Pages

Thursday, February 7, 2013

"ပြည်တွင်းလုပ်သားများအား တစ်ရက်လျှင် လေးဒေါ်လာ အနိမ့်ဆုံးပေးရန် တောင်းဆိုမည်"

ပြည်တွင်းရှိ လုပ်သားများအား အသစ်ထပ်ဝင်လာမည့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့က တစ်နေ့အနိမ့်ဆုံးလုပ်ခ တစ်ရက်လျှင် ၄ ဒေါ်လာအထိပေးရန် တောင်းဆိုသွား မည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

ကျွမ်းကျင်မှုအလိုက် လုပ်အားခကို ၄ ဒေါ်လာ သတ် မှတ် ပေးရန် ပြောဆိုမည်ဖြစ်ပြီး အမှန် တကယ်ပေးရန်လည်း တွန်းအား ပေးသွားမည်ဟု ၄င်းက ဆို သည်။

”မလုပ်လို့ မရဘူးလေ။ ဒီလို ပဲ လုပ်ပေးရမှာပေါ့။ ၃ ဒေါ်လာ၊ ၃ ဒေါ်လာခွဲ ဒီလိုနဲ့ တိုးတိုးပြီး တောင်းလာရမှာပေါ့။ လုပ်သားတွေ အကျိုးရှိတဲ့ အလုပ်တွေ ပေးတဲ့ ပြည်ပ ကုမ္ပဏီတွေကို များများ ဖိတ်ခေါ်ရမှာပေါ့” ဟု ရင်းနှီးမြှုပ် နှံမှု ကော်မရှင် ဥက္ကဋ္ဌ က ဆက် ပြောသည်။ ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ က မြန်မာ့အခြေခံ လုပ်သားတို့ အပေါ် လစာနှိမ်ပေး မှုကြောင့် ၂ဝ၁၂ ခုနှစ် အတွင်းက စက်ရုံ အတွင်း ဆန္ဒပြမှု ၁ဝဝဝ ကျော်၊ လမ်းမပေါ် ခွင်ပြုမိန့်ဖြင့်ဆန္ဒပြမှု ၄ ကြိမ်ရှိခဲ့ သည်။အလုပ်သမားရေးရာ တက် ကြွလှုပ်ရှားသူ ဦးကျော်မင်းကMIC ဥက္ကဋ္ဌ အနေဖြင့် ဆောင် ရွက် ပေးမည် ဆိုပါက ကြိုဆိုရမည် ဖြစ်သော်လည်း မှန်၊ မမှန်ကို စောင့် ကြည့်မည်ဟု ပြောသည်။ ”အခု ဒီမှာ လစာက အနိမ့် ဆုံးကို ကျပ် လေးသောင်းရှိတယ်။ ကျပ် ငါးသောင်း ရှိတယ်။ ပုံမှန် မရှိဘူး။ တစ်ပြေးညီ စံနှုန်းတစ်ခု ဖြစ်ရင် ကောင်းတာပေါ့” ဟု ဦး ကျော်မင်းက ပြော သည်။ အလုပ်သမား ဝန်ကြီးက အခြေခံ လုပ်သား လစာကို ယာ ယီအားဖြင့် ကျပ် ၅၆၇ဝဝ သတ် မှတ်ထားသည်ဟု စာရင်းများအရ သိရသည်။

PN-051


Credit to :Popular Myanmar News Journal

No comments:

Post a Comment