Saturday, January 14, 2012

ဟေ..ရဲဘော်….ရဲဘော်….စစ်သည်တော် (သို့) အကြွေစောသူများ(အပိုင်း-၂)

သို့ဆိုပါလျှင် မိမိတို့တပ်မတော်သားများက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အတိုက်အခံ အဖွဲ့အစည်းများက ထိုသို့ဖြစ်စေရန် ကြံဆောင်နေသည်ဟုထင်မှတ်မှားကာ ပြည်ထောင်စုကြီး ထိုသို့ မပြိုကွဲရ လေအောင် ယခုလိုများ တိုက်ပွဲတွေ ဆင်နွှဲနေသည်ဟု ထင်မှတ်ရပေသည်။ အမှန်တကယ် ပြည်ထောင်စုကြီး ကိုမပြိုကွဲစေလိုလျှင် ထိုသို့ အစွန်းရောက်သည့် အပြတ်ရှင်းသည့် စနစ်ကို စွန့်လွှတ်ရပေမည်။ ယခုမူ မိမိတို့ တပ်မတော်ကြီးမှာ ပြည်ထောင်စုမပြိုကွဲရေးအတွက်တိုက်နေပါသည် ဆိုလျှင် အဘယ်မှာ လက်ခံဖွယ်ရာရှိအံ့ နည်း။ အမှန်တကယ် တိုင်းရင်းသားတို့တောင်းဆိုသည့် ဖက်ဒရယ်ဆိုသည်မှာ ဗိုလ်နေဝင်းနှင့် ယခင်အစိုးရ အဆက်ဆက်က လုပ်ကြံပြောဆိုသကဲ့သို့ ခွဲထွက်ရေး ကိုယ့်လူမျိုး ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ရေး (တနည်း - ကိုယ်ပိုင်အုပ်ချုပ်ရေး) ကိုဆိုလိုသည်မဟုတ်ပါ။ မြန်မာစာအသုံးအနှုံး ဝေါဟာရအဓိပ္ပါယ်ကောက် လွဲမှားမှု၏ နောက်ဆက်တွဲဆိုးကျိုးပင်တည်း။ တိုင်းရင်းသားတို့ပြောသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်မှာ မိမိဒေသ မိမိ လူမျိုးတို့၏ အကျိုးစီးပွါးကို ကာကွယ်ပေးရန်ပြဋ္ဌာန်းထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြဋ္ဌာန်းရေးပင် ဖြစ်ပေသည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့သည် မူလ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုဆန့်ကျင်ခြင်းမပြုဘဲ ရေးဆွဲကြရမည်ဆိုသည်တို့ပင်တည်း။

          ထိုသို့ဆိုလျှင် မိမိတို့ ဦးထိပ်ပန်ဆင်ထားသော ပြည်ထောင်စုမပြိုကွဲရေး ဆိုသည့် ဒို့တာဝန်အရေးသုံးပါး ပါနံပါတ်တစ်အချက်အရ မိမိတို့သည် လက်ရှိဆင်နွှဲနေသော စစ်ဆင်ရေးများကို ဆင်နွှဲသင့်ပါ၏လော။ နိုင်ငံ နော်အကြီးအကဲများနှင့် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း ထိုသို့သော အချက်များအရ လက်ရှိ ထိုး စစ်ဆင်နေခြင်းကို ရပ်တန့်သင့်ပါသည်။ နိုင်ငံရေးအရ အဖြေရှာညှိနှိုင်းသင့်ပါသည်။ ပြည်ထောင်စုကြီးသည် ပြို ကွဲဖို့ဆိုသည်မှာ အလွန်တရာခဲယဉ်းလှပါသည်။ လွယ်အောင်ပြောလျှင်တော့လွယ်ပါသည်။ သို့သော် ပြည်သူလူ ထုသည် ကလေးငယ်များ ပညာမတတ်သူများမဟုတ်ကြပါ။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်သုံး သပ်နိုင်စွမ်းရှိပါသည်။ သို့အတွက် ဖက်ဒရယ်မူနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် အသိပညာပေးမှုများကို နိုင်ငံအဝှမ်းတွင် လုပ်ဆောင်ကာ ဒုတိယအဆင့် ငြိမ်းချမ်းရေးစကားဝိုင်းများဖော်ထုတ်ကြရမည်ဖြစ်ပြီး တတိယ အဆင့်အနေဖြင့် တိကျသေချာသော ဖက်ဒရယ်မူကိုအခြေခံသည့် ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပ ဒေကိုရေးဆွဲအတည်ပြုကြရပေမည်။ သို့ဆိုလျှင် ယနေ့ဆုံးရှုံးနေသော စစ်ကုန်ကျစရိတ်များနှင့် နှစ်ဖက်ရဲဘော် များ၏ အသက်များ မိသားစုများတွင်ကျန်ရစ်ခဲ့မည့် ဝမ်းနည်းပူဆွေးမှုများနှင့် အစတေးခံပြည်သူလူထုနှင့် နိုင်ငံ တော်ဘဏ္ဍာများလည်း ဆုံးရှုံးမှုသက်သာပေလိမ့်မည်။ အကယ်၍ အကြောင်းအမျိုးမျိုးဖြင့် ပြည်ထောင်စုစစ်စစ် နိုင်ငံတော်ကြီးပေါ်ပေါက်လာပါလျှင် ယနေ့ပေးဆပ်လိုက်ရသော ဆုံးရှုံးမှုများသည် ဘာနှင့်မျှပြန်လည်အစားထိုး ၍ရမည်မဟုတ်ပါ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆုံးရှုံးမှုများနှင့် ငွေကြေးဆုံးရှုံးမှုများသည် ပြန်လည်ရှာဖွေယူ၍ရသော် လည်း ဆုံးရှုံးသွားသည့် နှစ်ဖက်စစ်သည်တော်တို့၏အသက် ကျန်ရစ်ခဲ့သည့်မိသားစုတို့၏ ဝမ်းနည်းပူဆွေးမှု စတေးခံပြည်သူတို့၏ အသက်အိုးအိမ်နှင့် စိတ်ခံစားမှုများသည် မည်သည့်အရာနှင့်မျှ ပြန်လည်အစားထိုးမရ သောအရာများဖြစ်သည်ကို သတိချပ်သင့်ပါသည်။
          နောက် ဖတ်မိတဲ့ တပ်မတော်က အရာရှိတယောက်ရေးထားတဲ့ ပေးစာလေးမှာ ပါတဲ့ ငါတို့လက်တွေ သွေးစွန်းနေတာ ဂျိုးဖြူငှက်တွေကို လေထဲလွှတ်ပေးနိုင်ဖို့ပဲ ဆိုတဲ့စာသားလေးကိုတွေ့မိတယ်။ မှန်ပါတယ် စစ် သားတွေဆိုတာ တရားသောစစ်ကို ဆင်နွှဲနေကြတယ်ဆိုတာ။ ဒါပေမယ့် စစ်သားတိုင်းနဲ့ စစ်ပွဲတိုင်းအတွက် တော့မဟုတ်ဘူးဆိုတာကို သတိချပ်သင့်တယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗကပ ကိုတိုက် ထုတ်ခဲ့တုန်းက ဗကပ ဘက်ကအမှားတွေရှိခဲ့သလို ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အစိုးရမှာလည်း အ မှားတွေရှိခဲ့ပါတယ်။ စာရေးသူသုံးသပ်မိသလောက်ပြောရရင် ဗကပ ကလည်း တိုက်ယူမှသာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးကိုရမယ် စစ်မှန်တဲ့လွတ်လပ်ရေးရမယ်ဆိုပြီး တောခိုခဲ့တယ် ဒီအတွက် တပ်မတော်က လိုက်လံ တိုက်ခိုက်ခဲ့တယ် ဒါကတော့ လွဲမှားတဲ့အယူအဆတရပ်အတွက် လက်နက်ကိုင်ခဲ့သူကို လိုက်လံတိုက်ခိုက်တာ မှန်ပါတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရကတော့ မှားယွင်းခဲ့တယ်။ ဘာကြောင့်လဲ။ ဒီမိုက ရေစီစနစ်ကို ကျင့်သုံးနေတဲ့ ခေတ်ကာလမို့ ဒီမိုကရေစီသဘောအရ ဘယ်ဝါဒကိုမဆို ရှင်သန်ခွင့်ပေးရပါတယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တော်တော်များများ ကွန်မြူနစ် နောက်လိုက်ပြီး တပ်ရင်းလိုက်တောခိုခဲ့ကြတာကို သမိုင်းစာမျက်နှာမှာအထင်အရှားတွေ့ရပါတယ်။ ဒါတွေဟာ အဲဒီ ခေတ်ကာလ အနေအထားအရဆိုရင်တော့ တောခို လက်နက်ကိုင်တယ်ဆိုတာ မမှန်ဘူးလို့ ပြောလို့ရပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ ခေတ်ကာလမို့ပါ။ ဒါကို ဦးနုရေးသားခဲ့တဲ့ စာအုပ်တအုပ်ထဲမှာ ဦးနုက ပွင့်ပွင့်လင်းလင်း ဝန်ခံရေးသားချက်တခုကိုဖတ်ရတာကတော့ တကယ်လို့ ကွန်မြူ နစ်တွေသာ တောမခိုခဲ့ရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ သူတို့တွေ နိုင်ဖို့ရာနှုန်းပြည့်နီးပါးရှိတယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာကိုလည်း ဖတ်ရှုရပါတယ်။ ဒါတွေကတော့ ကျနော်တို့ မမှီလိုက်တဲ့ မဝေးသေး တဲ့ခေတ်က မြန်မာ့နိုင်ငံရေးအခြေအနေတွေပါ။ ဗိုလ်နေဝင်းအာဏာသိမ်းပြီး နောက်ပိုင်းတော့ လက်နက်ကိုင် တောခိုတာဟာ မှန်တယ်လို့ဆိုလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ တပ်မတော် ကိုခုတုံးလုပ်ပြီး အာဏာတည်မြဲရေးအတွက်အသုံးချပြီး အမှန်တရားနဲ့ ပညာတတ်တွေကို နှိပ်ဆက်ပြီး ဆိုရှယ် လစ်နိုင်ငံတော်ကိုတည်ထောင်တယ်ဆိုတာကစလို့ နိုင်ငံရေးသင်တန်းတွေပို့ချခဲ့တယ်။ တကယ်တော့ အဲဒီနိုင်ငံ ရေးသင်တန်းများဆိုတာကလည်း အာဏာတည်မြဲရေးအတွက် လုပ်ခဲ့တာတွေပဲ။ နောက်ဆုံး ဆိုရှယ်လစ်စနစ် နဲ့အကြောင်းပြုလို့ လက်နက်ကိုင်တောခိုမှုတွေ၊ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးလာတော့ တိုင်းရင်း သားတွေဘက်ကလည်း လက်နက်ကိုင်ပြန်လည်တိုက်ခိုက်မှုတွေနဲ့ ခွဲထွက်လိုမှုတွေဖြစ်လာတယ်။ ဒါကို အ ကြောင်းပြုလို့ ဗိုလ်နေဝင်းက တိုင်းရင်းသားတွေ လက်နက်ကိုင်တာဟာ ခွဲထွက်လိုလို့ ပြည်ထောင်စုကြီး ပြိုကွဲ စေမယ့်အဓိကအကြောင်းတရားလိုလုပ်ခဲ့ရာက တပ်မတော်သားအများစုနဲ့ အချို့ပြည်သူတွေယုံမှတ်မှားခဲ့တာ က တိုင်းရင်းသားတွေ လက်နက်ကိုင်တာဟာ ပြည်ထောင်စုကခွဲထွက်ဖို့ ဆိုတဲ့အချက်ဖြစ်လာတယ်။ တကယ် တော့ပြည်ထောင်စုကြီးကို မပြိုကွဲစေဖို့က လက်နက်ကိုင်တိုင်းရင်းသားများကို ခုလို စစ်ဆင်ရေးနဲ့ ဖြေရှင်းအမြစ် ဖြတ်လို့ရမည်မဟုတ်ပါ။ ဖိနှိပ်မှုတွေကို လျှော့ပေါ့ပေးရမယ်။ သူတို့မူရင်းဒေသများရဲ့ အကျိုးကို ဒေသခံတွေ ခံစားခွင့်ရရမယ်။ ပြည်ထောင်စုလို့ခေါ်တွင်တဲ့အတွက် ပြည်ထောင်စုသားအားလုံးဟာ ဘယ်လူမျိုးမှ ဘာလူမျိုး မှဆိုတာမျိုးထက် အားလုံးဟာ အခွင့်အရေးတန်းတူဖြစ်ကြရပါမယ်။ တကယ်တော့ တပ်မတော်သားတွေ ဦး ထိပ်ထားတဲ့ ပြည်ထောင်စုမပြိုကွဲရေးဆိုတာဟာ ဖြစ်လာဖို့အကြောင်းတရားရှိခြင်းမရှိခြင်းဟာ အာဏာစိုးပိုင်သူ များရဲ့ လက်ဝယ်မှာပဲရှိပါတယ်။ ဒီလိုအာဏာစိုးပိုင်သူများလက်ဝယ်မှာရှိတဲ့ အကြောင်းတရားကို ပြောင်းလဲပေး စွမ်းရှိတဲ့ အချက်နှစ်ချက်ရှိပါတယ်။ အာဏာစိုးပိုင်သူများကိုယ်တိုင်က လိုလိုလားလားနဲ့ ပြောင်းလဲခြင်းနဲ့ ငါတို့ တပ်မတော်သားတွေက ဦးဆောင်ပြီး ပြောင်းလဲခြင်းပါပဲ။

No comments:

Post a Comment

Ads 468x60px

Featured Posts