Sunday, March 11, 2012

မီးတိုက်ပွဲ...(ဟာဂျူလီ.ကသာ)



ကသာမြို့ဈေးကြီးမီးလောင်တော့.၀န်းသိုမြို့မီးသတ်တပ်ဖွဲ့က မီးသတ်ကားကိုအပြင်းမောင်းပြီး မီးလာငြိမ်းပေးဖို့ကြိုးစားကြတယ်၊ကံဆိုးချင်တော့ မီးသတ်ကားက မီးလောင်ပြင်ကိုရောက်မလာခဲ့
အင်းတော်မြို့အပိုင် ဒိုးပင်တောင်အဆင်းမှာ ကားတိမ်းမောက်သွားခဲ့ပါတယ်၊မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးပွဲ
ျင်းပြီးသေဆုံးသွားခဲ့ပါတယ်၊(၃)ဦးက ဒါဏ်ရာပြင်းထန်တယ်၊အင်းတော်ဆေးရုံမှာတင်ထားရတယ်၊ဒီကိစ္စနဲ့ပါတ်သက်ပြီးလူအချို့က ကားမှောက်တဲ့အပေါ်အပြစ်တင်ချင်ကြတယ်၊မီးသတ်ကားထဲက ရေတွေကို ဘာကြောင့်မထုတ်ဘဲ မောင်းလာတာလဲတို့..မောင်းတာက အမြန်မောင်းခဲ့ကြမှာကိုး..တို့..ပေါ့၊ သူတို့အပြစ်တင်ကြတယ်ဆိုတာကလည်း ဂရုဏာဒေါသော စေတနာစိတ်နဲ့ အပြစ်တင်ကြတာပါ၊
ဒီလိုပြောကြ ဆိုကြ ဝေဖန်ကြတဲ့သူတွေအနေနဲ့ကလည်း ဘယ်မှာလာပြီး မီးသတ်ရဲဘော်တွေကို သေစေချင်ကြပါ့မလဲ၊

ဒါပေမယ့် စေတနာစကားပဲကွာဆိုပြီး ထင်ရာပြောနေကြလို့ကလည်း မဖြစ်ပြန်ဘူး၊ဘာဖြစ်လို့လည်းဆိုတော့ သူတို့ခမြာလည်း တိုင်းပြည်အတွက်အသက်ပေးလိုက်ကြရတဲ့ဟာကိုး၊
တစ်ခါတစ်ခါတော့ ဦးတွေးမိတာလေးရှိတယ်၊အချို့ အဖွဲအစည်းတွေအနေနဲ့ “ငါတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်ကြတယ်””..လို့၊ဒီအဆိုကို ထောက်လှန်းရေးခေတ်က ဦးကိုစစ်ဆေးရင်း
ထောက်လှန်းရေးအရာရှိက ပြောဖူးတယ်၊ဦးကတော့ အဲဒီစကားကိုဆန့်ကျင်တယ်၊တိုင်းပြည်အတွက် အသက်စွန့်တယ်ဆိုတာ တိုက်ပွဲတွေမှာ တိုက်မှ အသက်စွန့်တယ်လို့ ပြောလို့ မရဘူး။
လမ်းနဘေးက လျှပ်စစ်မီးတိုင် ပြင်ရင်း ဓါတ်လိုက်သေရင်လည်း အဲဒါကို တိုင်းပြည်အတွက် အသက်စွန့်တယ်လို့ ခေါ်ရမှာပဲ၊ခုလို မီးသတ်ဖို့သွားရင်း မီးသတ်ကားမှောက်သေဆုံးရင်လည်း
ဒါဟာတိုင်းပြည်အတွက် အသက်စွန့်လိုက်တာပါပဲ၊ဘယ်မသိရှိပါ့မလဲ၊ကိုယ့်မီးသတ်ကားထဲမှာရေတွေပြည့်နေရင် ရေဘောင်ဗင်ခတ်တတ်တယ်၊ကိုယ့်မီးသတ်ကားကို ဆွဲလှဲသလိုဖြစ်နိုင်တယ်
ဆိုတာ သူတို့လည်းသိတာပေါ့၊ဒါပေမယ့် ဘယ့်နှယ်ရေတွေထုတ်ပြီးမှ မောင်းလို့ရနိုင်ပါ့မလဲ၊ရေထုတ်ချိန် ရေပြန်ထည့်ချိန်တွေကို အချိန်မပေးနိုင်ဘူလေ..၊အဲဒီမီးလောင်နေတဲ့နေရာမှာ
အချိန်ဟာသိပ်အရေးကြီးတာ၊စစ်ပွဲတစ်ပွဲဖြစ်နေတာနဲ့ အတူတူပဲ၊နောက်ကျရင် ဘ၀တွေ အများကြီးထပ်ဒုက္ခရောက်သွားနိုင်တယ်ဆိုတော့ အချိန်ကိုလုကြ၇တာပေါ့၊ဒီလိုကြောင့် သူတို့ဟာ
အန္တရာယ်ကို သိသိကြိးနဲ့ သွားရ လာရတာပဲလေ၊ဒီလိုနဲ့အခန့်မသင့်တော့ ကားမှောက်ကြသေကြကြေရတြာ့ဖစ်လေတော့ သူတို့ရဲ့ဖြစ်ရပ်ကို အပြစ် မတင်ကြစေချင်ဘူး၊အခုလို
ဦးရှင်းပြတာကိုမဖြစ်မနေလက်ခံရမယ်လို့ မဆိုလိုဘူးနော်၊ကလေးတို့ စဉ်းစားတဲ့အခါ ထည့်စဉ်းစားလို့ရအောင် ညရေးပြတာ..။နောက်ထပ်တစ်ခုကိုတွေးကြည့်ရရင် ၀န်ထမ်းတွေထဲမှာ မီးသတ်တို့ ပြန်ဆက်တို့ဆိုတာ ငွေရငွေပေါက် လမ်းက အင်မတန်နည်းကြတယ်၊
ဒါလေးထည့်စဉ်းစားကြဖို့ပေါ့၊ထပ်ပြီးပြောဦးမယ်၊မီးသတ်တွေ မီးငြိမ်းရင် မီးသတ်ကားတွေ ပျက်လေ့ရှိကြတာ၊ဥပမာပြပြီးပြောရရင်
ဦးတို့ကသာက မီးသတ်ကားတွေ၊ကားတစ်စီးကို သိန်း(၂၀)လောက်ခေတ်ကတည်းက ၀ယ်ထားကြတာ၊ဒီတော့တွက်ကြည့်လေ၊ကားတွေ ဘယ်လောက် ခေတ်နောက်ကျနေပြီလဲဆိုတာ၊
အမှန် ကားသစ်ကားလွှင်တွေဖြစ်ဖို့က နိုင်ငံတော်မှာ တာဝန်ရှိတယ်၊ခုဖြစ်နေတာက မီးသတ်ကားဝယ်ချင်ရင် မြို့က စုဝယ်ဆိုတာမျိုးဖြစ်နေတာလေ၊အမှန်အတိုင်း မကြောက်မရွံ့ပြောရရင်တော့
နိုင်ငံတစ်ခုခေတ်မီဖို့ဆိုတာ တပ်မတော်တစ်ခုတည်းခေတ်မှီနေရုံနဲ့ မဖြစ်နိုင်ဘူး၊ဘက်စုံကို ခေတ်မီနေရမှာ၊မီးသတ်ကအစ ဌာနတွေအားလုံး ခေတ်မီအောင်လုပ်နိုင်မှ နိုင်ငံကြီးဖွံ့ဖြိုးလာမှာ၊စစ်တပ်
တစ်ခုတည်းတိုးတက်ရုံနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် မြောက်ကိုးရီးယားကိုကြည့်လေ၊ဘယ်သူမှ ဖွံ့ဖြိုးတယ်လို့ မပြောဘူး မဟုတ်လား၊အဲဒါကြောင်း ဦးကပြောနေတာပေါ့၊တစ်ခုခုပြောမယ်
ဆိုမယ်ဝေဖန်မယ်ဆိုရင် ဘက်စုံထောင့်စုံကနေ တွေးတောစဉ်းစား၊ဒါမှ ကိုယ့်အတွေးအခေါ်မှန်တယ်လို့ လူတွေကလက်ခံကြမှာပေါ့..
(၀န်းသိုမြို့မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုရေးသားပါသည်)

No comments:

Post a Comment

Ads 468x60px

Featured Posts