Friday, July 6, 2012
Tuesday, July 3, 2012
Monday, July 2, 2012
ညိုမောင်း စစ်သည်တော် Browny Soldier
ညိုမောင်း စစ်သား
သင်ကား
ပြည်ရဲ့အားမာန်
အန္တရာယ် ရန်စွယ်မှန်သမျှ
မြစ်ကမချန်
တွန်းလှန်ချေမှုန်း ပြည့်လက်ရုံး။
ညိုမောင်း စစ်သား
သင့်ကို
ပြည်သူကမွေးဖွား
ပြည်သူ့သားမို့
တာဝန်ဝတ္တရား
စွမ်းအားကုန်စင်
ရပ်ခွင်ပြည်ကျိုး
သယ်ပိုးထမ်းရွက် ကျေပွန်လေ။
ညိုမောင်း စစ်သား
သင့် အသားအရေ
နေလောင်မိုးထိ
မဟူရာအတိဖြစ်လည်း
ချစ်လျက် လက်ကမ်း
ပြုံးပန်းဝေဝေ
ကြိုဆိုနေမှာ ပြည်သူပါ။
ညိုမောင်း စစ်သား
သင့်အား
ချစ်၍ အားထား
ပြည်သူများအပေါ်
တရားသိစွာ
သစ္စာနွေးထွေး ခိုင်မြဲစေ...။
သင့် လက်ရုံးအား
သင့် နှလုံးသားသည်
ပြည်သူများတွက်
ပေးဆက်ထုဆစ်
ပြည်ချစ်သားကောင်း ပီသစေ။
နေမင်းသူ
ကွန်းခိုဖူးသည့် တက္ကသိုလ်က နေ့ရက်များ
(၄)
ဒီနေ့ဟာ
ကျနော်တို့ ရင်ခုန်ရတဲ့နေ့ပေါ့။ တဖက်က စစ်ဘက်ဆိုင်ရာသင်တန်းတွေနဲ့ အမိတက္ကသိုလ်က သင်ကြားပေးနေသလို
စာပေပညာအတွက် ကျနော်တို့တက်ရမယ့် အထူးပြုဘာသာရပ်တွေ ကြေငြာတဲ့နေ့ပေါ့။ ကျနော်တို့ တက္ကသိုလ်ကြီးမှာ
ဌာနကြီး (၃) ခုနဲ့ ဖွဲ့စည်းထားတယ်။ အဲဒါကတော့ ကျနော်တို့ ဗိုလ်လောင်းများရဲ့ လေ့ကျင့်ရေးအတွက်
လေ့ကျင့်ရေးဌာန၊ စာပေအတွက် စာပေဌာနနဲ့ နည်းပြတွေနဲ့ ကျနော်တို့ ဗိုလ်လောင်း တွေရဲ့
အုပ်ချုပ်ထောက်ပံ့ရေးအတွက် အုပ်ချုပ်မှုဌာနဆိုပြီးပေါ့။ ဒီနေရာမှာ တိုက်ရိုက် ကျနော်တို့နဲ့
ပတ်သက် တာကတော့ လေ့ကျင့်ရေးဌာနနဲ့ စာပေဌာနပါပဲ။ စာပေဌာနက ကျနော်တို့ရဲ့ တက္ကသိုလ်ဝင်တန်းရမှတ်တွေကို
ကြည့်ရှုပြီး သက်ဆိုင်ရာ ဘာသာရပ်အထူးပြုတွေကို ခွဲဝေပေးလိုက်တဲ့အပေါ်မှာ ကျနော်တို့ဟာ
တက်ရောက် သင်ကြားကြရပါတယ်။
စာပေဌာနရဲ့
လက်အောက်မှာတော့ စာပေဌာနခွဲတွေ တနည်းအားဖြင့်တော့ ဘာသာရပ်အထူးပြုလိုက် ဌာနခွဲတွေရှိပါတယ်။
ကျနော်တို့ တက်လာတဲ့ ကာလမှာတော့ အထူးပြုဘာသာရပ်ဌာနကြီး ၅ ခုနဲ့ အခြား ဌာနများရှိပါတယ်။
အထူးပြုဌာန ၅ ခုကတော့ ကွန်ပျူတာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒနဲ့ အီလက်ထရောနစ် တို့ ဖြစ်ပါတယ်။
အခြားဌာနတွေကတော့ စိတ်ပညာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ မြန်မာ၊ စီးပွါးရေး စသဖြင့်
ဌာနခွဲတွေရှိပါတယ်။ ကျနော်တို့ဟာ အထူးပြုဘာသာရပ်များအပြင် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ
အဲဒီအခြားဘာ သာရပ်တွေကို မိုင်နာအနေနဲ့ တွဲသင်ရပါတယ်။ ကွန်ပျူတာကိုတော့ မသင်မနေရနဲ့
ဒုတိယနှစ်မှာ သင်ကြားကြ ရပါတယ်။ နောက်ပြီး နိုင်ငံရေးသိပ္ပံနဲ့ပတ်သက်ပြီးတော့လည်း နောက်ဆုံးနှစ်မှာ
Additional Subject တခုအ နေနဲ့ သင်ကြရပါတယ်။ ဒါ့အပြင် နက္ခတဗေဒပညာရပ်တွေကအစ စစ်သမိုင်းတွေကိုပါ
သင်ကြားကြရပါတယ်။ ဒါကတော့ စာပေဌာနနဲ့ ပတ်သက်တဲ့ အကြမ်းဖျင်းပေါ့။
Sunday, July 1, 2012
ဆွေကြီး မျိုးကြီး
ဘဝမှာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကာလတွေကို တသက်တာမေ့ပျောက်မရနိုင်ပဲ အမှတ်တရ ဖြစ်နေတတ်တာ လူ့သဘာဝပဲ ဖြစ်ပါလိမ့်မယ်။
၁၉၉၈ မှာ ကျနော်နဲ့ဘဝတူ သူငယ်ချင်းတို့ နယ်တပ်ကနေ ရန်ကုန်မြို့ ဗိုလ်တထောင် လင်းစဒေါင်းလမ်းဆုံ အနီးမှာရှိတဲ့ စစ်မင်းသားတပ်ကို အပြောင်းအရွှေ့ပါလာ ခဲ့တယ်။ စစ်မင်းသားလို့ တင်စားလိုက်ရတာက ဝတ်ဆင်ရတဲ့ ယူနီဖောင်းကို အားနာမိလို့ပါ။ စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရသူတောင် အဲဒီတပ်က စစ်သည် လောက် ယူနီဖောင်း တောက်ပြောင်မှု မရှိနိုင်ပါဘူး။
Subscribe to:
Posts (Atom)
