Tuesday, February 5, 2013

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေ တို့၏ ပူးတွဲထုတ်ပြန်ကြေငြာချက်


၁။ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် တရုတ်နိုင်ငံ ရွှေလီမြို့တွင်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၁၆ နာရီ ၁၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။
၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင် တစ်ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေနှင့် အခြား သက်သေတစ်ဦးတို့က တက်ရောက်ခဲ့ကြသည်။
၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဘက် စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများ အဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတွေကို ဆွေးနွေးခဲ့ကြပါသည်။
၎။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို KIA အဖွဲ့အစည်းအနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက် ဖေဖော်ဝါရီလမကုန်မီကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားကြရန်သဘောတူကြပါသည်။
၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာနေရာများးကို လေ့လာ စောင့်ကြည့် စီစစ်ရေး စနစ် ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန် သဘောတူညီကြသည်။

No comments:

Post a Comment

Ads 468x60px

Featured Posts