Monday, July 2, 2012

ညိုမောင်း စစ်သည်တော် Browny Soldier

ညိုမောင်း စစ်သား
သင်ကား
ပြည်ရဲ့အားမာန်
အန္တရာယ် ရန်စွယ်မှန်သမျှ
မြစ်ကမချန်
တွန်းလှန်ချေမှုန်း ပြည့်လက်ရုံး။
ညိုမောင်း စစ်သား
သင့်ကို
ပြည်သူကမွေးဖွား
ပြည်သူ့သားမို့
တာဝန်ဝတ္တရား
စွမ်းအားကုန်စင်
ရပ်ခွင်ပြည်ကျိုး
သယ်ပိုးထမ်းရွက် ကျေပွန်လေ။
ညိုမောင်း စစ်သား
သင့် အသားအရေ
နေလောင်မိုးထိ
မဟူရာအတိဖြစ်လည်း
ချစ်လျက် လက်ကမ်း
ပြုံးပန်းဝေဝေ
ကြိုဆိုနေမှာ ပြည်သူပါ။
ညိုမောင်း စစ်သား
သင့်အား
ချစ်၍ အားထား
ပြည်သူများအပေါ်
တရားသိစွာ
သစ္စာနွေးထွေး ခိုင်မြဲစေ...။
သင့် လက်ရုံးအား
သင့် နှလုံးသားသည်
ပြည်သူများတွက်
ပေးဆက်ထုဆစ်
ပြည်ချစ်သားကောင်း ပီသစေ။

  နေမင်းသူ

No comments:

Post a Comment

Ads 468x60px

Featured Posts