Tuesday, June 26, 2012

အမွေဆိုး အလွန် ....

အမှောင်ထုအောက်မှာ
ခေတ်ပျက်ကြီးကို
ဖြတ်သန်းပေးခဲ့...

အပေးအယူတွေကြားမှာ
စနစ်ပျက်ကြီးကို
လည်ပတ်စေခဲ့...

အလွဲ အလွဲ တွေကို
နားလည်မှု ဆိုတာနဲ့
ပျိးထောင်ပေးခဲ့...


အဂတိတွေလည်း
ငဲ့ညှာစရာများနဲ့
လက်ရာတွေထပ်ခဲ့....

အပြစ်အပြစ်တွေရှိလည်း
ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့
တရားသေလွတ်ခဲ့...

ငါတို့ဒီလိုခေတ်ကြိးထဲကနေ
ဘာတွေများထူးပြိး
ရူးခွင့်ရခဲ့လို့လဲ....

တစ်မနက်နိုးတိုင်း
အဆင်မပြေမှုတွေနဲ့
မျက်နှာသစ်ခဲ့ရ...။



လူချင်းအတူတူ
အသက်ရှုကွဲကြပါ
မူတော့မကွဲပါနဲ့...

ယူချင်တာယူ
ဘယ်သူကိုမှ
နင်းမတက်ပါနဲ့...

ပေးချင်တာပေး
ပြန်ရဖို့ အရေး
တွေမထားပါနဲ့....

ပေတံတွေချိုးခဲ့
အတ္တတွေဖြုတ်ခဲ့
အဖြူရောင်အလံလွင့်ခဲ့....

ဒီလိုမှ မဟုတ်ရင်...
ငါတို့ဒီလိုခေတ်ကြိးထဲကနေ
ဘာတွေများထူးပြိး
ရူးခွင့်ရတော့ မှာ မဟုတ်ဘူးလေ...။


ကိုဝိုင်ဝိုင်ကေ

No comments:

Post a Comment

Ads 468x60px

Featured Posts