Tuesday, January 31, 2012

စေတနာများနဲ့ သူ့စကား

စစ်တပ်က professional ပီသမယ်ဆိုရင် ဘယ်စနစ်နဲ့ ဘယ်အစိုးရဘဲ အုပ်ချုပ်နေပစေ၊ စစ်တပ်အတွက် သီးခြားအဆင့်အတန်းတစ်နေရာက အမြဲတမ်းရှိနေမှာပါပဲ ။ စစ်တပ်ဆိုတာ ပြည်သူအားလုံးက နိုင်ငံနှင့်ပြည်သူကိုကာကွယ်ပေးဖို့အတွက် ယုံကြည်စိတ်ချစွာနဲ့ ဥပဒေအရ လက်နက်ကိုင်ခွင့်ပေးထားတဲ့ တပ်ဖွဲ့တစ်ခုသာဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ် ။ နိုင်ငံသားများရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ကိုယ့်ကိုအပ်ထားတဲ့ လက်နက်နဲ့ပြည်သူကို ပြန်ချိန်တယ်ဆိုရင်တော့ professional ပီသတဲ့ စစ်တပ်ဖြစ်မှာမဟုတ်တဲ့အပြင် လက်နက်ကိုင် သူပုန်သဖွယ်သာဖြစ်နေလိမ့်မယ်။ ကျနော်တို့နိုင်ငံမှာလည်း ရည်ရွယ်ချက် ကောင်းကောင်းနဲ့ စတင်ခဲ့တဲ့ တပ်မတော်ဟာ ခေါင်းဆောင်သူတစ်ချို့ရဲ့ ကိုယ်ကျိုး၇ှာ၊ အသုံးချမှုမှုများကြောင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ရမဲ့အစား လူတစ်စုရဲ့ ခါးပိုက်ဆောင် တပ်သဖွယ်ဖြစ်ခဲ့ရပြီး နိုင်ငံနှင့်ပြည်သူကိုပြန်ဒုက္ခပေးခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ.. နိုင်ငံတကာနဲ့ ပြည်သူ့အမြင်မှာ တမ်မတော်ရဲ့ image ကိုဖျက်ဆီးခဲ့တာ ခေါင်းဆောင်လုပ်ခဲ့သူတစ်ချို့ပါပဲ ။ ဒီလိုအခြေအနေက လွတ်မြောက်ဖို့ဆိုရင် စိတ်ရင်းစေတနာမှန်တဲ့ ပညာတတ်ခေါင်းဆောင်တွေ နေရာရ လာမှသာ မျှော်လင့်နိုင်ပါလိမ့်မယ် ။

စစ်တပ်က စစ်တပ်အလုပ်ပဲ လုပ်ပါမယ်လို့ အာမခံပေးနိုင်တာကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေပဲ တတ်နိုင်ပါတယ်။ ကျနော် စစ်တပ်ထဲက ပုဂ္ဂိုလ်တစ်ချို့နဲ့ နီးနီးကပ်ကပ် နေခဲ့ဖူးပါတယ် ။ အောက်ခြေတပ်သား အများစုရဲ့ ဘ၀တွေက သာမာန်ပြည်သူတွေနဲ့မခြား ဆိုးရွားလွန်းလှပါတယ် ။ တချို့အခြေအနေတွေဆိုရင် ပြည်သူတွေထက်တောင် ပိုဆိုးတာတွေ့ရတယ်။ သူတို့ရဲ့ ဗိုက်ထဲကို စားစရာရောက်လာဖို့ ၀င်ပေါက်က အထက်အရာရှိကနေတဆင့် သွားတာမျိုးပါ ။

ဒီတော့ သူတို့အထက်အရှာ၇ှိကို လွန်ဆန်ဖို့ တော်တော်ခက်ခဲသွားပါတယ် ။ နောက်ပြီး စစ်တပ်နဲ့ ပြည်သူ နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံမှုရှိမနေနိုင်အောင် အစီစဉ်တကျခွဲခြားထားမှုကလည်း ပူးပေါင်းဖို့ ၊ နားလည်မှုရှိဖို့ ခက်ခဲသွားစေပါတယ်။ အရပ်ဘက်အင်အားစုတွေ ခိုင်ခိုင်မာမာ တည်ရှိခွင့်မရအောင် ပိတ်ပင်ထားခဲ့တော့ တိုင်းပြည်မှာ စစ်တပ်ကထင်ရာစိုင်းလို့ ရခဲ့တာပေါ့ဗျာ။ နောက်ထပ်ဒီလိုမျိုးဖြစ်မနေဖို့က မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်တွေ အတွေးအမြင်ပြောင်းဖို့လိုသလို၊ အရပ်ဖက်အင်အားစုတွေ ခိုင်မာတောင့်တင်း လာရေး၊ စည်းလုံးညီညွတ်ရေးကလည်း အဓိကျပါတယ်။ ခုချိန်မှာ ၈၈ မျိုးဆက်တွေအပါအ၀င် ပြည်တွင်းဒီမို အင်အားစုတွေ လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်း အောင်လာ နိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်။

မကြာခင်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါသေးတယ် ။ ဒီမိုကရေစီဖေါ်ဆောင်ဖို့ တပ်မတော် လည်းပါဝင်ရမယ် ဆိုတဲ့စကားက professional ပီသစွာ ရပ်တည်နိုင်ရမယ်လို့ ဆိုလိုတယ်လို့ ကျနော်ယုံကြည် ပါတယ်။

No comments:

Post a Comment

Ads 468x60px

Featured Posts