ဒီစာလေးကတော့ကျွန်တော့်သူငယ်ချင်း
တစ်ယောက်ရဲ့ Forward Mail လေးပါ သူ talk2dvb ကိုပို့ထားတဲ့စာလေးဖြစ်ပါတယ် ဒါပေမယ့် talk2dvb ကလည်းအလုပ်တွေအရမ်းများနေလို့ထင်ပါတယ် ။ဒီနေ့ပဲပါမလား နောက်နေ့ပါမလားနဲ့စောင့်ရတာမော
လာလို့ အထက်လူကြီးများသိအောင်ပြောပေးပါဆိုလို့ ဖေ့ဘုတ်ကနေတစ်ဆင့်ဖောက်သည်ချရ
ခြင်းဖြစ်ပါတယ်။လူကြီးများသိစေချင်တဲ့အတွက် ဒီပ
ိုစ့်လေးကိုသူငယ်ချင်းတို့အနေနဲ့အပန်းမကြီးဘူး ဆိုရင်ဖြင့် share လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။သူ DVB ကို ပို့ထားတဲ့စာမူရင်းအတိုင်းပဲ
ပြန်ကူးပေးလိုက်ပါတယ်။
သို့
ကိုနေဇော်နိုင်ခင်ဗျား.........
ကျွန်တော်ကတော့ဘိုကလေးမြို့ဇာတိဖြစ်ပြီးရဲတပ်ဖွဲ.ရဲ့မိသားစုဝင်ဆွေမျိုးတစ်ဦးတော်စပ်သူတစ်ဦး
ဖြစ်ပါတယ်။ ဘိုကလေးမြို့မှာအလွန်ဆိုးဝါးနေတဲ့မြို.နယ်အကြီးအကဲရဲတပ်ဖွဲ.မှူးရဲ့အကြောင်းကိုအထက်
အကြီးအကဲများသိအောင်အောက်ပါအတိုင်းတင်ပြဖတ်ကြားပေးစေလိုပါတယ်။၎င်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့
အကြောင်းကိုနေ့စဉ်နဲ့အမျှမြင်တွေ့ ကြားသိနေရသည့်အတွက် တပ်ဖွဲ့ဝင်များရဲ့ ကိုယ်စား
တင်ပြရခြင်းဖြစ်ပါတယ်။ ပထမဦးစွာလက်အောက်ရဲတပ်ဖွဲ့ဝင်များအပေါ်မတရားအနိုင်ကျင့်ခိုင်းစေခြင်းများပြုလုပ်ခြင်းကို တင်ပြရမည်ဆိုပါက ၎င်း၏နေအိမ်တွင်ကျွန်တော်၏တူတော်စပ်သူ
နယ်ထိန်းလင်မယားနှစ်ဦးအားခေါ်ယူထားပြီး
အိမ်ပေါ်သဖွယ်ထားရှိသည့်အပြင် နယ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးဗေလုဝအား မနက်တိုင်း
၎င်းအိမ်သို့ဆိုင်ကယ်ဖြင့်လာခိုင်းပြီး ၎င်းမိသားစု၏နေ့စဉ်ဝတ္တရားများကိုဆောင်ရွက်ပေးရခြင်း၊
၎င်းမိသားစု၏နေ့စဉ်အိမ်စရိတ်အဖြစ် နယ်ထိန်းတစ်ဦးမှနေ့စဉ်ဈေးဖိုးရှစ်ထောင်ပေးရခြင်းများကို၎င်းဘိုကလေးမြို့တွင်တာဝန်ကျသည့်အချိန်မှစပြီးယနေ့ထိပြုလုပ်ပေးရပါတယ်။ နယ်ထိန်းတပ်ဖွဲ.ဝင်များကို
နေ့စဉ်မြို့ နယ်မှူးနှင့်အသင့်ဟုဆိုကာနံနက်(၇း၀၀)နာရီခန့်မှစပြီးည၄င်းပြန်လွတ်သည့်အချိန်ထိနေထိုင်ရခြင်း၊နယ်ထိန်းတစ်ဦးမှ၎င်းသွားလိုသည့်နေ၇ာ၊ စားလိုသည့်နေရာ၊ဝယ်လိုသည့်အရာတို့ကိုဖြည့်စည်းပေးရခြင်း၊နယ်ထိန်းရဲများမှာ၎င်းတို့တာဝန်ယူရသောရပ်ကွက်၊ကျေးရွာများအတွင်းပြည်သူလူထုများနှင့်ထိတွေ့မှုမရှိပဲ၎င်းကိုယ်ရေးကိုယ်တာကိစ္စတွေနှင့်သာအချိန်ပေးနေရခြင်း၊ဒုစရိုက်မှုများကိုလာရောက်ထောက်လှမ်းမှု
မလုပ်နိုင်တာကိုမြင်တွေ့နေရပါသည်။
ဘိုကလေးမြို.နယ်အတွင်းရှိသောယာဉ်ထိန်းရဲများနှင့်သဘော့ကျွန်းကင်း၊နတ်ချောင်းကင်း၊ ဘိုကလေးဆိပ်ကမ်းရေကင်းများပါမကျန်လစဉ်ကြေးများယူဆောင်ပြီးပုံသေချထားခြင်း၊
အလှူအတန်းပြုလုပ်မည်ဟုဆိုကာနေအိမ်လိုင်းခန်းများအတွင်းတစ်ပတ်လျှင်တစ်ကြိမ်အလှူငွေများကောက်ခံပြီးကိုယ်ကျိုးအတွက်သုံးစွဲခြင်းများ၊၄င်းခရီးသွားလျှင်နယ်ထိန်းရဲ
တစ်ဦးမှငွေကြေးအလုံအလောက်ထည့်ပြီးကြည်ဖြူစွာရှင်းလင်းပေးရခြင်း၊၄င်း၏ဇနီးမှလည်းကျောင်းဆရာမအငြိမ်းစားဟုဆိုကာရဲများ၏ဇနီးများအပေါ်မောက်မာရိုင်းပြစွာ
ဆက်ဆံခြင်း၊ပင်စင်ယူရန်နီးကပ်နေသောရဲတစ်ဦးအား၎င်း၏ဇနီးစိုက်ပျိုးထား
သောအလှပန်းများအားနေ့စဉ်ရေလောင်းခိုင်းခြင်း၊၄င်း၏ဇနီးရေချိုးပြီးချိန်တွင်တစ်ဖွဲ.ဝင်ဇနီးတစ်ဦးခေါ်ယူပြီးသနပ်ခါးသွေးခိုင်းခြင်း၊ရဲအရာရှိ/အခြားအဆင့်နယ်ထိန်းခေါင်းဆောင်၏
ဇနီးများအားအဝတ်အစားနှင့်အလှကုန်ပစ္စည်းအမျိုးမျိုးအတင်းအကြပ်ဝယ်ခိုင်းခြင်း၊၄င်း၏ဇနီးရန်ကုန်
သို့သွားပြီးပြန်လာသောအခါရန်ကုန်မြို.မှဈေးပေါပေါဖြင့်ပါလာသောအဝတ်အထည်
များအားဈေးနှုန်းထက်ဝက်မကတင်ပြီးရဲတပ်ဖွဲ.ဝင်မိသားစုများနှင့်သက်သာဆိုင်ခန်းများသို့မဝယ်မနေ
ရအနေဖြင့်ရဲမိန်းမတစ်ဦးအားလိုက်လံရောင်းချခိုင်းခြင်းများပြုလုပ်ပေးရပါသည်။
နေအိမ်လိုင်းခန်းများကိုလည်းမြို.နယ်တွင်လက်ရှိတာဝန်ထမ်းဆောင်နေသူများကို
မထားဘဲမသက်ဆိုင်သူများကိုလာဘ်လာဘယူပြီးထားရှိသောကြောင့်လက်ရှိ
တာဝန်ထမ်းဆောင်နေသူများမှာအိမ်များငှားရမ်းပြီးနေထိုင်ရခြင်းကိုကြားသိမြင်တွေ.နေရပါသည်။
သို့ဖြစ်ပါအထက်ပါအကြောင်းအရာများကို နိုင်ငံတော်သမ္မတကြီးနှင့်တကွ
ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်တိုင်းရဲမှူးကြီးတို့အားလုံးသိရှိစေရန်
ဒီဗွီဗီမှတစ်ဆင့်တင်ပြရခြင်းဖြစ်ပါသည်။
ဘိုကလေးသား.............
(facebook မှ ကူးယူဖော်ပြသည်)
No comments:
Post a Comment