Sunday, January 15, 2012

နာကျည်းလို့တော့မဟုတ်ပါ(ဖေ့ဘွတ်ပေါ်မှ)

နာကျည်းလို့ တော့  မဟုတ်ပါဘူး .....။လက်တဆုပ် စာ မျှော်လင့် ချက်တွေနဲ့  ငါ့ တို့  အသက်ရှင်နေကြရတာပါ ...။တဖြည်းဖြည်းရုန်းကန်လာပြီးတိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့  ဟစ်ကြွေးခဲ့ ကြတာပါ..။
ပြည်ပရောက်တွေပြောတော့  စစ်ခွေးပေါ့.။ရင်ထဲမှာလှိုက်ရင်း တစစ်စစ်နာတယ်...။ဘယ်သူ့ ကိုမှလည်း မတိုက်ခိုက်သလို ပေးအပ်တဲ့ တာဝန်ကျေဖို့  ၊တိုင်းပြည် တိုးတက်ဖို့  တထောင့်  တနေရာကနေ သဲပွင့် သာသာပေးဆပ် ငါ့ တို့  ဘ၀တွေ ပေးအပ်ခဲ့ ကြတာပါ..။စစ်တပ်ထဲဝင်မယ်ဆိုကတည်းက ၁၅ ကျော် ၁၆ နှစ်နဲ့  အိမ်နဲ့ ခွဲခဲ့ ကြရတယ်..။တွေးကြည့် စရာ မလိုပါဘူး ကွာ။အဲချိန်မင်းတို့ က အိမ်မှာ နွဲ့ ဆိုး ဆိုးလို့ ကောင်းတုန်း ၊ဒါမှမဟုတ်မိဘ ငွေလေးနဲ့  တက္ကသိုလ် တက်ဖို့  ပြင်နေတုန်းဖြစ်မှာပါ ။ မိဘနဲ့ ဝေး ၊အိမ်နဲ့ ဝေးပြီးနေရတဲ့  ဒုက္ခဆိုတာ ကိုယ်တွေ့ ကြုံမှ ကိုယ်ချင်းစာနိုင်တဲ့  အရာမျိုးပါ ။အဲ ဒီအချိန်တုန်းက ပိုက်ဆံမက်ရအောင်လည်း အရာရှိလစာက ၂သောင်းခွဲပဲ ရှိတဲ့  အချိန် ဗိုလ်လောင်းလစာ က ၅၀၀၀ ပဲ၇ှိတဲ့  အချိန်ပါ။

ကိုယ်ပိုင် ပိုက်ဆံ၇ှိလို့  ပြည်ပမှာ ကျောင်းတက်ရတာပဲဖြစ်ဖြစ်၊ကိုယ်စီးပွားရေး အတွက် ပြည်ပမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ် တိုးတက်ရာ တိုးတက်ကြောင်းရှာနိုင်တဲ့  ခေတ်မှာ နဖူးကချွေး ခြေမပေါ် ဘယ်နှစ်စက် ကျကျ ဒီလစာက ပြောင်းမသွားပါဘူး ။

တချို့ ကလည်းပြောကြတယ် ဦးသန့်းရွှေ ရဲ့  ခွေးတွေတဲ့ လေ ။ပြောရက်လိုက်ကြတာဗျာ။ တချို့ ကလည်း ကိုယ်ချင်း မစာနာ ပေးထားတဲ့ ကွန့် မန့် မှာတောင် like လိုက်ကြသေးတယ်..။ငါ တို့  က စစ်သားပါ ။အုပ်ချူပ်သူ ဘယ်သူပြောင်းပြောင်း ပြည်သူကို ကာကွယ်ဖို့  အတွက် နဲ့  ပြည်သူ့ အကျိုးပြုတွေလုပ်ဖို့  သက်သက် ငါ့ တို့ ရပ်တည်နေခဲ့ ကြတာ...။

တချို့ ပြောတာ ကြားသေးတယ် ကြံ ဖွံ့  စစ်ခွေးတွေတဲ့ လေ။ စာလည်း မတက် ၊အသိပညာလည်းမရှိ ၊ကိုယ်ကိုကိုယ် စာမဖတ်ဖူးဆိုတာကို လူလည်ခေါင် ချပြသလိုမျိုးလည်း တွေ့ ခဲ့ ကြုံခဲ့ ဖူးတယ်။ဒီမိုကရေစီဖော်ဆောင်ကတည်းက စစ်တပ်က ကာကွယ်ရေး အပိုင်းသွားနေတဲ့  အချိန်မှာ ပြည်သူတွေရဲ့ ဝိ၀ါဒတွေ ပျက်ပြားသွားအောင် ပြောတဲ့ သူတွေက ပြောနေတုန်း။

ရန်ကုန်မှာ မီးလောင်တော့  မီးသတ်ကားက ရေ ကြာကြာမပတ်ဖူးတို့  ၊မီးမလောင်ခင် မီးသတ်တွေ ဘယ်နားသွားသေနေတာတုန်းတို့ ၊ ဗုံးပေါက်ကွဲမှ ၇ဲ က ဘာလာလုပ်တာတုန်းတို့ ပေါ့။ မီးသတ်ကားက (၃)မိနစ်ပဲ ပတ်လို့ ရတာရယ် ၊မီးမလောင်ပဲနဲ့  ဘယ်မီးသတ်ကားက သြသြော်ဆွဲပီ လမ်းတကာလျောက်လည်နေရမလဲရယ် ၊ဗုံးမပေါက်ပဲနဲ့  အရေးကြီးနေရာကလွဲလို့  ဘယ်နိုင်ငံတကာ ရဲ ကများ အချိန်ပြည့် လုံခြုံရေး ယူတာတွေတွေ့ ဖူးလို့ လားဆိုတာတွေကို ပြောပြချင်လိုက်တာ...။ဒီလိုနဲ့  ကွန့် မန့် သူတွေကြည့် လိုက်တော့  အသက်ငယ်ငယ်၇ွယ်ရွယ်လေးတွေ။နိုင်ငံအတွက် ပခုံးပြောင်းမဲ့ သူတွေကဒီလိုမြင်နေမှတော့  အနာဂတ်အတွက ရင်လေးလို့ မဆုံးဘူး...။

ငါတို့ လည်းနှလုံးသားနဲ့ လူလုပ်တာပါ...။ခံစားတက်တာပေါ့။ကြေကွဲတက်တာပေါ့။အိမ်ကိုလည်းလွမ်းတက်တော့ ပေါ့။နာကျဉ်တက်တာပေါ့။စာဖွဲ့ လုပ်
ပြီးဂုဏ်ခြင်းပြိုင်တာတော့ မဟုတ်ဘူးပေါ့...။ငါ့ တို့ အားလုံးကလည်း တိုင်းပြည်အကျိုးကို ထမ်း၇ွက်နေသူတွေပဲလေ။။မီးသတ်တွေကမှ ဈာပနာ အခမ်းအနားနဲ့  သူကောင်းပြုခြင်းခံရပါသေးတယ်...။အွန်လိုင်း မှာ လည်း ချီးကျူး သြဘာ ထာပနာတွေလည်း ရင်တုန်ပန်းတုန် ငါ ဖတ်ခဲ့ ရတယ်။တချိန်တည်းမှာရှေ့ တန်းစစ်မြေပြင်မှာငါ့ ရဲဘော်တွေနဲ့ ငါ့ သူငယ်ချင်း၊ငါ့ ညီအကိုတွေအတွက်ကျတော့ ရော တွေးတော့ ရင်ထဲမှမချိဘူး။တာဝန်ထမ်းဆောင်ခြင်းတူတာ
တောင် ပစ်ပယ်ထားခံရတဲ့  ငါ့ တို့  ဘ၀တွေကိုက မြေသြဇာသက်သက်လေပဲလား..။

စစ်အကြောင်း စစ်သားတွေပဲသိပါတယ်။ကိုယ်အိုး ကိုယ်အိမ် ကိုယ်ယာနဲ့ ဖြစ်နေမှတော့ သံယောဇဉ်ကို စွန့် ပြီး ဘယ်သူကများ စစ်တိုက်ထွက်ချင်ပါ့မလဲ..။ဘယ်သူကများ ခြေလက်အင်္ဂါ စွန့် ချင်ပါ့ မလဲ ။ မျက်လုံးတဘက်ကမ်းတဲ့ စစ်ဗိုလ်၊ခြေပြက်သွားတဲ့ စစ်ဗိုလ်ကို ချစ်လှပါပြီဆိုတဲ့ ဘယ်မိန်းကလေးမှလက်ထက်ဖို့ ခေါင်းငြိမ့် တော့ မှာမဟုတ်ပါဘူး။။တခါတလေ ငါစဉ်းစားတယ် ။မြန်မာနိုင်ငံမှာ စစ်မှု့ မထမ်းမနေရ စနစ်များ ဖြစ်လာရင်ကောင်းမယ်လို့ ။ဒါမှ ငါ့ တို့ ဘ၀ အခြေအနေနဲ့ ငါ့ တို ခံစားချက်
တွေကို နားလည်နိုင်မှာလေ။ပဲဟင်းမကြိုက်တဲ့ သူတွေ ။အိပ်ရေးမက်သူတွေ၊ ဆင်းရဲ ဒဏ်မခံနိုင်တဲ့ သူတွေ ကိုယ်ချင်းစာနိုင်မယ်ဆိုရင် ငါ မြန်မာနိင်ငံမှာစစ်သား ဖြစ်ရတာ ဂုဏ်ယူနေမှာပါ။တခါလာလည်း ဘုရားနားကယူနီးဖောင်ခန့် ခန့် နဲ့  ကောင်မလေးလေးလှလှ့  စစ်ဗိုလ်ဇာတ်ဝင်ခန်းတွေ ၇ိုက်နေမှတော့  လက် တွေ့ နယ်ပယ်မှာ ၀ဲစွဲနေတဲ့ စစ်ဗိုလ်တွေက အပယ်ခံလိုလိုလေ။ဒီလိုနဲ့  ငါ့ တို့  ကပြည်သူတွေနဲ့ ကင်းကွာခဲ့တာလားလို့ တွေးနေမိတယ်.။

ငါတို့ လက်တွေ က အကြောင်းမဲ့ ရန်ရှာပြီး လူသတ်ဖို့ အတွက် စစ်သွေးကြွနေတာမဟုတ်ရပါဘူး။ပြည်သူတွေကိုကူညီဖို့  အကျိုးပြုဖို့  အတွက်သက်သက်ရယ်ပါ။မြန်မာနိုင်ငံက မီးရထားလမ်းတော်တော်များများက စစ်သားကပဲဖောက်ပေးတာပါ။ဆည်တမံတွေကို ဗိုလ်ချူပ်တွေဦးစီးပြီး တည်ဆောက်ခဲ့တာပါ။ဖောက်ပြီးသား ကားလမ်းတွေ ၊ရထားလမ်းတွေမှာ စစ်သားတွေပဲ လုံခြုံရေးယူပေးတာပါ ။ဘုရားရင်ပြင်မှာလည်း စစ်သားတွေရှိပါတယ်။ဘူတာတိုင်းမှာလည်းစစ်သားတွေရှိပါတယ်။နာဂစ်တုန်းကလည်း ရန်ကုန်က သစ်ပင်ကျိုးပျက်တွေ ၊လူသေကောင်တွေကို ဘယ်သူတွေကများ ဖယ်ရှင်းပေးခဲ့ တာလဲ။စစ်သားတွေပါပဲ။
လုပ်သလောက်နဲ့  တန်ပြန်မေတ္တတရားတော့ ငါ့ တို့ ခံစားချင်တာပေါ့။မနေ့ က KNU နဲ့  ငြမ်းချမ်းရေး စာချူပ်ချူပ်တယ်။၇င်ထဲမှာပျော်တဲ့  အပျော်ကိုထိမ်းမထားနိုင်ခဲ့ ဘူး။အဲ ပြည် နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ငါ့ စစ်သည်တွေ ငါတို့  သူငယ်ချင်း ညီ အကို တွေ အားလုံး နောက်တန်းပြန်ဝင်နိုင်ပြီဆိုတဲ့ အသိနဲ့  ပိတိဆိုတာ ပြောမပြတက်ခဲ့ ဘူး။ဒါကို ပဲ ဖြုတ်ဦးနှောက် ပြည်ပရောက်တချို့ က ကရင်ပြည်နယ်ခွဲ ထွက်ခွင့် ပေးရေးဆိုပြီး လုပ်လိုက်ကြသေးတယ်လေ။ငါလေ ငါ မြန်မာနိုင်ငံကြီးကို တလက်မလေး
ပျောက်ကွယ်သွားမှာကိုတောင် သေမလောက်ကြောက်တာပါ။
သင်္ကြန်ပွဲတွေကိုပဲ ကြည့် ။ပြည်သူတွေပျော်ဖို့ ငါ့ တို့  တာဝန်ကို ထမ်းဆောင်နေကြရတယ် ။မညီငြူခဲ့ ကြဘူးလေ။ ဒီခေတ်လူငယ်တွေ သင်္ကြန် ၁၇က်လောက် မလည်ရရင်သေလောက်တဲ့ မျက်နှာနဲ့ ။အများကြီးမကြည့် ပါနဲ့  ။အပြင်စည်းမှာငါ့ တို ရှိနေတယ်။အတွင်းစည်းမှာ ရဲ တွေရှိနေတယ်။ကားလမ်းထက်မှာ မော်တော်ပီကယ်ရှိနေတယ်။
အခါကြီး ၇က်ကြီးမှာ ငါ့ တို့ လည်း ဥပုဒ်လေးတော့ စောင့် ချင်တာပေါ့။ဒါမှမဟုတ်လူငယ်ပီပီ ရေကစားချင်တာပေါ့။ဒါတွေအားလုံးကို မျက်ကွယ်ပြုပြီး Duty ကို ဦးထိပ်ပန်ဆင်ခဲ့ ကြတာ။ဒါတွေကိုလည်း သိရက်နဲ့  မမြင်ချင်ယောင်ဆောင်ခံရတယ်။တကယ်ပါ
နာကျည်းလို့ တော့ မဟုတ်ပါဘူး.....။လက်တဆုပ်စာ မျှော်လင့် ချက်တွေနဲ့ ငါ့ တို့ အသက်ရှင်နေကြရတာပါ...။တဖြည်းဖြည်းရုန်းကန်လာပြီး
တိုင်းပြည် အတွက် သစ္စာလေးချက် ငါတို့  ဟစ်ကြွေးခဲ့ ကြတာပါ..။ (မင်းသန့် )

3 comments:

  1. အင်း -ဒါလဲဟုတ်သားပဲ။
ွှအာဏာ အလွဲသုံးစား လုပ်နေတဲ့ လူတစုကြောင့် အဖွဲ့ အစည်းကြီးတစ်ခု
    လုံးနံမယ်ပျက် ရတာပါ။ ဒါသင်ခန်းစာပါပဲ။တပ်တွင်းမှာလဲ ဒီမို ကရေစီ
    စံနစ်ကျင့်သုံးဖို့  လိုတယ်ဆိုတာပိုသိသာသွားတာပေါ့။
    အာဏာအလွဲသုံးစားလုပ်ရင် ။ဒီမိုကရေစီစနစ်နဲ့ ဖယ်ရှားလို့ ရတာပေါ့။

    ReplyDelete
  2. အဲလိုဆိုတော့လဲ ဟုတ်တာပေါ့ကွာ ဒါပေမယ့် တိုင်းပြည်ချောက်ထဲ ကျဖို့လက်တလုံးအလိုမှာ ကယ်တင်ကယ်တင်နေတာ ဆိုးတယ် ကယ်တင်ပြီးတော့လဲ ဘယ်တော့မှ လက်မလွှတ်တာက ပိုဆိုးတယ်။

    ReplyDelete
  3. လက်တဆုပ်ဆာမျှော်လင့်ချက်ဆိုတာဘာကိုဆိုလိုတာလဲခင်ဗျာ....၁၅နှစ်၁၆နှစ်နဲ့ဘယ်သူကစစ်တပ်ထဲဝင်ခိုင်းတာလဲ...၈၈ဘယ်ခွေးတွေပြစ်နေတာလဲ..၂၀၀၃ဘယ်ခွေးတွေက ကာကွယ်ပေးထားလဲ..၂၀၀၇ဘယ်ဘာသာဝင်တွေကဘယ်သူတွေကိုပြစ်တာလဲ..၂၀၁၂ဘယ်သူတွေလက်ပိုက်ကြည့်နေလဲ..ပေါ်တာဆိုတာကြားဖူးလားပုံပြင်မဟုက်ဘူးတကယ်ရှိတာ.မိုင်းရှင်းရတယ် စစ်လက်နက်ထမ်းရတယ်ပြန်လမ်းမရှိဘူး သေတဲ့သူကိုဘယ်ခွေးကမှပင်စင်မပေးဘူး. .ခွေးတွေလမ်းဖောက်တယ်လခရတယ် ငါတို့ကျတော့ ကို့ထမင်းကိုယ်စားပြီးလုပ်အားပေး.နယ်စပ်လမ်းတလျှောက်မှာခွေးတွေ ဓားမြတိုက်တာမြင်ဖူးလား(မြဝတီလမ်း.ဘုရားသုံးဆူလမ်း)အများကြီး ပြည်သူသက်လို့သေတဲ့စစ်သားရှိလား စစ်သားသက်လို့သေတဲ့ပြည်သူတွေမရေတွက်နိုင်ဘူး မင်းသန့်
    မင်းမှာနားတွေမျက်စိတွေပါမယ်ဆိုရင်

    ReplyDelete

Ads 468x60px

Featured Posts