Monday, March 12, 2012

လက်လုပ်လက်စား နိုင်ငံရေး

မနေ့က ဘာနဲ့စားပြီးခဲ့လဲ
ဒီနေ့ ဘာနဲ့ စားရမလဲ
နိုင်ငံရေးဆိုတဲ့ ဝေါဟာရထက်
အဲ့ဒါက ပိုအရေးကြီးပါတယ် . . .
ကျမ အဖို့ ဒီမိုကရေစီ ဆိုတာဘာမှန်းမသိပေမယ့်
ဟိုပါတီကြီးကပေးတဲ့ ပိုက်ဆံ ၃သောင်းကတော့
အိမ်အမိုးလေးမိုးလို့ရတယ်
အပေါင်ဆုံးလုဆဲဆဲ ထမိန်နှစ်ထည်ရွေးလို့ရတယ်
ကလေးသုံးယောက်ကို
မနက်ဖြန်နဲ့ ဒီနေ့အတွက်
ထမင်းဟင်းကောင်းကောင်းကျွေးလို့ရတယ် . . .
ဟင့်အင်း
ဟင့်အင်း
လာမပြောကြပါနဲ့မသိချင်ပါဘူး
နိုင်ငံရေးအကြောင်းသိလဲမသိဘူး
သိလဲမသိချင်ဘူး
၈၈ တုန်းက သေနတ်မှန်ပြီးသေသွားတဲ့အဖေလဲ
အခုဆို အရိုးဆွေး
၂၀၀၇ မှာ အရိုက်ခံရလို့ သွပ်ချာချာဖြစ်နေတဲ့
ယောင်္ကျားလည်း အားကိုးလို့မရ
ကျမက မုဆိုးမတပိုင်းပါ ကဗျာဆရာ
နိုင်ငံရေးအကြောင်းတွေလာမရွတ်ပြစမ်းပါနဲ့ . . .
ကျမ သိတာကတော့
သူတို့တွေအခုဆိုကျမတို့ကို ပိုပြီးချော့နေရတယ်
အရင်က ဆို ဟိန်းလားဟောက်လား
အခုဆို ချော့လားမော့လား
အဟာဟား
ဘာရယ်ညာရယ်တော့မသိ
အကျီနဲ့ထမီတွေလည်းပေးရဲ့
သူတို့ရုံးကိုခေါ်ပြီး ပိုက်ဆံတွေလဲ ချေးရဲ့
ဘာပဲဖြစ်ဖြစ်
ကျမကတော့ ကြိုတင်မဲဆိုလား ပေးပေးပြစ်တယ် . . .
ကဲ ကဲ အ၀တ်သွားလျှော်ရဦးမယ်
အရေမရ မဖတ်မရတွေနောက်မှပြောကြစို့
လက်လုပ်လက်စားဆိုတာသိတယ်မလား
နိုင်ငံရေးကို ရင်ဘတ်ထဲမှာခံစားလို့မရဘူး
ဦးနှောက်နဲ့ပဲ ရင်နှီးထားရတာ မျိုး  ကဗျာဆရာရဲ့ . . .

မာဃလုလင်

Sunday, March 11, 2012

ဆရာဖေမြင့်ရဲ့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ဟောပြောချက်လေးပါ



လူငယ်နှင့် အသိပညာ (စာပေဟောပြောပွဲ)


တပ်နှင့်ပြည်သူ အတွဲ(၇)

The Army and the People(7)

မီးတိုက်ပွဲ...(ဟာဂျူလီ.ကသာ)



ကသာမြို့ဈေးကြီးမီးလောင်တော့.၀န်းသိုမြို့မီးသတ်တပ်ဖွဲ့က မီးသတ်ကားကိုအပြင်းမောင်းပြီး မီးလာငြိမ်းပေးဖို့ကြိုးစားကြတယ်၊ကံဆိုးချင်တော့ မီးသတ်ကားက မီးလောင်ပြင်ကိုရောက်မလာခဲ့
အင်းတော်မြို့အပိုင် ဒိုးပင်တောင်အဆင်းမှာ ကားတိမ်းမောက်သွားခဲ့ပါတယ်၊မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးပွဲ
ျင်းပြီးသေဆုံးသွားခဲ့ပါတယ်၊(၃)ဦးက ဒါဏ်ရာပြင်းထန်တယ်၊အင်းတော်ဆေးရုံမှာတင်ထားရတယ်၊ဒီကိစ္စနဲ့ပါတ်သက်ပြီးလူအချို့က ကားမှောက်တဲ့အပေါ်အပြစ်တင်ချင်ကြတယ်၊မီးသတ်ကားထဲက ရေတွေကို ဘာကြောင့်မထုတ်ဘဲ မောင်းလာတာလဲတို့..မောင်းတာက အမြန်မောင်းခဲ့ကြမှာကိုး..တို့..ပေါ့၊ သူတို့အပြစ်တင်ကြတယ်ဆိုတာကလည်း ဂရုဏာဒေါသော စေတနာစိတ်နဲ့ အပြစ်တင်ကြတာပါ၊
ဒီလိုပြောကြ ဆိုကြ ဝေဖန်ကြတဲ့သူတွေအနေနဲ့ကလည်း ဘယ်မှာလာပြီး မီးသတ်ရဲဘော်တွေကို သေစေချင်ကြပါ့မလဲ၊

Ads 468x60px

Featured Posts