Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts
Monday, April 22, 2013
Monday, July 2, 2012
ကွန်းခိုဖူးသည့် တက္ကသိုလ်က နေ့ရက်များ
(၄)
ဒီနေ့ဟာ
ကျနော်တို့ ရင်ခုန်ရတဲ့နေ့ပေါ့။ တဖက်က စစ်ဘက်ဆိုင်ရာသင်တန်းတွေနဲ့ အမိတက္ကသိုလ်က သင်ကြားပေးနေသလို
စာပေပညာအတွက် ကျနော်တို့တက်ရမယ့် အထူးပြုဘာသာရပ်တွေ ကြေငြာတဲ့နေ့ပေါ့။ ကျနော်တို့ တက္ကသိုလ်ကြီးမှာ
ဌာနကြီး (၃) ခုနဲ့ ဖွဲ့စည်းထားတယ်။ အဲဒါကတော့ ကျနော်တို့ ဗိုလ်လောင်းများရဲ့ လေ့ကျင့်ရေးအတွက်
လေ့ကျင့်ရေးဌာန၊ စာပေအတွက် စာပေဌာနနဲ့ နည်းပြတွေနဲ့ ကျနော်တို့ ဗိုလ်လောင်း တွေရဲ့
အုပ်ချုပ်ထောက်ပံ့ရေးအတွက် အုပ်ချုပ်မှုဌာနဆိုပြီးပေါ့။ ဒီနေရာမှာ တိုက်ရိုက် ကျနော်တို့နဲ့
ပတ်သက် တာကတော့ လေ့ကျင့်ရေးဌာနနဲ့ စာပေဌာနပါပဲ။ စာပေဌာနက ကျနော်တို့ရဲ့ တက္ကသိုလ်ဝင်တန်းရမှတ်တွေကို
ကြည့်ရှုပြီး သက်ဆိုင်ရာ ဘာသာရပ်အထူးပြုတွေကို ခွဲဝေပေးလိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ
တက်ရောက် သင်ကြားကြရပါတယ်။
စာပေဌာနရဲ့
လက်အောက်မှာတော့ စာပေဌာနခွဲတွေ တနည်းအားဖြင့်တော့ ဘာသာရပ်အထူးပြုလိုက် ဌာနခွဲတွေရှိပါတယ်။
ကျနော်တို့ တက်လာတဲ့ ကာလမှာတော့ အထူးပြုဘာသာရပ်ဌာနကြီး ၅ ခုနဲ့ အခြား ဌာနများရှိပါတယ်။
အထူးပြုဌာန ၅ ခုကတော့ ကွန်ပျူတာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒနဲ့ အီလက်ထရောနစ် တို့ ဖြစ်ပါတယ်။
အခြားဌာနတွေကတော့ စိတ်ပညာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ မြန်မာ၊ စီးပွါးရေး စသဖြင့်
ဌာနခွဲတွေရှိပါတယ်။ ကျနော်တို့ဟာ အထူးပြုဘာသာရပ်များအပြင် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ
အဲဒီအခြားဘာ သာရပ်တွေကို မိုင်နာအနေနဲ့ တွဲသင်ရပါတယ်။ ကွန်ပျူတာကိုတော့ မသင်မနေရနဲ့
ဒုတိယနှစ်မှာ သင်ကြားကြ ရပါတယ်။ နောက်ပြီး နိုင်ငံရေးသိပ္ပံနဲ့ပတ်သက်ပြီးတော့လည်း နောက်ဆုံးနှစ်မှာ
Additional Subject တခုအ နေနဲ့ သင်ကြရပါတယ်။ ဒါ့အပြင် နက္ခတဗေဒပညာရပ်တွေကအစ စစ်သမိုင်းတွေကိုပါ
သင်ကြားကြရပါတယ်။ ဒါကတော့ စာပေဌာနနဲ့ ပတ်သက်တဲ့ အကြမ်းဖျင်းပေါ့။
Tuesday, June 26, 2012
ကွန်းခိုဖူးသော တက္ကသိုလ်က နေ့ရက်များ
(၁)
တောင်ပေါ်ဒေသတခုရဲ့ ဆင်ဘိုဆိုတဲ့ ရွာလေးတရွာမှာ
လူသားတယောက်ဖွားမြင်ခဲ့တဲ့နေ့။ ၁၉၈၈ ခုနှစ် မတ်လ ၅ ရက်နေ့ မနက်ခင်း ၉ နာရီကျော်။ မြန်မာပြည်မြောက်ဖျား
ဧရာဝတီမြစ်ရဲ့ ထုံးစံအတိုင်း နွေဦး အဝင် မြစ်ရေတက်တတ်တဲ့ကာလ။ မြန်မာလူမျိုးတို့ရဲ့အခေါ်
နေတက်ရေတက် တိုက်ဆိုင်စွာ နေ့ကလည်း စနေနေ့။ မိဘတွေနဲ့ မိခင်ဘက်က အဘိုးအဘွားတို့အတွက်
သားဦးရတနာ၊ မြေးဦးရတနာတယောက်။ ထုံးစံ အတိုင်း သားဦးဖြစ်တဲ့အတွက် မိဘများက အဘိုးအဘွားတွေကို
ငွေ ၉၀ ကျပ်နဲ့ ကျနော့်ကို ရောင်းခဲ့တယ်။ သားဦးစနေ ခိုက်မှာစိုးလို့တဲ့။ ဒီလိုနဲ့
ကျနော်လူမှန်းသိတတ်စအရွယ်မှာတော့ ကျနော်ဟာ အဲဒီတောင်ပေါ်ဒေသ ကချင်ပြည်နယ်ရဲ့ မြို့တော်
မြစ်ကြီးနားမှာ ရှိနေခဲ့ပါပြီ။ ခုဆို ကျနော့်ဇာတိ ရွာကလေးတောင် မြို့နယ်လေး တခုအဖြစ်ကို
တိုးမြှင့်ရောက်ရှိခဲ့တာ နှစ်အပိုင်းအခြားတခု ရှိခဲ့ပါပြီလေ။
ကျနော်ဟာ အမှတ်(၈) ထောက်လှမ်းရေးတပ်ရင်းရဲ့
တပ်ခွဲတခုဘေးက ဝန်ထမ်းအိမ်ရာမှာ နေထိုင်ရင်း ကြီးပြင်းခဲ့ရတယ်။ ဘေးနားကပ်လျက်က အိမ်တွေကလည်း
နှယ်နှယ်ရရမဟုတ် မြစ်ကြီးနားမြို့နယ် ဥက္ကဋ္ဌတွေ၊ ကချင်ပြည်နယ်အတွင်းရေးမှူးတွေ၊ ပြည်နယ်ရဲမင်းကြီးတွေ
နေကြတာလေ။ အဲဒီပုဂ္ဂိုလ်တွေကို အားကျလိုက်တာ။ ငါလည်း တနေ့မှာ သူတို့လို တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်ရမယ်
ဆိုတာမသိပေမယ့် သူတို့လို ဖြစ်ချင်ခဲ့တာကတော့ အမှန်။ ဒီမှာတင် မသိစိတ်ထဲမှာ မွေးမြူခဲ့တဲ့
ကျနော် ကွန်းခိုခဲ့တဲ့ တက္ကသိုလ်ကို ရောက်ခဲ့ရတဲ့ သန္ဓေတည်ရာအခြေအနေလေးတွေပေါ့။
Sunday, February 12, 2012
မျိုးချစ်တပ်မတော်၏ အစဉ်အလာ …
(က)
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော်သားတွေအတွက် "စစ်သည်တော် ကျင့်ဝတ်" ဆိုတဲ့ လက်စွဲ စာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ ….. စစ်သည်တော် အားလုံး (တပ်မတော်သား အားလုံး) ကို ဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။
စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။ ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။
ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။
စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။ ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။
ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။
Thursday, December 15, 2011
စစ်တက္ကသိုလ် အမှတ်စဉ်(၅၀) မှ သူငယ်ချင်းများသို့
သူငယ်ချင်းတို့ရေ ငါတို့ရဲ့ အမှတ်စဉ်မွေးနေ့လည်း ဘာလိုလိုနဲ့ ရောက်ခဲ့ပြန်ပြီနော်။ ငါကတော့ မင်းတို့နဲ့ အတူမရှိတော့ပေမယ့် ငါ့စိတ်နှလုံးသား ခံစားချက်တွေကတော့ မင်းတို့နဲ့အတူတူပဲဆိုတာကို မင်းတို့နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့တွေ ငါတို့ရဲ့ အမှတ်စဉ်မွေးနေ့ ၁၄ ရက်နေ့ ဒီဇင်ဘာလမှသည် တိုင်းပြည်တာဝန်များကို ဆထက်တံပိုး ထမ်းဆောင်ပြီး တိုင်းပြည်နဲ့ ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်ကြပါစေလို့ ငါဆုတောင်းပေးနေပါတယ်။ မင်းတို့ရဲ့ သူငယ်ချင်း
ရဲထက်။
Subscribe to:
Posts (Atom)
