Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Saturday, May 12, 2012

တပ်မတော် အမြောက်တပ်ရှိ ၁၀၅မမ အမြောက်များ

တပ်မတော်က နိုင်ငံရေးအရ ဂုဏ်သိက္ခာကျဆင်းတယ်ဆိုပေမယ့် တဖက်က နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်ဟာ မရှိမဖြစ်လိုအပ်သလို ခေတ်မှီလက်နက်များတပ်ဆင်နိုင်ဖို့လိုတယ်ဆိုတာကိုလည်း အားလုံး သဘောတူလက်ခံမယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ နိုင်ငံရေးပြဿနာများဟာ ထိပ်ပိုင်း ဦးဆောင်သူတွေကြားမှာ အဓိက ဖြေရှင်းကြရမယ့် ပြဿနာတရပ်ဖြစ်ပါတယ်။ တပ်မတော်သားများကတော့ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကိုတာဝန်ယူထားတဲ့အတွက် အဲဒီအတွက် ကာကွယ်ရေးဆိုင်ရာများကို လေ့ကျင့် တပ်ဆင်လုပ်ဆောင်နေမှုကိုလည်း ပြည်သူလူထုအနေနဲ့ သိရှိထားသင့်သလို နားလည်လက်ခံပေးနိုင်ဖို့ ခုလို တပ်မတော်စစ်လက်နက်အကြောင်းတွေကို အဓိက တင်ပြပေးနေတဲ့ http://mmmilitary.blogspot.com
က တချို့ ဆောင်းပါးလေးတွေကို ခုလိုကူးယူဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။



မြန်မာ့တပ်မတော် ခြေလျင်၊အမြောက်နှင့် တင့် ပူးတွဲစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုအတွင်းတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည့် အမြောက်တပ်မှ အမြောက်များဖြစ်ပါသည်။

Tuesday, May 8, 2012

လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ

လက်ရှိ ဗမာပြည် လွှတ်တော် နိုင်ငံရေးမှာ အဓိက ဒီမိုကရေစီဦးဆောင်ပါတီကြီးက ဝင်ရောက် ပါဝင် လှုပ်ရှားပြီ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု အပြည့်ရှိတဲ့ အရည်အချင်းရှိ ခေါင်းဆောင်က ဦးဆောင်ပြီးတော့ လွှတ်တော် နိုင်ငံရေးလမ်းစဉ်မှတဆင့် ဗမာပြည် ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး ခွင့်တူညီမျှ အကျိုးခံစားခွင့်ရှိရေး  စတဲ့ မြောက်များစွားသော လုပ်ငန်းတွေကို ဆောက်ရွက်ရတော့မှာ ဖြစ်ပါတယ်။
ဒါတွေ လက်တွေ့ ဖြစ်နိုင်ဖို့က အရင် စစ်တပ်အစိုးရ လက်ထက်မှာ လိုသလို အချက်တွေ ထည့်သွင်းပြီး စိတ်ကြိုက်ရေးဆွဲထားတဲ့၊ တိုင်းပြည်ရဲ့ မူရင်း အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒေ မှ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်များစွာကို ပြင်နိုင်မှ ရမယ်ဆိုတာ ဧကံ မုချဆိုပြီး နားလည် လက်ခံထားရမှာ ဖြစ်ပါတယ်။ ဒီလို အခြေခံဥပဒေပြင်ရေး အပါအဝင် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးအချက်တွေကို  လွှတ်တော်မှာ အောင်မြင်အောင်ဖော်ဆောင်ဖို့က အချိန်အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင် လက်တွေ့ ဖြစ်နိုင်ဖို့က အခက်အခဲ အတားအဆီး အမျိုးမျိုးကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

Tuesday, February 7, 2012

ပြည်ထောင်စုနေ့အကြောင်း

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ 

သမိုင်း



မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

Ads 468x60px

Featured Posts