်များမှ ကူညီပံ့ပိုးပေးကြစေလိုပါသည်။
သို့မှသာ ဝတ္ထုအနေဖြင့်သော်လည်းကောင်း၊ အမှတ်ရဖွယ်အနေဖြင့်သော်လည်းကောင်း
ပိုမိုသက်ဝင်လှုပ်ရှားမည်ဖြစ်မည်ဟု ထင်မြင်မိပါသည်။
ထို့ပြင် စာဖတ်ပရိတ်သတ်အား အထူး ပန်ကြားလိုသည်မှာ စာရေးသူမှာ ဆောင်းပါး၊ အက်ဆေး များနှင့်
ကဗျာများကိုသာ ရေးသားဖူးပြီး ဝါသနာအရရေးသားနေခြင်းဖြစ်သည်ကို နားလည်ပေးစေလိုပါသည်။
သို့အတွက် အသုံးအနှုံးပိုင်းဆိုင်ရာ အားနည်းခြင်း၊ သရုပ်ဖော်မှုပိုင်းဆိုင်ရာအားနည်းခြင်းတို့နှင့်
များစွာသော အားနည်းမှုများ ရှိနေမည်ဖြစ်ပါသည်။ ထို့ပြင် ထိုကဲ့သို့ ဝတ္ထုဆန်ဆန် ရေးသားဖူးခြင်းမရှိသည်ကိုလည်း ဝန်ခံရပေမည်။ တက္ကသိုလ်ဝင်တန်းတက်ဆဲကာလ တခုတွင်သာ ဖခင်နှင့်ပတ်သက်ပြီး ဝတ္ထုတိုတပုဒ်ရေးသားဖူးသည်သာ ရှိပါသည်။ သို့အတွက် အားနည်းချက်များကို စာဖတ်သူများအနေဖြင့် ပြင်ဆင်ဖြည့်ဆွက် ဖတ်ရှုပေးစေလိုပါသည်။
ထို့အပြင် အထက်တွင် ဆိုခဲ့သည့်အတိုင်း လိုအပ်သည့်အချက်အလက်များကိုလည်း ဝိုင်းဝန်းပံ့ပိုးပေးစေလိုပါသည်။ အချို့မှာ ဓါတ်ပုံမှတ်တမ်းများလည်း လိုအပ်ပါသည်။ ဥပမာ - မိမိတို့ တက္ကသိုလ်၏ ဝတ်စားဆင်ယင်မှုပုံများ၊ အိပ်ဆောင်ခင်းကျင်းမှုပုံစံများ စာပေသင်တန်းပုံများ၊ ကြံ့ခိုင်ရေးလေ့ကျင်စဉ်ပုံများ၊ နှစ်အလိုက် ပြိုင်ပွဲဝင်ပုံများ စသည်စသည်ဖြင့် များစွာ လိုအပ်ပါသည်။ သို့အတွက်လည်း စာဖတ်သူများမှ ဖြည့်ဆည်းပေးကြလိမ့်မည်ဟုလည်း များစွာ မျှော်လင့်မိပါသည်။
(စာရေးသူ)
နှောင်းလွယ်

Ads 468x60px

Featured Posts