Thursday, February 9, 2012

မေးလ်မှရရှိသော ကဗျာတပုဒ်

(၁၉၁၅ ခုနှစ် - ဖေဖော်ဝါရီ ၁၃ ရက်)
ငါဒို့ အားလုံးရဲ့ ပျော်ရွှင်မှုနဲ့
ငါဒို့ အားလုံးရဲ့ လွတ်လပ်မှု
ငါတို့ အားလုံးရဲ့ အပြုံးမျက်နှာတွေ ဖန်တီးပေးဖို့
ကြယ်ပွင့် တစ်ပွင့် ဖြစ်ပေါ်လာခဲ့တယ်………
ကြယ်တစ်ပွင့် ရဲ့ သွေး
ကြယ်တစ်ပွင့် ရဲ့ ချွေး
ကြယ်တစ်ပွင့် ရဲ့ အင်အားတွေနဲ့
ပြောပြလို့မကုန်နိုင်တဲ့ ကြိုးစားမှုတွေ………
ငါဒို့ရဲ့ နိုင်ငံကို အလင်းရောင်တွေနဲ့ တောက်ပ
ကြည်နူးမှုတွေနဲ့ ပြည့်ဝဖို့
ကြယ်တစ်ပွင့်ထက်ပိုလွန်းတဲ့ထွန်းလင်းမှုတွေ
ကိုယ်တိုင် ကိုယ်ပိုင် အရောင်ပျောက်စေတဲ့အထိ……….

Tuesday, February 7, 2012

ပြည်ထောင်စုနေ့အကြောင်း

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ 

သမိုင်း



မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။

Monday, February 6, 2012

အမျိုးကိုကာကွယ်ရကောင်းမှန်းမသိ၊ မျိုးချစ်စိတ်ပျောက်ဆုံးနေတဲ့ ကျွန်စိတ်ပဲရှိနေသော ရဲအရာရှိများ

Yangon Chatrium Hotel-ရန်ကုန်မှာဂျပန်က မြန်မာမိန်းမချောလေးကို ပါးရိုက်မှု

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့်ရဲ ရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။

Sunday, February 5, 2012

ချက်ဗလက် နေဗီ

ကျနော်ပြောချင်တာ “တိန်၊ ရေ၊ လေ၊ ဂွေ”..အကြောင်း။
“ဆီ၊ ရေ၊ လေ၊ ဝိုင်”... မဟုတ်ပါ။
ဒုတိယကမ္ဘာစစ်ကျန် ချက်ဗလက်ကားကြီးတွေ စီးရတိုင်း ဒက်စ်ဘုတ်ပေါ်မှာ “သတိ- ဆီ၊ ရေ၊ လေ၊ ဝိုင်” ဆိုတဲ့ စာလုံးတွေရေးထားတာကို အထင်းသား သတိထားမိပါရဲ့။
ကျနော်ကိုယ်တိုင် ကားအကြောင်းဘာမှနားမလည်ပါ။ သို့ပေမဲ့ အစ်မကြီးရဲ့အမျိုးသား ကျနော့်ယောက်ဖတော် ဟာ ကားစက်ပြင်ဆရာဖြစ်တာကြောင့် သူ့ကိုမေးကြည့်ရင်း ကားတစီးရဲ့အင်ဂျင် ကောင်းမွန်စွာလည်ပတ် မောင်းနှင်နိုင်ဖို့ ဆီ၊ ရေ၊ လေ၊ ဝိုင် လေးမျိုးအရေးပါပုံကို သဘောလောက်နားလည်ခဲ့ မိပါတယ်။ ဒါကြောင့်မို့ လည်း ကားသမား တွေ ပြောလေ့ရှိတာ “ကားမောင်းပြီး ဆီပျောက်မီးပျောက်လေးမှ နားမလည်ဘူးလား” တဲ့။

လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ

ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။

Friday, February 3, 2012

ရေချိုးမင်္ဂလာ

(ပုံရိပ်လေးတွေ ဖော်ကြမယ်)
ကျနော်ရေးလိုက်တဲ့ “ကိုယ်တိုင်ရွေးတဲ့ လမ်း” ဆောင်းပါး နေ့သစ်ဝက်ဆိုက်မှာ တင်လိုက်တော့ စာဖတ်သူ တစ်ဦးက ခုလိုဝေဖန်မှုပြုလာတယ်ဗျ...
၇ာပြည်. January 23, 2012
သူငယ်ချင်းေ၇—
ကျန်တာတော.မပြောလိုပါဘူး လူတိုင်းအပြစ်မကင်းကျပါဘူး ဗိုလ်ချုပ်စိုးသိန်း လဲလူပါ။
မင်းစစ်သက်တလျောက် ကြူံခဲ.တဲ.ေ၇ချုပ်တွေထဲမှာ ဘယ်သူ အတော်ဆုံးလဲ ဘယ်သူက အ၇ည်အချင်း၇ှိဆုံးလဲ တခြားမကြည်.နဲ. ၇လခ ကို အကောင်းဆုံးဘယ်သူလုပ်သွားလဲ မင်းတော.မသိဘူး ငါတော. ဦးစိုးသိန်းကို အကြိုက်ဆုံးပဲ အပြောကောင်းသလို အလုပ်နဲ.လဲ သက်သေ ပြတယ်လေ အခု၇ာထူးနေ၇ာလဲ သူနဲ. တကယ်သင်.တော်တယ် သူ.ဇနီး လဲ ဘယ်လောက် အ၇ည်အချင်း၇ှိလဲ ငါကတော. မဲပေးခွင်.၇ ၇င် ပါတီမကြည်.ဘူး ဦးစိုးသိန်းလို အ၇ည် အချင်း၇ှိ၇င် မျက်စေ.မှိတ်မဲပေးလိုက်မယ် မင်း ဆောင်းပါးလေးတွေ အမြဲဖတ်နေပါတယ်....

Ads 468x60px

Featured Posts