Tuesday, November 27, 2012

နိုးထပါတော့ ယာမာမိုတို...


ဒုတိယကာကွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ် အောင်သော်နဲ့ Reuters  သတင်းဌာနအင်တာဗျူးနဲ့ ပတ်သက်ပြီးကောက်နှုတ်ချက် သတင်းဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။
ဗိုလ်မှူးချုပ် အောင်သော်ကိုရေတပ်အသိုင်းအဝိုင်းက ‘ယာမာမိုတို’ လို့ခေါ်ကြတယ်။ ဂျပန်ရေတပ်မတော်  ဗိုလ်ချုပ်ကြီးတဦးရဲ့ နာမည်နဲ့ တင်စားခေါ်ဝေါ်တယ်လို့ အကြမ်းဖျင်းသိထားပေမဲ့ သူ့ရုပ်သွင်၊ ဟန်ပန် အမူအယာသို့တည်းမဟုတ် သူ့ဝသီစရိုက်ကြောင့်ခုလိုခေါ်ကြတာလားဆိုတာတော့ ကျနော် သေသေချာချာ မဝေခွဲတတ်ပါ။ သူနဲ့အတူတာဝန်ထမ်းဆောင်ဖူးတဲ့ သူငယ်ချင်းတချို့ ပြောတာကတော့ စစ်စည်းကမ်း အင်မတန်တင်းကျပ်သူလို့ သိရပါတယ်။

Friday, November 23, 2012

အကြောက်တရား ဟူသည် ဟိုခုန်သည်ကူး ရှိတတ်၏။

 
 
 
 
 
 
 
by Lwin Aung Soe on Friday, November 23, 2012 at 10:18am ·


အကြောက်တရား ဟူသည် ဟိုခုန်သည်ကူး ရှိတတ်၏။

တကယ်တော့ “အကြောက်တရား” မှာ ခြေထောက်မပါလို့ မျောက်လို ဟိုခုန်သည်ကူး လုပ်လို့တော့ မရပါ။ လူရဲ့ မွေးရာပါ သဘာဝ အရည်အသွေးမှာ “အကြောက်တရား” ဆိုတာ မရှိဘဲ လိုချင်ရင် မကြောက်မရွံ့ ယူတတ်တဲ့ သဘာဝပဲ ရှိပါတယ်။ ဒါကြောင့် “အကြောက်တရား” ဟာ လူ့ကိုယ်ပိုင် မဟုတ်။ ပြင်ပက ဝင်လာတဲ့ ပယောဂသာ ဖြစ်ပါတယ်။ ကိုယ်က လက်မခံရင် ဝင်လာလို့ မရပါဘူး။ ကြောက်တတ်သူတွေအတွက်ဆိုရင်တော့ ဧည့်နိုင်ငံသားလို့ ဆိုရမလားပဲ။

Monday, November 19, 2012

ပန်သူမဲ့ ပန်းတပွင့်


(၁)
နှစ်ကာလအတန်ကြာ နေ့တဓူဝမြင်တွေ့နေရပေမဲ့ မျက်စိပသာဒမရိုးနိုင်သော တောတောင်သဘာဝ ရှုခင်းအလှ ကို ငေးမောကြည့်ရှုရင်း ကတ္တရာလမ်းအိုလေးအတိုင်း လျှောက်လာခိုက် တစုံတယောက်နှင့် ဝင်တိုက်မိတော့ မလို ဖြစ်သွားရသည်-
‘ဟ ဟ.. သြော်.. ညီလေး….. ဘယ်တုန်းက ပြန်ရောက်လဲ’
‘ဒီမနက်ပဲ အကိုရေ’
 “ဒါနဲ့.. ညီလေး ဒီတခေါက် အလုပ်ပင်ပန်းတယ်နဲ့တူတယ်.. လူတော်တော် ပိန်ကျသွားသလိုပဲ…”
“အကိုရယ် ဒီခန္ဓာကဘယ်တုန်းကမှ သိသိသာသာ မဝပါဘူး..”

Saturday, September 22, 2012

တပ်မတော်က ဘာကိုကာကွယ်ဖို့ တာဝန်ရှိသလဲ

“တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီမိုကရေစီကို ကာကွယ်ဖို့မဟုတ်၊ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံသော မပြောင်းမလဲတည်မြဲနိုင်သော စနစ်မဟုတ်ပါ။” လို့ပြောဆိုကြတာတွေ ရှိပါတယ်။
တပ်မတော်က ဘာကိုကာကွယ်ဖို့တာဝန်ရှိသလဲလို့ မေးခွန်းထုတ်လိုက်မယ်ဆိုရင် ချက်ချင်းတုံ့ပြန် ဖြေဆို လာနိုင်တာက “တပ်မတော်ဟာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ပဲဖြစ်တယ်” ဆိုတဲ့အဖြေဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ ပြည့်စုံလုံလောက်မှုမရှိပါ။ အကြောင်းက  အင်မတန်ယေဘူယျဆန်ပြီး အဓိပ္ပါယ်ထွေပြားလွန်းတယ်လို့ ယူဆစရာရှိပါတယ်။ ဒီလို ထွေပြားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အောက်မှာ တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပါ့မယ် ဆိုတဲ့ တပ်မတော်ဟာ ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ သဲကြီးမဲကြီး တိုက်ခိုက်နေရပါတယ်။
လွတ်လပ်ရေး ကြိုးပမ်းမှုကာလက သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာ သင်ကြားပြီး “ဗမာ့လွတ်လပ်ရေးတပ်မတော်” ဖွဲ့စည်းခဲ့တာဟာ ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့ ရည်သန်ပြီးဖွဲ့ခဲ့တာပါ။ တိုင်းတပါးသား အင်္ဂလိပ်တွေကိုမုန်းလို့ မဟုတ်ပါဘူး။ အင်္ဂလိပ်တွေကသာ မြန်မာပြည်ကို အင်္ဂလန်လိုသဘောထားအုပ်ချုပ်ခဲ့မယ်ဆိုရင် သူတို့ကိုတိုက်ခိုက် မောင်းထုတ်ပစ်ဖို့ စိတ်ကူး ခဲ့မှာမဟုတ်ပါ။  ဂျပန်တွေကိုလည်း ဒီအတိုင်းပါပဲ။ သူတို့ကြွေးကြော်ထားတဲ့ “အာရှတိုက်သာတူညီမျှရေးမူ” အတိုင်း အင်္ဂလိပ်လက်ထဲက လွတ်လပ်ရေးအရယူဖို့ ကူညီခဲ့ရုံသက် သက်သာဆိုရင် မြန်မာပြည်သားများက ကိုရွှေဂျပန်တွေကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရမှာပါ။ တိုင်းတပါးသားရဲ့ စေတနာဆိုတာ အကန့်အသတ်တွေ ကြားထဲကပဲ လာနိုင်ပါတယ်။

တပ်နှင့်ပြည်သူ ထုတ်ပြန်ကြေငြာချက်


        လွန်ခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ universalinterfaith.blogspot.com နဲ့ ဟစ်တိုင် တို့မှာ ထူးခြားတဲ့ အမှန်တရားကိုဖော်ထုတ်ထားတဲ့ ခေါင်းစဉ်တခုကို တွေ့လိုက်ရတယ်။ ခေါင်းစဉ် ကတော့ သမ္မတကြီး၏ ဆင်းရဲသားပပျောက်ရေးကို ဆန့်ကျင်နေသော မြဝတီမှ အကောက်ခွန်ဝန် ထမ်းများ စီးပွါးရှာနေပုံ အပိုင်း(၁) ဆိုတာပဲဖြစ်ပါတယ်။ ခုလည်း ၁၃ ရက်နေ့ စက်တင်ဘာလမှာ အပိုင်း(၂) ဆိုတာထပ်တက်လာပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော်တို့အ တွက် ဒါဟာ ကောင်းမွန်မှုပါပဲ။ ကျနော့်စာဖတ်ပရိတ်သတ်များသိတဲ့အတိုင်း ကျနော်လည်း ခုချိန် မှာ နယ်စပ်ကိုပြန်လည်ရောက်ရှိပြီး အမိမြန်မာပြည်ကြီးငြိမ်းချမ်းသာယာ တိုးတက်ဖို့အတွက် တတ် စွမ်းတဲ့ဘက်ကနေ တဖက်တလမ်းက ကြိုးပမ်းနေချိန်ဆိုတော့ ဒီသတင်းကိုတွေ့တော့ စိတ်ဝင်စား မိတယ်။ ဒါနဲ့ သတင်းနောက်ကို လိုက်ပါတော့တယ်။ ဒီနေရာမှာ မထင်မှတ်ထားဘဲ မိမိတို့ အမှန် တရားအတွက် တိုက်ပွဲဝင်နေတဲ့ သတင်းသမားများ၊ ဘလော့ဂါများနဲ့ စာရေးသူတွေအတွက် ဂုဏ် သိက္ခာညှိုးနွမ်းဖွယ် နောက်ဆက်တွဲသတင်းကို ကြားသိရပါတယ်။
          ဒီသတင်းနဲ့ပတ်သက်လို့ အထက်ဖော်ပြပါ ဂုဏ်သိက္ခာ ညှိုးနွမ်းဖွယ် အကြောင်းအရာ က တော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်ပြီးမတက်စေချင်ရင် ပိုက်ဆံပေးရမယ်ဆိုတာပါပဲ။

Friday, August 17, 2012

တဒင်္ဂ သူ့ရုပ်လွှာ


ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းနဲ့ ကျနော် တွေ့ဆုံခဲ့ဖူးချိန်ဟာ တကယ့်ကို တဒင်္ဂလေးမှ တခဏတာ အခိုက်အတန့် ကာလလေးတခုပါ။
၂၀၀၅ ခုနှစ် မေ (၂၂) ရက်နေ့မှာ အမှတ်(၃)ဗျူဟာစစ်ရေယာဉ်စု (ရဗစ-၃) ကို အရာရှိ/စစ်သသည်အင်အား ၄၄၀ (အရာရှိ-၄၀၊ အခြားအဆင့်-၄၀၀)နဲ့ ကျောက်ဖြူမြို့အနီးမှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။ ရဗစ(၃) ဖွဲ့စည်းပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ဦးစီးအရာရှိချုပ်(ရေ)ရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်(ဓရခ) ခရီးစဉ် ပေါ်ပေါက်လာပါတယ်။

Friday, August 10, 2012

လိုက်တမ်း ပြေးတမ်း ဝင်္ကပါ


ဖေ့စ်ဘွတ်စာမျက်နှာ တခုပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတပုံကိုမြင်တွေ့လိုက်ရတာ ကျနော့်အတွက် အတိတ်က အရိပ်ဆိုးတွေကြားထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရပါတယ်။
တပ်ပြေးစစ်သည်လေးတွေ ပြန်ဖမ်းမိလာတဲ့ပုံကို ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ရန်ကုန်မြို့ထဲ သွားရင်းလာရင်း အမှတ်မထင်တွေ့လိုက်ရတာနဲ့ ဓာတ်ပုံရိုက်ယူလာခဲ့ပြီး သူ့ wall ပြန်တင်ပေးလိုက်တာပါ။ သူကိုယ်တိုင်တောင်မှ ဒီမြင်ကွင်းကို ပထမဆုံး မြင်ဖူးတွေ့ဖူးတာဖြစ်ပြီး ဘာရယ်လို့ အဓိပ္ပါယ်ကောက်ယူရမှန်း မသိနိုင်အောင် ဖြစ်ရပါ တယ်လို့ ဆိုထားပါတယ်။

Ads 468x60px

Featured Posts