လျှပ်စစ်နှစ်ပတ်သတ်ရု် မဂ္ဂါဝပ်တို့ ကီလိုဝပ်နာရီသန်းပေါင်း တို့ကို သာမန်ပြည်သူများနားမလည်ပါ။ ယူနစ်ဆိုသောစကားကိုတော့ အားလုံးနားလည်ပါသည်။ အရင်ကတစ်ယူနစ် 25 ကျပ် အခုတစ်ယူနစ် ဘယ်လောက် စသဖြင့်တိုးလာတော့ နားလည်ရပြီပေါ့။ ထို့ကြောင့်အများနားလည်သော ယူနစ် ဆိုသည့်အသုံးကိုသာဥပမာတွင်သုံးပါမည်။ ဥပမာပြောရာဠ်ကိန်းဂဏန်းများမှာ နည်းမှ နားလည်လွယ်မည်ဖြစ်ရု် နည်းနည်းကိုပဲသုံးထားပါရစေ။ ပင်ရင်းဘီလူးချောင်းရေအားလျှပ်စစ်မှတစ်လကို ယူနစ် တစ်သိန်းထုတ်ကာ ရန်ကုန်ကိုပို့လိုက်သည်ဆိုပါစို့။ ရန်ကုန်ရောက်လျှင် ယူနစ်တစ်သိန်း မပြည့်တော့ပါ ။ ရွေ့လျားရာတွင်စွမ်းအင်အချို့သုံးရသဖြင့်လျှော့ပေမည်။ ထိုသို့လျှော့သော အလျှော့တွက်ကို နေအိမ်မီတာများတွင် ထည့်တွက်မကောက်သော်လည်း စက်ရုံ မီတာကြီးများတွင်တော့ အလျှော့တွက် တစ်ဆယ်ရာခိုင်နှုံး ပေးရသည်။ ဥပမာ စက်ရုံက ယူနစ် ၁၀၀ သုံးလျှင့် မီတာဆောင်သောအခါ ၁၁၀ ယူနစ်ဘိုးဆောင်ရသည်။ ဒါကပြသ၁နာမဟုတ်ပါ။ ရွှေဝယ်လျှင်တောင်အလျှော့တွက်ပေးရသေးသည်။ လုပ်ငန်းသဘာဝအရလည်းပေးသင့်ပါသည်။
စက်ရုံသုံးလျှက်စစ်
စက်ရုံက လျှက်စစ်သုံးလိုလျှင် ကိုယ်ပိုင် ထရန်စဖော်မာလျှောက်ရသည်။ ဥပမာ 500 ကီလိုဝပ်ထရန်စဖော်မာ ဆိုပါစို့ ။ ထိုပါမစ်ရပါက သတ်မှတ်ထားသော ထိုထရန်စဖော်မာနှင့် အန္တရာယ် မဖြစ်နိုင်သော ဝန်ကိုသာသုံးခွင့်ပြုသည်။ ပိုသုံးရန်လိုလျှင် နောက်ထပ်ထရန်စဖော်မာတစ်လုံးထပ်လျှောက်ရမည်။ အန္တရာယ်ရှိရု်တားမြစ်ခြင်းဖြစ်သည်။ ဒါလဲပြသ၁နာမဟုတ်ပါ။ သို့သော်လုပ်ငန်းရှင်တွေ ကလဲသုံးရင်းသုံးရင်း မနိုင်ဝန်ကိုသုံးလာကြသည်။ နောက်တစ်လုံးမလျှောက်ကြ။ ဘယ်လိုသိနိုင်သလဲဆိုရင် မီတာခတွေ မတရားကျလျှင် မဟားဒရားသုံးတာပေါ်လွင်လာသည်။ ကျွန်တော်ပြောချင်တာ က သူတို့သည် အစိုးရမီတာယူနစ်ကို ခိုးယူသုံးစွဲသူများမဟုတ် .။စာချုပ်ထက်ပိုဝယ်သူများဖြစ်ခြင်းကိုသိစေလိုရု်ဖြစ်သည်။
ပြသ၁နာက ဘာလဲ
ပြသ၁နာက ပင်ရင်းဆို့စ် ကထုတ်သော ယူနစ်တစ်သိန်းကို အလျှော့တွက်ပါကောက်လျှက်နှင့် မီတာခပြန်ဝင်သောအခါ ယူနစ်များပျောက်နေသောမသမာမှု ကိစ္စ။
အချက်မသိတော့ သမက်သူခိုးထင်ခံရ
ထိုသို့ကွာဟခြင်းမှာ နံပတ်(၁) လျှပ်စစ်ဝန်ထမ်းနှင့် မသမာသောစီးပွားရေးသမားပေါင်းပြီး လျှက်စစ်ခိုးယူသွယ်သုံးခြင်း။
နံပတ်(၂) စာရင်းအင်းပိုင်းတွင် မသမာမှုနှင့် မတိကျသော မယုံရသောစာရင်းများကိုအခြေခံပြောနေခြင်း ။ကြောင့်သာဖြစ်သည်။
သို့သော် ထမင်းရေပူလာ လျှာလွှဲလုပ်ကာ စောစောက ပြောသော အိုဗာလုဒ် သမားတွေအကြောင်း လုပ်ငန်းနှင့်ပတ်သတ်ရု်ဘာမှ ဂဃနဏ မသိသော ဝန်ကြီးကိုသွားပြီး အစီရင်ခံလိုက်သောအခါ တစ်မျိုးမြင်သွားပြီး ထိုသူတို့ကိုယူနစ်သူခိုးထင်ပြီး အိုဗာလုဒ် လုပ်ငန်းရှင်များအား သိန်းဆယ်ဂဏန်း ရာဂဏန်းထိဒဏ်ရိုက်ခိုင်းတော့သည်။ ဗီတိုအာဏာကိုဥပဒေမဲ့သုံးသဖြင့် မဆိုင်တဲ့အပေါက် ဂလိုင်နဲ့အခေါက်ခံလိုက်ရသော လုပ်ငန်းရှင်အချို့ တော်တော်အထိနာခဲ့ရသည်.။
အပေါ်ကိုအောက်က မလှန်ရဲ
လုပ်ငန်းရှင်များအစည်းအဝေးတစ်ခုတွင် မတရားဒဏ်ငွေအရိုက်ခံလိုက်ရသော လုပ်ငန်းရှင်တစ်ဦးက ထရု် ပြောလေရာ မြို့နယ်တာဝန်ခံလျှက်စစ်အရာရှိလေးခမျာ အားလုံးသောအကြေင်းတရား ကိုသိထားရု် ဘာမှပြန်မချေပနိုင်ရှာဘဲ ``ကျွန်တော့ အဆင့်နဲ့အပေါ်ကို ဘာမှပြန်ပြောခွင့်မရှိပါဘူး ခင်ဗျာ `` ဟူရု်သာတောင်း ပန်နေရပါတော့သည်။
ထို့ကြောင့် သက်ဆိုင်ရာဌာန ဝန်ကြီးများလုပ်ငန်းကို ခရေစေ့တွင့်းကျ သိသောသူများ တတ်သောသူများ နားလည်သောသူများ ကျွမ်းကျင်သောသူများ ပညာရှင်များဖြစ်သင့်ကြောင်း
written by ko soe naing
No comments:
Post a Comment