Sunday, January 22, 2012

မဖြစ်နိုင်ဘူးလား ???

လုပ်ပြမယ်လေ
        ခင်ဗျားတို့ ဘေးဖယ်နေပေါ့
         ကိုယ်တိုင်လဲ အသုံးမကျ
         လုပ်ပြမယ်ဆိုတော့လဲ   လက်မခံ
         ခင်ဗျားတို့  ဘာအကြံလဲ ----???

          ဟိုး -- အရင်က
          ဓါတ်ဆီဆိုင်  ပန့်ကိုင်တဲ့အလုပ်သမား
          အခုခေတ်ဝန်ကြီးလစာ ထက်သာ
          အားလုံးသိပါတယ် -----
          ခုတော့  ပုဂ္ဂလိက ကိုပြောင်း
          ကံကြမ္မာတွေ ညောင်းတော့
          ပန့်ကိုင်ခဲ့တဲ့  အဲဒီလက်
          ခွက်ဆွဲရတော့မယ် -----

ပညာရေးကို ဘယ်လိုပြုပြင်ကြမှာလဲ

၂၀၁၁ စက်တင်ဘာလမှာ Fobes မဂ္ဂဇင်း ကနေ “ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်
ရာ အကောင်းဆုံးအတွေးအမြင်” ဆိုပြီး စတိ ဒန်းနင်းက ရေးလိုက်ပါတယ်။ စတိ ဒန်းနင်း Forbes မဂ္ဂဇင်းရဲ့စာရေးဆရာတစ်ယောက်ဖြစ်သလို၊ စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီ အင်တာဗျူးဟာ စတိ ဒန်းနင်းနဲ့ အန်သိုနီ ကိုဒီတို့ တွေ့ဆုံမေးမြန်းခန်းကို ပြန်လည်တင်ပြထားတာဖြစ်ပါတယ်။

Steve Denning

လူကူးမျဉ်းကျားမှာဘယ်လိုကူးကြမလဲ

အခုတစ်လော လူကူးမျဉ်းကျားမှာစနစ်တကျမကူးတဲ့လမ်းသွားလမ်းလာတွေကို
ယာဉ်ထိန်ရဲများက ဖမ်းဆီးပညာပေးနေတယ်လို.သိရပါသည်
မြန်မာ့ရုပ်မြင်သံကြား မှလည်းကြိုတင်ကြေငြာခဲ့ပါသည်။
အခုလိုမျိုး လမ်းကူးတာကိုစနစ်တကျဖြစ်အောင်လုပ်တာကိုမကောင်းဘူးလို.တော့မထင်ပါဘူး။
ဖြစ်သင့်ဖြစ်ထိုက်ပါသည်။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ...............

ကြွေလွင့် ရွက်စိမ်း

နေမင်းကြီးသည် လူသားတို့၏အကျိုးစီးပွားအလို့ငှာ အလင်းရောင်များဖြင့် ဖြန့်ကျက်ပေးဆပ်ရင်း ဆည်းဆာ နေဝင်ချိန်တွင် တောင်နှစ်လုံးကြားမေးတင်ကာ နောက်ဆုံး၌ အမှောင်ထုက ကြီးစိုးအနိုင်ယူသွားလိုက်သည်။ BPA တပ်စခန်းကုန်း တနေရာ၌ ခိုက်ခိုက်တုန်ချမ်းသော ညဥ့်ဦးလေပြေနော့နော့ရဲ့ အအေးဒဏ်ကို ခုခံကာကွယ်ဖို့ ထင်းမီးပုံလေးဘေးမှာ နှစ်ယောက်သားထိုင်ရင်း ငယ်ဘဝကစ အတိတ်ဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောနေမိသည်။
ဒီနေ့ ကျနော့်စိတ်တွေက လေးလံနေသလိုလို။ အမေ့ကိုသတိရနေမိသလိုလို။ ကြိတ်မှိတ်အိပ်ပေမဲ့ အိပ်လို့မရ ဖြစ်နေတယ်။ စိတ်တွေက အမေ့ရဲ့ အရိပ်အောက်က ရုန်းခွာထွက်လို့ကို မရဘူးဖြစ်နေတယ်။
ဘဝမှာ ပန်းခင်းလမ်းကို လျှောက်ဖူးချင်ပါရဲ့။ လက်တွေ့ဘဝပေး အခြေအနေကတော့ဖြင့်........
မိတ္ထီလာမြို့နယ်ထဲက ရွာလေးတရွာမှာ ကျနော်တို့နေခဲ့ရတာပါ။ ကျနော် လူမှန်းသိစကတည်းက အဖေနဲ့အမေ ကွဲသွားကြတယ်။ အဖေကတော့ မိတ္ထီလာမြို့ကို ပြောင်းသွားပြီး နောက်အိမ်ထောင်ထူထောင်လိုက်တယ်။ အိမ်ထောင်ကျပြီး သမီးတယောက်သားတယောက်ရရှိပြီးမှ ရွာကိုပြန်လာပြီး သူနဲ့အတူနေဖို့ ကျနော့်ကိုခေါ်သွား ခဲ့တယ်။ အမေ့ရဲ့မေတ္တာတရားတွေကိုပဲ ရရှိဖူးတာလေ။ အဖေ့ရဲ့ မေတ္တာတရားကိုလည်း ရယူပိုင်ဆိုင်ခွင့်ရှိ တော့မှာမို့ အရမ်းကျေနပ်ဝမ်းသာနေမိတယ်။ အဖေ့ရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း အမျိုးအမည်မသိတဲ့ ရင်တွင်းလှုပ်ရှားမှုတွေက လှိုင်းတံပိုးထလို့.......

Saturday, January 21, 2012

ခေါင်းဆောင်မှုနှင့် အသုဘ

နှစ်ဆယ်ရာစု ကျော်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၂)နှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက် လာပါပြီ။ ကမ္ဘာ့နှိင်ငံရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊လူမှုဆက်ဆံရေး၊အတွေးအခေါ်၊အယူအဆတို့သည်လည်း လွန်စွာ ကွဲပြားခြားနားနေပြီဖြစ်ပါသည်။ ၁၉ရာစုနှင့်၂၀ရာစုတွင် ကျင့်သုံးခဲ့သောခေါင်းဆောင်မှု ပုံသာန် သည်လည်း ၂၁ရာစုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလျက်ရှိနေသည်။ယနေ့ခေတ်လို အခါသမယနှင့် သမားရိုးကျခေါင်းဆောင်များသည် အံဝင်ဂွင်ကျခြင်း မရှိတော့ချေ။ ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေရှိနိုင်မည့် စစ်မှန်သောခေါင်းဆောင်၊ ထက်မြက်သောခေါင်းဆောင်များပေါ်ထွန်းရန်သည် လွန်စွာအရေးကြီးပေသည်။ နိုင်ငံတစ်နိုင်ငံတွင် ထက်မြက်သော ခေါင်းဆောင်များ ပေါ်ထွက် လာသည်နှင့်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ ပြောင်းလဲလာရသည်မှာမလွဲဧကန်ပင် ဖြစ်ပါသည်။ ယနေ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးစသည့်နိုင်ငံများကို ကြည့်ပါက ထက်ထက်မြက်မြက်နှင့် တက်ကြွသော လူလတ်ပိုင်းပညာတတ်များ၊နည်းပညာရှင်များ၊လှုပ်ရှားတက်ကြွသူများနှင့် လူလတ်တန်းစားလုပ်ငန်းရှင်များ ဝန်းရံထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

Friday, January 20, 2012

နင်ဂျာ၊ ဘလိပ်ဓား၊တုတ်ချွန် နှင့် ဆေးရုံ

ဂျပန်နိုင်ငံမှထုတ်လုပ်သော ရုပ်ရှင်ကားများအနက် နင်ဂျာများပါဝင်သော ရုပ်ရှင်ကားများကို ကမ္ဘာတဝှမ်းမှ ကလေးလူကြီးမရွေး လွန်စွာ ကြိုက်နှစ်သက်ကြပါသည်။ကျွန်တော်ကိုယ်တိုင်လည်း မက်မက်စက်စက်ကြည့် လေ့ရှိပါသည်။နင်ဂျာများ၏ ဓားအစွမ်းကို ကြည့်ရသည်မှာ အသက်ရှုမှားမတတ်ပင် ဖြစ်ရပါသည်။တခါတရံ နင်ဂျာများသည် လူဆိုးများဖြစ်လျက် ၊တခါတရံတွင် ဒုစရိုက်မှုကို တားဆီးသူများ ဖြစ်နေသည်။နင်ဂျာများ၏  လက်အဝှေ့တွင် လည်ပင်းဆို လည်ပင်း၊လက်တစ်ချောင်းဆို လက်တစ်ချောင်း ပြတ်၏။ဆိုလိုသည်မှာ ဓားကိုင် လက်များ၏ ကျွမ်းကျင်မှုမှာ လွန်စွာ အံ့သြဖွယ်ကောင်းကြောင်းပင် ဖြစ်သည်။ခြေလှမ်းစိပ်စပ်နှင့် ပြေးကြသည် မှာလဲ ကြည့်၍ပင် ကေင်းလှပါဘိ။ဝတ်ထားသည့် အဝတ်အစားများကတော့ ဘယ်တော့မှ ပြောင်းလဲခြင်း မရှိ၊ အပေါ်အမည်း၊အောက်အမည်း၊ခေါင်းစွပ် အမည်း၊နင်ဂျာဝတ်စုံချွတ်လိုက်တော့မှ လူချောလူလှများဖြစ်နေသည်။ မင်းသမီးလေးများကလဲ ချောမှချော၊မင်းသားများကလဲ ခန့်မှခန့်၊လူဆိုးဆိုပါကလဲ ဘယ်လိုမှ ထင်စရာတောင် မရှိ၊ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း နင်ဂျာဓားသမားများသည်  နိုင်ငံအနှံ့အပြား၌ ရှိနေပါသည်။ ဆိုလိုသည်မှာ မြို့တိုင်း၊ နယ်တိုင်းတွင် ရောက်ရှိနေပြီဟု  ပြောလိုခြင်းဖြစ်ပါသည်။ှ

အပြောင်းအဲများနှင့်အတူ

ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်မှာ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလနှင့် ချိန်ထိုးကြည့်လျှင် အစစအရာရာ အပြောင်းအလဲများကို မြင်တွေ့လာရမည်ဖြစ်သည်။ အရေးကြီးသော နိုင်ငံရေးအခင်းအကျင်း တခုအတွက် စဉ်းစားချင့်ချိန်နိုင်ရန် မိမိအမြင်များကို ရေးသားရခြင်းဖြစ်သည်။
တချိန်က အုပ်စိုးသူအာဏာရှင်အစိုးရမှာ မိမိတို့အာဏာတည်မြဲရေး အဆောက်အဦးကြီးကိုသာ အခိုင်အမာ တည်ဆောက်ခဲ့ကြသည်။ အာဏာကိုထိပါးလာလျှင်လည်း သည်းမခံကြ။ တနည်းနည်းဖြင့် အကြောင်းရှာပြီး ချက်ချင်းတုန့်ပြန်တတ်သည့်သာဓကများ အများအပြား ရှိခဲ့ပါသည်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးခေါင်းစဉ်မှာ ၄င်းတို့အတွက် အလွန်မှ ခါးသီးခဲ့ပါသည်။ အတိုက်အခံ အဖွဲ့အစည်းများကိုလည်း အမြစ်ပြတ်ချေမှုန်းရေးလမ်းကြောင်းပေါ် တွန်းတင်ခဲ့သည်။
ပြည်တွင်းအတိုက်အခံလုပ်သူအများစုကို မတရားအမှုဆင် ဖမ်းဆီးထောင်ချခဲ့လေသည်။

Ads 468x60px

Featured Posts