Tuesday, January 31, 2012

စိတ်နာနာနဲ့ရင်ဖွင့်ချက်




အရပ်သားတွေဖက်ကရော ဘယ်လောက်တောင်ကောင်းနေကြလို့လဲ.....။ တဆိတ်ရှိ စစ်တပ် စစ်တပ်နဲ့ သမုတ်နေကြတာ။ စစ်သားတွေရဲ့ဘဝကို တကယ်ရော သိလို့လား။ ဝါးလုံးကို ချီးသုတ်ပြီးရမ်းတဲ့ သူတွေများပါတယ်။ ကျုပ်ကတော့ လက်ရှိတာဝန်ထမ်းနေဆဲ စစ်သားပဲ။ ဘယ်ကောင့်ကိုမှ အထင်မကြီးဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ကောင်တွေရော နောက်တက်လာမယ့် ကောင်တွေရော ယုံကို မယုံဘူး။ မြန်မာပြည်မှာ ကြိုက်တဲ့ အစိုးရတက်လာခဲ့ ဒီပုံပဲ။ ကိုယ့်တာဝန်ကျတဲ့ နေရာမှာ အေးအေးဆေးဆေးနေ နေတဲ့သူကို ဂျင်ဂလိနဲ့ချောင်းပစ်တယ်။ ကံကြီးလို့ မသေခဲ့တာ ခုထိ ဇက်ပိုးမှာ သေရာပါပဲ။ ဆန္ဒပြတယ်ပြတယ်နဲ့ ပစ္စည်းလုဖို့လောက် ချောင်းနေ တဲ့ကောင်တွေ....။ နိုင်ငံရေးဗန်းပြပြီး တပ်မတော်ကို မစော်ကားနဲ့။ သိပ်သတ္တိရှိနေရင် စစ်သားလာလုပ်ကြည့် တစ်နှစ်လောက်ပဲ လာလုပ်ကြည့်ဦး။ ကားခတောင် မရှိတဲ့လစာလေးနဲ့ စစ်သားလုပ်နေတဲ့ ကောင်တွေဗျ။ ဘာခံစားခွင့်မှ မရှိဘူး။ ဘာမှလဲ မမျှော်လင့်ထားဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကြိုက်လွန်းလို့ တပ်မတော်သားလုပ်ခဲ့တဲ့ ကောင်ဗျ။ တပ်မတော်ကို မစော်ကားပါနဲ့ လက်မ မကောင်း လက်မ ပဲပြောပါ။ ကျန်တဲ့ လက်တွေက နာတယ်။ ဘယ်နိုင်ငံကဘယ်လိုဆိုပြီး မနှိုင်းယှဉ်နဲ့ မြန်မာက မြန်မာပဲ.....။ တောထဲကကောင်တွေနဲ့လဲ လာမနှိုင်းနဲ့ ပြည်နယ်ကောင်းစားရေး ဗန်းပြပြီး ၊ကိုယ့်ဘဝကောင်းစားရေး လုပ်နေတဲ့ကောင်တွေ ချည်းပဲ။ စိတ်နာတယ်....မြန်မာပြည် မတိုးတက်ဘူးတဲ့။ ဘယ်တိုးတက်မှာလည်း...ရသမျှ အကုန်ခိုးနေကြတာကို။ အမှိုက်သိမ်းတဲ့ကောင်က စပြီး အပေါ်ဆုံးကကောင်တွေ အထိ အကုန်လုံး ခိုးနေကြတာ။ နိုင်ငံခြားထွက် အလုပ်လုပ်တယ်... ဝင်ငွေခွန်ဆောင်ရမှာစိုးလို့ လစာရတာကို အမှန်မပြောဘူး..။ ဒါလဲ ခိုးတာပဲ။ အိမ်ခြံမြေရောင်းတယ် အခွန်ဆောင်ရမှာများလို့ သိန်းနှစ်ထောင် တန်ကို ဆယ်သိန်းလို့ပြတယ်...ဒါလဲ ခိုးနေတာပဲ။ ပြောရရင် အများကြီး ဘယ်သူတွေက ဘယ်လောက်တောင်မှန်နေကြလို့လဲ...။ စစ်ဖက်ကို အထင်ကြီးစရာ ဘာရှိလဲတဲ့...ဟားဟား မေးချင်ပါသေးတယ်။ ၂၀၀၉ ခုနှစ်က ကိုယ့်ရေပြင်ပိုက်နက်မှာ သဘာဝဓါတ်ငွေ့အစမ်းတွင်းတူးဖို့ တိုင်းတာရေးလုပ်နေစဉ်မှာ တစ်ဖက်နိုင်ငံက လာခြိမ်းခြောက်ခဲ့တာ သိရောသိခဲ့ကြရဲ့လား..။ ကမ္ဘာ့အဆင့်မှီဆုံး လက်နက်တွေတပ်ဆင်ထားတဲ့ တစ်ဖက်နိုင်ငံက စစ်ရေယာဉ်တွေကို ဟန့်တားခဲ့တဲ့ မြန်မာ့ စစ်ရေယာဉ်တွေ အကြောင်း သိရောသိကြရဲ့လား။ အရင် ကူမင်တန်အရေးတွေရော မှတ်မိ သေးရဲ့လား။ ၈၈၈၈ အရေးအခင်းတုန်းကရော ဘယ်ကောင်တွေက ခေါင်းဖြတ်ခဲ့တာလဲ....။ သူများကို လက်ညိုးထိုးချင်ရင် ကိုယ့်ဖက်ကို အရင်ကြည့်ကြဗျ။ စစ်သား စစ်သားနဲ့ သိမ်းကျုံးမပြောပါနဲ့ အရာရှိ အရာရှိ ဆိုပြီးလဲ သိမ်းကျုံးမပြောပါနဲ့ ခင်ဗျားတို့ပြောနေတဲ့ သူတွေက လက်တစ်ဆုပ်စာပဲ ရှိတယ်။ ကိုယ်ကျိုးစွန့်ပြီးတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တော်တွေကို မစော်ကားပါနဲ့

1 comment:

  1. စော်ကားတော့လီးဖြစ်လား ကိုမေကိုလိုးစစ်ကားတွေ

    ReplyDelete

Ads 468x60px

Featured Posts