Saturday, February 11, 2012

အမြင်ကွဲပြားမှုမှသည် တိုးတက်မှုဆီသို့

Facebook ပေါ်မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးသားတဲ့ စာ ၂ စောင်ကို ဒီနေ့ ဖတ်ရပါတယ်။ ကွန်မန့်တွေလည်း အများကြီး ဖတ်ရပါတယ်။ ဗဟုသုတ အများကြီးရပါတယ်။ ပြည်သူတွေမှာ ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း သိရပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ ခရီးအတွက် စိုးရိမ်ပူပန်မိလာရတာ ရှိပါတယ်။  

တပ်မတော် ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေဖြစ်ပြီး နိုင်ငံတာဝန် ထမ်းဆောင်နေသူတွေပါပဲ။ တိုင်းပြည်တခုမှာ ပြည်ပကျူးကျော် ရန်စတိုက်ခိုက်မှုတွေကို  ကာကွယ်ပေးဖို့ စစ်တပ်မရှိဘဲ ရပ်တည်နိုင်ဖို့ ဆိုတာက အင်မတန် ခက်ခဲတဲ့ကိစ္စပါ။ စစ်သည်တွေဟာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်သူတွေ ဖြစ်လို့လည်း လေးစားရပါတယ်။ စစ်အာဏာရှင်စနစ်ကို အသက်သွင်း အကောင်အထည်ဖော်တဲ့ ခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ခွဲခြားမြင်တတ်ရင် အဖြေရှာရတာ လွယ်သွားပါမယ်။

Friday, February 10, 2012

★ ~ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...... ~ ★

★ ~ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ...... ~ ★
*ရေးသူ-တက္ကသိုလ်ဘုန်းကြွယ်*

အောင်ဆန်း အောင်ဆန်း
မြန်မာပြည်ရဲ့ အမှောင်ခန်းကို
အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်
ဖက်ဆစ်လက်အောက်က
လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။

အဆောင်ဆောင် ကြငှါန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့သေပုံနှမြော
ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း
သမိုင်းရာဇ၀င် ပြင်လို့မရ
လူ့လောက အလယ်မှာ
နှစ်သုံးဆယ်သာသာတာ
နေလာခဲ့ရရှာပေမယ့်
ကမ္ဘာမှာ မြန်မာရယ်လို့
တင့်တင့်တယ်တယ် ဖြစ်လာအောင်
စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊

ဖေ့ဘွတ်ပေါ်မှ တပ်မတော်သားတဦးရဲ့ သုံးသပ်ချက်

၁။       အစိုးရနဲ့တပ်မတော်ကို ခွဲခြားပြီးပြောပါ။
၂။       တပ်မတော်ဟာ အစိုးရရဲ့ မူဝါဒအတိုင်း လုပ်ရမှာပါ။ ဗိုလ်ချုပ်တွေက အစိုးရတက်လုပ်နိုင်လို့                    အတိုက်အခံကိုနှိမ်နင်းခိုင်းရင် နှိမ်နင်းမှာပဲဖြစ်သလို N L Dက အစိုးရဖြစ်လာပြီး သူတို့နဲ့အတိုက် အခံကို နှိမ်နင်းဖို့ တပ်ကိုအသုံးချလည်း တပ်ကတော့ ခိုင်းတဲ့အတိုင်း လုပ်ရမှာပါပဲ။
၃။       စစ်တပ်ကိုး ။ အထက်အမိန့် နာခံတတ်အောင် လေ့ကျင့်ထားတာပါ။ အမိန့်မနာခံဘဲနဲ့လဲ စစ်တိုက် လို့ မရပါ။ ရှေ့တန်းမှာ ဒီလမ်းက ဒီတောင်ကုန်းကို တက်သိမ်းဆို မိုင်းရှိရှိ ၊ ငြောင့်ထောင်ထောင် စက်သေနတ် ဘယ်နှစ်လက်နဲ့ပစ်ပစ်  တက်ရမှာပါ။ နောက်နေ့မှတိုက်ပါရစေ ၊ တခြားလမ်းကသွား ပါရစေ လုပ်လို့မရပါ။ စစ်သားရဲ့တွေးခေါ်ပုံကိုက အရပ်သားနဲ့မတူပါ ။ မတူအောင်လည်း လေ့ကျင့်ထားတာပါ။ စစ်သားကို စစ်တရားရုံးနဲ့ပဲ တရားစီရင်ခွင့်ရှိတာဟာ စစ်သားရဲ့စဉ်းစားပုံဟာ အရပ်သားနဲ့မတူလို့ပါ။

Ads 468x60px

Featured Posts