Thursday, July 12, 2012

ဆောက်ချင်ဦးဟဲ့အိမ်

ကျွန်တော်မနေ့က မြို့ထဲထွက်ရင်းကြားရတာက အိမ်ဆောက်မယ့် အိမ်တိုင်တွေဖမ်းခံရတယ်တဲ့၊ဒါနဲ့ သတင်းစုံစမ်းရင်းသိ
သလောက်ကိုတင်ရေးဖြစ်ခဲ့ပါတယ်၊ဒီကနေ့(၁၁.၇.၂၀၁၂)ရက်နေ့ညနေ(၆)နာရီမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူထံခွင့်ပန်ပြီး တရားခံ၊ရွာသား(၂)
ယောက်ကိုတွေ့ဆုံဖြစ်ပါတယ်၊သူတို့ပြောတာတွေကို သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတွေသိနိုင်ဖို့ ရေးသားလိုက်ရပါတယ်၊
(တစ်ခုတော့ ကျွန်တော်ပြောချင်ပါတယ်၊အခုတရားခံတွေဟာ ကျွန်တော်နဲ့တစ်ခါမှ တွေ့ဖူးသူများ မဟုတ်ခဲ့ကြပါဘူး)
Photo: ဆောက်ချင်ဦးဟဲ့အိမ်...(ဟာဂျူလီ.ကသာ)

မေး၊   ။ဒီသစ်တွေကို ဘယ်မှာရောင်းဖို့ သယ်လာတာလဲ၊
ဦးတင်လင်းဖြေ၊    ။သပြေပင်ရွာမှာရှိတဲ့ ကျွန်တော့်အိမ်တိုင်တွေဆွေးနေလို့ပြန်ဆောက်ဖို့ဝယ်လာတာပါ၊အိမ်တိုင်တွေကို အရင်နှစ်ကတွေကတည်းက
၃လုံးစု ၅လုံးစုနဲ့စုလာခဲ့တာပါ၊စုစုပေါင်း၁၀လုံးပဲရပါသေးတယ်၊အကုန်လုံးတစ်ခါထဲ မ၀ယ်နိုင်လို့ ဖြည်းဖြည်းချင်းစုတာပါ၊
ကျွန်တော်ဟာ သစ်လုပ်စားသူမဟုတ်ပါဘူး၊သားသမီး၁၂ယောက်ရှိပါတယ်၊(ဦးတင်လင်း၊အသက်(၅၂)နှစ်၊သပြေသာရွာ၊ကသာမြို့)
ကိုခင်မောင်ချင်းဖြေ၊   ။ကျွန်တော်က မော်တော်စက်လှေမောင်းတဲ့သူပါ၊သားသမီးပေါက်စနတွေနဲ့စက်လှေမောင်းလာရင်းနဲ့
ဦးတင်လင်းနဲ့တွေ့ပြီး တိုင်လုံးလေး ရွာပို့ပေးစမ်းပါကွာ၊တိုင်တစ်လုံး၁၅၀၀ပေးပါမယ်ဆိုလို့ တွဲကူပြီး သယ်လာတဲ့အချိန်ဖမ်းခံ
ရတာပါ၊(ခင်မောင်ချင်း၊အသက်၂၂နှစ်၊ဝေဆွယ်ရွာ၊ကသာမြို့)

   ဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး ကသာရဲစခန်းက (ပ)၂၁၂/၂၀၁၂နဲ့တိုင်ချက်ရေးသွင်းပြီး ပြည်သူပိုင်၆(၁)နဲ့ အရေးယူဖို့ ကြိုးစားနေပါတယ်၊
ကသာမြို့နယ် သစ်တောဦးစီးဌာနရဲ့ တိုင်တန်းချက်အရလို့လည်း ဆိုပါတယ်၊
ဒီလို ဖြစ်ရပ်မျိုး ဒေသအသီးသီးမှာလည်း ဖြစ်ဖူးဖြစ်နေဖြစ်လေ့ရှိနေကြမှာပါ၊အလားတူဖြစ်စဉ်တွေအတွက် လွှတ်တော်တက်နေတဲ့ 
ကိုယ်စားလှယ်တော်တွေအနေနဲ့ သစ်တောဥပဒေကို ခေတ်မှီစွာတစ်စုံတစ်ခုပြင်ဆင်နိုင်မယ်ဆိုရင်တော့ဒေသအသီးသီးက 
ဒေသသခံအိမ်ဆောက်တဲ့သူတွေ သက်သာရာရကြမယ့်အကြောင်း လက်တို့လိုက်ပါရစေ..၊(ဟာဂျူလီ.ကသာ)

No comments:

Post a Comment

Ads 468x60px

Featured Posts